ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, January 12, 2012

စည်းလုံးညီညာ အောင်ကြောင်းဖြာ

ကလေးတို.ရေ - ဒီနေ.“ ဒီဘက်ကမီးတ၀်ချောင်း ပိတ်လိုက်လို.ဟိုဘက်မှာ မီးတစ်ချောင်းလင်းသွားမှာလား ”ဆိုတဲ့ စကားလေးကိုပဲ ပြန်ဆွေးနွေးကြမယ်
နော် ။ ဒီနေရာမှာ “ကမ္ဘာကြီး ပူနွေးလာပြီ” ဆိုတဲ့ ဒီကနေ့ တို.များလူသားတွေအလယ်မှာ ရေပန်းစားနေတာ သိကြပါတယ်နော် ။ တကယ်တော့ ကမ္ဘာကြီးက သူ.ဟာ သူ အလိုလို ပူနွေးလာတာမဟုတ်ပါဘူး ။ သူ.ကိုမှီခိုနေကြသူ လူသားတွေရဲ့ လက်ချက်ကြောင့်သူ.ခမြာ ပူနွေးလာရရှာတာပါ ။

ဖွံ.ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေကိုပဲကြည့်ကြည့် မဖွံဖြိုးသေးတဲ့နိုင်ငံတွေကိုပဲ လေ့လာလေ့လာ ၀က်ရုံအလုပ်ရုံတွေဆိုတာ အနည်းနဲ.အများတွေ.ကြ
မြင်ကြရမယ် ။ မော်တော်လာဉ် မော်တော်ကားတွေဆိုတာတော့ မပြောနဲ.တော့ တဝီဝီ တဝှီဝှီ အသံတွေက နေ.ရောညပါ ကြားနေရတာလေ ။ အဲဒီ ကား ၊ သင်္ဘော ၊ လေယာဉ် နဲ. မီးရထား စတဲ့ ယာဉ်တွေက ထွက်တဲ့ ဓာတ်ဆီငွေ.၊ ဂက်စ်ငွေ.တွေ ၊ ဒီဇယ်ငွေ.တွေ ။

အဲ - စက်ရုံ အလုပ်ရုံတွေကိုကြည့်ပါဦး - နေ.စဉ်နေ.တိုင်းထွက်နေတဲ့ အခိုးအငွေ.တွေဟာ နည်းတာမှမဟုတ်ပါပဲလား ။ ကဲ ဒါတွေထားလိုက်ပါ
အခု တို.များနဲ.အနီးစပ်ဆုံးဖြစ်တဲ့ အိမ်တွင်း - ကျောင်းတွင်း - ရုံးနဲ.အလုပ်တွင်း စတဲ့နေရာတွေမှာ ဒီကမ္ဘာကြီးကို မျိုးပြုန်းအောင် လုပ်နေတာ ဘာတွေပါလိမ့် ဆိုတာ ကြည့်ကြရအောင်နော် ။

တို.အိမ်တွေမှာထမင်း ဟင်းချင်္ကတော့ ဒန်အိုးဒန်ခွက်တွေ ဂက်စ်အိုးတွနဲ.နော် ။ အဲ - အဝတ်လျှော်တော့ လျှပ်စစ် ၊ မီးပူတိုက်တော့ကော လျှပ်စစ် ၊ လေအေးစက်( Air Condition)- ပန်ကာ - ရုပ်မြင်သံကြား ( TV )- မီးပူ ၊ အို -- အားလုံးဟာလျှပ်စစ်ဓာတ်အားတွေနဲ.
အသုံးပြုနေကြတာ ။ ( ဒီနေရာမှာ သတိထားမိတာလေး တင်ပြချင်ပါတယ် ၊ ဟိုး တို.များရဲ့ ဘိုး ဘွား ဘီဘင် တွေလက်ထက်က ရောဂါဆို ဘာရောဂါမှ ထူးထူးထွေထွေ မရှိကြဘူးတဲ့) ။

ဟုတ်တယ်လေ - သူတို.ခေတ်အခါက ထမင်း ဟင်းချက်တာကအစ ထင်း တွေ မီးသွေးတွေနဲ.မြေအိုးမြေခွက်တွေကိုသုံးကြတယ် ။ မီးသွေးမီးပူတွေကိုသာသုံးပြီး သဘာဝလေအေးအေးနဲ.သာ နေလာခဲ့ကြသူတွေ ။ ဒီခေတ်မှာလို ကင်ဆာရောဂတြို. ၊ ဒီပိုး စီပိုးတို.ဆိုတာ ကြားတောင် မြ မကြားဖူးကြတာဆိုပဲကွယ် ။ တို.များ ခေတ်နဲ.မကွာလားဟင် ။

ကဲ - စောစောက ကမ္ဘာကြီး ပူနွေးလာနေတဲ့ဆီ ပြန် သွားကြရအောင် ။ အဲဒီလို နေရာတကာ လျှပ်စစ်ဓာတ်တွေကို ရေလို အသုံးပြုနေကြတော့
ကမ္ဘာကြီးဟာလည်း သဘာဝ အနေအထားမှာ မရှိရှာတော့ပဲ “ ပူတယ် လောင်တယ် - မွန်းကြပ်တယ် ” ဆိုတာကို ပြလာတော့တာပေါ့ ။ မြောက်ဝံရိုးစွန်း
က သဘာဝရေခဲပြင်ကြီးက ရေတွေပျော်ကျလာတယ် ၊ အခု တို.များနဲ. အနီးကပ်ဆုံးဖြစ်ပြီး အများသုံးနေတဲ့ “ မဲခေါင်မြစ်ကြီး ” ရေခခမ်းလာတယ်။


ဒါတွေ - ဒါတွေကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ.တွေက လူအများကို သတိပေး နှိုးဆော်လာတယ် ။ ( အဲဒီ အချက်တွေကို ဆရာမတို.
အပတ်စဉ်ထုတ်လွှင့်နေတဲ့ “ လုပ်သား အားမာန် ” ဆိုတဲ့ ရေဒီယိုအစီအစဉ်မှာ အသံလွှင့်ခဲ့ဖူးလို. သောတရှင်လေးတစ်ယောက်ကတောင် “ ဆရာမတို. သတိ
ပေးလို. သမီးတော့ အိပ်ရာမဝင်ခင် မီးခလုတ်တွေ အားလုံး လိုက်ပိတ်နေရပါတယ် ” လို.တောင် စာရေးလာပါတယ် ။ ပလပ်စတစ်အိတ် အသုံးလျှော့ဖို.လိုအပ်သလို




အဲ့ဒီ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် သတိပေးနှိုးးဆော်ချက်ထဲမှာ လျှပ်စစ်မီးတွေကို အသုံးပြုပြီးတာနဲ.မီးခလုတ်တွေ ပိတ်ထားကြရန်
ဆိုတဲ့ အချက်ပါတာကိုး ။ တစ်အိမ်တည်း တစ်ယောက်တည်း ပိတ်နေလို.တော့ ဘာမျှထူးလာမှာ မဟုတ်တာတော့ မှန်ပါတယ် ။ နောက်ပြီး ပလပ်စတစ်အိတ် အသုံးလျှော့ဖို.လိုအပ်သလို အမှိုက်တွေကို စနစ်တကျပြစ်ကြဖို.လည်းသတိပေးထားပါတယ် ။ ကဲ - တို.များအားလုံး အသိတ်ဓာတ်လေးတွေ ကိုယ်စီ နှလုံးသွင်းကာ လိုက်နာ ဆောင်ရွက်ကြပါလျှင်ဟောဒီ ကမ္ဘာကြီးဟာလည်း သက်ရှိတွေအားလုံး နေချင်စရာ နေရာဌာနတစ်ခုအဖြစ် ပြန်လည် ပေါ်ထွန်းလာမှာ မလွဲ ဧကန်ပါ ။

ဒါ့ကြောာင့် ဟောဒီကမ္ဘကြီး ပြန်လည်ပြီး စိမ်းလန်းစိုပြေ သာယာလာစေဖို.“ဒီဘက်ကမီးတစ်ချောင်းပိတ်လို. ဟိုဘက်မှာ မီးတစ်ချောင်း လင်းလာမှာတဲ့လား ” ဆိုတဲ့ အတွေးအမြင်တွကို ဘေးတွင် ဖယ်ထားကာ ၊ တို.လူသားတွေအားလုံး စည်းလုံးညီညာစွာနဲ.တစ်ယောက်တစ်လက် ကျောင်းသားလက် ဆိုတာလို တစ်ယောက်တစ်အား ပါဝင်ကြိုးစားကြပါစို.လားကွယ် ----

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter