ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, August 9, 2010

ရှေးခေတ်- ခေတ်ဟောင်းလူငယ်များ နဲ. ယနေ.ခေတ်လူငယ်များ

ကလေးတို.ရေ --- ဟိုး ရှေးခေတ် -ခေတ်ဟောင်းလူငယ်များ(လွတ်လပ်ရေး
အကြိုခေတ် နဲ.ရပြီးစ အချိန်ကာလက လူငယ်များ)ကို ပထမဆုံးလေ့လာကြည့်
ကြရအောင်နော် ။
အေး--“လွတ်လပ်ရေးအကြိုခေတ်”ဆိုတာ “လွတ်လပ်ရေး မရမီ အင်္ဂလိပ်အုပ်
စိုးနေတဲ့ “ကိုလိုနီနယ်ချဲ.” လက်အောက်မှာ နေခဲ့ရတဲ့ခေတ်ပေါ့ကွယ် ။ အဲဒီ
နောက် ဂျပန်ခေတ် ---

အဲဒီခေတ်အခါက တို.မြန်မာ လူငယ်လေးတွေခမြာ ခေတ်ပညာဆိုတာ ဘာမှန်း
တောင်မသိခဲ့ကြတာကလား။ “ အင်္ဂလိပ်စာ ” ဆိုတာကိုလည်း သင်ယူချင်တိုင်း
သင်ယူခွင့် မရခဲ့ကြဘူးလေ။ “National School”လို.ခေါ်တဲ့ “ အမျိုးသား
ကျောင်း”တွေမှာ တက်ရောက်သင်ယူခွင့်ရရှိကြတယ် (အားလုံးတော့မဟုတ်ပါ)။
ပညာရေးစနစ်က အင်္ဂလိပ်ကိုလိုနီပညာရေး၊ “ ငါ့သာလေးက ဘီအေ-အိုင်အေ-
ငါ့တူလေးက ဘီအေ- အိုင်အေ- မြို.အုပ်ဝန်ထောက်ဘဝကိုလေ - တင်းတိမ်
ကာပဲ နေခဲ့ကြတာတွေ” - ဆိုတဲ့ တေးသီချင်းတွေကို သာကြည့်ပေါ့ ။ ဒါက
အထက်တန်းစား လူချမ်းသာကြီးတွေအတွက်ပါ ။
အဲဒီခေတ်က ယောကျားလေးနဲ. မိန်းကလေးတွေကို လေ့လာကြည့်မယ်ဆိုရင်
ယောကျားလေးက ချစ်စကားပြောတာတောင် တိုက်ရိုက်မပြောရဲရှာဘူး။ “ ပင်
လယ် ဓားပြ ဆိုတာသိလား ” လို.မေးတယ် ။ မိန်းကလေးက “ သိတာပေါ့
ပင်လယ်ကကျယ်တယ်-ဓားပြက တိုက်တယ် ” လို.ပြောရင်၊ ကောင်လေးက
“ဟုတ်တယ်လေ- ကျယ်တိုက်တော့ ခင့်ကို ကြိုက်တယ်” လို. ပြောသတဲ့ ။
( အခုခေတ်နဲ. ဘယ်လောက်ကွာလဲနော် )။

သာမန် လူတန်းစားတွေဘဝမှာ လူငယ်လေးတွေခမြာ ပညာ တစ်ပိုင်းတစ်စနဲ.
“ ဗမာ့လွတ်လပ်ရေးတပ် ” ထဲဝင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို.တိုက်ပွဲ
တွေမှာ ပါဝင်ဆင်နွှဲခဲ့ကြရရှာတယ်။ ( ဆရာမရဲ့ အကိုကြီးဆိုရင် အိမ်ကိုတောင်
မပြန်ပဲ ကျောင်းကနေ တိုက်ရိုက် တပ်ထဲ လိုက်သွားတယ် ။ ဦးလေးဖြစ်သူ
နိုင်ငံ့၈ုဏ်ရည်ပထမအဆင့်ရပြီး ဦးနေဝင်းခေတ်က “စံပြလုပ်သား စီမံကိန်း”
ကို စတင်တီထွင်ခဲ့သူကိုကြည့်ပါအုံး၊ ခိုးပြေးလာတဲ့ ဇနီးအသစ်စက်စက်လေးကို
ဆရာမတို.မေမေနဲ.အပ်ခဲ့ပြီး တပ်ထဲလိုက်သွားတာ လွတ်လပ်ရေး ရပြီးတဲ့တိုင်
အောင် ပြန်ရောက်မလာလို.“သေပြီ” ပဲ ယူဆခဲ့ကြတယ် ။
ဒါပေမဲ့ ၁၉၆၈- ရောက်တော့စံပြလုပ်သား အပန်းဖြေစခန်း ငပလီမှာ ဆရာမနဲ.
စပြီးပြန်တွေ.ခဲ့တယ်။ ”ဦးလေးဦးမျိုးညွန်.-ဦးကျော်ညွန်.၊ ဦးကျော်ရင်တို.ရဲ့ ညီ
ဟုတ်ပါသလား-လို.မေးလိုက်တော့မှ ကိုယ့်ဦးလေးအရင်းကြီးမှန်းသိရတယ်။ မနှစ်
်ကပဲ ကွယ်လွန်သွားပါပြီ ။ ကိုကိုကတော့ “ ဗိုလ်မှူးရာထူးနဲ. ၁၉၅၇ -ခုနှစ်က
တိုက်ပွဲကျ သွားရှာတယ် ) ။
ဒီလို ဇာတ်လမ်းတွေအများကြီးပါ - ဒါတွေကိုကြည့်ရင် အဲဒီခေတ်က လူငယ်လေး
တွေရဲ့ ဘဝကို သဘောပေါက်မှာပါ ။ သူတို.မှာ “ အချစ် ” ဆိုတာကို ဦးစားမ
ပေးနိုင်ခဲ့ကြရှာဘူးလေ ။ အဲ-မိန်းကလေးတွေအနေနဲ.တော့ “ အမျှော်စိုက် တေး
တွေနဲ.အဝေးရောက် ချစ်သူတွေကို စောင့်လို.ကြိုနေခဲ့ကြရရှာသလို စစ်ထွက်သူတို.
ခမြာမှာလည်း“နတ်သျှင်နောင် မောင်တော်မှာကွယ် -ချစ်ဒုက္ခမီး-ကြီးလှပြီပေါ့ကွယ်”
ဆိုတဲ့ တေးမျိုးတွေနဲ. ချစ်ရသူတွေကို လွမ်းခဲ့ကြရရှာမှာပေါ့ကွယ် ။

အဲဒီအချိန်က စာရေးဆရာ ၊ တေးရေးဆရာတွေ အဆိုတော်တွေကတော့ မျိုးချစ်
စိတ် ၊ နိုင်ငံချစ်စိတ်တက်ကြွစေတဲ့ တေးသီချင်းတွေကိုပဲ ရေးကြသီဆိုကြတာပေါ့။
အထူးသဖြင့် ” ဇွဲ - ဇွဲ - ဇွဲ ရှိမှ အောင်နိုင်မည် ” လို. ရေးသားထားတဲ့
”ဇွဲ ” သီချင်း လို သီချင်းမျိုးတွေ ရေး - ဆိုခဲ့ကြတယ် ။

ကဲ -- လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း “ခေတ်ဟောင်း ” လူငယ်တွေကို လေ့
လာ ကြည့်ကြရအောင်နော် ။ သူတို.ကတော့ ကံကောင်းကြပါတယ် ။ ပညာ
တွေကိုကောင်းစွာ သင်ယူနိုင်ကြပြီ ။ ကျောင်းတွေကလည်း ဟိုခေတ်ကလို ဘီအေ
- အိုင်အေ -မြို.အုပ် -ဝန်ထောက်စတဲ့ ရာထူးအတွက်လောက်သာ သင်ပေးတာ
မဟုတ်တော့ပဲ “ဆရာဝန် -အင်္ဂျင်နီယာ” စတဲ့ အတတ်ပညာတွေ သင်ပေးနေပြီ ။
မိန်းကလေးတွေဆိုလည်း “ကျောင်းးဆရာမ” နဲ.“ သူနာပြု ” အတတ်ပညာတွေ
သင်ယူလာကြပြီ။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ.“ ရင်ဘောင်တန်း” လိုက်
လာနိုင်ကြပြီပေါ့ ။
သီချင်းတွေကလည်း “ဟိုတခေတ်ကဆိုရင်ကွယ်- မြို.အုပ် ဝန်ထောက်ဘဝကိုလေ
တင်းတိမ်ကာပဲ နေခဲ့ကြာတွေ - အခုတော့ အင်္ဂျင်နီယာ လိုနေတဲ့ - မြန်မာပြည် ၊
ဆရာဝန်တွေ လိုနေတဲ့ မြန်မာပြည်-စစ်သားကောင်းကြီးတွေကိုလေ တို.မြန်မာပြည်
အတွက် တကယ်မွေးထုတ်ပါလေ”- စတဲ့ တေးသီချင်းတွေကို သီဆိုလာကြတယ် ။
ဆရာဝန်တွေ -သူနာပြုဆရာမတွေ -ကျောင်းဆရာမတွေ အမြားအပြားပေါ်ထွက်လာ
ရုံမက စစ်သမီးတွေကိုလည်း စုဆောင်းမွေးထုတ်ပေးလာတယ် ။ အရင်က အိမ်တွင်း
မှာ မိဘနားကပ်နေခဲ့ကြတဲ့ မိန်းကလေးတွေ အပြင်ထွက်အလုပ် လုပ်လာကြတယ် ။

အဲ - ဒါပေမဲ့ တက္ကသိုလ် ကျောင်းသားတွေကျတော့ သူတို.အာရုံက တစ်မျိုးဖြစ်နေ
တယ် ။ လူတိုင်း တက္ကသိုလ် မတက်ကြသေးဘူး ။ သူတို.ကျတော့ စိတ်ကူးတွေ
ယဉ်ကြတယ်။ အထူးသဖြင့်“မခင်နှင်းဆီ” လို ၊“ တက္ကသိုလ်ကျောင်းက ရွှေလမင်း”
လို တေးသီချင်းမျိုးတွေကို ရေးသား သီဆိုပြီး စိတ်ကူးယဉ်ယဉ်နဲ. အချစ် ပင်လယ်
ကြောမှာ မေ့မြောနေခဲ့ကြတယ်။ စိတ်ကူးသန်သန်နဲ. အချစ်ရူးဟန်တွေကိုသာအများ
အားဖြင့် သရုပ်ဖေါ်ပြခဲ့ကြတယ် ။
စာသင်ကျောင်းတွေမှာလည်း ရည်းစားထားတာ မိသွားရင် (တချို.ဆို)ကျောင်းထုတ်
တောင်ခံရတယ်။ ရည်းစားစာမိတာနဲ.ကျောင်းအုပ်ကြီးရုံးခန်းရောက်ပြီမှတ်။ (မိတ္ထီလာ
တပ်မတော်ကျောင်းမှာ မူလတန်းပြ ဆရာမပေါက်စ ဘဝနဲ.တာဝန်ကျစဉ်ကပေါ့ -အ
လယ်တန်းကျောင်းသားနဲ. ကျောင်းသူလေးကို ကျောင်းအုပ်ကြီး( ဗိုလ်မှူးညွန်.မောင်)
ရုံးခန်းမှာ၊ ရည်းစားစာတွေနဲ.အတူ အရေးယူစစ်ဆေးရာမှာ ဆရာမကိုခေါ်ပြီး ဖြေရှင်း
ခိုင်းတယ် ။ ဒုက္ခပေါ့- ဆရာမကိုယ်တိုင်က ၁၉ - ၂၀ အရွယ် ချာတိတ်မ ။ ဒါပေမဲ့
“ကဲ နောက်ကို ဒါမျိုးမဖြစ်အောင် ဆင်ဆင်ချင်ချင်နေကြနော် ” - လို.ပြောလိုက်
တော့မှ အားလုံး အဆင်ပြေသွားခဲ့တယ် ။ အဲဒီအချိန်မှာ သတင်းစာ-စာစောင်တွေမှာ
“မေကျော့ရှင်း” နာမယ်နဲ. ဆောင်းပါး -ကဗျာ-ဝတ္ထုတွေရေးနေတော့ ကျောင်းအုပ်
ကြီးကလည်း ဆရာမကို အားကိုးပုံရတယ်လေ )။
ဒီလိုနဲ. ဦးနေဝင်းအုပ်ချုပ်တဲ့ ဆိုရှယ်လစ်ခေတ် ရောက်လာတော့ “ တိုင်းပြု ပြည်ပြု
တေးတွေ ရေးသားသီဆိုလာကြတယ် ။ လယ်သမားကြီးတွေ နဲ.အလုပ်သမားတွေကို
အားပေးတဲ့ တွန်းအားပေးတဲ့ တေးတွေ - လူငယ်တွေကိုဆုံးမ ပြုပြင်တဲ့တေးတွေကို
(ဆရာမတို. အပါအဝင်ပေါ့)ရေးသား သီဆိုခဲ့ကြတယ် ။ ” မေ့ကိုမရရင်ဖြင့်တကယ်
မောင့်ဘဝကံ အခြေမလှလို.-ဖြေမရပါဘူးကွဲ.- ဘုရားစူးပါစေရဲ့ -သေရပါတော့မယ်”
ဆိုတဲ့ မုသားသစ္စာ စကားနဲ. တေးစာသားတွေကိုမရေး-မဆိုကြတော့ပဲ “မည်သူမဆို
ကူညီသည်ဖြစ်စေ-မည်သူမဆို-မကူညီဖြစ်စေ-ကိုယ်ထူကိုယ်ထ-ကိုယ့်ဘဝအခြေအနေ
ကိုယ့်အားကိုယ်ကိုးမှ - ကိုယ်သာ သခင်ဖြစ်စေ-” - “ လူငယ်တွေ - လူငယ်တွေ
ရှေ.တန်းမှာကွယ် -တာဝန်ကျေ-အမျိုးချစ်တဲ့စိတ်တွေ -အစဉ်မွေးလို.လေ -အားက
စာဆိုရင် -ဂုဏ်ရှိန်လွှမ်း -လုပ်အားပေးရင် မပင်ပန်း - အစဉ်သာ- မငြှိုးနွမ်းလန်းဖြာ
ရင်မှာ -မိုးဆမ်းပန်းပမာ-ဟေ--ရှေ.တန်း--ဝေးရောက်တပ်မြေစခန်း--အောင်လံဝင့်
လွှင့်ထူသွား-လူ-လူငယ်များ- လယ်ယာနဲ.အလုပ်ခါင်အရေး-လူငယ်တို.ချွေး-အသွေး
အသား-အသက်ပမာ-ချစ်မြတ်နိုးစွာ-(ပြည်ကျိုး-သယ်ပိုး)၃ နိုင်ငံ့ဂုဏ်ကိုတိုးတက်စရာ)
ဆိုတဲ့ တေးသီချင်းတွေနဲ.လူငယ်တွေကို အားသစ်မာန်သစ်တွေ လောင်းပေးခဲ့ပါတယ် ။
ဒါက ဟိုး - ခေတ်ဟောင်းက လူငယ်လေးတွေနော် ။ ကဲ အခု မျက်မှောက်ခေတ်က
တို.များလူငယ်လေးတွေကို လက်တွေ. လေ့လာပေးကြဖို. ဖိတ်ခေါ်ပါရစေလား ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter