ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, March 30, 2013

မျိုး-ရိုးနဲ. -ရာဇဝင်မော်ကွန်းချီ --သူရဲကောင်းများ-ထွန်းကားသည်

၆၈-ကြိမ်မြောက် တပ်မတော်နေ. “မနက်ဖြန် တပ်မတော်နေ. ပန်းကုံးစွပ် ကြိုဆိုရမယ်နော် မရွှေကျော့“ နဝရတ်ရိပ်သာမှာနေတဲ့ မမခင်(ယုဝတီခင်စိန်လှိုင်) က ဒီလိုပြောလာပါတယ် ။ “ ဟုတ်ကဲ့မမ- မနက်အစောကြီး အရောက်လာပါ့မယ်“ - လို.ပြန်ဖြေတော့ “မရဘူး ရွှေကျော့ရေ - ဒီမှာလာအိပ်ရမယ်” - တဲ့ ။ “ဟုတ်သားပဲကွယ်- မနက်အစောကြီးလာမယ့်အစား ဒီမှာ အိမ်က သမီးတွေနဲလာအိပ်လိုက်ရင်


မပင်ပန်းတော့ဘူးပေါ့“-လို. သူ.ခင်ပွန်း ဗိုလ်မှူးဖေသန်း ကလည်းတိုက်တွန်းတာနဲ. နဝရတ်ရိပ်သာ မှာ တစ်ညတာ နားခိုပြီး တပ်မတော်နေ.ကို စောင့်ကြိုခဲ့ရပါတယ် ။ မနက်အာရုံတက်ချိန်ရောက်လို. မမခင်စိန်လှိုင်တို.အိမ်နဲ.မလှမ်းမကမ်းမှာနေရာယူထားတဲ့ ကျမ တို. အုပ်စုမှာလည်း ယနံ.အမွှေးဆုံးသော စပယ်ကုံးများကိုယ်စီနဲ. စောင့်ကြိုနေကြပါတယ် ။ ဟော--ချီတက်လို.လာပါပြီ-- “ မြန်မာ- မြန်မာ -ကမ္ဘာပေါ်မှာကြွားနိုင်စေဖို.ရာ -- မြန်မာပညာ ဒို.အမျိုးသားတွေ -နားလည်စေ ချင်တာ-- မြန်မာပညာသင်ကြားကြဖို. ကြိုးစားဒို.မြန်မာ --ဒို.အမျိုးရဲ့ အကျိုးတွက်ကို-သယ်ပိုးစေ ဖို.ရာ-- “ “ဒို.ဗမာတွေ ရဲစွမ်းပြမည် -အာဇာနည်ပီပီ -- ဒို.ရဲဘော်များ -အားလုံးညီညီ -တွဲလျက်ချီတက်မည်-- မျိုး--ရိုးနဲ. -ရာဇဝင်မော်ကွန်းတည် --သူရဲကောင်းများ-ထွန်းကားသည်-- မင်းရဲကျော်စွာ---တပင် ရွှေထီး ပုံညီ--ဘုရင့်နောင်နဲ. --အလောင်းဘုရားတို.သည် --မြန်မာရဲသွေး -- မွေးခဲ့သည် - - ရဲဇာ နည် - အောင် တပ်တော်ချီ-- -ဇွဲနဲ. ဒို.များတိုက်ခိုက်မည်-- စသည့်--စသည့် စစ်ချီတေးများကို ဟစ်ကြွေးသီဆိုကာ ညီညာ တက်ကြွ စွာချီတက်လာကြပါပြီ-- ကျမတို.လည်း အပြေးအလွှားပဲ ပန်းကုံးတွေစွပ်ကာ အားပေးခဲ့ကြရပါတယ်-- အော်--ဒါက ဟိုးတစ်ချိန်က ကြုံခဲ့ ဆုံခဲ့ရတဲ့ အရိပ်များသာပါ-- ဒီကနေ. ၂၀၁၃ -ခု ၊ မတ်လ ၂၇-ရက် (၆၈)ကြိမ်မြောက် တပ်မတော်နေ.ကိုတော့ ဘန်ကောက်မြို.မှ စစ်သံမှူးကြီး(ဗိုလ်မှူးကြီးဝင်းမောင်)နဲ. သံအမတ်ကြီး(ဦးတင်ဝင်း)တို. ဦးဆောင်ပြီး ရှန်ဂရီလာ ဟိုတယ်ကြီးမှာကျင်းပခဲ့ပါတယ်။ ကျမအကြိုက်ဆုံးသော စစ်ချီတေးများနဲ.ဝေးပြီး စပယ်ပန်းကုံးလေးများကို လည်မှာဆွဲပေး ကာ အားပေးနီုင်ခွင့် လည်း မရရှိတော့ပါပဲလေ ။ ဒီပုံကတော့ သံအမတ်ကြီး-စစ်သံမှူးကြီး- ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ. နိုင်ငံတကာမှ သံတမန်များ ဒီပုံကတော့ စစ်သံမှူးကြီးရဲ့ မိန်.ခွန်းပြောနေချိန်မှာ အချစ်ဆုံးမိတ်ဆွေဖြစ်တဲ့ ဝန်ကြီးဟောင်းကတော်(Mrs.Lek)နဲ. ထိုင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချာဝလစ် - သံအမတ်ကြီး ဦးတင်ဝင်- Mrs.Lek တို.နဲ.အမှတ်တရ သံအမတ်ကြီးကတော် ဒေါ်ရင်သူ နဲ.အတမှတ်တရပါ အရင်းနှီးဆုံးမိတ်ဆွေ နဲ. အမှတ်တရပါ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter