ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, June 28, 2016

သိထားစေချင်ပါတယ်

"မေကျော့ရှင်း" ဆိုတဲ့ မိန်းမသည် "NLD " မဟုတ်သလို " ကြံ့ဖွတ်" တို. ဘာ တို.လည်း မဟုတ်ဘူး ။ တစ်ခုရှိတာက ငယ်စဉ်ကတည်းက "တပ်မတော်ကျောင်း" မှာပညာသင်ယူ ခဲ့ပြီး တပ်မတော်မူလတန်းနဲ. အထက်တန်းကျောငးေ်တွမှာ ပြန်လည် ဆရာမ လုပ်ခဲ့သူပီပီ စည်း စနစ်ရှိတယ် ။ ဟိုတစ်ခေတ်က တပ်မတော်ရဲ့ စေတနာနဲ. စည်းကမ်း ကိုကြိုက်တယ် - မှန်တယ်ထင်ရင် ဘယ်သူ.မျက်နှာမှမထောက် သလို ဘာကို မှလည်းကြောက်တတ်သူမဟုတ်ပါ ။ ပြောချင်တာက ဒီကနေ. အမျိုးမျိုးတွေ ဖြစ်ပျက် ပြောင်းလဲ နေချိန်မှာ အားလုံး သိထား သင့်တယ်လို. ယူဆရင် ဘယ် page က ဖြစ်ဖြစ် share ပေးတယ် ။ ဖတ် ချင်တဲ့သူဖတ် - မဖတ်ချင် ကျော်သွားပေါ့ ။ စဉ်းစား ချင့်ချိန်တတ်စေချင် တယ်။ ဒါ့ကြောင့် share ပေးတယ်။ ဒါကို "နားမလည်ဘူး"ဆိုသူတွေကိုတော့ သနားမိတယ် ။ ဘယ်သူလေးစားတာ မလေးစားတာကိုမှ ဂရုမစိုက်သလို- ဘယ်သူချစ်သည် မုန်းသည်ဆိုတာကိုလည်း စိတ်ဝင်စားတတ်သူမဟုတ်ပါ ။ အမိမြန်မာနိုင်ငံအတွက် ရှေ.တန်းမှ ဦးဆောင်ဦးရွက် ကြိုးပမ်းဆာင်ရွက်နေ သူ မှန်သမျှကိုလည်း လေးစားတယ်- ဂုဏ်ယူတယ်။ မှားသည် မှန်သည်က သူ.အလုပ်- ဘာမျှ ဝင်ရှုပ်စရာမလို ။ "မှားတဲ့သူ ခံစတမ်း"ဆိုတာ ဘာမှ မ ဆန်းတဲ့ သဘာဝဓမ္မပါ။ ဒါတွေကို စိတ် မဝင်စားတတ်တဲ့ "မေကျော့ရှင်း" ဆိုတာ -------- ဘယ်သူချစ်ချစ်- ဘယ်သူမုန်းမုန်း လုံးဝဂရုမစိုက်သလို ----------- ဘယ်သူလေးစားတာ - မလေးစားတာကိုမှလည်း စိတ်ဝင်စားမည်မဟုတ်ပါကြောင်း --------------------------။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter