ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, November 29, 2010

“ဗုဒ္ဓဘာသာ” သည် ကမ္ဘာ့အကောင်းဆုံးဘာသာ

“ဗုဒ္ဓဘာသာ” သည် ကမ္ဘာ့အကောင်းဆုံးဘာသာ ( ကမ္ဘာ့ဘာသာရေး
ခေါင်းဆောင်များ၏ ဆုံးဖတ်ကြေငြာချက်ဖြစ်သည် )


ဗုဒ္ဓဘာသာ ခံယူချက်အရ “သံသရာခရီး”သည်ရှည်လျားလှပါတယ် ။ “သံသရာ” ဆိုသည် လူ.ပြည် နတ်ပြည်- ဗြဟ္မာ့ပြည် နှင့် ဒုဂ္ဂတိဘုံများလည်း ပါရှိပါတယ် ။ မည်သူတစ်ဦးတစ်ယောက်မျှ နေရာတစ်ခုတည်းမှာ စွဲမြဲစွာနေရသည်မရှိပါ။ ထက်-အောက်သံသရာတစ်ကြောမှာ မိမိတို.ပြုခဲ့သော “ကံ” အလျောက် မျောပါနေကြရသည်ချည်းသာ။ ကုသိုလ်ကံရှိပါက
နတ် - ဗြဟ္မာသိကြား ဖြစ်နိုင်သလို သတ္တဝါတို.ဓမ္မတာ အကုသိုလ်အရာဝယ် ပိုမိုစွဲမက် နှစ်သက် ပြုလုပ်တတ်ကြမြဲမို. ငရဲ-
တိရစ္ဆာန်-ပြိတ္တာ - အသုရကယ် အပါယ်လေးဘုံသည်ကား သတ္တဝါတို.အတွက် နေရင်းဒေသ ထာဝရဘုံများဖြစ်ကြသည် - ဟု ဘုရားအဆူဆူတို.က ဟောကြားဆုံးမတော်မူခဲ့ပါတယ် ။

သံသရာခရီးသည်များအတွက် အားကိုးရာအစစ်ကား“ကံ”တ၇ားပင်ဖြစ်ပါတယ် ။ ကုသိုလ်ကံပြုလုပ်သူများကို ကောင်းသော
“ဘုံ”ဘဝ မှစောင့်ကြိုနေသလို အကုသိုလ် “ကံ” ပြုသူများအတွက် သံသရာ“ထောင်အကျဉ်းစခန်း” တို.မှ လက်ကမ်းစောင့်
ကြိုနေမြဲပါ ။ ဒါ့ကြောင့် ဘဝသံသရာ လည်ပတ်ရေးအတွက် မည်သူ၏ ဖန်ဆင်းချက်ကြောင့်မှ မဟုတ်နိုင်ပါ ။
“ဖန်ဆင်းရှင်”ဆိုတာလည်း လုံးဝ လုံးဝ မရှိပါ ။ မိမိတို.၏ ကံတရားကသာ ဓမ္မသဘောအရ စီမံပေးနေခြင်းဖြစ်ပါတယ် ။
ဒီ “ဓမ္မသဘာဝ” ၏ သဘောတရားများကိုလည်း လူတိုင်း မသိနိုင်စွမ်းကြပါ။ ဒီလို မသိနိုင်တဲ့အတွက်လည်း အထင်အမျိုး
မျိုးအမြင်အဖုံဖုံနဲ. စုံနေအောင် ကာယကံ-ဝစီကံ- မနောကံ မြောက်ဝေဖန်ပြစ်မှားနေကြခြင်းဖြစ်ပါတယ်။ ဓမ္မ၏ သဘာဝ
စွမ်းအင်ကား လျှို.ဝှက် နက်နဲ သိမ်မွေ.လှပါတယ် ။ ဒီ ဓမ္မသဘာဝကိုအစွမ်းကုန် သိမြင်ရေးအတွက် သာမန်မျက်စိ-သာမန်
နား-သာမန်အသိဉာဏ်ထက် အဆပေါင်း အသင်္ချေ အနန္ဒစွမ်းအင်ရှိလှတဲ့ အသိဉာဏ်ထူး ဉာဏ်ပညာထူးလိုအပ်လှပါ
တယ် ။ အဲဒီ ဉာဏ်ပညာအမြင့်ဆုံးကတော့ “သဗ္ဗညုတဉာဏ်” ပင်ဖြစ်ပါတယ် ။ဒီလို “သဗ္ဗညုတဉာဏ်တော်မြတ်” ရရှိသူ “ပုဂ္ဂိုလ်ထူးကြီး” ကိုလည်း လူ-နတ်-ဗြဟ္မာ သတ္တဝါအားလုံးက “လောကနာထ ၊ လောကဝိဒူ ၊ သတ္ထဒေဝ မနုဿာနံ” စသော ဂုဏ်တော်များဖြင့်လေးစားကော်ရော် ပူဇော်ကြပါတယ် ။ လူ- နတ်- ဗြဟ္မာ လောကသုံးပါး ဘုံလောကဓာတ်၏ဆရာမြတ်
တစ်ဆူ အဖြစ်အသိအမှတ်ပြုကြပါတယ် ။

“သဗ္ဗညုတဉာဏ်တော်မြတ်” သည် စွမ်းအင်အထက်ဆုံးဖြစ်၍ ရှိရန်မှာလည်း ခက်ခဲလွန်းလှပါတယ် ။ ဒါပေမဲ့ နည်းမှန်
လမ်းမှန် အကျင့်မှန်ဖြင့် ဘဝဆက်တိုင်း ဆုတ်ဆိုင်းမရှိ ကြိုးစားဘိမူအမှန်ပင် ရရှိမည်မှာဓမ္မတာပင်။ ဒီလို ကြိုးစား အားထုတ်သူတို.မှာ “ ဘုရားအလောင်းတော်ကြီးများ” သာဖြစ်ပါတယ် ။ ထိုသူတို.လိုက်နာပြုကျင့်ရသော သဘာဝဓမ္မတို
.ကို “ပါရမီတော်ဆယ်ပါး”ဖြစ်ပြီး ထိုသူတို.အောင်မြင်စွာ ရရှိသောဘဝမှာ“ဘုရားရှင်” ဘဝဖြစ်ပါတယ် ။
ဒုက္ခဝဋ်အတွင်း သက်ဆင်း နေကြရရှာသူ သတ္တဝါများအပေါ် သနားတော်မူလှတဲ့အတွက်သဘာဝဓမ္မရဲ့ အနုအကြမ်း ခရီး
လမ်းမျိုးစုံ ဘဝဇာတ်အဖုံဖုံဖြင့် အစွမ်းကုန် အနစ်နာခံကာသတ္တဝါတို.အတွက် ကြီုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် နောက်ဆုံး
ဘဝမှာ လိုလေသေးမရှိ အစွမ်းကုန်ပြည့်ဝတဲ့ “ဘဝသမ္ပတ္တိ ၊ ဘောဂသမ္ပတ္တိ” တို.ကိုပေးအပ်လာပါတယ် ။ ဉာဏ်ပညာ
အရာ-တန်ခိုးအရာ-စွမ်းအင်အရာမှာ အသာဆုံး စွမ်းအင် ပိုင်ရှင်ဖြစ်လာပါတယ်။

“ဘုရားရှင်”တို.
ဟူသည်“လူသား”များသာဖြစ်ရပါတယ်သဘာဝဓမ္မ၏စွမ်းအင်အစုံအလင်ကိုဖေါ်ပြနိုင်သော လောကမှာလည်း “လူ.လောက” သာရှိပါတယ် ။ နတ် - ဗြဟ္မာလောကမှာ အကျင့်စရဏများကို ကြိုးစားအားထုတ်ရန်မလွယ် ဟုဆိုပါတယ် ။
“ဗုဒ္ဓဘာသာ” တို.ရဲ့ အဓိကအခြေခံမှာ “ပဋိပတ္တိ” ခေါ် “ကျင်ကြံအားထုတ်မှု့” ဒီ “အကျင့်စရဏ”မပါလျှင် ဓမ္မစစ်စစ်မဖြစ်နိုင်
်ဟုသိရပါတယ် ။ “ဓမ္မစစ်မှန်” မှလည်း သံသရာမှ လွတ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်သာပဲ ဓမ္မအစစ်အမှန် ၊ အခြေခံဏရဏ
တရား ၊ ပဋိပတ်ကျင့်စဉ်များ ကို နတ်- ဗြဟ္မာတို.မကျင့်ပွားနိုင်ကြပါ။နတ် - ဗြဟ္မာတို. ရှင်ရဟန်းဘဝ မရနိုင်ကြပါ ။ သို.ကြောင့်
ပင် “ ဗုဒ္ဓအဆူဆူ ”တို.သည် မိမိတို.ရဲ့ အနိစ္စ - ဒုက္ခ- အနတ္တ ဝိပဿနာဓမ္မအစစ်အမှန်တို. ထင်ရှားရှိသော “ လူ.လောက ” မှာသာပွင့်တော်မူကြပါတယ် ။ ဓမ္မသဘာဝအားလုံးကို စုံလင်စွာ ဟောပြ နိုင်ရာ“လူ.ဘုံ”မှာသာ “ ဗုဒ္ဓမြတ်စွာ ” ပွင့်ပေါ်ကြရစမြဲပါ ။
“ဂေါတမဗုဒ္ဓ” သည် “ သကျသာကီဝင်မင်းမျိုး ” မှာ ပဋိသန္ဓေယူကာ ဘုရားအဖြစ်သို. ရောက်တော်မူခဲ့ရပါတယ်။ “ဘုရားရှင်ဘဝ” ဟူသည်မှာ အမြင့်မြတ်ဆုံးဖြစ်တဲ့အတွက် ခေတ်ကာလအလျောက် အမြင့်မြတ်ဆုံးအမျိုးမှာသာ ဖြစ်မြဲပါ ။ ဟိုခေတ်ဟိုအချိန်က သကျလူမျိုးတို.သည်အမြင့်မြတ်ဆုံး ဟုဆိုနိုင်ပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက် အချိန်ကိုကြည့်ပါကလူတို.သည် နယ်မြေချဲ.ထွင်ရန်အတွက် ကြီးနိုင် ငယ်ညှင်း အတင်းအဓမ္မလူသတ်နေကြတာကိုတွေ.ရမှာဖြစ်ပါတယ်။မိမိချမ်းသာရေးအတွက် သတ္တဝါပေါင်းများစွာရဲ့ အသက်ကို ယဇ်ပူဇော်လည်ချောင်းသွေးနဲ.စတေးကြတယ် ။ စစ်နိုင်သူက စစ်ရှုံးသူကို ညှင်းပန်းနှိပ်စက်-မိန်းမျမားကိုလည်းကာမဂုဏ်ကစားစရာအဖြစ်ဖောက်ပြားစော်ကားခဲ့ကြတယ် ။ အားနည်းသူများကို
ကျွန်သပေါက်ပမာ ခိုင်းစေပြီး စိတ်မထင်က ရိုက်နှက် သတ်ဖြတ် ချွေးစက်သွေးစက်များစွာကျခဲ့ကြရတယ် ။
“ကံ ကံ၏ အကျိုးကို မယုံကြည်ပဲ ဖန်ဆင်ရှင်က ဖန်ဆင်းပေးထားတယ် ။ ဖန်ဆင်းရှင်ကြီးကမိမိတို. အုပ်ချုပ်မင်းလုပ်ရန် ဖန်ဆင်းပေးလိုက်ပြီး ကျန်တဲ့လူများက အုပ်စိုးသူတို.ကို ပြုစုလုပ်ကျွေးရန်ထားသည်။ ဤဖန်ဆင်းရှင်ကြီး၏ အလိုတော်ကျ သင်တို.သည် ငါတို.ကို ပြုစုလုပ်ကျွေးကျွေးလော့” ဆိုတဲ့ လွဲမှားတဲ့ ဣဿရနိမ္မာန မိစ္ဆာဒိဋ္ဌိ အယူကြီးကို လူအများစု ယုံကြည်လက်ခံလာစေရန် ကြိုးပမ်းနေကြချိန်ဖြစ်ပါတယ် ။
ဒီလို လောဘ-ဒေါသ- မောဟ -မာန- ဒိဋ္ဌိ- ဣသာ- မစ္ဆရိယ အကုသိုလ်တရား လက်ကိုင်ထားပြီး လူသတ် ၊ လုယက် ၊ ခိုးဝှက်
ဖျက်ဆီး သူ.သားသမီးများကိုကျူးလွန် မူးယစ်သုံးစွဲ လိမ်ညာဖြီးဖြန်း လွန်စွာ အဆင့်အတန်းနိမ့်လှသော လူမျိုးများဖြစ်ပါတယ် ။ သကျသာကီဝင်မင်းမျိုး မှာပင်ကိုယ်သဘာဝ စရိုက်အားဖြင့် သနားညှာတာ ဂရုဏာစိတ်အပြည့်ရှိကြတယ် ။ သယံဇာတ
ရေမြေ သဘာဝ ပေါကြွယ် ပြည့်လျှံ ဖူလုံနေတဲ့အတွက် လုယက် သတ်ဖြတ် ခိုးဝှက်မှု ကင်းစင်တယ်။ သူတစ်ပါး သားပျိုသမီးပျို
များကို ရှောင်ရှားကြတယ် ။ ငါးပါးသီလ သဘာဝဓမ္မ ဂရုဓမ္မသီလတို. အလိုလိုပြည့်စုံပြီးဖြစ်တဲ့အတွက် မြင့်မြတ်သောလူမျိုးများ ဖြစ်နေကြပါတယ် ။ ဒီလိုအကုသိုလ် သဘာဝနည်းပါးသော “သကျသာကီဝင် ” လူမျိုးတို.ထံမှာသာ လောကဦးခိုက် ဖူးမြော်ထိုက်
သည့် ဘုရားရှင်သည် ပဋိသန္ဓေ ယူခဲ့ခြင်းဖြစ်ပါတယ် ။
သကျလူမျိုး နှင့် မြန်မာလူမျိုး တို.သည် ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေ နှစ်ထွေနှစ်ခွ စီးဆင်းနေကြသော်လည်း တစ်နေရာ
တွင် ပေါင်းဆုံစီးကာ ဧရာဝတိ ဟူသောအမည်ကို ယူဘိသကဲ့သို. “ သကျမြန်မာ ” အခေါ်အဝေါ်သာ ကွဲသော်လည်း ယခုအခါ
“ မြန်မာ” ဟူသောအမည်ဖြင့် ပေါင်းစီးခဲ့ပြီဖြစ်ပါတယ်ဒါ့ကြောင့်“ဂေါတမဗုဒ္ဓရှင်တော်မြတ်စွာဘုရား”သည်“ကောင်းကင်ဘုံမှာ
အမြဲစံ တော်မူပြီးလောကတွင် ရှိရှိသမျှသက်ရှိသက်မဲ့ အရာဟူသမျှကို ဖန်ဆင်းတော်မူတယ် ဆိုတဲ့ မည်သူတစ်ဦးတစ်ယောက်မျှ မမြင်ဖူးခဲ့ကြတဲ့ ထာဝရဘုရားသခင် ” ဆိုတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ပါ ၊ “ဗြဟ္မာဘုံမှာစံမြန်းနေထိုင်တော်မူပြီး သူ.ကို ကိုးကွယ်
်ကြသူတွေအထဲမှ တစ်ဦးတစ်ယောက်ကမျှ မတွေ.ဖူး မမြင်ဖူးကြတဲ့ မဟာဗြဟ္မာကြီးလို ကမ္ဘာကြီးကို ဖန်ဆင်း တည်ထောင်တယ်
်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးလည်း မဟုတ်ပါ ။
ဂေါတမဗုဒ္ဓ ရှင်တော်မြတ်စွာဘုရား ” သည် မနုဿလူ.ဘုံသား ။ လူသားစင်စစ် ဘုရင့်အမျိုးအနွယ် ပစ္စည်းဥစ္စာ သုံးမကုန်နိုင်
အောင်ကြွယ်ဝတဲ့ မင်းသွေးမင်းနွယ် ဖြစ်ပါတယ် ။ သာမန်လူသားမဟုတ်တဲ့အတိုင်း မွေးဖွားစမှာပဲ ခြေလှမ်း ၇- လှမ်း ၊ စကားကြီးငါးခွန်းကြုံးဝါးခဲ့တယ် ။ အတတ်ပညာများမသင်ရပဲ တတ်မြောက်နေခဲ့တယ် ။ လူအို- လူနာ- လူသေ- ရဟန်း တွေ.
ရုံနဲ. လောကကြီးရဲ့ ဒုက္ခဆင်းရဲ ကြီးမားပုံကို နက်နက်နဲနဲ တွေးတောသုံးသပ်ခဲ့တယ် ။ နောက်ဆုံး ကြင်ယာတော်နဲ.မွေးစသား
တော်လေးကို စွန်.ပစ်ပြီး တောထွက်သွားခဲ့တယ်။ ဒီလို အများနဲ.မတူအောင်ပြုကျင့်နိုင်တာကလည်း ဂေါတမဗုဒ္ဓ ရှင်တော်မြတ်
စွာဘုရား ” သည် လွန်ခဲ့သော လေးသင်္ချေနဲ. ကမ္ဘာတစ်သိန်းတိုင်အောင် ကျင့်ကြံအားထုတ်ခဲ့တဲ့ “ ပါရမီ ၁၀- ပါး ” ကြောင့်ဖြစ်
ပါတယ် ။ (သာမန်လူများပြုကျင့်နိုင်မည်မဟုတ်ပါ)။
ဒီလို ဂေါတမဗုဒ္ဓ ရှင်တော်မြတ်စွာဘုရား ” ရဲ့ ထူးခြားအံ့ဘွယ်အသွယ်သွယ်ကို ဟိုး---ခရာဇ်နှစ်၁၈၀၀ - ပြည့်ဦးပိုင်းက မြန်မာ
ပြည်ကို သာသနာပြုရောက်လာခဲ့ကြတဲ့ ခရစ်ယာန်သာသနာပြုပရိုတက်စတင့်ဂိုဏ်းက ဆရာ ယုဒသန် (Dr.Judson) တို. ရိုမန်ကက်သလစ်ဂိုဏ်းက ဘုန်းကြီး(Bingander) တို.လည်း မယုံခဲ့ကြပါ ။ ဒဏ္ဍာရီသဘောမျှသာဖြစ်ကြောင်း နဲ. အခြားအခြား
သောသာသနာပြု ဘုန်းကြီး(Father) တွေကလည်း ဝေဖန်လိုက်ကြသည်ဖြစ်ခြင်းပါ။ ဒီလို ဗုဒ္ဓအကြောင်းတွေကို မယုံကြည်နိုင် လက်မခံနိုင်တာတွေ ရေးကြ ပြောကြ ဝေဖန်ကြတာကပဲဗုဒ္ဓဘာသာ အကြောင်းအရာကို လူအများစိတ်ဝင်စားအောင် လှုံ..
ဆော်ပေးသလို ဖြစ်လာပါတယ်။သူတို.တက္ကသိုလ်တွေမှာလည်း “ ပါဠိစာပေ ” ကို ထူးခြားတဲ့ ပညာရပ်တွေ ကိန်းအောင်းနေ
တဲ့ဘဏ္ဍာတိုက်ကြီးအဖြစ် ပညာရှင်တွေကသိလာပြီး အထူးအာရုံစိုက် သင်ကြားလာကြတယ် ။အဲဒီနောက် ချိုင်းလ်ဒါး (Childers )
က ၁၈၇၅ - ခုနှစ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ကိုရေးခဲ့ပါ တယ် ။ ပညာရှင်ရိုင်းဒေးဗစ် ( Rhys Davids ) တို. ဇနီးမောင်နှံကလည်း ၁၈၈၁ - ခုနှစ်မှာ“ Pali Text Society “အမည်နဲ.ပါဠိတော်အသင်းကြီးကိုတည်ထောင်ခဲ့ပါတယ် ။ ပိဋကတ်သုံးပုံပါဠိတော်ကို ရောမအက္ခရာနဲ. ပြန်ရေးတယ် ။ ပါဠိတော်အားလုံး ၊ အဋ္ဌကထာဋီကာအားလုံးကို အင်္ဂလိပ်ဘာသာနဲ.ပြန်ရေးပြီး ကမ္ဘာကိုဖြန်.ချိ
ထုတ်ဝေလိုက်ပါတယ် ။

အဲဒီလို ပညာရှင်တွေက ဘုရားဟောဒေသနာတော်များဖြစ်တဲ့ ပိဋကတ်သုံးပုံကို လေ့လာကြပြီး ဗုဒ္ဓဆိုတာ ဒဏ္ဍာရီပုံပြင်ထဲက ဇာတ်ဆောင်တစ်ဦးမဟုတ် ၊ တကယ်အစစ်အမှန် ပေါ်ပေါက်ခဲ့တဲ့ မြင့်မြတ်သော သူတော်စင် ၊ မနှိုင်းယှဉ် မတုပနိုငလောက်
အောင် ထူးခြားသော သီလ -သမာဓိ- ပညာ နှင့်ပြည့်စုံတော်မူပြီး သတ္တဝါဟူသမျှအပေါ် ကြီးမားသော မေတ္တာ-ဂရုဏာတော်ဖြင့်
ဒုက္ခမှလွတ်မြောက်ကြစေရန် မှန်ကန်သော နည်းလမ်းကို ညွှန်ပြသွားတော်မူသော အန္န္တဉာဏ်တော်ရှင်ဘုန်းတော်ရှင်ကြီး ဖြစ်ကြောင်း ပိဋကတ်စာပေအထောက်အထားများနဲ.ဖြေရှင်းပြလာကြပါတယ်။အဲဒီနောက်မှာတော့ဗုဒ္ဓဘာသာကိုကမ္ဘာကလက်ခံလာခဲ့တာ
ဒီကနေ.မှာကမ္ဘာ့သာသနာ့ညီလာခံကြီးမှာ “ဗုဒ္ဓဘာသာ”သည် ကမ္ဘာမှာ “အကောင်းဆုံးဘာသာ” အဖြစ် ကမ္ဘာ့ဘာသာရေး
ခေါင်းဆောင်ကြီးများကတညီတညွတ်တည်းဆုံးဖြတ်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

ဒါ့ကြောင့် ဗုဒ္ဓဘုရားရဲ. တကယ့်ဖြစ်စဉ် ဗုဒ္ဓဝင်ကိုဒဏ္ဍာရီထင်နေသူများအနေနဲ. အချိန်ကုန်ခံပြီးမျက်စိမှိတ်ပြီး ဒီမှာ ဇွတ်ငြင်းမနေကြပါနဲ.။ “ဗုဒ္ဓဘာသာ”သည်ကမ္ဘာမှာ “အကောင်းဆုံးဘာသာ”အဖြစ် တညီတညွတ်တည်း ဆုံးဖြတ်
ကြေငြာလိုက်ကြတဲ့ ကမ္ဘာ. ဘာသာရေးခေါင်းဆောင်ကြီးများကိုသာ သွားမေးကြပါလို. တိုက်တွန်းလိုက်ပါရစေ။

အားလုံး အမြင်မှန်ရပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။

(၁) ဓမ္မကထိက ဦးလှသိန်းထွတ် ရဲ. “ ဗုဒ္ဓနှင့် မြန်မာလူမျိုး
(၂) ဆရာကြီး ဇေယျာမောင် ရဲ. “ လူငယ်လူရွယ်များအတွက်
ဗုဒ္ဓရတနာ(မဟာဗုဒ္ဓဝင်) ”ကို မှီငြမ်းရေးသားခြင်းဖြစ်ပါသည်။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter