ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, January 12, 2012

ကမ္ဘာ့အလယ်မှာ တင့်တယ်နေမယ့် တို. “ ဗမာ ”

ဆရာဦးအေးငြိမ်းကို ကျေးဇူးတင်စွာနဲ. ဒီစာပုဒ်လေးကိုရေးလိုက်ရခြင်းဖြစ်ပါတယ် ။
ဟုတ်ပါတယ်- ကျမတို.မြန်မာနိုင်ငံသား “ ဗမာ ” များအနေနဲ. ဒီကိစ္စကို အလေးထား စဉ်းစားသင့်ကြပါတယ် ။
အရှေ့တောင် အာရှက ကျမတို.ရဲ့ “ မြန်မာ ” ဆိုတဲ့ နိုင်ငံဟာ ကမ္ဘာမှာ ထင်ရှားသင့်သလောက် လူသိများလာနေပြီဖြစ်သလို
“ ဗမာ ” ဆိုတဲ့ ကျမတို. တတွေကကော သူများပြောတာယုံ -သူများပြောတာနောက်ရောင်ခံပြီး “ ယောဆရာကြီး ”တွေ ဘဝကို မျက်မှောက်ပြုကြတော့မှာလား ။
မြန်မာတွေ “ မျိုးမပျောက် ” ရလေအောင် နိုင်ငံခြားမှာ ရောက်နေကြတဲ့ ကျမတို.တတွေက အခုလို တပ်လှန်.နေရုံနဲ. ကော အောင်မြင်လာမှာတဲ့လား ။

အဲ- ဒါပေမဲ့ နီုင်ငံခြားရောက်နေကြတဲ့ ကျမတို. လူကြီးပိုင်း အုပ်စုဝင်တွေက “ ဗမာစကား ” မပြော မနေရဆိုတဲ့ စည်း - ဘောင်
ခတ်ပြီး လူငယ်တွေရဲ့ စံပြ ဖြစ်အောင် နေထိုင် ပြောဆိုပေး ကြရမှာပါ ။ ( ကျမရဲ့ သားဆိုရင် ဗန်ကောက်က International IT Institute ) မှာ ကျောင်းတက်ခဲ့ ရတော့ အပေါင်းအသင်းတွေကလည်း နိုင်ငံတကာ ကပေါ့ ။ ဗမာသူငယ်ချင်းတွေဆိုလည်း သူတို. အချင်းချင်း ဆုံမိပြီဆိုတာနဲ. တရွှတ်ရွှတ် တရှက်ရှက် အပြင် တစ်ချိန်လုံး “ ရှစ် ” နေကြတာ ။ ကျမကပဲ “ ဟဲ့ - ရှစ် တွေ ကိုး တွေ လုပ်မနေနဲ. အဲဒါ ကောင်းတဲ့ စကာားမှမဟုတ်ပဲ - ပါးစပ် ကြက်သရေလျော့တယ် ” လို. မကြာမကြာ ပြောပေး တော့ အခု အဲဒီ “ ရှစ် ” ဆိုတာကြီးကို မပြောတော့ဘူးလေ ။ ဗမာသူငယ်ချင်းတွေနဲ.တွေ.ရင် ဗမာစကားလိုပဲ အားရပါးရပြောတတ်နေပါပြီ ။ ဆိုလိုတာကတော့ ဘယ်နေရာကိုပဲရောက်ရောက်ပါ ကျမတို. မိဘ -လူကြီးတွေက လူငယ်တွေအတွက် စံပြ ဖြစ်သင့်ပါတယ် ။ လူငယ်တွေကို ထိန်းကွပ်ပေးရပါမယ် ။

“ နဖူးစာ ရွာလယ် ” ဆိုတဲ့ ကျမတို. မြန်မာ့ ဆိုရိုးစကား အရဆိုရင် ဘယ်သူမဆို သူရဲ့ “ ဖူးစာဖက် ” ရှိ ရာမှာ လက်ဆက်မိကြမယ်ဆိုတာကိုလည်း လက်ခံရမှာဖြစ်ပါတယ် ။ ဖူးစာ မပါလျင်တော့ “ တစ်ရွာတည်း သား တစ်ရပ်တည်းသား ” တွေသော်မှ စလယ်ဝင် ဖင် မမဲခင်က ” ဇာတ်လမ်းခင်းကြရတာ ” ကျမ မျက်မြင်ပါ ။ ဘယ်နိုင်ငံမှာ ဘယ်သူနဲ.ပဲ အိမ်ထောင်ကျပါစေ မိမိတို.ရဲ. ဘဝ - ဘာသာစကားနဲ. မိရိုးဖလာ ယဉ်ကျေးမှုကိုတော့ အသက်နဲ.ထပ်တူ စောင့်ထိန်းတတ်ကြစေဖို. ညွှန်ကြားပြသ ပေးရမှာက ကျမတို.လူကြီး မိဘများရဲ. အရေးကြီးတဲ့ တာဝန်နဲ. ဝတ္တရားကြီးပါ ။

အကြောင်း မျိုးစုံနဲ. နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့ ကျမတို. မြန်မာ မိသားစုများ အနေနဲ. “မြန်မာစကား” ကိုသာ ပြောဆိုသုံးနှုံးသင့်ကြပါတယ် ။ ကျမ ဒီ ဗန်ကောက်ေ၇ာက် စ အချိန်ကပါ -“ လမ်းသွားရင် ဗမာစကား မပြောနဲ.နော် ” တဲ့ ကျမထက် ရေ့ဦး မဆွ ရောက်နေကြတဲ့ “ ဆရာ ကြီး ” တွေက ပြောကြပါတယ် - “ ဗမာလူမျိုးပဲ ဗမာစကားပဲ ပြောရမှာပဲ ” လို. ကျမ ပြန်ပြောခဲ့ပါတယ် ။

“ ဗမာ တွေ.လျင် အဝေးကို ကွေ.ရှောင် ” တဲ့ - ပြောကြတာလေ ။ တကြိမ်တော့ ကျမ ရန်ကုန်က အပြန် ဗန်ကောက်လေယာဉ်
ကွင်းကြီးမှာပေါ့ - Immigration Check Point ရောက်တော့ ကျမရှေ့မှာ ဗမာလေးတွေ တန်းစီပြီးနေကြပြီမို.ကျမလည်း သူတို.နောက်
မှာ တန်းစီလိုက်ပါတယ် ။ ကျမ ရဲ့ရှေ့ သုံးယောက် ကျော်က အသက် ၂ဝ ခန်. ကောင်လေး( လေယာဉ်ပေါ်မှာ ကျမရဲ့ဘေး မှာထိုင်လိုက်လာပြီး သူတို. မလေးရှား သွားမယ့်အကြောင်းပြောပြသူ ) ကို စစ်ဆေးရေးအရာရှိက “ ဒီ ဗန်ကောက်မှာ ဘယ်လောက် ကြာကြာနေမလဲ ” လို.မေးတာကို ကောင်လေးက “ သုံးနှစ် ” လို. ပြောလိုက်သံကြားတာနဲ. ကျမ မနေနိုင်တော့ပါ - အဲ့ ဒီ ကောင်တာနား အပြေးးလေးရောက်သွားပြီး “ ခွင့်လွှတ်ပါရှင် - သူ အင်္ဂလိပ်လို သိပ်မတတ်လို.ပါ - သူတို.က မလေးရှားကို သွားကြမှာမို. ဒီဗန်ကောက်မှာ တစ်ရက်လောက်ပဲ နေမှာပါ ” လို. ဝင်ပြောပေးရပါတယ် - “ အတူတူ လာတာလား” တဲ့ အရာရှိကမေး တော့ “ ဟုတ်ပါတယ် ” ပေါ့ ။ “ ဒါဆိုရင် ဘယ်မှာတည်းမှာလဲ ” တဲ့ ။ အဲဒါမှ ပြဿနာပဲ - လေယာဉ်ပေါ်မှာ ကောင်လေးနဲ. စကာားပြောတာကို “ မကြည် တဲ့ မျက်နှာနဲ. ကြည့်ကြည့်နေခဲ့တဲ့ သူတို. ခေါင်းဆောင်က ဟိုးအဝေးမှာ - သူကို ပဲ လှမ်းအော် ပြီး “ ဒီမှာမေးနေတယ် - ဘယ်မှာတည်းမလဲတဲ့ လာရှင်းပေးလိုက်ဦး” ဆို မှ အပြေးရောက်လာတယ် ကျမလည်း သူ.ကို ခပ်ချဉ်ချဉ် ရှိတာနဲ. တခြား ကောင်တျာမှာ သွားရပ်လိုက်ပါတယ် ။

အဲ - ဒီနေရာမှာ စောစောက “ဗမာဆို ဝေးဝေး ရှောင် ” ဆို သူတွေနဲ.သာ တိုးရင်တော့ ဒီကောင်လေး မလွယ်ရေးချ မလွယ်ပါပဲနော် ။ ကိုယ့် နိုင်ငံသား အချင်းချင်း ရိုင်းပင်းတတ်အောင်လည်း ကျမတို.လူကြီးတွေက “ စံပြ ” ဖြစ်နေကြရမှာပါ ။ တချိုးကလည်း “ဗမာ ” လို. ပြောရမှာ ရှက်သလားပဲ ။ “ သူများမေးရင် ဗမာ လို. မပြောာနဲ.” တဲ့ - လာသေးတယ် သာအေးရယ် ( ယောင်လို.နော် ) - ကျမကတော့ ဘယ်သူမေးမေး “ ဗမာပါ ” လို. အားပါးတရကို ပြောတာပဲ ။ ဒီက ထိုင်း တွေက “ ဟယ် ဗမာတွေက ဒီလို------ လား ” တဲ့ ။ ကျမကလည်း “ ကျမတို. နိုင်ငံမှာ ကျမထက်တော်တဲ့ တတ်တဲ့ သူတွေ ၊ သိပ်ပြီး လှပ ချောမောတဲ့ သူတွေ အများကြီးပါ ” လို. ပြန်ပြီး “ ကြွား ” မိခဲ့ရပါတယ် ။ ဟုတ်ပါတယ် “ကိုယ့် နိုင်ငံ ကိုယ့်လူမျိုး ဂုဏ်တက်အောင် ” တော့ အမြဲနေပြ လုပ်ကိုင် ဆောင်ရွက်ပြကြရမှာလည်း ဖြစ်ပါတယ် ။

အရေးအကြီးဆုံးလို. ကျမ ယူဆထားတဲ့ အချက်က ဆရာ ဦးတိတိ တင်ပြထားသလို “ ဦးဏှောက် ယိုစီးမှုအဖြစ်ကို တတ်နိုင်သလောက် တားဆီးတဲ့ အနေနဲ. လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလန်းများ ရှာဖွေ ဖန်တီးပေးခြင်း ၊ တိုးတက်ပြောင်းလဲလာနေတဲ့ ဝိဇ္ဖာ- သိပ်ပံ ပညာရပ်များနဲ.တကွ လူငယ်ထုရဲ့ တိုးတက်ရာ တိုးတက်ကြောင်းများကို ထင်သာ မြင်သာ အနေအထားတို.ဖြင့် တတ်အားသမျှ ကြိုးပမ်းဆောင်ရွက်ပေး ရေး ” ဆိုတဲ့နေရာမှာလည်း ပြည်တွင်းပြည်ပက ကျမတို. လူကြီးများ အားလုံး စုပေါင်း စည်းရုံးကာ လက်တွဲ ပြီး စီစဉ် ဆောင်ရွက် ပေးကြရမှာဖြစ်ပါတယ် ။

ဒီနေရာမှာ ငွေကြေးတတ်နိုင်သူတွေက ငွေကြေးအင်အားနဲ. ပါဝင်ကြရမှာ ဖြစ်သလို ငွေကြေးမနိုင်သူများအနေနဲ.ကတော့
မိမိတို. ကိုယ်စွမ်းဥာဏ်စွမ်းများနဲ။. ပါဝင် လှုပ်ရှားသင့်ကြပါတယ် ။ တကယ်တော့ ဒီလို အပြုသဘော - လူမှုရေးလုပ်ငန်း
အောင်မြင်ရေးမှာ တဦးကို တဦး လက်ငြှိုးထိုး ပုံချ မနေကြပဲ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သင်ံပါကြောင်း
နဲ. “ ဗမာ ” ဆိုတဲ့ ကျမတို. လူမျိုး ကမ္ဘာ့အလယ်မှာ မပျောက်ကွယ်ပဲ တင့်တင့်တယ်တယ် ထယ်ထယ်ဝါဝါ ရှိနေစေဖို. ကျမတို.
လက်တွဲကြပါစို. ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter