ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, July 21, 2010

ကြီးသူကို ရိုသေ ၊ ငယ်သူကိုလေးစား

ကျမတို. ဗုဒ္ဓဘာသာ မြန်မာလူမျိုးများမှာ အဓိကအားဖြင့် ဗြဟ္မစိုရ်တရားလေး
ပါးကို ဦးထိပ်ထားပြီး ပြုကျင့် လှုပ်ရှားကြရပါတယ်။ အဲဒီ ဗြဟ္မစိုရ် တရားလေးပါး ဖြစ်တဲ့

မေတ္တာ = ချစ်ခြင်းတရား - သနားကြင်နာမှု -
ကရုဏာ = ကိုယ်ချင်းစာနာမှု
မုဒိတာ = ဝမ်းမြောက်ဝမ်းသာဖြစ်မှု
ဥပက္ခော = လစ်လျူရှုခြင်း ၊ ဂရုမစိုက်ခြင်း ကိုလည်းအားလုံး သိပြီးဖြစ်မှာပါ ။

“ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုညှာတာ”တဲ့ ၊ ဒီစကားတွေကိုလည်း ကျမတို. ငယ်စဉ်ကာလ ကလေး ဘဝကတည်းက အိမ်မှာနဲ.ကျောင်းမှာသင်ယူလေ့လာ
ခဲ့ကြရပါတယ်။ တကယ်လက်တွေ.လည်း လိုက်နာပြုကျင့်ရပါတယ် ။

“ ကိုယ့်ထက်ငယ်တယ်လေ - ဒီလို အတင်း အဓမ္မ မလုပ်ရဘူး ငယ်တဲ့သူကို ညှာတာ သနားရတယ် ” ဆိုတာကတစ်မျိုး ၊ “ ဟဲ့ - ဟဲ့ ကိုယ့်ထက် ကြီးတဲ့ သူကို မရိုမသေ နဲ.
ဒီလိုမပြောနဲ.လေ - ရိုရိုသေသေ ပြောရတယ် ။ ယဉ်ယဉ်ကျေးကျေး နေထိုင်ရတယ် ” ဆိုတာက တစ်ဖုံ - လူကြီးတွေ က သွန်သင်ဆုံးမ ညွှန်ပြ-ခဲ့ကြပါတယ် ။

“ သက်ကြီးစကားး ” ဆိုတာ ပါယ်ကောင်းတဲ့အရာ မဟုတ်သလိုသက်ငယ်စကား တွေကိုလည်း အလေးထားပေးရပါမယ် ။ တစ်ခါတရံလည်း သူတို.ရဲ့မှားယွင်းမှုလေးတွေကို ဥပေက္ခာပြုပေးရမှာဖြစ်ပါတယ်။ နေရာတကာ လိုက်ပြီးအပြစ်ပြောတာမျိုး ချုပ်ချယ်တာမျိုး
တွေကိုလည်း သတိထား ရှောင်ရှားသင့်ပါတယ် ။
အတိုချုပ်ဆိုရင်တော့ “ ကြီးသူကိုရိုသေ ၊ ရွယ်တူ တန်းတူကို လေးးစား ၊ ငယ်သူကို ညှာတာ ၊ နိမ့်ကျသူကို သနားကူညီ ပါ ” တဲ့ ။

ကျမတို. လူသားအားလုံး ဒီလိုမျိုး ကျင့်သုံးနေထိုင်သွားကြမယ်ဆိုပါလျင် ဒီလောက
ကြီးဟာလည်း နေချင်စရာ ငြိမ်းချမ်းသာယာ လာမှာအမှန်ဖြစ်ပါတယ် ။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter