ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, May 17, 2012

ပဲံတက်ဇနီးမယားဆိုတာ ဘာလဲ ?

မကြာသေးတဲ့ တစ်ချိန်က ဘတ်မိလိုက်ရတဲ့ စာပိုဒ်လေးတစ်ပုဒ်ကြောင့် ဒီဆောင်းပါး ကို
 ရေးမိလျက်သားဖြစ်သွားတယ်ဆိုရင် မှားမယ်မထင်ပါ။ ခေါင်းစဉ်က ” ပွဲတက်မယားတော့
မဖြစ်ချင်ပါ- အကြင်နာ ဇနီးမယားပဲဖြစ်ချင်ပါတယ် “   တဲ့ ။

တကယ်တော့ စာတစ်စောင် ဆောင်းပါးတစ်ပုဒ်ရေးတော့မယ်ရင် စာရေးသူကိုယ်တိုင်က ကိုယ်ရေးမယ့်အကြောင်း - ကိုယ်ရည်ညွှန်းမယ့် သူနဲ.  ပါတ်သက်သမျှ  အားလုံးကို တိတိ
ကျကျ သိရှိ နားလည်ထားရလည်းမှာဖြစ်ပါတယ် ။

အဲဒီစာဘတ်ပြီး ကျမခေါင်းထဲ ငြီးစီစီကြီးလည်း ဖြစ်သွားရတာအမှန်ပါ ။
ဒီလိုအိုင်တီ ခေတ်ကြီးမှာများ “ ပွဲတက်မယား”  ဆိုတာကော ရှိသေးလို.လားကွယ်တို.ရယ်။
ထားပါတော့လေ ။      နောက်တစ်ခါ လာချေသေး  “ အကြင်နာ ဇနီးမယား”   တဲ့လေး
အင်းဒီစာစုကို ပြုစုလိုက်သူ ”ခိုင်လေး“ ဆိုသူကလည်း ဘွဲ.ထူးတစ်ခုနဲ. သူ.ကိုယ်သူ ဂုဏ်ပြု ထားပါသေးတယ်- “ အချစ်ကိုကိုးကွယ်သူလေး ” ဆိုပဲ ။ ဘုရားနဲ.တစ်ဂိုဏ်းတည်းထား ပြီး
အချစ်ကိုများ ကိုးကွယ်နေရသတဲ့လားကွယ် ။ ဘုရားနဲ. တစ်ဂိုဏ်းထဲထားလိုက်တာပေါ့နော်။

တကယ်တမ်း ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်  “ဇနီးမောင်နှံ”  အဖြစ် အိမ်ထောင်ပြုလိုက်ပြီ
ဆိုတာနဲ.( မိဘပေးစားလို.ဖြစ်စေ -သမီးရည်းစားအဖြစ် ချစ်လာသူတွေဖြစ်စေ- ဘယ်ပုံနဲ. ပဲ
ဖြစ်ဖြစ် အကြင်လင်မယားဖြစ်သွားကြပြီဆိုတာနဲ.)  “ ချစ်ခင် ကြင်နာမှု”  ဆိုတာ မလွဲမ သွေ
ရှိကို ရှိလာကြရစမြဲပါ ။ သူပြောသလိုပါပဲ  “ဘဝနှစ်ခုကို” ပေါင်းစပ်လိုက်ပြီကိုး ။  အဲဒီနောက် သားတွေသမီးတွေ တိုးပွါးလာပြီဟေ့ ဆိုတာနဲ. ”သံယောဇဉ်” အမျှင်ကြိုး နှစ် ဆတိုး လာတော့
တာပါပဲ ။
ကဲ-- ဒီလို ဆိုတော့ ဒီစာရေးလိုက်သူ “ခိုင်လေး”  အနေနဲ. သား သမီး လေး ၂ - ယောက် ရရှိပြီး
ပါလျက်၊ ခင်ပွန်းဖြစ်သူလည်း သက်ရှိထင်ရှားရှိနေပါလျက် တကွဲတပြားဖြစ်သွားပြီး(ဒါလောက်
 အချစ်ကို ကိုးကွယ်နေပါလျက်နဲ. ဒီကနေ.တိုင်အောင် ပြန် လှည့်မကြည့်နိုင်လောက်အောင် ဖြစ်
သွားရတာ ဘာ့ကြောင့်များပါလိမ့် - စဉ်းစားစရာနော် ။

“ အကြင်နာ ဇနီးမယား”  သာဖြစ်ချင်ပါတယ်- ဆိုတဲ့ ခိုင်လေးအနေနဲ.ကော မိမိမှာ ဘာအပြစ်
များ ရှိနေလို.ပါလိမ့်-လို.မေးမိ-တွေးမိရဲ့လား (သူရေးထားတဲ့စာအရပြန်မေးမိတာပါ)။
ဒါလောက် အချစ်ကို ကိုးကွယ် တမ်းတနေပါလျက် သူချစ်သော လင်တော်မောင်က ဘာကြောင့် များ ပြန်လှည့် မကြည့်တာလဲ။ သူရေးထားသလို “ ယောကျားရဲ့ အလုပ်မှာ ဝင်မေး မိ ဝင်စပ်စုမိ
တာနဲ.” ဆိုတဲ့  အချက်လေးလောက်နဲ.တော့  ဒီသားသမီးလေ ၂ - ယောက်နဲ.ဇနီးမယားကို ပြစ်
မထားရက်ဘူးလို.ယူဆမိပါတယ် ။ မလုံလောက်တဲ့ စောဒကမို. ထပ်ပြောပြရတာပါ ။  မယုံနိုင်စ
ရာပါပဲ  ။  ဒါကိုလည်းထားလိုက်ပါလေ ။ သူ.ကိစ္စပေကိုး ။

ဒါပေမဲ့ - - -ဒီလို ကိုယ့်အကြောင်းကသိပ် မကောင်းလှတာနဲ.များတောင် ဘာ့ကြောင့်များ သူတ
ကာကို လမ်းပြရှေ.ဆောင် ဆရာကြီးယောင်ယောင် လုပ်ချင်ရတာပါလိမ့် ။ သူတစ်ပါး ကို နှိမ့်နှိမ့် ချချ ရေးပြချင်တယ် ဆိုပါရင်လည်း  သေသေချာချာ လေ့လာပြီး မှ  နှိုက်နှိုက်ချွတ် ချွတ် ရေးပြစ်
လိုက်ပေါ့ ။  ခုတော့ ကိုယ့်ပေါင် ကိုယ် လှန်ထောင်းသလိုမျိုးကြီးမို. အရုပ်ဆိုး လှပါတယ် ။

ကဲပါ- မခိုင်လေးဆိုတဲ့ အချစ်ကိုကိုးကွယ်သူလေးကို ရှင်းရှင်းလေးပဲ မေးပါရစေ-  “ ပွဲတက်မယား” ဆိုတာကော ဒီ အိုင်တီခေတ်ကြီးမှာ မြင်ဖူး တွေ.ဖူးပါသလား ။ မြင်ဖူးတယ်တွေ.ဖူးတယ်ဆိုရင်ကော -ဘယ်မှာလဲ - နိုင်ငံခြားမှာလား- ရန်ကုန်မှာလား- ကိုယ့်အိမ်မှာ လား ။ ကဲ- ထားပါတော့လေ - -တကယ်တော့ “ပွဲတက်မယား”  ဆိုတာ တရားဝင်လက်ထပ်ထားတဲ့ ”ချစ်မငြီးတဲ့ဇနီး” ကို ဆိုလိုတာပါပဲ။ “အငှားမယား” ဆိုတာကိုများ အယူလွဲပြီး ရေးထားလေသလားပဲနော်။ ဒီခေတ်မှာ အဲဒီ “အငှား
မယား” ဆိုတာလည်း မရှိသလောက်ရှားပါတယ် ။ သူ.ရဲ့ မူရင်းဆောင်းပါးမှ ထုတ်နှုတ် တင်ပြရမယ်
ဆိုပါရင် -
-“မိန်းမတစ်ယောက် အိမ်ထောင်ပြုကြလိုက်ပါသည် ။ တချို့တွေ ပိုက်ဆံတွေလဲ ပြည့်စုံစွာနေ ကြရပါတယ်  ။ ဒါပေမယ့် ခြောက်သွေ့ အထီကျန်မှုတွေကြားထဲမှာ ပွဲတက်ဖော် မယားတစ် ယောက်အဖြစ် နေနေကြရတဲ့သူတွေ ရှိနေကြပါသည် ။  ပြောတတ်ကြပါသည် ။ ပြည့်စုံတဲ့ ဘ၀မှာ နေနေရတာဘဲ ပျော်မှာပါတဲ့ ။ ဟုတ်ရဲ့လားသေချာပြန်တွေးကြည့်ပါ။ အောင်မြင် တဲ့လုပ်ငန်းတွေနဲ့ပြေးလွှားနေရတဲ့ အသိုင်းဝိုင်းတော်တော်များမှာ တွေ့နေကြားနေရပါ သည်။ အိမ်ထောင်တစ်ခုကိုတည်ထောင်ကြတယ်ဆိုတာ လူနှစ်ယောက်ဘ၀နှစ်ခုကိုတစ်ခုထဲ ပေါင်း စပ်လိုက်ခြင်းပါ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပြုကြကာ လူမှုဘ၀အခက်ခဲတွေကို အတူတကွ ရင်ဆိုင်ရဲကြရမယ် ။ မောင်နေထိုင်မကောင်းလျှင် မေက ပြုစုရမယ်  ။ မေနေမကောင်းလျှင် မောင် ဂရုတစိုက် ပြုစုပေးရမည်။ ခုတော့ အလုပ်ဆိုတာတွေ ကြားထဲမှာ နစ်မြှပ်ကာမိသား စုဆိုတာ ဘာလဲလို့ အော်မေးရမလို ပွဲတက်ယုံ - ကာမဆက်ဆံမှုနိယာမတစ်ခုတည်းကို အ ခြေခံကာ ပွဲတက်မယားဘ၀မျိုးကို ကျွန်မ အလွန်တရာ မုန်းတီးမိပါသည်။  နိုင်ငံခြားရောက် မြန်မာတွေ တချို့ဆို ၁၀နှစ် လောက်ရှိနေကြပါပြီ ။  ခိုင်လေး တွေးမိတာပါ  ။ ဘာအတွက် အလုပ်လုပ်နေကြတာလဲ ။  မိသားစု အတွက် သူများဆီမှာ အလုပ်တွေ လုပ်နေကြရ တယ် နော်။ဒါပေမယ့် ဘယ်မှာလဲ မိသားစုဘ၀ဆိုတာ ။ ဒီလိုဘဲ သူများဆီမှာ အလုပ်လုပ်နေရင်းနဲ့ ကျွန်မတို့ အချိန်တွေကုန်နေကြရတော့မှာလား။ အရင်းနှီးအတွက် အလုပ်လုပ်နေကြရ တယ် ဆို ရင်လဲ အမှန်တစ်ကယ် ဆုကြပါ။ မိသားစုဘ၀ဆိုတာ အရမ်းကို တန်ဖိုးရှိပါတယ်။ တလ တခါလောက် ဖုန်းလေပြော။ လကုန်ငွေပို့ နေရုံနဲ့တာဝန်ကျေနေပြီလို့ ကျွန်မကတော့မမြင် ဘူးရှင်။ ပွဲလေးတွဲတက်ယုံ ဟန်ပြ ပွဲတက်မယားဘ၀ကိုတော့ မနေကြပါနဲ့ရှင်။ဘ၀အတွက် အနှစ်သာရ မဲ့လွန်းစွာ အဓိပ္ပာယ်မဲ့လွန်းပါသည်။ မိန်းမသားတွေ ဘ၀မှာ အိမ်ထောင် ကျ တယ် ဆိုပြီဆိုတာ တစ်ကယ်ထောင်ကျသလိုပါဘဲ။မိသားစု အရေးခင်း တွေထဲမှာဘဲ နစ် မျောစီးဝင်နေကြတော့တာပါဘဲ။ ပင်ပမ်း စိတ်ကျဉ်းကျပ်စရာတွေကြားထဲမှာ ခင်ပွန်း သည်ရဲ့ ဥပက္ခာပြုခြင်းကိုပါ ထပ်မံခံရမည်ဆိုလျှင် ပျော်ရွင်ချမ်းမြေ့စရာဆိုသည်မှာ ဘယ် မှာရနိုင် ပါတော့မည်နည်း။ ပွဲလေးတူတူ သွားတက်ရုံနဲ့တော့ ဇနီးမယားတစ်ယောက် လို့ မှတ်ယူလို့ မရပါဘူး။ ပွဲတက်မယား နဲ့ မတူဘဲအကြင်နာဇနီးမယားတစ်ယောက်ဘဲဖြစ်ချင် တယ်ဆိုရင် တော့ မိမိခင်ပွန်းကို ချစ်နေယုံနဲ့တင် မလုံလောက်ပါဘူး။ တခါတရံမှာ ချစ်သူလို ချစ်သလို ၊ တခါတရံမှာတော့ အစ်မတစ်ယောက်လိုလဲ ချစ်တတ်ရပါမည်။ ဇနီးကောင်းဆိုတာ မီးဖို ဆောင် ကိစ္စတွေ နိုင်နင်းရုံ နဲပလဲ မပြည့်စုံပါဘူးရှင်။ ကိုယ်ခင်ပွန်းသည်က လုပ်ငန်း တွေ နဲ့ပတ်သတ်လို့ လိုအပ်လို့ တိုင်ပင်လာခဲ့ရင်လဲ ဆွေးနွေးတိုင်ပင် နိုင်တဲ့ အရည်ချင်းမျိုး တွေလဲ ရှိသင့်ပါသည်။”- တဲ့ ။
ကဲ-- မိန်းကလေးဖြစ်ပြီး ဒီလိုရေးရဲသတဲ့လားကွယ် ။ ကာမဆက်ဆံ တာတွေရော ရှုပ်ရှက်ခတ်နေတာပဲနော်။ ဘယ်သူ.ကိုများ တွေ.ဖူးလို.ပါလိမ့် ။ သူ.ရဲ့ ကိုယ်တွေ.များဖြစ်လေမလား ။ စဉ်းစားစရာပါ ။
”နိုင်ငံခြားရောက် မြန်မာတွေ တချို့ဆို ၁၀နှစ် လောက်ရှိနေကြပါပြီ ။ခိုင်လေး တွေးမိတာပါ။ ဘာအတွက် အလုပ်လုပ်နေကြတာလဲ ။  မိသားစု အတွက် သူများဆီမှာ အလုပ်တွေ လုပ်နေကြရတယ်နော်။ဒါပေမယ့် ဘယ်မှာလဲ မိသားစုဘ၀ဆိုတာ ။ ဒီလိုဘဲ သူများဆီမှာ အလုပ်လုပ်နေရင်းနဲ့ ကျွန်မတို့ အချိန်တွေကုန်နေကြရတော့မှာလား ” တဲ့ ။ အဲဒါ ဘယ်သူတွေလဲ- တို.များ ဗန်ကောက်ရောက်နေတာ ၂၅ -နှစ်ရှိပြီ -တစ်ခါမှကို မကြုံဖူး -မကြားဖူးပါလား။ အစိုးရဌာနမှာ ကုမ္ပဏီတွေမှာ ရာထူးကြီးတွေနဲ. တရားဝင် လုပ်နေ ကြတဲ့သူတွေ ဒီလိုမျိုးတွေ မကြုံဖူးကြပါလား ။
မသေချာမတိကျပဲ ဒီလိုစမ်းတဝါးဝါး ရေးပြီး ဆရာကြီးလုပ်တာမျိုးတော့ လက်မခံနိုင် ဘူး လေ ။ ရေးပါ- ဆွေးနွေးပါ ။ မှန်မှန် ကန်ကန် ထိထိရောက်ရောက်ပေါ့ ။ ဒီလို မတောက် တခေါက်နဲ. လက်ဆော့တာမျိုး ဘယ်ပွဲမှ မတိုးဘူးနော ။ “ငါဟုတ်လှပြီ “ အထင်ကြီးမျိုး နဲ.တော့ လက်တည့်မစမ်း- လက်မဆော့ပါနဲ.ကွယ် ။ “ မောင်တစ်ထမ်း-မယ်တစ်ရွက်” နဲ. ချီတက်နေကြတဲ့ ဒီခေတ်ကြီးမှာ  မလိုအပ်တာတွေကို စိတ်ကူးမယဉ်ပါနဲ.လို.ပဲပြောပါရစေ။ ဘာမဟုတ်တဲ့ စာ - သင်ခန်းစာမပါတဲ့ စာတွေရေးပြိး လူငယ်လေးတွေကို အတွေးချော် အောင်မလုပ်စေချင်တာ တို.များရဲ့ စေတနာပါ ။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ကလေးတို.ဆရာမ

Comment
Stop Following – Don't email me when people comment
Comment by May Kyaw Shin on Saturday
Delete Comment
"နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ၀မ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့ (မန်လည် ဆရာတော်)]"
"ဟုတ်သောအကြံ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ (ဂမ္ဘီသာရပျို့)]" ကိုကြီးမိုင်းရဲ့ ပို.စ်မှ (ကြိုက်လွန်း၍) ကူးယူတင်ပြလိုက်ရခြင်းဖြစ်ပါ၏ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
Comment by k2tmaung on Saturday
Delete Comment
ဆန္ဒစောပြီး comment ပေးမိတာ တောင်းပန်ပါတယ်...
မဝင်တာကြာတဲ့ ဒီ site ကို ခုမှပြန်ဝင်မိရင်း ပထမဆုံး ဖတ်မိတဲ့ ဒီ post ကို comment ပေးလိုက်မိတာ...
စာမျက်နှာပေါ်မှာ အပြန်အလှန်ရေးသားမှုတွေ ရှိနေကြတာ ခုမှတွေ့လိုက်လို့ နောက်တစ်ခေါက် ပြန်လာ comment ပေးတာပါ...
နှစ်ဦးနှစ်ဖက် အပြန်အလှန်အရေးအသားရှိနေကြတာ မသိဘဲ ရေးမိတာအတွက် စိတ်မရှိပါနဲ့... :)


Comment by Htuu Sann on May 11, 2012 at 12:21am
Delete Comment
ကျေးဇူးပါဆရာမကြီးရေ။
ကြိုက်လို့ယူသွားပါတယ်နော်။
ကျွန်တော့်ဆိုက်လေးကိုလည်းအားတဲ့အခါလာလည်ပါဦး။ မင်ဘာမ၀င်လည်းအပြင်ကနေအားလုံးဖတ်နိုင်အောင်ဖွင့်ပေးထားပါတယ်။
စင်္ကာပူရောက်နေတယ်မှတ်တာ။ဆရာမကြီးကဘန်ကောက်မှာရှိနေသေးတာကိုး။ကျွန်တော်ကလည်းဘန်ကောက်မှာ ၁၇ နှစ်ရှိနေပါပြီ။
ဆရာမကြီး ...အသံလွှင့်ဌာနမှာပဲထင်တယ်နော်။
ဆရာမကြီးရေးသားစပ်ဆိုခဲ့တဲ့ "တစ်လုံးနှစ်လုံးစာစီကုံး ကျောင်းသားတွေတပြုံးပြုံး" ဆိုတဲ့ မြန်မာကျောင်းသား ကျောင်းသူတိုင်း တစ်သက်မမေ့နိုင်တဲ့သီချင်းလေးအတွက်ကိုလည်းကျေးဇူးတင်လျက်ပါ။
ခင်မင်လေးစားစွာဖြင့်။
ကိုထူးဆန်း
www.onlinepyadaik.com
http://onlinepyadaik.com/profile/0iiikcxnwukxs
www.kohtuusann.blog.com
Comment by Nityar on May 7, 2012 at 11:21pm
Delete Comment
ဘလော့ပို့စ်တော်တော်များများမှာ စာကိုသေချာမဖတ်ဘဲ .. ကွန့်မန့်ပေးသူတွေက .. ကောင်းလိုက်တာ .. အရမ်းကောင်းတယ်ဆိုတာပဲပေးကြတာများတော့ စာရေးသူတွေကလည်း မှားလားမှန်လား လျော်ကန်သင့်မြတ်ရဲ့လား .. ဘာမှမစဉ်းစားပဲ ရေးကြတဲ့ အွန်လိုင်းမှာ ဆရာမတို့လို ကောင်းရင်ကောင်းသလိုချီးမွမ်းတတ်တဲ့ ... မသင့်တော်ရင် မသင့်တော်သလို ပြောပြတတ်တဲ့ .. လူတွေ များများရှိလာနိုင်ပါစေလို့ ဆုတောင်းပါတယ်။







No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter