ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, January 12, 2012

သဗ္စညုတ ရွှေဥာဏ်တော် ရ၍ ဘုရားဖြစ်တော်မူခြင်း

“သိဒ္ဓတ္ထမင်းသား တောထွက်ခန်း မှာတင်ရပ်သွားပြီလား ၊ ဆက်ရေးပေးပါဆရာမ”လို. တယ်လီဖုံးနဲ.တစ်မျိုး စာနဲ.တစ်တန် တောင်းဆိုလာကြတဲ့အတွက် မအားတဲ့ကြားက ဒီ Post လေးကိုတင်ကာ အဆုံးသပ်ပေးလိုက်ရပါတယ် ။ ကျေနပ်ကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ် ။

တို.များရဲ့ ဗုဒ္ဓမြတ်ဘုရားဟာ ဒုက္ခရစရိယာတရား ကျင့်စဉ်အတိုင်း ကြိုးပမ်းအားထုတ်လိုက်တာ ခြောက်နှစ်သာကြာသွားတယ် သူရှာဖွေနေတဲ့ တရားကိုမတွေ.ဘူးတဲ့။
အလွန်အမင်း ကြိုးစားအားထုတ်မှုကြောင့် ခန္ဒာကိုယ်မှာ ဝမ်းဗိုက်သားနဲ.ကျောပြင်ကပ်သွားပြီး အရိုးပြိုင်းပြိုင်းထလာသတဲ့ ။ စင်္ကြံလျှောက်ရာမှာလည်း မကြာခန လဲကျတော်မူသတဲ့ ။ “ ဒီလိုသာ ဒုက္ခဆင်းရဲများခံစားနေရင် တရားစစ်ကိုရနိုင်မှာမဟုတ်ဘူး” လို. ဆင်ခြင်သုံးသပ်တော်မူပြီး တစ်ပါးတည်း ဆွမ်းခံထွက်ကာ
အာဟာရ ဖြည့်တင်းတော်မူတယ် ။ ဒါကိုတွေ.မြင်တဲ့ ပဉ္စဝ၈္ဂီ ငါးဦးဟာ “ တို.မျှော်လင့်သလို သိဒ္ဒတ္ထတော့ ဘုရားဖြစ်မှာမဟုတ်ဘူး”လို.စိတ်ပျက်ပြီး အလောင်းတော်ထံမှ ထွက်ခွါသွားကြသတဲ့ ။ ဒီလို ပဉ္စဝ၈္ဂီ ငါးဦးက ဘုရားအလောင်းတော် အား တစ်ဦးတည်းထားခဲ့ပြီး စွန်.ခွာသွားခဲ့တာဟာလည်း ရှေးယခင် ပွင့်တော်မူခဲ့ကြတဲ့ မြတ်ဘုရားများရဲ့ အတွေ.အကြုံတစ်ခုပါပဲ။ မြတ်စွာဘုရားအလောင်းတော်ဟာ သဗ္ဗညုတ ရွှေဥာဏ်တော် ရခါနီးလာပြီဆိုရင် တစ်ဦးတည်းနေထိုင်ရဖို.အခြေအနေက အလိုလို ဖန်တီးပေးးလာရတာတဲ့လေ။

ဘုရားအလောင်းတောဟာ အဲဒိလို အစာအာဟာရကို သင့်တင့်အောင်သုံဒဆောင်တော်မူလိုက်တော့ အားအင်များးလည်း ပြန်လည်ပြည့်ဖြိုးပြီး ကျက်သရေအပေါင်းနဲ. ပြန်လည် တင့်တယ်တော်မူလာတာပေါ့ ။ ဒီလိုနဲ. မဟာသက္ကရာဇ် ၁၀၃ ခုနှစ်- ကဆုန်လဆန်း ၁၅ ရက် မိုးလင်းချိန်မှာ ဘုရားအလောင်းတော်ဟာ လိုဏ်၈ူကထွက်ပြီး နိ၈ုံးရွာသို.ဆွမ်းခံကြွတော်မူတယ်။ လမ်းခရီးတစ်ထောက် ညောင်ပင်ကြီးအောက်မှာ နားနေတုန်း “သုဇာတာ” ဆိုတဲ့ အမျိုးသမီး ရွှေခွက်မှာထည့်လာတဲ့ ဃနာနို.ဆွမ်းကို ၄၉ လုတ် ဘဉ်းပေးတော်မူတယ်။ ဒိနောက် မြစ်ကျမ်းကိုဆင်းပြီး ရွှေခွက်ကိုကိုင်ကာ“ အကယ်၍ ငါသည် ယနေ.ဘုရားဖြစ်ရန် ကြိုးပမ်းနိုင်ပါက ဤရွှေခွက်သည် ရေညာသို. ဆန်တက်ပါစေသား” လို့ အဓိဌာန်ပြုကာ ရွှေခွက်ကို မျှောလိုက်သတဲ့ ။ ရွှေခွက်ဟာ ရေစီးကြောင်းကိုဖြတ်ပြီး မြစ်လယ်ကိုမျောသွားတယ် ။ မြစ်လယ်ရောက်တော့ အရှိန်ပြင်းစွာနဲ.မြစ်ညာကို လတောင် ရှစ်ဆယ်လောက် ဆန်တက်သွားပြီးမှ နစ်မြုပ်သွားသတဲ့။
ဧကန်စင်စစ် ဘုရားဖြစ်မှာကို သိတော်မူတဲ့အတွက် အလောင်းတော်ဟာ နေ.လည်ခင်းမှာပဲ ကလေးဘဝက အားထုတ်ခဲ့တဲ့ အာနာပါနကမ္မဌာန်းကို စီးဖြန်းတော်မူပြီး ညနေပိုင်းမှာ ဗောဓိညောင်ပင်တည်ရှိရာကို ထွက်ခဲ့သတဲ့။

ဘုရားအလောင်းတော်ဟာ ဗောဓိညောင်ပင် ခြေရင်းရောက်တော့ ဗောဓိညောင်ပင်ရဲ့ အရှေ့ဘက် မလှမ်းမကမ်းမှာ မြက်ထမ်းသမား လှူလိုက်တဲ့ မြက် ၈ ဆုပ်ကို ကြဲဖြန်.လိုက်တာနဲ.တစ်ဆယ့်ရှစ်တောင် ရှိတဲ့ ရတနာပလ္လင်ကြီး ပေါ်ပေါက်လာတယ်။ ဘုရားအလောင်းတော်ဟာ အဲဒီပလ္လင်ပေါ်တက်ကာ သဗ္စညုတ ရွှေဥာဏ်တော် မရမခြင်း တင်ပျဉ်ခွေမပျက်ဘူး ဆိုတဲ့ အဓိဌာန်ပြုကာ အရှေ့ဘက်မျက်နှာလှည့်ကာ ထိုင်တော်မူတယ်။ အဲဒီပလ္လင်တော်ပေါ်မှာပဲ မာရ်နတ် အစ
ရှိတဲ့ နှောက်ရှက်ဖျက်ဆီးလာတဲ့ ရန်သူအပေါင်းကို အောင်မြင်တော်မူခဲ့လို့ “ အပရာဇိတပလ္လင် ” လို.ခေါ်တွင်တာဖြစ်ပါတယ်။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ.မှာ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်တော်မူတယ်။ ကိလေသာ အညစ်အကြေးဟူသမျှကို အကုန်အစင်သုတ်သင်ဖယ်သတ်ပြီး အရဟတ္တျမ၈်ညဏ်တော်ကို ရတော်မူတယ်။ တစ်ပြိုင်နက်မှာပဲ လေးသင်္ချေနဲ. ကမ္ဘာတစ်သိန်း ဖြည့်ဆည်းတော်မူခဲ့တဲ့ “ ပါရမီ ” အပြားသုံးဆယ် တို့ရဲ့အကျိုးစွမ်းအားကြောင့် အရညခပ်သိမ်းကို အကုန်အစင် သိမြင်တော်မူတဲ့ သဗ္စညုတ ရွှေဥာဏ်တော်ကြီးကိုလည်း ရရှိပြီးဖြစ်သွားတယ်။

အဲဒါ “လူ-နတ်-ဗြဟ္မာ” ဆိုတဲ့ လောကသုံးပါးမှာ အတုမရှိတဲ့ သမ္မာသမ၌ုဒ္ဒမြတ်စွာဘုရား ထွန်းပွင့်ပေါ်တော်မူလာတာပဲ။ ဒါ့ကြောင့် တို.များရဲ့ေ၈ါတမမြတ်စွာဘုရားကို “ သုံးလောကထွတ်ထား သဗ္ဖညုတဥာာဏ်တော်သခင် ဘုရားရှင် ” လို့ရိုသေ ညွတ်ကျိုး ရှိခိုးပူဇော်ကြရတာ ဖြစ်ပါတယ် ။

ဒါ့ကြောင့် တို.များကိုးကွယ်နေကြတဲ့ေ၈ါတမ ဗုဒ္ဓမြတ်ဘုရားဟာ လူသားစင်စစ် မိဘများမှ မွေးဖါ်ား ထွန်းပေါ်လာတဲ့ လူသားမျိုးနွယ် တစ်ဦးဖြစ်တယ် ။
ကောင်းကင်ဘုံမှာ အမြဲစံတော်မူပြီး လောကမှာ ရှိရှိသမျှ သိရှိသက်မဲ့အရာမှန်သမျှကို ဖန်ဆင်းတော်မူတယ်ဆိုတဲ့ မည်သူတစ်ဦးတစ်ယောက်မျှ မမြင်ဖူးကြတဲ့ “ထာဝရဘုရားသခင်” ဆိုတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးဆိုတာကိုတော့ နားလည်ထားကြရမှာဖြစ်ပါတယ် ။

“ကံ နဲ. ကံရဲ.အကျိုး” ကိုလည်း မြတ်ဗုဒ္ဓကိုယ်တော်တိုင် လက်တွေ.ကျင့်ကြံ အားထုတ်တော်မူခဲ့တဲ့ အတိုင်း သတ္တဝါများကို ဟောကြား ညွှန်ပြ ဆုံးမတော်မူနိုင်ခြင်းလည်းဖြစ်ပါတယ် ။ “ကောင်းတာလုပ် ရင် ကောင်းကျိုးကို စံစား ” ရမှာဖြစ်သလို “ မကောင်းတာလုပ်ရင်လည်း ဆိုးကျိုးကိုသာ ခံစားကြရမှာဖြစ်ကြောင်း မြတ် ဗုဒ္ဒ က သက်သေ သာဓက များစွာနဲ.ဟောကြား ဆုံးမတော် မူထားတဲ့ တရားတော်များကိုလည်း နာကြားနိုင်ကြပါစေ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter