ဆရာမခံယူချက်ကလေးပါ
- Sayama May
- “ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Wednesday, January 18, 2012
မဖြည့်မဖြစ် "ပါရမီ"
" ပါရမီ "နဲ. ပတ်သက်ပြီး မေးလာကြသူ လူငယ်များအတွက် "ဆရာတော် အရှင်ဆန္ဒာဓိက" ရဲ့
"မဖြည့်မဖြစ် ပါရမီ " ဆိုတဲ့ တရားလေးကို ရွေးချယ် တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ ---
ကလေးတို.ဆရာမ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
" ပါရမီ " ကို အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့
" ပါရ " ဆိုတာ " သံသရာတစ်ဖက်ကမ်း နိဗ္ဗာန်"
" မီ " ဆိုတာက "ရောက်စေနိုင်တဲ့တရား " = " နိဗ္ဗာန်ရောက်စေနိုင်တဲ့တရား" ပါပဲ ။
ကုသိုလ်ကောင်းမှုတိုင်းလည်း " ပါရမီ " မဖြစ်နိုင်သေးပါ ။ " နိဗ္ဗာန်" ကိုရည်မှန်းပြီး ဦးတည်ပြုတဲ့
ကုသိုလ်ကောင်းမှုသည်သာ " ပါရမီ " ဖြစ်ပါတယ် ။ ဂုဏ်လိုချင်လို.- အခွင့်အရးရချင်လို.- နောင်
ဘဝတွေမှာ ချမ်းသာကောင်းစားချင်လို.ပြုလုပ်တဲ့ ကုသိုလ်တွေဟာ " ပါရမီ " ကုသိုလ်မဖြစ်ပဲ ရိုးရိုး
ကုသိုလ်တွေပါ "နိဗ္ဗာန်" ကိုလုံးဝမရောက်စေနိုင်တာ သိတပြုရမျာဖြစ်ပါတယ် ။
ဘယ်လို ကုသိုလ်ပဲပြုပြု " နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေ " လို. နိဗ္ဗာန်ကို ဦးတည်ချက်ချလိုက်
မယ်ဆိုရင် ပြုသမျှတိုင်း "ပါရမီ" ဖြစ်သွားပါတယ် ။
တကယ်လို." နိဗ္ဗာန် " ကိုဦးမတည်တတ်ဘူးဆိုရင်လည်း ကောင်းမြတ်တဲ့ ဘာအလုပ် -ဘာအလှူပဲ
လုပ်လုပ် ကိုယ့်အကျိုးကို လုံးဝမမျှော်လင့်ပဲ သူတစ်ပါးအကျိုး- အများအကျိုးသက်သက်ပဲ ရည်မှန်း
ရမယ် ၊ ချမ်းသာကြပါစေ - ဆိုတဲ့ မေတ္တာစိတ်နဲ.ပဲ လုပ်ရမယ် - လှူဒါန်းရပါမယ် ။ စစ်မှန်သန်.
စင်တဲ့ " ပရဟိတ " စိတ်နဲ.လုပ်တဲ့ အလုပ်ကောင်း - အလုပ်မြတ်မှန်သမျှလည်း "ပါရမီ" ပါပဲ ။
ဒီလိုပါပဲ သတိပဌာန် ဝိပဿနာအလုပ်ကို ကြိုးပမ်း အားထုတ်နေခြင်းသည်လည်း ပါရမီဖြည့်နေခြင်း
ပဲလို. သဘောပေါက် နားလည်ဖို.လိုပါတယ် ။ ဒီလို မြင့်မြတ်တဲ့အလုပ်သည်လည်း "ပါရမီ" ပါပဲ ။
တရားတော့အားထုတ်နေပါရဲ့ အစားဆင်းရဲ - အအိပ်ဆင်းရဲတဲ့ဒဏ်ကို သည်းမခံနိုင်တာတွေ ၊ ဟိုလူ.
အပြစ်ပြော - ဒီလူ.အပြစ်ပြော ၊ ပူတာ အေးတာသည်းမခံနိုင် - သူများပြောတာ သည်းမခံနိုင်တာ
တွေဟာ သည်းခံမှုဆိုတဲ့ "ခန္တီပါရမီ" ချို.တဲ့နေလို.ပါ ။ ဒီလိုလူမျိုး ဘယ်တော့မှတရားထူးမရနိုင်ပါ။
ဒါဆိုရင် သူ.အနေနဲ. တရားထိုင်ရင်းနဲ.ပဲ "ခန္တီပါရမီ" ကိုလည်းဖြည့်ကျင့်ရမယ် ။ တခြားပါရမီတွေ
လည်းဒီလိုပါပဲ ။ မပြည့်သေးရင် ဖြည့်ကို ဖြည့်ပေးရမှာပါ ။
အတိတ်က "ပါရမီ"တွေကို ကိုယ်မမြင်ရလို.ထားလိုက်ပါတော့ ။
ဒိဘဝမှာ ဒါန- သီလ--စတဲ့ "ပါရမီ " တွေကို တစ်ဖက်က ဖြည့်ကျင့်ရင်း တစ်ဖက်ကလည်းသတိ
ပဌာန်ဝိပဿနာအလုပ်ကို ကြိုးကြိုးစားစား အားထုတ်သွားမယ်ဆိုရင် " ပါရမီ " ကုသိုလ်တွေရဲ့ အ
ထောက်အပံ့ကိုရတဲ့ ကိုယ့်ရဲ့ ဝိပဿနာဥာဏ်ဟာ မဂ်ညဏ် ဖိုဥာဏ်အထိ ရင့်ကျက်ပြီး " နိဗ္ဗာန် "
ကိုမျက်မှောက်ပြုနိုင်ပါတယ်။ အောက်ထစ်ဆုံး"သောတာပန်အရိယာ" ဖြစ်နိုင်ပါတယ်။
" တို.က "ပါရမီ" မရှိဘူး -တို.ကတော့"ပါရမီ"နည်းတယ်"ဆိုတဲ့ အကြောင်းပြချက်တွေနဲ.ဝိပဿ
နာ အလုပ်ကို လုံးဝအားမထုတ်တဲ့သူတွေ ၊ အားထုတ်ပေမဲ့ ပျင်းရိပေါ့လျော့နေသူတွေကို " ပါရမီ "
လွှဲချပြီး ရေသာခိုနေတာမျိုး မဖြစ်စေချင်လို. အချို.သောဆရာတော်ဘုရားကြီးများက " ဒီဘဝမှာ
တွင် တရားထူးရဖို.ကတော့ "ပါရမီ" မလိုပါဘူး-တကယ်အားထုတ်ဖို.ပဲလိုပါတယ် " လို. အားပေး
စကား မိန်.ကြားတော်မူလေ့ရှိကြပါတယ် ။
တကယ်တော့ ဆရာတော်ကြီးများရဲ့ဆိုလိုရင်းအာဘော်ကိုသဘောမပေါက်ကြပဲ တရားသေလှေနံဓားထစ်
စွဲမှတ်လိုက်ရင်တော့ သာသနာတွင်း "ပါရမီ"ကုသိုလ်တွေအကြီးအကျယ် ဆုံးရှုံးပြီးသာသနာနဲ.တွေ.ရ
ကျိုးနပ်သင့်သလောက်မနပ်နိုင်တော့ဘူး - ဒါကိုတော့ သတိထားကြဖို.လိုပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
Subscribe to:
Post Comments (Atom)
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
-
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ်...
-
ဒီပို့ လေးကို အလင်းရောင်ကြယ် ဘလောက်ဂါမှတစ်ခုမှဖတ်မိယင်းကူးယူ၍ ဗဟုသုတရသလေးဖြစ်ဝေမျှလိုက်ပါတယ် စာချစ်သူတို့  . မြတ်စွာဘုရားဟောခဲ့ သော ကျမ်...
-
အလွန်ကောင်းသော ဆုံးမ-လမ်းညွှန်ချက်များဖြစ်သောကြောင့်(သိပြီးသူများမှအပ) မသိသေးသူများအတွက် ကူးယူ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန...
-
မကြာသေးတဲ့ တစ်ချိန်က ဘတ်မိလိုက်ရတဲ့ စာပိုဒ်လေးတစ်ပုဒ်ကြောင့် ဒီဆောင်းပါး ကို ရေးမိလျက်သားဖြစ်သွားတယ်ဆိုရင် မှားမယ်မထင်ပါ။ ခေါင်းစဉ်က ” ပွဲ...
-
ကလေးတို့ရေ “ ဝဋ် ”ဆိုတဲ့စကားတစ်လုံးရဲ့ သဘောက အင်မတန် ကျယ်ပြောလှပါတယ် ။ တို.များ လူသားတွေဆိုတာကလည်း လောဘ -ဒေါသ- မောဟ ဆိုတဲ့ ကိလေသာ တရားတွေနဲ....
-
“မမှားသော ရှေ.နေ - မသေသော ဆေးသမား ” ဤလောကသားများအလယ်မှာမရှိသ လောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက ကင်းသူဟူ၍ ရှာမတွေ....
-
၆၈-ကြိမ်မြောက် တပ်မတော်နေ. “မနက်ဖြန် တပ်မတော်နေ. ပန်းကုံးစွပ် ကြိုဆိုရမယ်နော် မရွှေကျော့“ နဝရတ်ရိပ်သာမှာနေတဲ့ မမခင်(ယုဝတီခင်စိန်လှိုင်)...
-
ဆေးဘက်ဝင်ကောင်းကျိုးမှာ ============== ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ...
-
ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။ တို.များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း ဝါဝင်ကြရပြန်ပြီလေ ။ ...
-
ကလေးတို.ရေ - “ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့ အလုပ်လေးတွေများနေလိုနောက်ကျသွားရပါတ...
No comments:
Post a Comment