ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, January 12, 2012

“ ဝဋ် ”ဆိုတဲ့စကား ......

ကလေးတို့ရေ “ ဝဋ် ”ဆိုတဲ့စကားတစ်လုံးရဲ့ သဘောက အင်မတန် ကျယ်ပြောလှပါတယ် ။ တို.များ လူသားတွေဆိုတာကလည်း လောဘ -ဒေါသ- မောဟ
ဆိုတဲ့ ကိလေသာ တရားတွေနဲ. ကျဉ်လည်နေတတ်ကြတာကလား။ အဲ-တချို.ကလည်း မိမိကိုယ်ကို အင်မတန် တော်တယ် -တတ်တယ်-သတ္တိရှိတယ် ရယ်လို. မာန်မာနတွေတက်နေလေ့ရှိတယ်။ အထူးသဖြင့်တော့ “ လုပ်ရဲရင် ခံရဲတယ် ” ဆိုတဲ့စကားကို ရေလိုသုံးပြီး ပြောလေ့ရှိကြတယ် ။ ဟုတ်တယ်-လုပ်ရဲရင်တော့ ခံရဲရ
မှာပေါ့ ။ အဲ-ခံချင်သည်ဖြစ်စေ ၊ မခံချင်သည်ဖြစ်စေ တူသောအကျိုးပေးမှုကိုတော့ အနှေးနဲ.အမြန် ပြန်ပြီး ခံစား စံစာားကြရမှာ အသေအချာပါပဲ။

တို.များရဲ့ ကိုးကွယ် အားထားရာ ဗုဒ္ဒမြတ်ဘုရား ဟောကြားညွှန်ပြ ဆိုဆုံးမတော်မူခဲ့တဲ့အတိုင်း “ ကံ -ကံရဲ့အကျိုး ”ဆိုတာကို ရှောင်လွှဲလို. ရကောင်းတာမှ မဟုတ်တာပဲကွယ် ။ တကယ်တော့ မိမိတို.ရင်ဆိုင် ကြုံတွေ.နေရတဲ့ ပြဿနာများအနက်က အချို.သောပြဿနာများကိုမိမိတို.ရဲ့လုံ.လ
ဝီရိယနဲ့ ဖြေရှင်းကာ ကျော်လွှားရှောင်လွှဲနိုင်ပေမဲ့ အချို.သောပြဿနာရပ်များကျတော့ ဘယ်လိုနည်းနဲ.မှ မဖြေရှင်းနိုင် မကျော်လွှားနိုင်ပဲ မိမိတို့ရဲ့
အတုန်.အလှည့်အားဖြင့် ခံရမယ့် “ ဝဋ်ကြွေးကို ”ပေးဆပ်တဲ့သဘောနဲ. ခံကို ခံကြရမှာပါပဲ။

အဲ-တချို.ကျတော့လည်း အဲသလို ခံရတဲ့အခါမှာတောင် ထောင်လွှားကာ မောက်ကြွားနေတတ်ကြတာကလား ။ ဆင်ခြင်သင့်တာကို ဆင်ခြင်ရကောင်းမှန်းမသိပဲ အပြစ်တွေကိုသာ ထပ်တလဲလဲကျူးးလွန်လိုက် ဝဋ်တွေခံလိုက်နဲ.“၈ျာအေး သူ့.အမေရိုက်” ဆိုတဲ့စကားလို သံသရာလည်
နေ တော့တာပေါ့ကွယ် ။ ကြောက်စရာနော် ။

ကလေးတို့ရေ-အဲဒီလို ကြံကမ္မာရဲ့ လှည့်ကွက်မှာ ဒုက္ခအခက်အခဲနဲ. ရင်ဆိုင်လာရတဲ့အခါ ဘယ်သူ့ကိုမှ အပြစ်မတင်ပဲ “ အော် - မကောင်းကံက ပါလာပြီး
ဒီမကောင်းကံ အကျိုးပေးချိန်တန်လာလို. ဒီလို“ခံရ” တာပါလား ” ရယ်လို.ပညာနဲ.ဆင်ခြင်ပြီး အဲဒီ ဒုက္ခဆင်းရဲခြင်းတရားတွေကို “သည်းခံခြင်းတရား”
ကို လက်ကိုင်ထားကာ တည်ငြိမ်စွာ ခံယူတတ်ဖို.လိုပါတယ် ။

အရေးအကြီးဆုံးကတော့ မိမိခံစားရတဲ့ ဒုက္ခဆင်းရဲခြင်းသည် မိမိကျူးလွန်မိခဲ့တဲ့ “ ဝိပါက ဆိုတဲ့ ဝဋ်ကြွေးကြောင့် ” ပြန်လည်ပေးဆပ် ခံစားနေရတာပါလား ” ရယ်လို.ဆင်ခြင်မိကြဖို.လိုပါတယ် ။ ဒီလို အဖြစ်ဆိုးတဲ့ ဆင်းရဲ ဒုက္ခမျိုး နောင်တစ်ခါ ထပ်မတိုးရ -ထပ်ပြီး မကြုံရလေအောင် ဆင်ခြင်မိသွားမယ်ဆိုရင်
လည်း အရှုံး ထဲက အမြတ် ထွက်လာရမှာသေချာပါတယ်။

အဲ- မိမိတို.ရဲ့ “ ရှေးအတိတ်က ပြုမိခဲ့တဲ့ ကံဆိုးကြောင့် ဒီလိုခံစားနေကြရတာပဲ -လွတ်တော့မှာ မဟုတ်ပါဘူး ” ရယ်လို.လည်း စိတ်ပျက် အားလျော့မနေမိအောင် သတိဆောင်မိဖဘု.လိုပါတယ်။ အရေးအကြီးဆုံးက မိမိကိုယ်ကို သတိထားပြီး ဆင်ခြင်မှု ပွားးနေ၇န်ကိုမမေ့ပါနဲ. တကယ်တော့
လောကကြီးက သူ.တရားအတိုင်းသူဖြစ်နေတာမို. “ လောကကြီးက မတရားပါဘူး ” ရယ်လို.လည်း အမြင်မစောင်းမိကြဖို.သတိပေးလိုပါတယ် ။

ကဲ - ကလေးတို.ရေ ၊ အဲဒီ “ ဝဋ် ”ဆိုတဲ့စကား နဲ.ပတ်သက်ပြီး ဗုဒ္ဒမြတ် ဘုရားဟောကြားတော်မူခဲ့တဲ့ သာဓက “ ဇာတ်လမ်းလေး ” ကို နောက်မှပဲ
ဆက်ကြပါစို.ကွယ်နော် ။ ဒီကနေ. လူငယ် လူရွယ်လေးတွေ အားလုံး ကောင်းတာကိုသာ လြုပ်မိကြပြီး ကောင်းကျိုးတွေကိုသာ ခံစားနိုင်ကြပါစေကွယ်။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter