ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Friday, April 26, 2013

ကွမ်းရွက်၏ ကျန်းမာရေးကောင်း/ဆိုး အကျိုးကျေးဇူးများ


ဆေးဘက်ဝင်ကောင်းကျိုးမှာ
==============
ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ



 အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

အနာကျက်စေပါတယ်

ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။ 

ဆိုးကျိုးမှာ
=====
ကွမ်းစားတဲ့ အထဲတွင်အဓိကဟာ ထုံးနဲ့ ။ကွမ်းသီးပါ။
ထုံးသည် ဘယ်လောက်ပြင်းရှစွာအသားကိုစားတယ်ဆိုတာ လူတိုင်းအသိပါ မဖေါက်ထုံးကိုကုလင်းထဲမှာထည့် ပြီး ရေထဲချကြည့် ပါ ဗုံးလိုပါပဲ ... ဥပမာပြောရယင်ပေါ့  ကျနော်တို့  ချွဲပြစ်ပြီး အညှီဟောက်ရှိတဲ့  ငါးခူ ငါးထွေ ငါးရှည့်  တို့ ချက်ပြုတ်စားမယ်ဆိုပါက ထုံးနှင့် ဆေးကြောပါ
ပြောင်စင်သွားတာတွေ့ ရပါတယ်...ထို့ အတူ လူခန္ဒာကိုယ်ထဲတွင် ကစီ အချွဲဓါတ်ဆိုတာ သာမာန်ရှိပြီးသားပါ ပြောရယင် အင်္ဂျင်မှာလည်ပါတ်နေတဲ့  ဝင်ရိုးထဲမှာဘောလ်ပါမယ်ဗျာ အဲဒီဘောလ်စေ့
အစားသက်သာပြီးချောမွှေ့  ညှက်အောင် အမဲဆီသို့  စက်ဆီထည့် ရမယ်...လူတစ်ဦးမှာဒီလိုထုံးဓါတ်တွေများလာယင် စဉ်းစားကြည့် ပါ ကွမ်းကြိုက်တဲ့ လူဟာ နေ့ စဉ်စားနေပြီဆိုတော့ အစာအိမ်မှာအနာဖြစ်ပြီး ကင်ဆာဆိုသောအရာဖြစ်လာတာပဲ အမျိုးသမီးတွေပိုဆိုးပါတယ် ...
နောက်ဆိုးကျိုးတစ်ခုက
============
ကွမ်းသီးပါ 
အင်မတန်ဖန်ခါးပြီး သည်းချေကိုပျက်ဆီးစေ၍ လေကိုချုပ်စေတပ်ပါတယ် သူကအဖန်ဓါတ်ပါ
မိတ်ဆွေဖန်ခါးသီးကို တို့ စရာအဖြစ် ၃ရက်လောက်ဆက်တိုက်စားကြည့် ပါဝမ်းချုပ်မယ် ရင်ကြပ်မယ် 
ချောင်းဆိုးလာမယ်...ထနောင်းပင်က ထနောင်းအခေါက်ဖန်သလိုပေါ့  အဝတ်ထယ်လုပ်ငန်းတွေမှာ အဖန်ရေဟာ တည်သီး တမာပြုတ်ရည်လိုပဲ ဆေးအရောင်တွေကျွတ်မသွားအောင်ထိမ်းထားပေးတာပဲ..
ဒါဆိုယင် ကွမ်းသီးဆိုးကျိုးသိလောက်ပြီပေါ့  
ကောင်းကျိုးလေးကတော့ ဗျာ အနာတွေ အဖန်ရေဆေးယင်ကွမ်းသီးပြုတ်ရည်ဟာ ကောင်းပြီးပိုးကိုသေစေပါတယ်။

နောက်တစ်ခုအနည်းငယ်အပြစ်ကတော့ 
====================
ကွမ်းစားတဲ့  လူတွေဟာ ခံတွင်းအရသာကို ထိရောက်စွာမခံစားရပါဘူး ထုံထိုင်းစေပါတယ်
ခန္ဒာကိုယ်မှချွေးနံ့ သက်ဆိုးဝါးပါတယ် ။သွားတွေ နီကျင်စွာပေကျံနေတာကို တိုက်ချွတ်ယင်းသွားအခြေပျက်တပ်ပါတယ်။
လမ်းသွားလမ်းလာ မနေမထိုင်သာကွမ်းစားသောတံတွေးသည်လည်း မြို့ အင်္ဂါအရပ်ကို ငြစ်ငြမ်းစေပါတယ်
နိုင်ငံခြားသားနှင့် ယှာဉ်တွဲလုပ်ကိုင်စကားပြောပါက နှာခေါင်းရှုံ့ ခံရခြင်း။အစစသောအသေးမွှား လေးတွေ
ထင်ရစ်ခံရပါတယ်၊ကွမ်းသွေးမထွေးရဆိုသော တားမြစ်တဲ့ ဆိုင်းဘုတ်ဟာ နည်းနည်းလေးတော့ အကျည်းတန်မိပါတယ်.. 


 သတိပေးချက်
========
ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။
ကြယ်စင်
By Good Health -


Myanmar News Update တို့ မှတစ်ဆင့် ကူးယူပြီး အလင်းရောင်ကြယ်များဘလောက်မှထပ်ဆင့်ဖြည့် စွတ်ရေးသားလိုက်ပါတ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter