ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, July 29, 2010

ဘာလိုလိုနဲ. တစ်ဝါဆို ခဲ့ပြန်ပါပြီ

ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။

တို.များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း
ဝါဝင်ကြရပြန်ပြီလေ ။ အဲ-ဝါဝင်တယ် ဆိုတာ ဘာလုပ်တာပါလိမ့်လို. ကလေးတို.သိချင်ကြ
ပေလိမ့်မယ် ။ သက်ကြီးစကားသက်ငယ်ကြားလို.သိပြီးသူများလည်း ရှိနေမှာမို.မသိ
နားမရှင်းသေးသူ လူငယ်လေးများအတွက် ထပ်ပြီးရှင်းပြပေးရမယ်ဆိုပါလျှင်---

ကလေးတို.ရေ- တို.များရဲ့ ဗုဒ္ဓမြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်အချိန်က ရဟန်းသံဃာ
တော်များအနေနဲ.လယ်ကွင်းတွေ- ယာခင်းတွေကိုဖြတ်ပြီး ဆွမ်းခံကြွကြရတယ် ။ အခြား
ရာသီ အချိန်တွေမှာဘာမျှမထူးခြားပေမဲ့ အခုလိုမိုးဦးကျကာလ လယ်ယာစိုက်ပျိုးနေကြတဲ့
အခါသမယမှာ သံဃာတော်များက လယ်ကွင်းတွေ၊ ယာခင်းတွေပေါ်ကဖြတ်လျှောက်သွား
ကြတဲ့အတွက် သီးပင်စပါးပင်တွေ ပျက်စီးကုန်တာပေါ့ကွယ် ။

ဒီလိုအဖြစ်တွေ အကြိမ်ပေါင်းများလာတဲ့အခါ လူအများမှာလည်းမနေသာတော့ပဲ
မြတ်ဘုရားထံ လျှောက်ထား အသနားခံကြရတော့တယ် ။ ဒီအခါ ဗုဒ္ဓမြတ်ဘုရား
ကလည်း လူအများကြုံတွေ့.နေကြရတဲ့အခက်အခဲကို ဖြေရှင်းပေးရတာပေါ့ ။

ရဟန်းသံဃာတော်များအနေနဲ. ဒီဝါဆိုလပြည့်နေ.မှ သီတင်းကျွတ်လပြည့်နေ.အထိ
( ၃ )လ တိတိ မိမိတို.ကျောင်းသင်္ခမ်းတွင်းမှာသာနေပြီး တရားဓမ္ဌများကိုသာ ကျင့်ကြံ
ပွါးများအားထုတ်နေကြရမယ်- လို. ပညတ်တော်မူခဲ့သတဲ့ ။

အဲဒီအချိန်ကစပြီးဒီကနေ.တိုင်အောင် ဝါတွင်းသုံးလမှာ မိမိတို.ရဲ.ကျောင်းသင်္ခမ်း
မှာသာသီတင်းသုံးနေကြရတယ်။ သီတင်းကျွတ် လပြည့်နေ့အထိ ညအိပ်ညနေ ခရီးမ
သွားကြရဘူးတဲ့။ ဒါက ဝါဝင်ရတဲ့အကြောင်းနော်။

ကလေးတို.ရေ- ဒီ ဝါဆိုလ ဟာ တို.များဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက်
အင်မတန်ထူးခြားတဲ့ လ တစ်လဖြစ်ပါတယ်။
( သန္ဓေ ၊ တောထွက် ၊ ဓမ္ဓစက် ၊ ဟောမြွက်သံချို လဝါဆို )တဲ့ ။
မြတ်စွာဘုရား ပဋိသန္ဓေ ယူတော်မူတဲ့နေ. ၊
တောထွက်တော်မူတဲ့နေ.၊
ဓမ္ဓစကြာ တရား စတင်ဟောကြားတော်မူတဲ့နေ.-
ဒါ့ကြောင့် ဝါဆိုလပြည့်ကျော် တစ်ရက်နေ.မှာ ဝါဆိုပန်းခူးပြီး မြတ်ဘုရားကို
ပူဇော်ကြ ၊ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကြတဲ့ တို.မြန်မာ့ရိုးရာဓလေ့တွေဟာ
အင်မတန်.ကို ချစ်စရာကောင်းလှပါတယ်ကွယ် ။

ဝါဆိုလပြည့်နေ.မှာလည်း ရဟန်းခံ ၊ ရှင်ပြု စတဲ့ကောင်းမြတ်လှတဲ့ ကုသိုလ်တွေကို
ပြုလုပ်ကြတယ်လေ။ ရဟန်းခံ ၊ ရှင်ပြုတယ်ဆိုတာ ဗုဒ္ဓမြတ်ဘုရားရဲ့ ဆုံးမဟော
ကြားတော်မူခဲ့တဲ့တရားလမ်းစဉ်ကိုလိုက်နာ ပြုကျင့်တာပါပဲ ။

အဲ - ဒါပေမဲ့ တို.များဗုဒ္ဓဘာသာဝင် အတော်များများအနေနဲ. ဗုဒ္ဓမြတ်ဘုရားရဲ့
လမ်းစဉ်နဲ.ဆန်.ကျင်တဲ့ လုပ်ဆောင်ချက်တွေကို ကျင့်သုံးနေကြတာတွေ.ရတယ် ။

သူတို.က သူတို.သားလေးရှင်ပြုတော့ စတိတ်ရှိုးလေးထည့်ပေးတယ်။ တို.ကတော့
အငြိမ့်ထည့်ပေးမယ်)ဆိုတဲ့ဗုဒ္ဓမြတ်ဘုရားရဲ့ လမ်းစဉ်နဲ.ဆန်.ကျင်တဲ့အပြုအမူတွေကို
ဦးစားပေးနေကြတာတွေ.ရတယ် ။ တကယ်တော့ ဒါတွေဟာ ( ကုသိုလ် ဒါန)
မဟုတ်တဲ့ (ပကာသန) တွေဆိုတာ သူတို.မသိကြလို.ပဲလား ။

တကယ့် ကုသိုလ် လိုချင် လုပ်ချင်တယ် ဆိုလျင် အဲဒါတွေ ဘာမှ မလိုပါဘူး ။
မြတ်စွာဘုရားရဲ့ သားတော်လေး( ရာဟုလာ ) ရှင်ပြုတဲ့ ထုံး နှလုံးသွင်းပြီး ပကာသန
ဘာတစ်ခုမျှမပါပဲ သင်္ကန်းဝတ် ရှင်ပြုပေးလိုက်တာက ပိုပြီးကုသိုလ်ရဦးမယ်လေ ။

ပကာသနတွေနဲ.ရှင်ပြု ရဟန်းခံလုပ်တော့ - စိတ်တိုစရာတွေ - အလို မကျစရာတွေ - ငွေကြေးအကုန်အကျများလို.ပူပန်ရတာတွေ အို-- ကုသိုလ်မရတဲ့အပြင် အ-ကုသိုလ်
တွေ တပုံ တပင်ကြီး ဝင်လာတော့မှာပေါ့ ။

တကယ့် ဗုဒ္ဓဘာသာဝင် စစ်စစ်တွေအနေနဲ. ဒါတွေကို အတတ်နိုင်ဆုံးရှောင်ကြရ
မှာဖြစ်ပါတယ် ။ ကိုယ့်သားလေး ရှင်ပြုရဟန်းခံပေးဖို.ပိုက်ဆံစုစရာ-ပိုက်ဆံရှိစရာ
မလိုအပ်သလို ပကာသနတွေနဲ.လည်းရောမမွှေသင့်ပါဘူး ။

အဓိက အရေးကြီးတာက သားတော်လေးရာဟုလာကို သာသနာ့ဘောင်အတွင်း
သွတ်သွင်းတဲ့ထုံး နှလုံးသွင်းကြရန်ဖြစ်ပါတယ် ။ ဘာ ပကာသန-ဘာစတိတ်ရှိုး-
ဘယ်သူတွေမှမပါဝင်တဲ့ အင်မတန် သန်.ရှင်းစင်ကြယ်တဲ့ ရှင်ပြုအလှူတော်
မင်္ဂလာဖြစ်ပါတယ် ။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter