ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, June 28, 2016

စာရေးဆရာမ“ဝါဝါထင်လင်း” ရဲ့လေးစား ခင်မင်မှုနှင့် အမှတ်တရ ရေးတဲ့စာ

စာရေးဆရာမတစ်ဦး၏ လုံးချင်းဝတ္ထုရှည်ကို ဖတ်ပြီး အမှာစာရယ်လို. ကျွန်မ ရေးနိုင် မစွမ်းပါ။ ကြုံခိုက်လေးမှာ“ ညီမလေးရေ--မမဝတ္ထုကိုဖတ်ပြီး အမှာစာရေးပေးနိုင်မလားကွယ်” လို.ပြောလာ တော့ ကျွန်မ ဝမ်းသာပီတိဖြစ်ရတယ်။ ဒါပေမဲ့ တာဝန်ကြီးတယ်နော် ။ ဒီတော့ ထဲထဲဝင်ဝင် ဖတ်ရပြီ ။ သာမန် အပေါ်ယံဖတ်ပြီးစင်ပေါ်ပစ်တင်ထားလို.မရနိုင်ပါ။ လေးစားခြင်း - ဂုဏ်ယူခြင်း- ကြည်နူးခြင်းများနဲ. ကျွန်မ အမှတ်တရ ရေးရခြင်းပါ။ ဆရာမ မေကျော့ရှင်း---တစ်ခေတ်တစ်ခါက ရေဒီယိုတေးသံရှင်ဖြစ်ခဲ့သူ - “ကလေးတို.ဆရာမ” သီ ချင်းနဲ. လူ သိများခဲ့သူ။ ကျွန်မကလည်း “ကျောင်း ဆရာမ- ရေဒီယိုတေးသံရှင်” လို.ပဲ ထင်ထားခဲ့တာ။ ဘယ် ဟုတ်ပါ့မလဲ။ ဆရာမမေကျော့ရှင်းက ကျွန်မ သုံးနှစ် သမီးအရွယ်လောက် ကတည်းက “မာလာ” -လို.အမည်တွင်တဲ့မဂ္ဂဇင်းမှာ “သဇင်ဖြူ” ကလောင်အမည်နဲ. ဝတ္ထု-ဆောင်းပါး- ကဗျာတွေရေးခဲ့သူပဲ။ ၁၉၆၀- ခုနှစ်မှာ “အမျိုးသမီးများနဲ.ပတ်ဝန်းကျင်” ဆိုတဲ့ ခေါင်းစဉ်နဲ.စာပေဟောပြောပွဲကို စတင်ပြော ခဲ့ တယ်။ ၁၉၆၁ -ခုနှစ်ကစပြီး အထောက်တော်သတင်းစာနဲ. နာမည်ကြီးမဂ္ဂဇင်း စာအုပ်တွေမှာ ကဗျာ- ဝတ္ထုနဲ. ဆောင်းပါးတွေကို ရေးခဲ့သလို သောကြာစာစောင်မှာလည်း “မေဂွက်ထော်”အမည်နဲ.ဟာသဝတ္ထု တိုတွေကိုလည်း ရေးခဲ့သူပါ။ “မေဂွက်ထော်” ကိုတော့ ရိပ်ရိပ်ရေးရေးကြားဖူးသလို ရှိခဲ့သား။ ဆရာမနဲ. ကျွန်မ အပြန်အလှန် ရိုှးရှင်းသောမေတ္တာများနဲ.ခင်မင်မှုမေတ္တာက မြင့်လာတယ်။ ဆရာမ ခေတ္တနေထိုင်ရာ ထိုင်းနိုင်ငံ -ဘန်ကောက်မြို.နဲ. ချင်းမိုင်စာပေဟောပြောပွဲများဆီကို ဆရာမစီစဉ်ခေါ် ယူတာကြောင့် ဆရာမ နဲ.အတူ ဟောပြောခွင့်ရခဲ့တယ်။ ဆရာမ မေကျော့ ရှင်းရဲ့ ကျေင်းဆရာမနဲ.တေးသံရှင် အဆိုရှင်ဘဝကို ကျွန်မ ရင်းနှီးမှု မရှိခဲ့ပါ။ စာရေး ဆရာဘဝနဲ.သာ ရင်းနှီးခဲ့တာမို. စာရေးဆရာ ဆိုတာကိုပဲ ဇောင်းပေးရေးခြင်းပါ။ - ကျွန်မ ၁၂-နှစ်သမီး အရွယ်မှာ ဆရာမ မေကျော့ရှင်းက “မာန်”အမည်နဲ. နှစ်ကျပ်တန်လုံးချင်းဝတ္ထု ၊ပန်းအလှပြဇာတ်တိုများကိုရေးထား ထုတ်ဝေခဲ့တဲ့အပြင် “စာတွေ.လက်တွေ. တို.ပျော်မွေ.” –“ရုန်း” အမည်နဲ. ဝတ္ထုစာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်းသိရတယ်။ စာပေဟောပြောပွဲများနဲ. စကားရည် လုပွဲများကိုလည်း စာရေးဆရာမြတ်ထန်-ဆရာစိန်လွင်လေး-ဒါရိုက်တာနေမျိုး - ဆရာ ဗိုလ်မြင့် - ဗိုလ် ဗကို - ဆရာ မင်းသိင်္ခ - ယုဝတီရွှေဝါစိန် - ယုဝတီခင်စိန်လှိုင် - ယုဝတီခင်လင်း - စသည်တို.နဲ. အတူ ပါဝင်ဟော ပြောခဲ့တယ်။ ဒီလို စာပေအတွေ. အကြုံတွေ များစွာရှိနေသူ ဆရာမ မေကျော့ရှင်း က ကောင်း မွန်သော ဘဝ အကွေ.လေးများနဲ.စာပေကို နှစ်များစွာဝေးကွာသွားခဲ့ရတယ်။ ရေဒီယို အသံလွှင့်ဋ္ဌာနမှာ ဆရာမကိုယ်တိုင်ရေး သား ဟောပြောမှုများ ယနေ.ထက်တိုင် ရှိနေဆဲပါ။ စာပေရပ်ဝန်းထဲကို ဆရာမ ပြန် လည်လာပြီ။ ဆရာမရဲ့လုံ.လ- ဝီရိယကအံ့မခန်းနိုင်ပါ။ တစ်နှစ်အတွင်း ကိုယ်တိုင်ပြုစု ရေးသားထုတ်ဝေ တဲ့ လုံးချင်းစာအုပ် သူံး-လေးအုပ် ဆက်တိုက် ထွက် လာတယ်။ အမှတ်တ ရ ရေးမယ့် သုံးအုပ်မြောက် လုံးချင်းဝတ္ထုက “ စိန်ပွင့် ကျောက်ရိုင်း - တုနှိုင်းမရ” လူငယ် အကျိုးပြု လုံးချင်း ဝတ္ထုပါ။ ဇာတ်ကောင်”မြတ်”-ထင်လင်း-အောင်မင်းနိုင်- သုံးပွင့်ဆိုင် ဇာတ်လမ်းဖြစ်ပြီး ခရစ်-လှိုင်းကြီး-လှိုင်သေး ပိတ်စများနဲ. အချိုမှုန်.မှောင်ခို ခေတ်ကို ခေတ်ကိုလည်း ပြန်သတိယစေတယ်။ ဒီခေတ် လူငယ် များ မှောင်ခိုခေတ်ကို မသိကြပါ ။ မြတ်နဲ.ထင်လင်း- သူတို.နှစ်ဦးမှာ နှစ်ကိုယ်တူ ချစ်ကြည်ဖြူနေပြီး လူကြီး များကလည်း သဘောတူခွင့် ပြုထားသူတွေပါ။ မြတ်က ပီတိ မြန်မာ မိန်းကလေးတစ်ဦးပါ။ ပြည်တွင်းဖြစ်ကို မှ အားပေးချင်သူ - အစိုးရချည်မျှင်နဲ.အထည်စက်ရုံဝန်ထမ်းတစ်ဦး-- --- - မြတ်မှာ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မှောင်ခိုအထည်တွေကို နှစ်သက်သူဖြစ်တာမို.မြတ် က အားမပေးအော်င တားတဲ့သူ -- သူက “သီတာ” ------ အောင်မင်းနိုင် -- သူနဲ.မြတ် တွေ.ဆုံပုံက သိပ်မလှ --မြတ် တန်ဖို.ထားတဲ့ ဆွဲကြိုးလေးပျောက်သွား တယ် ။ အောင်မင်းနိုင် လက်ထဲမှာပြန်တွေ.တယ် --- ။ အောင်မင်းနိုင်က ပြန်ပေးတယ် ။ သို.သော် မြတ်က အထင်မကြီး။ ကျေးဇူးမတင်နိုင် ။ ရဲစခန်း အထိရောက်အောင် ရှင်းရတဲ့ ဒီကိစ္စမှာ အောင်မင်းနိုင် အပြု အမူတွေက ပဟေဠိဆန်နေသလို လူဆိုး လူမိုက် ခါးပိုက်နှိုက်တွနဲ.တရုန်းရုန်း ။ - - မြတ်အိမ်ကို မထင်မှတ်ပဲ ဗြုံးစားကြီးရောက်လာသူ သီတာ -ဗြုံးစားကြီးထွက်သွားတာ မြတ်မှာ စဥ်းစား မရပဲ စိတ်ထိခိုက်နေမိတယ်။ သီတာ့ကို မတွေ.တော့လို.စိတ်ဝင်တစားမေးသူ ထင်လင်း၊ မြတ်စိတ် ထိခိုက်နေသလောက် ဘာမှ မဖြစ်သလို စီးကရက်ကို ဖွါရှိုက်မပျက် ------- သရုပ်ဆောင်ကောင်းတဲ့ ထင်လင်းပါ။ သဘောတူ ကြည်ဖြူ ချစ်သူရှိလျက်နဲ. မြတ်သူငယ်ချင်း’သီတာ့” ကို ကြံစည်သူ ။ တန်ဖိုးကြီးမှောင်ခိုထည်တွေကို ဦးစားပေးဝတ်တတ်တာအပြင် အဆင်အပြင် မလုံမလဲမှုတွေက တစ် ဘက်ယောကျားသား စိတ်ကို ဖေါက်လွဲဖေါက်ပြန်ဖြစ်တတ်သည် မဟုတ်ပါလား။ သီတာ--သီတာ-- “မထင်နဲ.မြတ် - ကိုယ်တို. ယောကျားဆိုတာက ရဟန္တာမှမဟုတ်ပဲမြတ်ရယ်”ထင်လင်းပြောစကား မြတ်ရဲ့ နားနဲ.ဆတ်ဆတ် ကြားခဲ့ရတာပဲလေ။ သီတာ့မှာလည်း ရည်ရွယ် ချစ်သူရှိတယ်။ ချစ်သူနဲ.အဆင်မပြေချိန် သိတာ့ခမြာ အားကိုးတကြီး မြတ် ဆီလာ နေခြင်းပါ။ ဒါကို အခွင့်ကောင်းယူသူ ထင်လင်း ။ “စိတ်ပွင့် ကျောက်ရိုင်း - နွံတစ်ပိုင်းနစ် - တုနှိုင်းမရ ကျည်းတန်လှလည်း - ဘဝမပျောက် မကြောက်ရွံ.ပါ - ကျောက်သွေးဆရာ - လက်ရေးသာက - သူ.မှာ တန်ဖိုး မဖြတ်နိုင်ပါတကား---“ ဆရာမရဲ့ စေတနာ အားကောင်းကြောင်း ဝတ္ထုထဲမှာ တွေ.ရပါလိမ့်မယ်။ ကိုယ်တိုင်က ကျောင်းဆရာမ ဖြစ်သူမို.လည်း လမ်း မှားလူငယ်တွေကို အမှန်လမ်းလျှောက်ပြီး လူကောင်းလေးတွေဖြစ်ကာ အနာဂတ်ခေါင်းဆောင်ကောင်း များ ဖြစ်စေချင်တဲ့ ဆန္ဒ များးလှတယ်။ “မြတ်”ကို စေတနာ ညကျောင်းဖွင့်ပြီး စာသင်ခိုင်းတယ် ။ ။ အောင်မင်းနိုင်နဲ. လမ်းသရဲ - ခါးပိုက်နှိုက် ဆိုးသွမ်းလူ ငယ်တွေ ဘယ်လိုကြောင့် ဘဝဆုံး တိုင်အောင် နွေးထွေး ခင်မင်ကြရတာလဲ--- သဘောတူ စေ့စပ်ချစ်သူဘဝကို မြတ်တန်ဖိုးထားပေမဲ့ ထင်လင်းကိုအပြီးတိုင် စွန်.ခွါလိုက်ရတယ်-ဘာ့ကြောင့်လဲ--- လိုက်ကာအကွယ်မှ စွေစွေလေးစောင့်ကြည့်ပြီး မြတ်ရဲ့လှုပ်ရှားမှု မှန်သမျှ မျက်ချည်မပြတ် နေသူ က အောင်မင်းနိုင် --- - လှည့်ကွက်ပါးပါးလေးတွေနဲ. ဇာတ်အိမ်က ကျယ်တယ် - ရုပ်ရှင်အဖြစ် ဖန်တီး လို.ရမယ့် ဇာတ်အိမ်ပါ လို. ဆိုချင်တယ်- -။ လူငယ်များရဲ့ စိတ် အဆိုး အကောင်းဆုံးဖြတ်ချက် အမှားအမှန် ဒီဝတ္ထုမှာတွေ.ရမယ်-- ဆရာမမေကျော့ရှင်းရဲ့ အဖွင့်ကဗျာ အောက်ဆုံးပိုဒ်လေးမှာ နွံနစ်နေတဲ့ ကျောက်ရိုင်းတို.နဲ.လူငယ်တွေ ကို တင်စားထားတယ်။ ဟုတ်တာပေါ့ နွံနစ်ပြီး နှိုင်းစရာမရှိလောက်အောင် အကျည်းတန် ရုပ်ဆိုးနေပါစေ - အချိန်တန်ရင်ဖြင့် အင်မတန်မှ တော်နေတဲ့ကျောက်သွေးဆရာ လက်ထဲ ရောက်ခဲ့ရင် ဖိတ်ဖိတ်တောက်တောက် လင်းလက် လာမယ့် စိန်ပွင့်နဲ.အတူ ကျောက်ရိုင်းတုံးလည်း အသွင်ပြောင်းလို. တန်ဖိုးတက်လာ မှာ သေချာတယ်လေ ။ - ဒီလိုပါပဲ-- စိတ်စေတနာကာင်းသူများ- ဆရာကောင်းများနဲ. တွေ.တဲ့လူငယ်တွေဟာလည်း ဘဝလမ်း မပျောက် အနာဂတ်မှာ တောက်ပ တိုးတက်လာမှာ အမှန်ပါ။ ဆိုချင်ပါတယ် - အနာဂတ်ကမ္ဘာ လှပစေချင်တယ်ဆိုရင်ဖြင့် လူကြီးလူငယ်မရွေး ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လို. ပြောပါရစေ။ -ေ မေတ္တာများနဲ. အမှတ်တရရေးသူ ----- ဝါဝါထင်လင်း

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter