ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, November 13, 2010

မြန်မာအစ တကောင်းက

ကလေးတို.ရေ -
“ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့ အလုပ်လေးတွေများနေလိုနောက်ကျသွားရပါတယ် ။
ကလေးတို.ရေ---
ဟိုးရှေးက နှောင်းခေတ်ပညာရှင်တွေဟာ တူရာတူရာစုပေါင်းကာ လေ့လာကြပြီး အမည်ပေးခဲ့ကြပါတယ်။ တိဘက်မြန်မာအုပ်စုလို. ခေါ်ရမယ့် ချီအင်
အနွယ်ဝင်တွေဟာ အုပ်စုငယ်လေးတွေအလိုက် ရေကြည်ရာမြက်နုရာ လွင်ပြင်မြစ်ဝှမ်းဒေသများသို.ရွှေ.ပြောင်းခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ထောင်လောက်မှာအုပ်စုကို ခေါင်းဆောင်တစ်ယောက်ဦးဆောင်ပြီးရွှေ.ခဲ့ကြတယ် ။ မြန်မာလို. ခေါ်တွင်မယ့်သူတွေဟာ ဘီစီ( ခရစ်မပေါ်မီ အနှစ် ၈၀၀= လွန်ခဲ့တဲ့ နှစ်ပေါင်း၂၈၀၀)ခန်.ကမြန်မာနိုင်ငံတွင်းသိုမေခမြစ်နဲ.တပိန်မြစ်ကြောင်မှတဆင့်ဧရာဝတီမြစ်ဝှမ်းဒေသကိုဝင်ရောက်လာကြတယ်လို.ပါတယ်။ ရွှေလီနဲ. ဧရာဝတီမြစ်တို.ပေါင်းဆုံရာ တကောင်းတစ်ဝိုက်မှာ အခြေချနေထိုင်ခဲ့ကြတယ်လို.ဆိုပါတယ် ။ ဒါ့ကြောင့် ပညာရှင်များက “ မြန်မာအစ တကောင်းက” လို.ဆိုကြခြင်းပဲဖြစ်ဟန်တူပါတယ်။

R.L.Somi
က သူရဲ့ A Cultural Study of Burmese Era စာအုပ်ရဲ့ စာမျက်နှာ ၁ မှာ “ တကောင်းဒေသတွင် ခတ္ထိယ သကျသာကီဝင်တို.လာေ၇ာက်အခြေချနေထိုင်မှုကို ခိုင်မာစေသောအချက်မှာ တကောင်းနှင့်တစ်ဆက်တည်း သာကီဝင်ကံရာဇာကြီးတို.ရောက်ရှိ မြို.ပြတည်ထောင်သော ရခိုင်တွင် ခနှစ်သက္ကရာဇ်ကိုဘိုးတော် အဉ္ဖနမင်းကြီး၏ အဉ္ဖနသက္ကရာဇ်ကိုသုံးစွဲခဲ့ခြင်းပင်ဖြစ်သည်”.ဟုဖေါ်ပြထားပါတယ်။
ထိုစာပေများအရ တကောင်း သည် ရောမခေတ်ဦးကပင် တည်ရှိနေပြီ ဟု ယူဆရပါသတဲ့။မြန်မာ့သမိုင်းကို လေးလေးနက်နက်
လေ့လာပါက တကောင်းမတိုင်မီကပင် မြန်မာတို.ဤမြေမှာအခြေကျနေပြီဖြစ်ကြောင်းသိရမှာဖြစ်ပါတယ်။

တိဘက်မြန်မာတို.သည် ဧရာဝတီမြစ်ဝှမ်းဖြစ်သော တကောင်းကိုနှစ်သက်ကြကာအခြေချခဲ့ကြပါတယ်။ ထွန်ယက်စိုက်ပျိုးရေး အတတ်ပညာကိုကျယ်ပြန်.စွာအသုံးချခဲ့ကြတယ်။ ဆန်စပါးအထွက်တိုးလာတယ်။ ကျွဲ နွားမွေးမြူကြတယ်။ ဟင်းသီးဟင်းရွက်
်မျိုးစုံစိုက်ပျိုးလာကြပြီး အိုးလုပ်ငန်းအတတ်ပညာ တိုးတက်လာသလို အဝတ်အထည်ရက်လုပ်လာကြပါတယ်။ပါတယ်။

အချို.သော တိဘက်မြန်မာတို.က ဧရာဝတီမြစ်ကိုကျော်ကာ အရှေ.မြောက်ဘက်ရှိ ချင်းတောင်တန်းဆီသို.ရှေ.ရှုသွားပြီး အချို. ရခိုင်ဒေသအထိသွားကြပါတယ်။ ကချင်-ချင်း-ရခိုင် -သက်လူမျိုးတို.တောင်တန်းဒေသမှာအခြေချကြတယ်။


ရှေးခေတ် မဇ္ဈိမသားတို.က ရှေးခေတ်မြန်မာများကို “ဗြဟ္မာ”ဟု ခေါ်ခဲ့ကြတယ်။ “ဗြဟ္မာ”မျိုးနွယ်များနေထိုင်ရာဒေသိကု “ဗြဟ္မပုတ္တရ မြစ်” ကြီးစီးဆင်းနေတဲ့အတွက် သူတို.ကို“ဗြဟ္မာ”ဟု ခေါ်ခြင်းဖြစ်ပါသတဲ့။ အရှေ.ဘက်အုပ်စုဝင် မွန်ခမာလူမျိုးတို.ကလည်း မြန်မာလူမျိုးများကို “ဗြဟ္မာ” သို.မဟုတ် ဗရုမ်းဟု လေးလေးစားစားခေါ်ခဲ့ကြတယ်လို.ဆိုပါတယ်။
မြန်မာများရဲ့ နယ်ပယ်မှာလည်း ကျယ်ဝန်းလှတယ်လို.သိရပါတယ်။ ဒီ “ဗြဟ္မာ”လူမျိုးဆိုတဲ့ အခေါ်အဝေါ်မှ “ပရုမ်း-ဗရုမ်း- ဗရမ်း-
ဗရမာ - ဗမာ -မြန်မာ လာရပါတယ်။ “ဗြဟ္မာ”ဟူသောအခေါ်မှာ အာရိယန်လူမျိုးများအးတွက် “ကိုးကွယ်ရာဘုရား” ဟု ဖြစ်ပါတယ် ။ ဒါ့ကြောင့် သူတို.အလွန် အလေးအနက်ထားသောမြန်မာများကို “ဗြဟ္မာ”ဟု ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ ဗမာနှင့် ပျူ ကို အဓိပ္ပါယ်တူဟည်ဟု ပညာရှင်များကဆိုပါတယ် ။
အဲဒီ“ဗြဟ္မာ”အုပ်စုကြီးဟာ ခရီးဆက်ခဲ့ကြပြန်တယ် ။ အခုနီပေါနိုငငံတည်ရှိရာကိုရောက်လာပြီး ဟိမဝန္တာတောင်ခြေကိုပတ်ပြီး ခရီးဆက်ကြတဲ့“ဗြဟ္မာ”လူမျိုးတွေကို “သက္ကများ” လို.ခေါ်ပြန်တယ် ။ “သက္ကများ”ဆိုတာ လွန်စွာစွမ်းဆောင်နိုင်သူများ-
လွန်စွာရဲဝံ့သတ္တိကောင်းသူများ”လို.အဓိပ္ပါယ်ရပါတယ်။ သူတို.ဟာ စွမ်းရည်သတ္တိအပြည့်ရှိသူများဖြစ်သလို တောအထပ်ထပ်
တောင်အသွယ်သွယ်ကိုကျော်ဖြတ်လာကျြဲ့အတွက် သူတို.ကို သက္ကလူမျိုး-သကျလူမျိုးလို.ခေါ်ရာမှ “သာကီဝင်မျိုး” ဖြစ်လာပါတယ်။
ဒါ့ကြောင့်“ သကျ ခေါ် သာကီဝင်မျိုးတို.သည် တိဗက်မြန်မာ
လူမျိုးနွယ်စုကြီးမှ မြန်မာမျိုးနွယ်စုအဖွဲ.ဝင်ဖြစ်သည်” ဟု ကမ္ဘာ့ပညာရှင်များက လက်ခံလာခဲ့ကြပါတယ်။
ကလေးတို.ရေ --ဒီလိုတိတိကျကျသိရပြန်တော့ တို.များ မြန်မာလူမျိုးတွေ ဟာ “ဂေါတမဗုဒ္ဓ” မျိုးနွယ် “သာကီဝင်”တွေဆိုတာ သိရပြီး အထူးကို ဂုဏ်ယူနိုင်ကြပါပြီ။
“သာကီဝင်တို.ရဲ့ ဒေဝဒဟပြည်” နဲ.“ ကပိလဝတ်ပြည်” တည်ထောင်ကြပုံကို နောက်တစ်ပါတ်မှနော် ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter