ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, July 19, 2010

မြန်မာ့ယဉ်ကျေးမှုနဲ. ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာများကို လေးစားကြရအောင်ပါ

Myanmar in Singapore site မှာ ရေးးထားတဲ့ ကိုဇော်သက်ရဲ့ ဆွေးနွေးချက်များကို ဖတ်လိုက်ရတော့ အတော်လေးကို တုန်လှုပ်မိပါတယ် ။
“ အော်-- တို. လူငယ်လေးတွေ ဒါလောက်တောင်ကို အယူလွဲနေပါပေါ့လား” ရယ်လို.လေ ။

“မြန်မာ့ယဉ်ကျေးမှု ” တဲ့ ။ အဲဒီ “ ယဉ်ကျေးမှု ” ဆိုတဲ့ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုဖို.အလျင်ဆုံး လေ့လာကြရအောင်ပါလား ။
အင်္ဂလိပ်လို ( Culture , Politeness , Civilization )ကို မြန်မာမှုပြုလိုက် တော့ “ ယဉ်ကျေးမှု ”လို.ဆိုပါတယ် ။
ကျမတို.“မြန်မာ့ယဉ်ကျေးမှု” ကို အကျယ်ဖွင့်ဆိုလိုက်တဲ့အခါ “ကိုယ်အမူအရာယဉ်ကျေးမှု ၊ နှုတ်အမူအရာယဉ်ကျေးမှု နဲ.စိတ်အမူအရာယဉ်ကျေးမှု”
ရယ်လို.ရှိနေတာ တွေ.ရမှာဖြစ်ပါတယ် ။

ပထမဆုံး “ ကိုယ်အမူအရာယဉ်ကျေးမှု ” ကိုလေ့လာကြည့်ကြရအောင်ပါ ။ ဒါကလည်း ကျမတို. “မြန်မာ” လူမျိုးအားလုံးလိုလို သိပြီးသားပါ ။
လူကြီးရှေ.က ဖြတ်သွားတဲ့အခါ ရိုသေလေးစားစွာနဲ. ဦးညွှတ် သွားရမယ် ၊ လူကြီးကပေးတဲံပစ္စည်းကို ယူသည်ဖြစ်စေ -ူကြီးကို ပေးသည်ဖြစ်ဝေ လက်နှစ်ဖက်ဖြင့် ပေးရ-ယူရမယ် စသဖြင့် မှတ်သား လိုက်နာ-ပြုကျင့်ခဲ့ကြရပါတယ် ။

“ နှုတ်အမူအရာ ယဉ်ကျေးမှု ” တဲ့ - ဒါကလည်း ခက်ခက်ခဲခဲ မဟုတ်လှပါဘူး ၊ အားလုံး သိပြီးတဲ့အတိုင်းပါပဲ ၊ စကားပြောတဲ့အခါ သူတစ်ပါး နားမခံသာအောင် အော်ဟစ်ပြောတာမျိုး - ရိုင်းရိုင်းစိုင်းစိုင်းပြောတာမျိုး- ဆဲရေး တိုင်းထွာပြောတာမျိုးတွေကို ရှောင်ရမယ် ၊ အသက်ကိုကြည့်ပြီး ( ဦးလေး -ဒေါ်ဒေါ် - အကို - အမ -ညီ- ညီမ ) စသဖြင့် ယဉ်ကျေးစွာ သုံးနှုံးခေါ်ဝေါ်ရမယ် ။ ဟုတ်ကဲ့ -ရှင် -ခင်ဗျာ စသည်တို.ကို အမြဲသုံးစွဲ ပြောဆိုရမယ် ။
(ဒီနေရာမှာ စကားဖြတ်ပြောရမယ်ဆိုပါလျင် - ကျမရဲ့ သားသမီးလေးတွေ ငယ်စဉ်ကတည်းက မပြောမနေရ စည်းကမ်းတစ်ခုကိုထုတ်ခဲ့တာ ဒီကနေ.တိုင်အောင် ကလေးတွေ နှုတ်ကျိုးလျက်ရှိနေကြပါတယ် -အဲဒါကတော့ “ စကာားပြောတဲ့အခါတိုင်း ( ပါ ) ထည့်ပြောရမယ်” ဆိုတဲ့ ပညတ်ချက်ပါပဲ။ “ဟုတ်ကဲ့ပါ”
“ရှိပါတယ်”- “မရှိပါဘူး”- “ နားလည်ပါတယ် ” စတဲ့ အသုံးအနှုံးတွေပါ ။

“(စိတ်)နှလုံး ယဉ်ကျေးမှု” တဲ့ -ဒါကလည်း လွယ်ပါတယ် ။ မိမိရဲ့ စိတ်ကို အစဉ်အမြဲ သန်.ရှင်းနေအောင်လေ့ကျင့် ယူရမှာဖြစ်ပါတယ် ။ ဒါကိုတော့ ဘယ်သူကမှ လာပြီး ကူညီပေးလို. မရနိုင်ပါဘူး ။ မိမိကိုယ်တိုင် လေ့ကျင့်ယူရမှာပါ ။ မိုးလင်းက မိုးချုပ် စိတ်ပုပ် စိတ်ယုတ်တွေကို ဖယ်ရှားပြစ်နေရပါမယ် ။
ဘယ်နေရာရောက်ရောက် -ဘာလုပ်လုပ် ကိုယ့်စိတ်ကို ကိုယ်တိုင်လေ့လာ မှတ်သားနေရပါမယ် ။ မကောင်းတဲ့စိတ်ဖြစ်ပေါ်နေတာ သတိပြုမိတဲ့အခါလည်း မေ့ဖျောက်ပြစ်လိုက်ပါ ။ ကောင်းတာလေးတွေ -ပျော်စရာလေးတွေကို တွေးတတ်အောင်လေ့ကျင့်ယူရပါမယ် ။

ဆရာတော်ဘုရားကြီးတွေရဲ့ မိန်.မှာချက်အရဆိုရင်လည်း - မိုးလင်းးတာနဲ.“ သတ္တဝါတွေ ကျန်းမာကြပါစေ ။ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ ။
ချစ်သောသူများကော မလိုလား မချစ်ခင်သူများပါ အားလုံး ကျန်းမာ ချမ်းသာကြပါစေ” လို. မေတ္တာပို.နိုင်အောင် လေ့ကျင့်ယူရမှာဖြစ်ပါတယ် ။
ကျမအနေနဲ.တော့ ဒီလေ့ကျင့်ခန်းကို နေ.စဉ် ကျိုးစား အားထုတ်နေပြီဖြစ်ပါတယ် ။

ကျမတို.ရဲ့ မိရိုးဖလာ “မြန်မာ့ယဉ်ကျေးမှု” ဆိုတဲ့ ဖွင့်ဆိုချက်ကိုတော့ ဒါလောက်နဲ.ပဲ သဘောပေါက်သင့်ပြီလို. ယူဆပါတယ် ။ တကယ်တော့ “ကိုဇော်သက်” တို.လို လူငယ်လေးတွေ အနေနဲ.သဘောပေါက်စေချင်တဲ့ ဆန္ဒနဲ.မအားလပ်နိုင်တဲ့ အချိန်ကို လု ပြီးရေးလိုက်ခြင်းပဲဖြစ်ပါတယ်။ သူရေးထားသလို
“ယဉ်ကျေးမှုဆိုတာ အမြဲပြောင်းလဲနေတယ်” ဆိုပေမဲ့ “ မိရိုးဖလာ ရိုးရာဓလေ့ ယဉ်ကျေးမှု” ဆိုတာကိုတော့ မေ့ထားလို.မရပါဘူး။ ဒီနေရာမှာ“ခေတ်ရေစီးချောင်း နဲ. ရိုးရာယဉ်ကျေးမှု” သဘောကို ရောမွှေမပြစ်သင့်ပါဘူး ။ “ယဉ်ကျေးမှုနဲ. ပလွှားမှု” ဆိုတာကိုလည်း သီးခြား နားလည်ရပါမယ် ။

“ခေတ်မီတယ် - ခေတ်ဆန်တယ်” ဆိုပြီး မိဘ မောင်ဘွား မမြင်ဝံ.စရာ ဝတ်စား ဆင်ယင်မှု ပုံစံမျိုးတွေ ကိုတော့ မိရိုးဖလာ ယဉ်ကျေးမှုထဲ ရောမမွှေစေချင်တာ အမှန်ပါ ။ ဟုတ်ပါတယ် -ဒီကနေ.လူငယ် တွေမှ မဟုတ်ပါဘူး ကျမတို.လူကြီးတွေပါ ခေတ်နဲ.- နေရာ ဒေသနဲ. လိုက်လျောညီထွေဖြစ်အောင် ဝတ်စားဆင်ယင်ကြရပါတယ် ။ ဒါပေမဲ့ အစွန်းမထွက်အောင်တော့ စောင့်ထိန်းရပေမပေါ့ ။ “ ငါ ဗမာလူမျိုးပါ ” ဆိုတဲ့ အသိတရားလေးတော့ စိတ်ထဲမြဲနေရမှာပါ ။
မိဘ မျက်နှာတော့ ထောက်ထားရမယ် ။ ဒါမှလည်း အနာဂတ်မှာ ခေါင်းဆောင်နိုင်မယ့် “ သားကောင်း -သမီးကောင်း ” အစစ်အမှန်တွေ ဖြစ်တော့မပေါ့။

အဲ - ကိုဇော်ထက်တဲ့- အတော် ရက်စက်တာပဲကိုး- ( မြန်မာတွေ ထွင်ခဲ့တဲ့ တူရိယာ ဘယ်နှစ်မျိုးရှိသလဲ) တဲ့ ။ ကြာအဖူးနားဝ မရှိရှာပါလား -“ ကြေး- ကြိုး - သားရေ - လေ- လက်ခုပ် ” စတဲ့ မြန်မာ့ တူရိယာ စစ်စစ် တွေကို မြင်တောင် မြင်ဘူးရဲ့လားပဲ ။ (အင်း သူ.ခမြာ နိုင်ငံခြားကို အတော်အထင်ကြီးနေပုံပါပဲ ) သူကိုယ်တိုင်ကော ဗမာစစ်ရဲ့လား မသိဘူးနော် ။ (မြဝတီမင်းကြီးကပဲ ယိုးဒယားဆိုပြီးကော်ပီကူးခဲ့သတဲ့ - ဘယ်စာအုပ်မှာလဲ ဖတ်ချင်ပါတယ်) ။

“ အနော်ရထာ မတိုင်ခင်က ပုဂံမှာ အရည်းကြီး ယဉ်ကျေးမှု ရှိခဲ့တယ်” ဆိုပါလား ။ သေချာ မသိပဲ မရေးနဲ.လေ- “ အရည်းကြီး ” ဆိုတာ “ယဉ်ကျေးမှု” မဟုတ်ဘူးကိုတော်ရေ့ - အင်မတန့်ကို စက်ဆုတ် ရွံရှာဖွယ်ကောင်းတဲ့ “ အယုတ်ဝါဒ ” -ပိုရှင်းအောင်ပြောရရင် “ ဗုဒ္ဓဝါဒ” နဲ. ဆန့်ကျင်တဲ့ “ အရည်းကြီးဝါဒ ” ဖြစ်ပါတယ် ။ ( သူကိုယ်တိုင်က ဒီဝါဒကို သဘောကျနေသလားပဲ)။ “ ဝါဒ ” နဲ. “ ယဉ်ကျေးမှု ”ကိုလည်း ရောမမွှေလိုက်ပါနဲ. ကိုဇော်သက်ရယ် ။
နောက်ပြီး ဒီလောက် ရွံရှာဖွယ်ရာ စက်ဆုတ်ဖွယ်ရာ အရည်းကြီးဝါဒကို “ယဉ်ကျေးမှု” စာရင်းထဲ လုံးဝ မရောလိုက်ပါနဲ.။
(အရည်းကြီးဝါဒနဲ.ပတ်သက်ပြီး ဘယ်ခေတ်ဘယ်အခါ ဘယ်ဘုရင်ကမှ ဓါးမိုးပြီး မရေးခိုင်းခဲ့ပါဘူး၊ အမှန်ကို အမှန်အတိုင်း
ရေးသားခဲ့ကြတဲ့ ရာဇဝင်-သမိုင်းမှာ အထောက်အထားတွေနဲ.ဖေါ်ပြထားတာပါ ၊ မတောက်တခေါက်နဲ.ရမ်းသမ်းပြီးရေးခဲ့ကြ
တာမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ် ။ ဘယ်သူမှ မဆုံဖူး မကြုံဖူးခဲ့တဲ့ ဒီအရည်းကြီး ဆိုသူတွေကို ဘယ်သူကမှလည်း အမုန်းတရား ပွါးပြီးမဟုတ်မတရားတွေနဲ.မစော်ကားကြပါဘူး၊ ဗုဒ္ဓမြတ်ဘုရား သက်တော်ထင်ရှားရှိစဉ်ကတည်းက ဒီလို ဗုဒ္ဓဝါဒ
နဲ.ဆန်.ကျင်တဲ့ ဝါဒတွေရှိခဲ့တာ လေ့လာကြည့်စေချင်ပါတယ်)။

အဓိကပြောချင်တာကတော့ “ မြန်မာ့ယဉ်ကျေးမှု တန်ဖိုးကို နားလည်ပါ - တန်ဖိုးထားပါ - လေးစားပြီးလိုက်နာနိုင်အောင်
ကြိုးစားပါ ” ။
ဒါမှမဟုတ် မိဘမျက်နှာကို ထောက်ထားပါ ။ ကိုယ့်မိဘကို စော်ကားသလိုမျိုးတွေကိုတော့ ရှောင်ရှားစေချင်ပါတယ် ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter