ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, January 12, 2012

ပါ၇မီတော်ဆယ်ပါး

ပါ၇မီ ဆယ်ပါးဆိုတာရှင်းပြပေးပါ ဆ၇ာမ ” နောက်ပြီး ”သိဒ္ဒတ္တမင်းသားလေးကို လူသားစင်စစ် မိဘနှစ်ပါးက မွေးဖွားခဲ့ပါလျက်နဲ့ ဘာ့ကြောင့် တခြားကလေးတွေနဲ့မတူပဲ မွေးစအချိန်မှစပြီး အံ့မခန်းစ၇ာ ထူးထူးခြားခြား ပြုမူခဲ့တာလဲ ၊ မသင်၇ပဲ ပညာတွေတတ်သလဲ ၊ ပြီးတော့ လူအို-လူနာ-လူသေ ၇ဟန်းတွေမြင်၇ရုံနဲ့ လောကအတွင်း ဒုက္ခဆင်း၇ဲခြင်းမျိုးစုံ အကြောင်းကို နက်နက်နဲနဲတွေးခဲ့တာလဲ ၊ မိမိ၇ဲ့ကြင်ယာတော်မိဖု၇ားမှ မိမိ၇ဲ့ ၇င်သွေးသားတော်လေး မွေးဖွားတာတောင် ဝမ်းမြောက်ဝမ်းသာမဖြစ်ပဲ ၇က်၇က်စက်စက်စွန်းပစ်ခဲ့၇တာလဲ ” တဲ့ ။
အဲဒီလို သောတရှင်တွေက စာတစ်တန်ပေတစ်တန်ေ၇းလာမေးလာကြတဲ့မေးခွန်းတွေ၇ဲ့အဖြေကို လူငယ်အားလုံး အတွက် ဒီဘလောက် စာမျက်နှာမှ ဝေမျှပေးလိုက်၇ပါတယ်။

ဒါကလဲ ဆောင်းပါးအစမှာေ၇းခဲ့သလို မိမိပြုခဲ့တဲ့ ကံ ပေါ်မှာမူတည်ပါတယ်။
ကဲ- အခုအချိန်ကနေ မေ၇မတွက်နိုင်အောင် များပြားလှတဲ့ နှစ်တွေကမ္ဘာတွေ ကိုပြန်သွားကြ၇အောင်နော်။
ဟိုး - လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမတိုင်ခင်က ဘု၇ားလောင်းဟာ အမ၇ဝတီ မင်းနေပြည်မှာ သုမေဓာ ဆိုတဲ့
သူဋ္ဌေးသားဖြစ်ခဲ့တယ်။

ပညာတွေစုံတဲ့ ၁၆ နှစ်အရွယ်မှာ မိဖနှစ်ပါးဆုံးပါးသွားတော့ သူပိုင်ဆိုင်လာတဲ့ စည်းစိမ်ဥစ္စာတွေကို စွန့်ပစ်ခဲ့ပြီး
၇သေ့ဝတ်ကာ တောထွက်သွားတယ်။ မြေလျှိုးမိုးပျံနိုင်တဲ့ တန်ခိုးတွေ၇ပြီး ၇မ္မာဝတီပြည်ကို ကောင်းကင်က ပျံလာတဲ့တစ်နေ့မှာ ပြည်သူပြည်သားတွေဟာ ဘု၇ားကြွလာတော်မူမယ့် လမ်းကိုပြင်နေကြတွေ့တယ်။
အော်- ဘု၇ားဆိုတာ ကိုယ်တိုင်ဖူးတွေ့ဖို့ မပြောနဲ့ ”ဘု၇ား” လို့ ကြား၇ဖို့တောင် မလွယ်ဘူး၊ လို့တွေးပြီး
ဝမ်းမြောက်ဝမ်းသာစွာနဲ့ လမ်းပြင်ခွင့်တောင်းလိုက်တယ်။ ဒါပေမဲ့ ဘု၇ားကြွလာတော်မူနေပြီ။ သုမေဓာ တန်ခိုးရှင်ဟာ တန်ခိုးနဲ့ ပြင်လိုက်လျှင် ချက်ခြင်းပြီးသွားမှာကို သိပေမဲ့ ကိုယ်တိုင်ကြိုးပမ်းမှ အကျိုးရှိကြောင်း
ကို သိတာနဲ့ ဘု၇ားရှင်ရွှံ့နွံထဲက မကြွ၇အောင် ရွှံ့ပေါ်မှာသူ့ကိုယ်ကို ဝမ်းလျားမှောက်ကာ တံတားခင်းပြီး လှူတော်
မူလိုက်သတဲ့။
ဘု၇ားကိုဖူး၇န်ကြိုဆိုနေတဲ့ လူအုပ်ထဲက ”သုမိတ္တာ” ဆိုတဲ့ အမျိုးသမီးလေးကလည်း ဝမ်းမြောက်ကြည်နူးသွား
ပြီး သူ့ယူဆောင်လာတဲ့ ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ၇ှင်၇သေ့လက်ထဲဆက်ကပ်လိုက်သတဲ့ကွယ်။ ရှင်၇သေ့လည်း ဝမ်းလျားမှောက်လျက်နဲ့ ကြာပန်းငါးခိုင်ကို ဘု၇ားအား ဆက်ကပ်လှူဒါန်းပြီး ”ငါဟာ ယနေ့
ပင် ကိလေသာကုန်ခန်းတဲ့ ၇ဟန္တာဖြစ်ပြီး ငါရှာနေတဲ့ မသေတ၇ားကို တွေ့၇တော့မယ် ။ အင်း - ဒါပေမဲ့
ကိုယ်လွတ်ရုန်းသွားလို့တော့မသင့် ၊ အခုဖူးမြော်၇တဲ့ ဒီပင်္က၇ာဘု၇ားလို သတ္တဝါအများကို ကယ်တင်နိုင်ဖို့
ဘု၇ားဖြစ်အောင် ကြိုးစားတော့မယ် ” လို့ ခိုင်မာတဲ့ အဓိဌာန်ပြုပြီး လှူဒါန်းလိုက်သတဲ့ကွယ်။

ဒါကို သိတော်မူတဲ့ ဒီပင်္က၇ာဘု၇ား၇ှင်ကလည်း ” ဤသူသည် ဤကမ္ဘာမှစ၍ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာသော် ကပိလဝတ် နေပြည်တော်တွင် မယ်တ်ာမာယာမှ ဖွားမြင်ပြီး တောထွက်ကာ”ေ၈ါတမ ” ဘွဲ့မည်ခံ
ဘု၇ားရှင်တစ်ပါး ဖြစ်တော်မူလိမ့်မည် ” လို့ ဗျာဒိတ်ပေးတော်မူခဲ့တယ် ။ အဲဒီနောက် ဘု၇ားနဲ့တကွ နောက်ပါ
သံဃာတော်မျးဟာ သုမေဓာ၇ဲ့ ညာဘက်ဘေးက ကွေ့ကာကြွသွားတော်မူသတဲ့ ။

အဲဒီ ကစပြီး ဘု၇ားဖြစ်၇န် ကျင့်ဆောင်၇မယ့် တ၇ားတွေကို ဆင်ခြင်တော်မူတယ် ။ အဲဒီလို ဘု၇ားဖြစ်ဖို့ ကြိုးပန်းအားထုတ်၇မယ့် လုပ်ငန်း ၊ စီမံကိန်းကြီးကို စိတ်ကူးနဲ့ေ၇းဆွဲပြီးတာနဲ့ တစ်ပြိုင်နက် မဟာပထဝီမြေကြီး
ကတောင် ကောင်းချီးပေးးတဲ့အနေနဲ့ ငလျင်ပြင်းစွာလှုပ်သတဲ့ကွယ်။
ဒိလို ဘု၇ားဖြစ်၇န် လုပ်ငန်းစီမံကိန်းကြီးမှာ ဆောင်ရွက်၇မည့်ကိစ္စ ( ၁၀ ) ပါး အဆင့်ဆင့်ကို ”ပါ၇မီ” လို့ခေါ်တယ်။ ဒီ ပါ၇မီ ( ၁၀ ) ပါး အနက် ပထမဆုံး ဖြည့်ဆည်း၇မှာက ” ဒါန ပါ၇မီ ” ပဲ။
ကဲ နောက်မှ ဆက်ကြစို့နော် ။ တာသင်္ကြန် ကာလမှာ ရွှင်လန်းချမ်းမြေ့ ကြပါစေ----

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter