ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, January 18, 2012

ပါရမီတော်ဆယ်ပါး(၂)

ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့လည်း ဘုရားဖြစ်ရန် ကျင့်ဆောင်မယ့် တရားကောင်း များကို ဆင်ခြင် သုံးသပ်တော်မူပါတယ်(ခေတ်စကားနဲ.တော့ မဟာစီမံကိန်းကြီးပေါ့)။ အဲဒီ ဆောင်ရွက်ရမယ့်ကိစ္စ အဆင့်ဆင့်ကို “ ပါရမီ” လို.ခေါ်ပါတယ် ။ ဒါန - သီလ - နေက္ခမ - ပညာ - ဝီရိယ - ခန္တီ - သစ္စာ - အဓိဋ္ဌာန် - မေတ္တာ - ဥက္ခော ဆိုတဲ့ ပါရမီ တော် (၁၀) ပါး ကိုဖြည့်ကျင့်တော်မူခဲ့ပါတယ် ။ ဒါန - ပါရမီကို ဘုရားအလောင်းတော်သည် မိမိပိုင်တဲ့သက်ရှိ သက်မဲ့ပစ္စည်းဟူသမျှကို စွန်.ကြဲလှူဒါန်း -ပေး ကမ်းမှူကိုဘဝပေါင်းများစွာ ဖြည့်ကျင့်ရာမှာ သီဝိမင်း နဲ. ဝေဿန္တ ရာမင်း ဘဝများမှာ အထင်ရှားဆုံး ဖြစ်ပါ တယ်။ သီဝိမင်း ရဲ့အလှူဒါနမှာ စိတ်အားထက်သန်ပုံကို စမ်းသပ်လိုတဲ့ သိကြားမင်းဟာ မျက်မမြင်ပုဏ္ဏားအိုအသွင်ဆောင် ပြီး မျက်စိတစ်ဘက်ကို အလှူခံခဲ့ရာ သီဝိမင်းက မျက်စိနှစ်ဘက် စလုံးကိုထုတ်ကာ ရက်ရောစွာပေး လှူခဲ့ပါတယ် ။ ဝေဿန္တရာမင်း ဘဝမှာလည်း အလှူမဏ္ဍပ် ၆ -ခုဆောက်ကာ ခြောက်သိန်းတန်အဝတ်အစားများနဲ. အစား အစာ များကိုနေစဉ်လှူဒါန်းရုံမက တန်ဖိုးမဖြတ်နိုင်သော ဆင်ဖြူတော် ကိုပါ ရက်ရက် ရောရောလှူလိုက်တဲ့ အတွက် ပြည်သူများရဲ့ မကျေနပ်မှုကြောင့် ဟိမဝန္တာတောသို. ထွက်ခွာခဲ့ရပါ တယ်။ထိုတောကြီးမှာပဲရသေ့ဝတ်နဲ.တရားအားထုတ်နေစဉ် မဒ္ဒီဒေဝီမိဖုရား ၊ သားတော် ဇာလီ နဲ. သမီးတော် ဂဏှာဇိန် တို.အား အလှူခံပုဏ္ဏားလက်သို. ရက်ရောစွာလှူလိုက်ပါတယ်။ သီလပါရမီ ဖြည့်ကျင့်ရာမျာလည်း အလီနသတ္တုမင်းသား ဘဝမှာ ထင်ရှားလှပါတယ် ။ မင်းသားရဲ့ ဖခမည်းတော်မှာ သမင်လိုက်သွားရာမှ နယ်ကျွံကာညောင်ပင်ကြီးတစ်ပင်အောက်သို. ရောက်ရှိသွား ပါတယ် ။ ညောင်စောင့်ဘီလူးက စားမည်ပြုရာ “နောက်နေ.မှပြန်လာကာ အစားခံပါမည်” ဟု ဂတိထားပြီးနန်းတော် သို.ပြန်ခဲ့ပါတယ်။ သားတော် အလီနသတ္တုမင်းသားကြားသိတဲ့အခါ ခမည်းတော် ကိုယ် စား ဘီလူးစားခံရန် သွားရာ မိမိစောင့်ထိန်းထားတဲ့ ကိုယ်ကျင့် သီလ ငြှိုးနွမ်းမည်ကို စိုးရိမ်ကာဘာ လက်နက်မျှ ယူမသွားပါ ။ မင်းသား၏ ရဲရင့်မှုကိုမြင်တွေ.ရသော ဘီလူးလည်း မစားဝံ့ပေ - နောက်ဆုံး မင်းသား၏ တရားအဆုံးအမကို လိုက်နာပြီး ငါးးပါးသီလကိုပင် စောင့်ထိန်းနိုင် သွားပါတယ်။ နေက္ခမပါရမီ ခေါ် လောကီအာရုံ ကာမဂုံများ ကို မစုံမက်ပဲ စွန်.ခွာကာ ရသေ့ရဟန်းပြုတောထွက် ခြင်းကို ဘဝပေါင်း များစွာ ဖြည့်ဆည်းတော်မူခဲ့ရာ အယောဃာရ အမည်ရသော မင်းသားဘဝမှာ ထင်ရှားလှပါတယ် ။ မင်းသားကို ဖွား မြင်ပြိး ဘီလူးရန်ကိုကြောင့်ရွံ.သောကြောင့် ၁၆-နှစ်တိုင်တိုင်သံလှောင်ချိုင့်တွင်းမှာထားကာ ပညာသင်ပေးခြင်းခံခဲ့ရ ပါတယ် ။ ၁၆-နှစ်ပြည့်သောအခါ ထီးနန်း အပ်ရန် လှောင်ချိုင့်တွင်းမှထုတ်လာသော အခါ မင်းသားမှာ” အမိဝမ်းတွင်း မှာ ၁၀-လ ၊ သံလှောင် ချိုင့်တွင်းမှာ ၁၆ - နှစ် နေပြီး လွတ်မြောက် ခဲ့ပေ မဲ့ သေခြင်းဘေးကမူ လွတ်မြောက်နိုင်မည် မဟုတ် “ဟု တွေးကာထီးနန်းစည်းစိမ်ကို လက်မခံပဲ ရသေ့ဝတ် ကာ တောထွက်သွားပါတယ် ။ ပညာပါရမီ ကိုလည်း ဘဝပေါင်းများစွာဖြည့်ကျင့်တော်မူခဲ့ပါတယ်။ ပညာပါရမီ ဖြည့်ခြင်းမှာ မိမိနားလည်ရန် ကြိုးစား သင်ယူထားတဲ့ပညာကို သူတစ်ပါးအား တတ်သိနားလည်စေရန် သင်ပြပေးခြင်း၊ အများအကျိုးရှိစေ ရန်ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်။ဘုရားအလောင်းတော်မှာ မဟောသဓာပညာရှိ ဘဝတွင် အများအကျိုး ရှိအောင်ဆောင်ရွက်ပုံမှာ ထင်ရှားလှပါတယ် ။ စူဠဗြဟ္မဒတ်မင်း သည် ဇမ္မူဒိပ်မင်းပေါင်း ၁၀၀-ကိုဖမ်းပြီး အဆိပ်ခတ်ထားသော အရက်တိုက်ပြီး သတ်ရန် ကြံထားခြင်းကို မဟောသဓာက သူ၏ပညာဖြင့် ပါယ် ဖျက်ပေးခဲ့ပြီး မင်းနှစ်ပါး ပြေငြိမ်းလာတဲ့အထိ သူ၏ ပညာစွမ်း ဖြင့် ကြိုးပန်းပေးခဲ့ပါတယ် ။ ဝီရိယပါရမီ ခေါ် သတ္တဝါအများကောင်းစား ချမ်းသာရေးအတွက် သက်စွန်.ကြိုးပမ်း ဆောင်ရွက် သော လုပ်ငန်းမှန် သမျှကိုလည်း ဘဝပေါင်းများစွာ ဖြည့်ဆည်းပြုကျင့်တော်မူခဲ့ရာ မဟာဇနကမင်း ဘဝမှာထင် ရှားလှပါတယ်။ လူပေါင်း ၇၀၀-ကျော်နှင့်အတူ ပင်လယ်ပြင်တွင် သင်္ဘောပျက်ရာ ကြိုး စား အားထုတ်မှု မရှိသော လူ ၇၀၀ -ကျော်မျာသေပွဲ ဝင်ရသော်လည်း မဟာဇနကမင်းသား မှာ လုံ. လဝီရိယ စွမ်းအားဖြင့်၇- ရက် တိုင်တိုင် ရေကူးနေခဲ့ရာ မေခလာ နတ်သမီး၏ကူညီမှုဖြင့် အသက်မသေရုံမက မိထိလာပြည်ကြီး၏ ထီးနန်းကိုပင် ရရှိစံမြန်းတော်မူခဲ့ရပါတယ် ။ ခန္တီပါရမီ ခေါ် ဒေါသမထွက် စိတ်မပျက် အားငယ်ခြင်းမရှိပဲ တည်ငြိမ် အေးချမ်းစွာဖြင့် အလျှော့ပေးကာ အနစ်နာခံနိုင် ခြင်းပါရမီကို ဘဝပေါင်းများစွာ ဖြည့်ကျင့်တော်မူခဲ့ရာ ဘုရားအလောင်းတော် မျောက်မင်း ဘဝမှာထင်ရှားလှပါတယ် ။ ဘုရားအလောင်းတော် - အင်အားကြီးမားလှသော မျောက်မင်းဖြစ် ခဲ့စဉ်က ဒေဝဒတ်ပုဏ္ဏားလောင်းမှာ သစ်ကိုင်းကျိုး ကာ သစ် ပင်ထက်မှ ချောက်အတွင်းကျဆင်းသွားပြီး ကယ်ပါယူပါ တစာစာအော်နေတဲ့အတွက် မျောက်မင်းက ခက် ခက်ခဲခဲကယ်တင်ခဲ့ပါတယ် ။ မျောက်မင်းလည်း ပင်ပန်းလှတဲ့အတွက် ပုဏ္ဏားရဲ့ပေါင်ကိုခေါင်းတင်ကာ အိပ်ပျော်သွားပါ တယ် ။ မျောက်သားကို စားလိုလှတဲ့ ပုဏ္ဏားမိုက်ဟာ မျောက်မင်းရဲ့ဦးခေါင်းကို ကျောက်ခဲဖြင့် ထု ရိုက်ရာမျောက်မင်းနိုး လာပြီးသစ်ပင်ပေါ်တက်ပြေးရပါတယ် ။ တောကြီးအလယ် မျက်စိလည်ကာသေရရှာတော့မယ့် ပုဏ္ဏားအတွက်စိုးရိမ်ရှာတဲ့ မျောက်မင်းဟာသစ်ပင်ပေါ်မှ ခုန်ကူးကာ သူ.ဦး ခေါင်းမှ ကျသောသွေးစက်များကို ခြေရာခံလိုက်လာရန် မှာကြားပြီး လူသွားလမ်း ရောက်တဲ့အထိ လမ်းပြ ပို.ဆောင်ပေးခဲ့ပါတယ်။ သစ္စာပါရမီ ခေါ် လိမ်လည်လှည့်ဖြားခြင်းမရှိ အမှန်ပကတိကိုသာပြောကြားပြီး ပြောတဲ့အ တိုင်း မှန် ရာကို သာပြောဆို ပြု လုပ်ခြင်းပါရမီကို ဘုရားအလောင်းတော်က ဘဝတိုင်းမှာဖြည့်ကျင့်ခဲ့ရာ မဟာသုတမင်း ဘဝ မှာထင်ရှားလှပါတယ် ။ ပေါရိသာဒသည် ရှင်ဘုရင်ဖြစ်ပါလျက်လူသားစားတဲ့အတွက်တိုင်းပြည်မှနှင်ထုတ်ခြင်း ခံခဲ့ရပါတယ် ။ တစ်နေ.မှာ သူ၏ ခြေဖဝါးကိုသစ်ငုတ်စူးပြီး အနာဖြစ်ရာ” ၇-ရက်အတွင်း အနာပျောက် အောင် ကူညီပါက ဇမ္ဗူဒိတ်မင်းအပေါင်း၏ လည် ချောင်းသွေးဖြင့် ပူဇော်ပါမည် ” - ဟု ညောင်ပင်စောင့်နတ် ထံမှာ ကတိထားခဲ့ပါတယ်။ မကြာမီ အနာက သူ.အလို လိုပျောက် သွားခြင်းကိုနတ် ”မ” အထင်နှင့် ဇမ္ဗူ ဒိတ်မင်း များကို ဖမ်းဆီးပါတော့တယ်။ အဖမ်းခံရသောမင်းများတွင် သူ.ဆရာဖြစ်ခဲ့ဖူးသူ သုတသောမမင်း ပါဝင်နေ ပါတယ် ။ အဖမ်းမခံရမီအချိန်က ပုဏ္ဏားတစ်ဦး ထံမှာ တရားနာယူရန် ဝန်ခံခဲ့တဲ့ ဂတိစကားကို သတိယပြီး “တရားနာပြီး ပြန်လာပါမည်” ဟု ဂတိပြုခွင့်တောင်း တာကို ပေါရိသာဒ ကယံ ကြည်စွာဖြင့် ခွင့်ု ပြုလိုက်ပါ တယ် ။ တရားနာပြီး ပြန်လာသော သုတသောမမင်း၏ သေရမယ့်ဘေးကို မကြောက်မရွံ. ပြန် လာခြင်းကို ပေါရိသာဒက အံ့သြပြီး မေးမြန်းရာ သုတသောမမင်း ၏ ဖြေကြားသော တရားစကားများကို ကြား နာ ရပြီးပေါရိ သာဒလည်း တရား ရကာ ဖမ်းထားသော မင်းအားလုံးကိုပါ ပြန် လွှတ်ပေးခဲ့ပါတယ် ။ အဓိဋ္ဌာန်ပါရမီ ခေါ် ဒါန သီလစသော ပါရမီများကို မပျက်မကွက် အောင်မြင်သည်အထိပြုလုပ်ရန် ဆုံးဖြတ် ထားတဲ့ အတိုင်းပြုလုပ်ခြင်းပါရမီကို ဘဝပေါင်းများစွာဖြည့်ကျင့်ခဲ့ရာ တေမိယမင်းသား ဘဝမှာ ထင်ရှားလှပါ တယ် ။ မင်းသား လေး တစ်လသားအရွယ်မှာပင် ပုခက်တွင်းမှထီးဖြူကိုမြင်ရာမှ လွန်ခဲ့သောဘဝ -ရှင်ဘုရင် ဖြစ်ခဲ့စဉ်က အမိန်.ပေးများ ခဲ့တဲ့အတွက် ငရဲကျခဲ့ရခြင်းကိုပြန်လည်သိမြင်ပြီး မင်းဖြစ်ရမှာကိုကြောက်ရွံ.ထိတ် လန်.နေပါတယ်။ ရှေးဘဝက မိခင် ဖြစ်ခဲ့ဖူးသူ ထီးချက်စောင့်နတ်သမီးပေါ်လာပြီ ” ရှင်ဘုရင် မလုပ်လိုပါကဆွံ.-အ-နားမကြားဟန်ဆောင်နေလော့” -ဟု ပြောသွားတဲ့အချိန်မှစပြီး “မည်သည့်အကြောင်းနှင့်မျှ စကားမ ဆိုပါ”-ဟု အခိုင်အမာ အဓိဋ္ဌာန်ပြုလိုက်ပါတယ်။ အရွယ် ရောက်လာတဲ့အထိ ငိုလည်းမငို စကားမဆိုတဲ့သားတော်ကို ထီးနန်းနှင့်မထိုက်တန် ဟုဆိုကာ တောတွင်းသို.နှင်လိုက်ရာ ရသေ့ရဟန်းပြုသွားပါတယ် ။ မေတ္တာပါရမီ ခေါ် သူတစ်ပါးအား ကြီးပွားချမ်းသာစေလိုသော စိတ်ထားဖြစ်သည့်ပါရမီကို ဖြည့်ကျင့်ရာမှာ သုဝဏ္ဏသာမ ဘဝမှာ ထင်ရှားလှပါတယ် ။ မျက်မမြင်မိဘနှစ်ပါးကို ရသေ့ဘဝဖြင့် ပြုစုလုပ်ကျွေးနေသော သုဝဏ္ဏသာမအား သား ကောင်ဟု အထင်မှားကာ လေးမြားနှင့်ပစ်သူ ပီဠိယက္ခမင်းကိုပင် မေတ္တာမပျက်ခဲ့ပါ ။ နောက်ဆုံး မေတ္တာ နှင့် သစ္စာ တန်ခိုးဖြင့် မြားဆိပ်ပြေကာ အသက်မသေတဲ့အပြင် မျက်မမြင်မိဘများပါ အလင်းရလာခဲ့ကြပါတယ် ။ ဥက္ခောပါရမီ ခေါ် လူတစ်ဖက်သားကို မုန်းလည်းမမုန်း ချစ်လည်းမချစ် ၊ ဘက်လိုက်ခြင်းလည်းကင်းကာမျှတစွာ အလယ် အလတ် တည့်မတ်သောစိတ်ထားခြင်းပါရမီကို ဖြည့်ကျင့်ခဲ့ရာ လောမဟံသ ဘဝမှာထင် ရှားပါတယ်။ ဘုရားအလောင်း တော် လောမဟံသမှာ မိဘများကွယ်လွန်သွားတဲ့အခါ များစွာသောပစ္စည်း ဥစ္စာများကို စွန်.လွှတ်ပြီး တောထွက်သွားပါ တယ် ။ ရသေ့ဝတ်ပါက လူအများအထင်ကြီးကာ ချီးမွမ်းမည်ကိုမလိုလားပဲ အဝတ်တစ်ထည်နှင့်သာသွားလာနေပါတယ် ။ ဒီလို သါားလာနေရာမျာ လူအချို.က ကဲ့ရဲ့ကြ - ကလေးများက မထီမဲ့မြင်ပြုကြ- ဆဲဆိုကာ ကျင်ငယ်(သေး)ဖြင့်ပက်ဖျန်း ကြ တာကို စိတ်ပျက် အားငယ်ခြင်းမရှိပဲ နေသလို အချို.က ပန်းနံ.သာများဖြင့် လှူဒါန်းပြုစုကြသည်ကိုလည်း လစ်လျူရှု နေခဲ့ပါတယ် ။ကောင်းဆိုးနှစ်ဖြာ ဘာကိုမျှ ဂရုမပြုပဲ တည့်မတ်သောစိတ်ဖြင့်သာ တရားအားထုတ်နေခဲ့ပါတယ် ။ ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter