ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, April 1, 2013

ဆယ်ကျော်သက်များအတွက် သူငယ်ချင်း

မင်္ဂလာပါ- ပြီးခဲ့တဲ့ တနင်္ဂနွေနေ. ညနေ (မြန်မာစံတော်ချိန်) ၆ နာရီ ၄၀ တွင် နေပြည်တ်ာမြန်မာ့အသံ ” လူငယ်မှတ်သား- သုတစကား” အစီအစဉ်မှ အသံလွှင့်သွားတဲ့ “ဆယ်ကျော်သက်များအတွက် သူငယ်ချင်း “ ဆိုတဲ့ အကြောင်းလေးပါ - အသံနားထောင်လို.မရတဲ့အတွက် စာသားပါ ထည့်သွင်းဖေါ်ပြပေးဖို. ရေးသား တောင်းဆိုလာသူများအတွက် စာသားပါ ထည့်သွင်းဖေါ်ပြ လိုက် ရခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ


လူငယ်အစီအစဉ် အစပိုင်းမှာ ကြေညာပေးသူ မြန်မာ့အသံမှ တာဝန်ခံ “ဒေါ်အေးအေးစိုး“နဲ. မင်္ဂလာပါကလေးတို.ရေ-- ဒီနေ. ကလေးတို.အတွက် “ ဆယ်ကျော်သက်များအတွက် သူငယ်ချင်း ” ဆိုတဲ့ အကြောင်းလေးကို ရွေးထားပါတယ် ။ ဒါကလည်း စာရေးဆရာ “ကိုကြီးမိုင်း“ ရဲ့ ဆောင်း ပါးလေးကို ပြန်လည် မှီငြမ်းကာတင်ပြ လိုက်ရခြင်းသာဖြစ်ပါတယ် ။

 ကလေးတို.ရေ- --“သူငယ်ချင်း“ ဆိုရာမှာ ငယ်ပေါင်းကြီးဖော်များသာမက မိမိတို.အတွက် အား ကိုး ယုံကြည်ထိုက်၊ အသက်ထက်ဆုံးပေါင်းသင်းထိုက်တဲ့ အဖော်မွန်လို. ယူဆထားသူများအား လုံးကိုဆိုလိုပါတယ် ။ သူငယ်ချင်းကောင်း တစ်ယောက်ရရှိထားခြင်းမှာ ဘယ်အရာနဲ.မှ မလဲနိုင် ပါ။ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်ရဲ့ ပတ်ဝန်းကျင် နဲ.ရှင်သန်မှုမှာလည်း သူ့ရဲ့ သူငယ်ချင်းများသာပဲဖြစ်ပါတယ် ။ တဖက်မှာလည်း မိမိတို့သူငယ်ချင်းအပေါင်းအသင်းများကိုယ်တိုင်က မထင်မှတ်ပဲ ရန်လိုတတ်တဲ့ သဘော၊ ကွယ်ရာမှာ အတင်းပြောတဲ့အဖြစ် စသည်ဖြင့် ကိုယ့်ကိုစိတ်ဆိုး စိတ်ပျက်အောင်လည်း လုပ်တတ်ကြတာ သိကြမှာပါ ။ ဒါကလည်း လောကသဘာဝ ဘယ်နေရာမဆို အကောင်းနဲ.အဆိုး ဒွန်တွဲလာစမြဲ ဖြစ်တာကို သတိထားသင့်ပါတယ် ။ ကဲ-- ကလေးတို.အနေနဲ. ဟောဒီ မေးခွန်းနှစ်ခုကို ပထမဆုံး ဖြေကြည့်ကြရအောင်လားနော် ။ ၁) မိမိနေနဲ. ဘယ်သူ့ကို သူငယ်ချင်းအဖြစ်ရွေးမလဲ ၂) မိမိကရော ဘယ်လိုသူငယ်ချင်းမျိုး ဖြစ်ရမလဲ တကယ်တော့ မိမိရွေးချယ်လိုက်တဲ့ သူငယ်ချင်းသည် မိမိအတွက်သူငယ်ချင်းကောင်းပါ- ဒီလိုပါ ပဲ သူ.အတွက်လည်း မိမိသည် သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ရမှာပေါ့နော် ။ ကလေးတို.ရေ- - ၁) ကိုယ့်ကိုဖေးမကူညီမယ့်သူ၊ လက်တွဲခေါ်မည့်သူ၊ နားလည်စာနာမည့်သူများနဲ.အဖော်သဟဲလုပ်ခွင့်ရလျှင် အထက် လမ်းကို တက်လှမ်း ရောက်နိုင်မယ် ။ ဒီလိုမှမဟုတ်ပဲ -------------------------------------- ၂) ကိုယ့်ကိုဆွဲချမယ့်သူ၊ အခြေအနေသာမှ ပေါင်းမယ့်သူ၊ မိတ်ဆွေဖြစ်မှုကိုအကြောင်းပြပြီး ကိုယ့် အပေါ် ဖိအားတွေ ပေးမယ့်သူ ကိုရွေးချယ်မိလျှင်တော့ တစ်ချိန်ချိန်မှာ အနိမ့်ဆုံး အောက်လမ်းသို့ ဆင်းရလိမ့်မယ် ။ ဒါ့ကြောင့် မှန်ကန် သောပတ်ဝန်းကျင်၊ မှန်ကန်သော အပေါင်းအသင်းကိုရရှိဖို. ဘယ်လေက်အရေးကြီးတယ်ဆိုတာ ရိပ်မိလောက်ပြီထင် ပါတယ် ။ နောက်သတိထားဖို.အချက်က ကျောင်းနေဖို့အတွက် ကျောင်းကောင်းရွေးချယ်ရသလို အပေါင်း အသင်းရွေးချယ်ဖို့ ဆုံးဖြတ်ချက်ဟာလည်း တကြိမ်တခါတည်းနဲ့ ပြီးပြတ်နိုင်တဲ့အချက်မဟုတ်ဘူး ဆိုတာ ကြိုတင်သိထားရမယ်နော် ။ မိတ်ဆွေသူငယ်ချင်းများရဲ့ အရောင်အသွေးမှန်ကို တထိုင် တည်းစကားပြောဖြစ်ရုံ၊ အတူတူသွား-အတူ လာအတူ လုပ်ရုံမျှနဲ.ဘယ်လိုမှအကဲဖြတ်လို.မရပါ-တဲ့ မကြာခင်မှာပဲသူတို့ရဲ့ (မူလဗီဇ True Colour) ကိုပြလာတတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုး အ တွက် ကြိုတင်ပြင်ဆင်မှုကိုလည်း ကလေးတို.အနေနဲ. မလွဲမသွေပြုလုပ်ထားသင့်ရမှာ လည်း ဖြစ် ပါတယ်။ ဥပမာအားဖြင့် ကျောင်းမှာ သာအပေါင်းအသင်းလုပ်သင့်သူ၊ ဘီယာဝိုင်းအရက်ဝိုင်းမှာသာ ရင်းရင်း နှီးနှီးနေသင့်သူ၊ အိမ်နီးနားချင်းအနေဖြင့်သာရှိသင့်သူ၊ ရင်ဘတ်မိတ်ဆွေ အဖြစ်သဘော ထားသင့် သူ၊ စိတ်သာပေါင်းလျက်ကိုယ်ခွာ သင့်သူ၊ ကိုယ်ပေါင်းသော်လည်း စိတ်ခွာသင့်သူဆိုပြီး မိမိတို့ရဲ့ သူ ငယ်ချင်းမိတ်ဆွေများကို သူ့နေရာနှင့်သူ အထား တတ်ရန် လိုအပ်လှပါတယ် အထားမှားလျှင် အံမ၀င်ဂွင်မကျဖြစ်ရုံမက ကောင်းကျိုးထက် ဆိုးကျိုးသာရနိုင်ပါတယ်။ ဒါ့ကြောင့် မှန်ကန်သောနေရာချမှုကိုမလုပ်ခင် မှန်ကန်သောရွေးချယ်မှုကို အရင်ကြိုးစားကြည့်ရအောင်နော်။ ၁) သူငယ်ချင်းများရဲ့ အပြောင်းအလဲများကို လေ့လာပါ။ အကဲခတ်ပါ။ ကိုယ့်ကိုနှစ် သက်သူကို ရွေးချယ်ပါ။ ကိုယ့်မှာရှိနေတာကိုနှစ်သက်တဲ့သူကိုမရွေးချယ်မိပါစေနဲ.- တဲ့။ ၂) မိမိကိုယ်ကိုဗဟိုပြုထားပါ- တဲ့ ။ ဆိုလိုတာကတော့ --- သူငယ်ချင်းချင်းထားရှိသော နားလည်မှုများနှင့် ဖော်ရွေသော ဆက်ဆံရေးမျာဟာ တစ်ယောက်နဲ.တစ်ယောက်ကြား ထဲမှာ အပြန်အလှန်အထင်ကြီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ် ။ ဆိုလိုတာက တော့ မိမိက စာတော်လို.ဖြစ်စေ ၊ ရုပ် ရည်ချောမောပြေပြစ်လို.ဖြစ်စေ ၊ ဖော်ရွေရက်ရော သူဖြစ်နေ ခြင်းကြောင့်ဖြစ်စေ သူငယ်ချင်းများက မိမိကိုလက်ခံ နေခြင်းဖြစ်နိုင်ပါတယ်။ တကယ်လို.သာ ဒီအချက်များနဲ.ဆန်.ကျင်နေခဲ့မယ်ဆိုရင်တော့ အဲဒီသူငယ်ချင်းတွေလည်း ရှိမှာမဟုတ်တော့ဘူးလေ ။ အဓိကအနေနဲ. မိမိရဲ့စိတ်နှလုံးသားကို မိမိကိုယ်တိုင်နားလည်စေဖို. အရင်လုပ်ခြင်းအား ဖြင့် သူ ငယ်ချင်းကောင်းကို အကဲခတ် ရွေးချယ်ခြင်းဖြစ်ပါတယ် ။ ဒီလို မိမိကိုယ်ကိုဗဟိုပြုလုပ်ရာမှာလည်း ဟောဒီအချက်များကို အခြေခံမူများဖြစ်ထားရမှာလည်း ဖြစ်ပါတယ် ။ ဒီ အချက်များကတော့ (က) ရိုးသားဖြောင့်မတ်ခြင်း (ခ) ဂါရ၀တရားထားခြင်း (ဂ) တာဝန်ယူခြင်း စတဲ့ အခြေခံ မူများသာဖြစ်ပါတယ် ။ အဲဒီအခြေခံမူများကိုဦးထိပ်ထားမယ်ဆိုလျှင် ဘယ်လိုသူငယ်ချင်းမျက်နှာမှ ကြည့်စရာမလိုပဲ အရာ ရာတိုင်းဟာ နေသားတကျဖြစ်လာမယ့်အပြင် အပေါင်းအသင်းကောင်းတွေ များများရလာနိုင်သလို အဲဒီ သူ များဟာ သင့်အတွက် သူငယ်ချင်းကောင်းတွေဖြစ်လာပါလိမ့်မယ်။ မိမိတတ်နိုင်သလောက် သူငယ်ချင်းများများထားပါ။ သို့သော် မိမိဘ၀အတွက် သူငယ်ချင်းများကို ဗဟိုမပြုပါစေနှင့်။ ဒါ့အပြင် လူတိုင်းသည် ခြောက်ပစ်ကင်းသဲလဲ စင်များမဟုတ်တဲ့တွက် ပြောင်းလဲတတ်တဲ့သဘာဝကို နှလုံးသွင်းထား သင့်ပါတယ် ။ မိမိအပေါ်ကောင်းကောင်းဆက်ဆံတဲ့သူကို ကိုယ်က ကောင်းကောင်းပြန်ဆက်ဆံဖို့အရေးဟာ အလွန် လွယ်ကူတဲ့အတွက် ချီးကျူးလောက်စရာ မရှိပေမဲ့ ဆိုးနေတဲ့သူအပေါ်မှာ ကောင်းကောင်းမွန်မွန်ပြန်လည်ဆက်ဆံနိုင် စွမ်းရှိမယ်ဆိုရင်တော့ တကယ့်ကို ချီးကျူးရမှာဖြစ်ပါတယ် ။ အဲဒီလို မြင့်မြတ်မှုနဲ. နှလုံးသာကြီးရင့်မှုကို အကောင်အ ထည်ဖော်ဖို. သင့်သူငယ်ချင်းမှ ဖန်တီး ပေးကောင်း ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဒီအချိန်အတွက် အသင့်ရှိမရှိကိုတော့ သင့်ကိုယ်တိုင် မေးခွန်းထုတ်ပြီး ပြင်ဆင်သင့်တယ်လို.ဆိုပါတယ်။ ဒီလို ဆက်ဆံနိုင်လျှင်အံ့သြစရာကောင်းလောက် အောင် တွေ့ရလိမ့်မယ် လို.လည်းသိရပြန်ပါတယ် ။ မိမိရဲ့ ရန်သူတွေကို မိတ်ဆွေဖြစ်အောင် အားထုတ်နေတဲ့ သမ္မ တကြီး အေဗရာဟမ်လင်ကွန်းသည် မကြာခဏ အဝေဖန်ခံရသူဖြစ်ခဲ့ပါတယ်။ လင်ကွန်းက (ရန်သူတစ်ယောက်ကို မိတ်ဆွေဖြစ်အောင် လုပ်တာ ကျွန်တော့်အလုပ်ကျွန်တော်လုပ်နေတာပါ ) လို.ပြောခဲ့ဖူးပါသတဲ့ကွယ် ။ ကလေးတို.ရေ----- မိမိက ကောင်းတယ်မထင်တဲ့အရာများကို အတင်းအကျပ် တိုက်တွန်းလာရင် ( ဥပမာ ၊ ခါးပိုက်နှို က်ခြင်း ၊ မိန်းမပျိုလေးများအား ဖျက်ဆီးခြင်း ၊ အရက်သေစာ မူယစ်ဆေးဝါးမှီဝဲ ခြင်းစတဲ့ မကောင်းမှုမှုများကို လုပ်ရန် မြှူဆွယ် တိုက်တွန်းလာတဲ့အခါ) - နောက်ပြီး မိမိကို သူတို့ က အသုံးချနေတယ်လို. သေသေချာချာခံစားသိရှိလာတဲ့ အခါ- မိမိဘ၀ကိုမိမိ သူတို့နဲ.ပတ်သက် နေသ၍ ရေစုန်မျောပြီလို.သိလာတဲ့အခါသူတို.နဲ.ခွါပြီး တခြားအပေါင်းအသင်း အသစ်တွေနဲ.သတ္တိ ရှိရှိသာ ပြောင်းလဲပေါင်းသင်းလိုက်ပါတော့-လို. တိုက်တွန်းထားတာကိုလည်းတွေ.ရပါတယ်--။ ကဲ--ကလေးတို.အားလုံးရဲ့ ဘဝမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကွယ် ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter