ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Friday, March 13, 2015

ရဲများသည် ဆန္ဒပြသူများ အား အနားကပ်မခံသင့်ပါ

“ဆရာမတို. မြန်မာနိုင်ငံကရဲတွေကဆန္ဒပြသူတွေကိုဘာဖြစ်လို.အနားကပ်ခံတာလဲ “- တဲ့ ။ ရင်းနှီး သောနိုင်ငံခြားသားဆရာတစ်ယောက်မေးလာပါတယ်။ ကျမရောက်ရှိနေသောနိုင်ငံနှင့် အခြားသောနိုင်ငံများတွင်မူဤကဲ့သို.ဆန္ဒပြကာရုန်းရင်းဆန်ခတ်ပြု လုပ်သူများကို ရဲများကအနားကပ်ခံခြင်းမရှိပါ။ သက်ဆိုင်ရာအစိုးရအနေနှင့်အမိန်.ထုတ်ပြန်ရ ပါ တယ်။ တစ်နာရီအဆွင်း သို.မဟုတ် နှစ်နာရီအတွင်းလူစုခွဲပါ- သတ်မှတ်ထားသောအချိန်တွင်လူစုခွဲ ခြင်းမရှီပါက ရဲများမှ ဖြိုခွင်းရမည်ဖြစ်သည်- ဟု အသိပေးကြေညာထားရတယ်= အကယ်၍ သတ်မှတ် ထားသည့်အချိန်ပြည့် လူစုမခွဲပါက ရဲများက ဝင်ရောက်ကာ လူစုခွဲရန်သတိပေးပြောကြာရပါတယ်။ ထိုကဲ့သို. သတိပေးနေသည့်ရဲများကိုဆန္ဒပြသူများက ဝင်ရောက်လုံးထွေးထိုြးိကိတ်လာပါကရဲများမှ “မျက်ရည်ယို”ဗုံးကို အသုံးပြုရပါတယ် ။ ထို.ထက်ပိုကဲလာပါက ရဲများအနေနှင့် ဆန္ဒပြသူများကိုပစ် ခတ်နှိမ်နင်းနိုင်ကြောင်း- သို.ရာတွင် သူတို.၏ဘေးနား- ခြေထောက်စသည်ကိုသာပစ်ရကြောင်း - တစ်ခါတစ်ရံ မလွှဲသာမရှောင်သာဖြစ်လာပါကလူကိုပစ်နိုင်ကြောင်းပြောပြပါတယ်။ ယခုမြန်မာရဲများကိုကြည့်ရသည်မှာ အားမလို အားမရဖြစ်မိကြောင်း- မြန်မာအစိုးရအနေနျင့်လည်း နိုင်ငံတကာစည်းစနစ်အတိုင်းလုပ်ဆောင်သင့်ကြောင်း- ပြည်တွင်းမှာဆူပူအောင်လှုပ်ရှားမှုမှန် သမျှကို ပြတ်သားစွာ ကိုင်တွယ်နှိမ်နင်းရနလိုကြောင်း-သို.မဟုတ်ပါက ပို၍သာ ဆိုးလာနိုင်စရာ ရှိကြောင်းကို လည်း ၄င်းမှဝေဖန် ပြောကြားသွားပါတယ်။ ပြန်လည်သုံးသပ်ကြည့်ပါကလည်း ထိုမိတ်ဆွေပြောပြသကဲ့သို.ပင် သူတို.နိုင်ငံမှ အဖြစ်အပျက်များ တွင် တွေ.သိခဲ့ရဖူးပါတယ်။ အမှန်ပင် “ရဲများက ဆန္ဒပြသူများကိုအနားကပ်မခံ”သည်ကိုတွေ. ခဲ့ကြ သည်ကို တွေ.သိခဲ့ရဖူးပါတယ်။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter