ဆရာမခံယူချက်ကလေးပါ
My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Friday, April 26, 2013
ဒဏ္ဍာရီဆန်တဲ့  မိန်းမပျို (သို့ ) ရေသူမ(Mermaid)- လင်းရှုး(လင်းပိုင်)အကြောင်း
ဒီပို့ လေးကို အလင်းရောင်ကြယ် ဘလောက်ဂါမှတစ်ခုမှဖတ်မိယင်းကူးယူ၍
ဗဟုသုတရသလေးဖြစ်ဝေမျှလိုက်ပါတယ် စာချစ်သူတို့ 
.
မြတ်စွာဘုရားဟောခဲ့ သော ကျမ်းစာပေတစ်ခုရှိပါတယ် ကမ္ဘာ ကြီးအတွင်းမှာရှိတဲ့  ရေထုနဲ့  ကုန်းတွင်းပိုင်းထုထယ်တွေမှာ ဘယ်နေရာကသတ္တဇီဝအများဆုံးလည်းဆိုတော့  ကုန်းမှာကိုးကုဋေ ။ ရေမှာ၁၀ ကုဋေ  ခွဲခြားဟောခဲ့ တယ်...တစကယ်တန်းစမ်းစစ်ကြည့် တော့  အမှန်တရားတွေတွေ့ နေရတယ်၊
ဒီဒဏ္ဍာရီဆန်တဲ့  မိန်းမပျို (သို့ ) ရေသူမ(Mermaid)-  လင်းရှုး(လင်းပိုင်)အကြောင်းမစမှီ လက်တွေ့ မြင်ဘူးခဲ့ သော ပင်လယ် သမုဒ္ဒယာ အစွန်းထိဖြတ်သန်းခဲ့ သော ငါးဖမ်းလုပ်သားနှင့်  သင်္ဘောသားတွေက သူတို့ အမြင်ဗဟုသုတလေးတွေပြောဘူးတယ်..
 မေး-(အလင်းရောင်ကြယ်)
ဖြေ-(သင်္ဘောသား-ငါးဖမ်းလုပ်သား)
 အယင်ကတော့ ရှိမရှိမသိခဲ့ ဘူး ဒါပေမဲ့  အာတိတ်စက်ဝိုင်း ပင်လယ်ပြင်ကြီးထဲမှာဖြတ်သန်းနေရတော့  ညီငယ်အခုမေးသလိုပဲ အားလပ်တဲ့ အချိန်မှာ လေ့လာဘူးတယ် ..တစ်နေ့ သင်္ဘော ကျွန်းတစ်ခုမှာ ရာသီဥတုကြောင့် ခေတ္တနားနေယင်း .ညနေဆည်းဆာချိန်..ဟိုးမျက်စေ့တစ်မြင်လောက်မှာ လှိုင်းတွေ ပုတ်ခတ်နေတဲ့  ကျောက်ဆောင်အငူ ကျွန်းလေးမှာ သတ္တဝါလိုလို လူလိုလို ရေတစ်ဝက် အထက်ပိုင်းပေါ်ယုံ ငုတ်တုတ်ထိုင်နေတာ မြင်လိုက်ရတယ်..ဖျက်ကနဲ ဆို ရေသူမလားလို့  စူးစမ်းခြင်တဲ့  အသိစိတ်ဝင်လာပြီး ...အင်မတန် Zoon အားကောင်းတဲ့  မှန်ပြောင်းနဲ့  ကြည့်လိုက်ရာ လင်းရှုးငါးတစ်ကောင် ဟာကျောခိုင်းထိုင်နေပြီး သူ့ ရဲ့ ဘေးကရေယှက် အတောင်၂ခုနဲ့  သေးငယ်တဲ့ 
အရာကိုဖက်ထားနေတာမြင်ရပြီး အဲဒီသူ့ ဦးခေါင်းရဲ့ အပေါ်က အပိုတွဲနေတဲ့  အရေပြားဟာ သူ့ နောက်ကျောဆီသို့  လန်ကျနေတယ် အဝေးကနေမသိယင်တော့ မိန်းမတစ်ယောက်ဆံပင်ဖားလားချပြီး
သူ့ ခလေးကို နို့ တိုက်နေသလိုပဲ...အဲဒါနဲ့ အမှတ်တယဓါတ်ပုံအမိအရရိုက်ပြီး ..နောက်နေ့ နေ့ လည်ခင်းမှာ အဲဒီနေရာကို သဘောင်္မှာပါတဲ့ အသက်ကယ်ဘုတ်ချပြီး မိတ်ဆွေတွေနဲ့  သွားရောက်စူးစမ်းမိတဲ့  အခါမှာ  လင်းရှုးလင်းပိုင်တွေ အသိုက်ပေါက်ပြီး ပျော်ပါးတဲ့ နေရာဖြစ်နေတယ် ရေကလည်းရေနွေးစီးကြောင်း ညီမျှနေတော့  သဘာလည်းကျသလို ညနေပိုင်းရောက်ယင် နေပူဆာလှုံလို့ လည်းကောင်းတဲ့ နေရာလို စူးစမ်းလေ့ လာမိတယ်...ရေသူမဆိုတာကတော့  ဟိုးအတိတ်ကရှိခြင်ရှိခဲ့ မှာပဲလေ အတပ်တော့ မပြောနိုင်ခဲ့ ဘူး ဆို၍ ဒီမြန်မာသင်္ဘောသား အရာရှိနဲ့  ငါးဖမ်းစက်လှေ ဦးစီးတို့ ပြောတာ
တစ်ထပ်တည်းနားစွင့် မိတယ်....
  ကောင်းပါပြီ...ယခုတွေ့ ရှိရထားသော ဒဏ္ဍာရီဆန်တဲ့  မိန်းမပျို (သို့ ) ရေသူမ(Mermaid)-  လင်းရှုး(လင်းပိုင်)အကြောင်း ဆက်ဖတ်လိုက်ရအောင်. 
ရေသူမ( mermaid )ဆိုတဲ့ စကားလုံးက ပြင်သစ်စကားလုံးတစ်လုံးဖြစ်ပါတယ်။ mer ဆိုတဲ့ စကားလုံးက sea (ပင်လယ်) ဆိုတဲ့ အဓိပ္ပာယ်ရပြီး maid ဆိုတဲ့စကားလုံးကတော့ a girl or a young woman ( မိန်းမပျို တစ်ယောက်)လို့ အဓိပ္ပာယ်ရပါတယ်။ဒဏ္ဍာရီ အများစုထဲမှာ mermaid (ရေသူမ) ဆိုတာ အမျိုးသမီးတွေ အဖြစ်နဲ့ဖော်ပြတတ်ပြီး merman(ရေသူထီး) ဆိုတာကိုဖော်ပြလေ့မရှိ ပါဘူး။ရိုးရာ ပုံပြင်တွေထဲမှာ ရေသူမတွေကို အ၀တ်မပါဘဲ ဖော်ပြလေ့ရှိပါတယ်။ဒါပေမဲ့ ဇာတ်လမ်းတွေ ၊၀တ္ထုတွေ အထဲမှာတော့ ဆင်ဆာပိုင်းအရ ရေသူမတွေက သူတို့ရဲ့ ရှည်လျားလှတဲ့ ဆံပင်ရှည်တွေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးအုပ်ထားတတ်တယ်လို့ ရေးသားဖော်ပြကြတယ်။ ဆိုရိုးစကားတွေ ပုံပြင်တွေ ဒဏ္ဍာရီ တွေမှာ ရေသူမ ရှိတယ်လို့ပြောကြတယ်။သူတို့ရဲ့အကြောင်းက သဘာဝလွန်ဖြစ်ရပ်တွေထဲက တစ်ခုပါပဲ။သူတို့က ပင်လယ်ရေအောက်ထဲမှာနေထိုင်ကြပြီးတော့သူတို့ရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အထက်ပိုင်းက လှပချောမောတဲ့ မိန်းမပျို တစ်ယောက်ရဲ့ပုံသဏ္ဍာန်ရှိပြီးတော့ ခန္ဓာကိုယ်အောက်ပိုင်းမှာတော့ ငါးတစ်ကောင်လိုမျိုး အမြီးရှိတယ်လို့ဆိုကြတယ်။သူတို့တွေက ကြိမ်ဖန်များစွာ ရေပေါ်ကိုတတ်လာပြီးတော့ ဆံပင်ရှည်တွေကို ဖြီးရင်းနဲ့ မှန်ကိုကြည့်နေတတ်ကြတယ်လို့ ရေးသားဖော်ပြလေ့ရှိတယ်။
ပထမဆုံးလို့ဆိုရမယ့် ရေသူမပုံပြင်တစ်ပုဒ်ရှိတယ်။အဲဒီအကြောင်းက ဘီစီ ၁၀၀၀ လောက်က အာဆီးရီးယား(Assyria) ဒေသမှာစတင်ပေါ်ပေါက်ခဲ့တယ်လို့ဆိုတယ်။ဂရိနတ်ဘုရားမ တစ်ဦးဖြစ်တဲ့ Atargatis က သာမန်သိုးကျောင်းသားတစ်ယောက်ကို ချစ်ကြိုက်မိသွားတယ်။ဒါပေမဲ့ မရည်ရွယ်ဘဲ နဲ့ သူ့ချစ်သူကို သတ်မိသွားတယ်။သူက ထိတ်လန့်ရှက်ရွံ့သွားပြီး သူ့ကိုယ်သူ ငါးတစ်ကောင်ဖြစ်သွားအောင် ရေကန်ထဲခုန်ချလိုက်တယ်။ ဒါပေမဲ့ ရေထုက သူရဲ့ ပြိုင်ဘက်ကင်းတဲ့ အလှတွေ အားလုံးကိုဖုံးကွယ်သွားဖို့ မတတ်နိုင်ခဲ့ဘူး။အဲဒါကြောင့် သူက ခါးအထက်ပိုင်းက လူပုံစံရှိပြီးခါးအောက်ပိုင်းသဏ္ဍာန်ကတော့ငါးပုံစံ ဖြစ်သွားခဲ့တယ်လို့ဆိုတယ်။ Atargatis ရဲ့ဖြစ်ရပ်မှာခန္ဓာကိုယ်အထက်ပိုင်းကလူပုံစံနဲ့ငါးတစ်ကောင်လို အောက်ပိုင်းက ရေသူမ ဖြစ်ရပ်ကို အစောဆုံးဖော်ပြနေပါတယ်။ သူတို့တွေက တေးဂီတတွေနဲ့သီချင်းဆိုရတာနှစ်သက်ကြတယ်။နှစ်တွေအများကြီးကြာအောင် ရှင်သန်နေထိုင်ရပြီးသေဆုံးသွားကြရတယ်။ဒါပေမဲ့ သူတို့မှာ ၀ိညာဉ် မရှိကြဘူး။
သူတို့ အကြောင်းကိုပြောကြတဲ့ ပုံပြင်တွေ အများကြီးထဲမှာ သူတို့တွေက လူသားတစ်ဦးဦးနဲ့ ချစ်ကြိုက်သွားပြီး အဲဒီလူကို သူတို့ရဲ့ သဘာဝလွန်စွမ်းအားတွေ ပေးလေ့ရှိတယ်တဲ့။ဒါမှမဟုတ်ရင်လည်း သူတို့ ချစ်ကြိုက်သွားမိတဲ့ လူတစ်ယောက်ယောက်ကို သူတို့နဲ့ အတူတူ ရေအောက်ထဲမှာ လိုက်နေဖို့ သွေးဆောင်ဖြားယောင်းကြတယ်လို့ ရေးသားပြောဆိုကြပါတယ်။ရေသူမတွေ အကြောင်းပြောကြတဲ့ ပုံပြင်တွေနဲ့ ဂရိ နတ်ဘုရားတစ်ယောက်ဖြစ်တဲ့ ရေအောက်နတ်ဘုရား ဆိုင်ရန်(စ်)(Sirena)အကြောင်း ဒဏ္ဍာရီတွေက တူညီမှုတွေ ရှိနေပါတယ်။ ရေသူမတွေကလူတွေကို အန္တရာယ်ရှိစေတတ်ကြတယ်လို့လည်းရေးသားဖော်ပြတတ်ကြတယ်။ သူတို့ရဲ့ လက်ဆောင်တွေက ကံဆိုးမှုတွေကို ယူဆောင်လာတတ်ပြီးတော့ သင်္ဘောတွေကို ရေလွှမ်းမိုး မှုတွေနဲ့ တခြားဘေးအန္တရယ်တွေကို ရင်ဆိုင်ရစေတယ်။ရေသူမတွေကို မြင်လိုက်ရတဲ့ ပင်လယ်ခရီးက သင်္ဘောပျက်မှုကို ဖြစ်စေတယ်လို့ ယုံကြည်ကြတယ်။တစ်ခါတစ်ရံမှာ သင်္ဘောပေါ်က လူသားတွေကို အပြင်ထွက်လာအောင်လှည့်ဖြားခေါ်တတ်ကြပြီးတော့ရေနှစ်သတ်ကြတယ်လို့ဆိုကြတယ်။ 
 ရေသူမ ဇာတ်လမ်းတွေထဲကဆိုရင် Hans Christian Andersenရဲ့ The Little Mermaid (1836)က အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။သူ့ဇာတ်လမ်းက ဘာသာပေါင်းများစွာ ပြန်ဆို ရေးသား ထုတ်ဝေခြင်းခံခဲ့ရပါတယ်။သူ့နောက်ပိုင်းထွက်ရှိလာတဲ့ ရေသူမဇာတ်လမ်း တော်တော်များများ က သူရဲ့လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ သူ့ရဲ့ ၀တ္တုကို နောက်ပိုင်းမှာ Walt Disney က ကာတွန်းရုပ်ရှင်ရိုက်ကူးခဲ့တယ်။ လူကြိုက်များတဲ့ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ သူတို့ကို ခေတ်အဆက်ဆက် စာပေတွေ ရုပ်ရှင်တွေ ဂီတတွေမှာ တွေ့နေရဆဲပါပဲ။ နောက်လည်းတွေ့နေရဦးမှာပဲ။သူတို့ရဲ့ အကြောင်းအရာက ဘယ်တော့မှမပြီးဆုံးတော့မယ့် အရာတစ်ခုပါပဲ။သူတို့အကြောင်းဆက်ပြောချင်ပါသေးတယ်။ 
ကြိုးကြာနီ+အလင်းရောင်ကြယ်များပူးတွဲရေးပြသည်။ 
စာဖတ်သူအားလုံးရွင်လန်းချမ်းမြေ့ ပါစေ ဒီအကြောင်းအရာရသစာပေတိုလေးကိုလည်း
http://mixgawli.blogspot.com
 ဖြစ်သောဗဟုသုတနှင့် နည်းပညာကိုယ်ပွား၏ အလင်းရောင်ကြယ်များသတင်းစာနှင့် အထွေထွေ
ဘလောက်မှာလည်းတင်ပြထားပါသေးတယ်..ရှာဖွေဝင်ရောက်ဖတ်နိုင်ပါတယ်၊
No comments:
Post a Comment
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်
Flag Counter