ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, November 18, 2010

Chatting ကွန်ယက်မှာ အိပ်မက် မနေကြပါရန်

ဒီကနေ့ ဒီခေတ်မှာ အင်တာနက်ကို အသုံးပြုပြီး Chatting မာယာ များနေသူတွေ ဒုနဲ.ဒေးရှိနေကြတာ
ကိုတော့ ငြင်းစရာလိုမယ်မထင်ပါ။ ဟုတ်ပါတယ် - ဒီလို Chatting မာယာများနေသူတွေ ထဲမှာလည်း လူငယ်
လူရွယ်လေးတွေ အများဆုံးဖြစ်နေသလို ကြီးကောင်ကြီးမားနဲ.၀င်ပြီးမာယာများနေကြတာတွေကိုလည်း မကြာ
ခနတွေ.နေရပါတယ် ။
သူ.ကို ကိုယ်မသိ - ကိုယ့်ကို သူမသိနဲ. မထိတထိလေးတွေရေးကြ ပြောကြ -အဲ-အဲ ချက် နေကြတာတွေလေ။
နောက်ဆုံး ချိန်းတွေ.ကြ --နောက်--နောက်တော့ --အို----ပြော မပြောချင်တော့ပါဘူးလေ။
ဒါ တကယ့်အဖြစ်အပျက်တွေကို သိနေကြားနေရလို. အများအတွက် ဝေမျှလိုက်တာနော် ။ ရမ်းသမ်းပြီး ရေးနေ ၊
ပြောနေတယ်တော့ မတွေးကြပါနဲ. ။ တကယ့်ကို ကိုယ်တိုင်မျက်မြင် နားကြားမိလို.ဝေမျှနေတာပါ ။

Chatting ကြောင့် အရှက်တကွဲ အကျိုးနည်းသွားရတာတွေ----
Chatting ကြောင့် ဘ၀ပျက်သွားကြတာတွေ-
Chatting ကြောင့် အလိမ်ခံကြရသူတွေ-
Chatting ကြောင့် အိမ်ထောင်ပျက်သွားတာတွေ -
Chatting ကြောင့် သားတကွဲ မယားတကွဲ ဖြစ်သွားကြတာတွေ --အို - - စုံလို. ၊ စုံလို.ပါပဲ ။
ကိုယ့်ထက်ကြီးမှန်းမသိ - ကိုယ့်ထက်ငယ်မှန်းမသိ ၊ တချို. ဆယ်ကျော်သက်ရွယ်လေးတွေတဲ့

(သူတို.ကိုယ်ရေးဖှိုင်မှာရေးထားတာလေ) ဒါပေမဲ့ တကယ်တမ်းကျတော့ ကိုယ့် အမေအရွယ်
အဖေအရွယ် မှန်းမသိ ဘာမသိနဲ. ရိသဲ့သဲ့ပြောလိုပြော - မထိတထိ ရေးလိုရေး နဲ. အမလေး
ဘုရား - ဘုရားမိုးကြိုးများပစ်မှဖြင့် ----။

တချို.က လာလိုက်သေးတယ် -“ ဟိုင်း ” --တဲ့ ၊ နှုတ်ဆက်တာတဲ့လေ ။

ကိုယ့်ထက်ငယ်လား - ကြီးလား -ရွယ်တူလား မသိပဲ ၊ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ပြီး-
“ဟိုင်း ” လိုက်တာ ။ ဒီနှုတ်ဆက်စကားထက် ပိုယဉ်ကျေးတဲ့ “ ဟလို ” ဆိုတော်သေးရဲ့ - ဒါမှမဟုတ်လည်း
မြန်မာဆန်ဆန် “ မင်္ဂလာပါ ”လို. ယဉ်ယဉ်ကျေးကျေးလေးဆို အရွယ်မရွေး တော်သေးတာပေါ့ ။ လက်ခံနိုင်ပါတယ် ။

တကယ်တော့ ဒီ Chatting ကွန်ယက်မှာ အိပ်မက်နေသူတွေ အများစုဟာ ပြောခဲ့သလို လူငယ်လူရွယ်
တွေများသလို( မကြီးမငယ်- သက်ကြီးရွယ်အိုကြီးတွေလည်းအတူတူပါပဲ) ကိုယ့်အကြောင်းကို လိမ်နည်းအမျိုး
နဲ. လှည့်ဖြားထားသလို သူကလည်း သူ.အကြောင်းတွေကို လိမ်နည်းအဖုံဖုံနဲ. အယုံသွင်းနေကြတာကလား။
တာတွေကိုမဆင်မချင်နဲ. အဟုတ်ကြီးထင်ပြီး ခင်မင်ရင်းနှီးမှုတွေ ပိုလို.ပိုလို. --
နောက်ဆုံးချိန်းတွ.ကြ --အဲ -အဲ -အဆုံးစွန်သော ဘဝမှာတော့ --- လူပုံအလယ်မှာ ပြောမဆုံးအောင် အရှက်ကွဲ
ကြရတယ်ပေါ့ ။

ယောကျားမရှားသလို မိန်းမတွေ အင်မတန်ပေါနေတဲ့ ဒီခေတ် ဒီကာလကြီးမှာ ခင်ပွန်းကောင်းရဖို.ရာ အင်မတန်
မလွယ်သလို ဇနီးကောင်းတစ်ယောက်ရရှိဖို.ဆိုတာလည်း အတော်ကြီးကို ခက်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာ
Chatting ကွန်ယက်မှာ မှာ အပျော်တမ်း သမားတွေလုပ်ပြီး အဟုတ်ကြီးထင်နေကြတာကိုတော့ အား
မပေးသင့်ဘူးလို.မြင်မိပါတယ် ။ မမျှော်လင့်ပဲ ကိုယ့်အိမ်ကခင်ပွန် ဒါမှမဟုတ် မိမိရဲ့ ဇနီး ကိုပြန်ပြီး ချက်
နေမိမှဖြင့် ။ အော် ကိုယ့်အဖေမှန်းမသိ - ကိုယ့်အစ်မ -ကိုယ့်ညီမ - ကိုယ့်မောင်နှမမှန်းမသိပဲ ချက် မိနေ
မှဖြင့် --မတွေးဝံ့စရာပါနော် ။

ဒါ့ကြောင့် Chatting ကွန်ယက်မှာ မှာ အိပ်မက်နေတတ်သူ ၊ စိတ်ကူးယဉ်နေတတ်သူ လူကြီး-လူငယ်
အားလုံးကို အတိုခြုံးပြောလိုတာကတော့ ဒီ Chatting ကွန်ယက်မှာ မှာ အများအကျိုးဖြစ်ထွန်းစေမယ့်
စာပေ ဆောင်းပါးလေးများကိုသာ ကြိုးစားဖြည့်ဆည်းပေးကြပါရန်နဲ. အကျိုးမရှိတဲ့ အကြောင်းတွေကို
အကောင်းထင်ပြီး မဆင်မခြင်နဲ. မ ချက် ကြပါနဲ.လို.ပဲ -----

ရွှင်လန်းချမ်းမြေ့ကြပါစေရှင်

ကလေးတို.ဆရာမ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter