ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, January 12, 2012

မြန်မာနိုင်ငံခေဆ်အဆက်ဆက် ဗုဒ္ဓဘာသာသမိုင်းစဥ အဲဒီ စာအုပ်မှာ ပါဝင်တဲ့ မာတိကာ - ဓမ္မကထိက ဆရာတော် အရှင်ဇောတိက ( ကန်.ဘလူ) မှ ချီးမြှင့် ရေးသား ပေးထားတဲ့အမှာစကား ၊ စာရေးသူ ကိုယ်တိုင်ရေးသားဖေါ်ပြထားတဲ့ အမှာစာ နဲ.ကျေးဇူးတင်လွှာ အပြင်နောက်ဆုံး စာမျက်နှာမှာပါတဲ့ ကျမ်းကိုး များအပြင် စာရေးသူ၏ ခံယူ သုံးသပ်ချက် နဲ. ဓာတ်ပုံကို ဖေါ်ပြပေးလိုက်ပါတယ် ။ အခု ပထမဆုံး ဆရာတော် အရှင်ဇောတိက ( ကန်.ဘလူ)ရဲ့ အမှာစကားကို ဖေါ်ပြချင်ပါတယ်။ စာကိုယ် အပြည့်အစုံကိုတော့ စာပေဗိမာန်က ပြန်ရတော့မှပဲ ပို.စ် တင်ပေးပါရစေ ။ ရွှင်လန်းချမ်းမြေ့ကြပါစေ (ကလေးတို.ဆရာမ)းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး “ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် ” ဟူသော အမည်ဖြင့် ကလေးတို. ဆရာမသည် စာတမ်းတစ်ခု ကျမ်းတစ်စောင် ပြုစုထားပြီး စာရေးသူထံပို.လာပါ၏ ။ စာတမ်းရှင်ကျမ်းပြုဆရာမ သည် “ ကလေးတို. ဆရာမပီပီ “ ထိုစာတမ်းကို ကလေး သူငယ် များမှ အစကျောင်းသူ ကျောင်းသားများပါမကျန် လူငယ်လူရွယ် အားလုံးအတွက် ရည်သန်ကာ ရေးသား ထားဟန်တူ၏ ။ ဆရာမ၏ ရည်ရွယ်ချက်သည် အလွန်ပင် မွန်မြတ်ကောင်းမွန်လှပါပေ၏ ။ သီပေါမင်း ပါတော် မူပြီး နောက် နှောင်းခေတ် လူအများစုသည် နယ်ချဲ့.အောက်မှာ နေခဲ့ရသဖြင့် ဘာသာတရား အသိ များနှင့်သမိုင်း မှန်များကို တန်ဖိုးထားရကောင်းမှန်း မသိကြတော့ပေ။ မိမိဘာသာတရား ၏ကောင်း မွန် မှန်ကန်မှုများကို အလေးထားရမှန်းမသိပဲ ခေတ်ပညာ လောက ဓာတ်ပညာတို.ကိုသာ သရဏံ ဂစ္ဆာမိလုပ်လာကြတော့၏ ။ “ ဘာသာတရားပညာ မသိလျှင် အကန်း ၊ သိပ္ပံပညာ မသိလျှင် အကျိုး” ဟု ဆိုကြလေရာ ယခုအခါ ဘာသာတရား ကန်းနေကြသဖြင့် သူကန်းပမာ လိုရာကောင်းကျိုး အမျိုး မျိုးကို မရရှိ မခံစားနိုင်ကြပဲ ရှိကြ လေသည် ။ မိမိရိုးရာ ဘာသာတရားကို အထင်သေးကာ မလေ့လာပဲထားခဲ့ကြ၏ ။ နိုင်ငံတကာ ပညာရှင် များက ဗုဒ္ဓဘာသာတရားကို အလေးထားလာကြသောအခါမှ တစ်ချို.ကပြန်လည်သတိထားမိလာကြ သည် ။ အနောက်နိုင်ငံ ပညာရှင်များ၏ အချို.ဖေါ်ပြချက်များသည် တစ်ခါတစ်ရံ အမှားများနှင့်မ ကင်းပေ ။ထိုအမှားများကိုပင်အမှန်ထင်ကာ ကိုယ့်ဘာသာတရားကိုပြန်လည် စော်ကားမှုများလည်း ရှိခဲ့သည် ကိုတွေ. ရ၏ ။ တစ်ချို.က ဗုဒ္ဓပိဋတ်တော်များမှ ဝိနည်းအချို.ကို ပယ်လိုကြ၏ ။ တစ်ချို. က အဘိ ဓမ္မာ ပိဋကများကို ပယ်လိုကြ၏ ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ. အနေဖြင့် ထိုအမှား မျိုးစုံကို အထူး (ဝိနိစ္ဆယ) အဖွဲ. အသီးသီးဖွဲ.စည်းကာ အကြိမ်ကြိမ် ( ဝိနိစ္ဆယ) ညှိနှိုင်း ဆုံးဖြတ်ပေး ခဲ့ရပေသည် ။ ဆရာတော်တစ်ပါးက “အမှုပေါင်းစုံ ၊ အမှုသည်ပေါင်းစုံနှင့် လုံးထွေးနေကြရသည်” ဟု သူ၏ဆောင်းပါးတစ်ပုဒ်တွင် ညီးတွားတော်မူခဲ့၏ ။ ထို.ကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းမှန်များ ကိုလည်းသိ သင့်ပေသည် ။ ဤသမိုင်းဆိုင်ရာ အမှန်တရားများကိုသိမြင်ခြင်းအားဖြင့် သာသ နာတော် ကိုလည်း မြှင့်တင်ရာ ရောက် ပေမည် ။ ထေရဝါဒ သာသနာတော်နှင့် ရဟန်းသံဃာတော် များကို လည်း လူအများက ပိုမိုယုံကြည် လေးစား အားထားလာမည် ။ ဟုတ်ပေသည်- ယခုအခါ ထေ ရဝါဒ သာသနာတော်နှင့် ရဟန်းသံဃာတော်များအား ဘာသာခြားများမဆိုထားဘိ ထေရဝါဒဗုဒ္ဓဘာ သာ ဝင်ဆိုသူများပင် မလေးးစားချင်ကြသည်ကို တွေ.လာရပေပြီ ။ အဘယ့်ကြောင့်ဟူမူ ထေရဝါဒ သာသနာ့သမိုင်း “အမှန်”များနှင့်ထေရဝါဒ သာသနာ တော်၏တန်ဖိုးကို မသိကြသော ကြောင့်ပင် တည်း ။ ပုဂံခေတ် ဗုဒ္ဓသာသနာထွန်းကားရခြင်း၏ အကြောင်းရင်းမှာပုဂံတစ်နိုင်ငံလုံးသည် ထေရဝါဒ သာသ နာတော်ကို အပြည့်အဝယုံကြည်ကြခြင်းသည် အဓိကဖြစ်ကြောင်း ပညာရှင်များကဝန်ခံထား ကြပေပြီ ။ ပုဂံ သာသနာတော်သည် ရောင်ဝါ နေထက်လင်းခဲ့၏ ။ တိုင်းပြည်သည်လည်း စည်ပင်ဝ ပြောကာတိုင်းသူ ပြည်သားတို.မှာလည်း သာသနာတော်၏အဆုံးအမအောက်တွင် အေးချမ်းတည် ငြိမ်စွာနေနိုင်ခဲ့ကြသည်မှာ မြန်မာနောက်ဆုံးဘုရင် သီပေါမင်းလက်ထက်အထိပင်ဖြစ်ပါသည် ။ သို.ကြောင့်ပင် ထိုခေတ် မြန်မာလူမျိုးများအကြောင်းကို ၁၈၉၇- ခုနှစ်တွင် မြန်မာ့ သစ်တော အရေးပိုင်အဖြစ် အမှုထမ်းခဲ့သူ အိပ်ခ်ျဖီးလ်ဒင်း ( H. Fielding ) က သီပေါမင်း၏ မဟေသီ ခေါ် ( Thibaw’s Queen ) စာအုပ်ကို ရေးသား ထုတ်ဝေခဲ့၇ာတွင် မှတ်တမ်းတင် ရေးသားထားသည်မှာ “မြန်မာလူမျိုးများသည် အလွန်အကျွံသမားများမဟုတ်ကြပါ။ နေရာတကာမှာ မျှမျှတတရှိကြ၏ ။ နိုင် ငံတစ်လုံးကိုကြည့်ပါက မတန်တဆ "ဝ" နေသူကိုမတွေ.ရ ။ အရက်သေစာကိုလည်း လုံးဝနီးပါး မသောက်ကြပါ “ ဟူ၍ ဖြစ်ပါသည် ။ ဤစာအုပ်ကို သီပေါမင်းပါတော်မူပြီး ၁၂ - နှစ် ကြာပြီးမှ ထုတ်ဝေခဲ့ခြင်းဖြစ်ရာ ယခု မျက် မှောက်ခေတ် အခြေနေနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် “ ဘယ့်လောက် မယုံကြည်နိုင်စရာ ကောင်းတဲ့ မှတ်ချက်စကားလဲ “ ဟုပင် ထင်စရာဖြစ်နေပါသည်၏ ။ ဒုက္ခအဖုံဖုံ ဘေးရန် အမျိုးမျိုးနှင့် ရင်ဆိုင်တွေ.ကြုံနေကြရခြင်း၏ အကြောင်းရင်း စစ်စစ်ကိုရှာ ကြည့် လိုက်သော် ဗုဒ္ဓဘာသာဝင်ဆိုသူ ရွှေမြန်မာများသန္တာန်မှာ ဗုဒ္ဓတရားတော်များ တစတ စ မှေး မှိန် ပျောက်ကွယ်လာသောကြောင့်တည်း။ ထေရဝါဒဗုဒ္ဓဘာသာ၏အဆုံးအမကိုမလိုက် နာ ကြသော ကြောင့်တည်း ။ အထူးသဖြင့် ခေတ်ပညာတတ် တက်ခေတ် လူငယ်လူရွယ်များက ထေရဝါဒ သာသ နာတော်နှင့် ထေရဝါဒ ရဟန်းတော်တို.အပေါ်ဝယ် အထင်အမြင်သေးလာကြ ယုံကြည်မှု နည်းလာကြ သောကြောင့်ပင်တည်း ။ ထိုကဲ့သို. လူငယ်လူရွယ်များက ထေရဝါဒသာသနာတော်နှင့် ထေရဝါဒရဟန်းတော် တို.အပေါ်ဝယ် အထင်အမြင်သေးလာကြ ယုံကြည်မှုနည်းလာကြခြင်းမှာလည်း သမိုင်းပညာရှင် အမည်ခံ စာရေးဆရာ အ ချို.နှင့် ဒါရိုက်တာတို.ဖန်တီးထားသော ( မင်းတုန်းမင်းကြီးနှင့် ရေမြှုပ်ဗုံး ) ဇာတ်လမ်းသည်လည်း တစ်ခု အပါအဝင်ဖြစ်၏ ။ ဒါရိုက်တာတင်ယု ရိုက်ကူးသည့် ( နန်းတွင်းအ ရေးတော်ပုံ ) ဇာတ်ကား ၊ ( ကနောင်မင်း သာအကြီး) စာအုပ်များမှာလည်း မဟုတ်မမှန်လုပ်ကြံ ဖေါ်ပြထားသည်ကိုတွေ.ရ၏။ ထိုရုပ်ရှင် စာပေ တို.ကို ကြည့်ရှု ဖတ်မိကြသော မျိုးဆက်သစ် လူငယ်တို. နှလုံးသားဝယ် “ ဒီဘုန်းကြီး တွေကြောင့်ကွာ၊ သူ တို. နိုင်ငံရေးဝင်ရှုပ်လို.” စသည်ဖြင့် သာသနာတော်ကို အထင်သေး သော အတွေးအခေါ်များစူး ဝင် သွားခြင်းဖြစ်၏ ။သာသနာတော်အတွက် နစ်နာလှပါ၏ ။ သာသနာ တော် အတွက် စဉ်းစားပြီးမှ ခွင့်ပြုသင့် - မသင့် ဆုံးဖြတ်ရန် လိုပါသည် ။ အမှန်ကိုစစ်ကြည့်ပါက တူမီး( သေနတ်)မှသည် မောင်းပြန်လက်နက် လုပ်နိုင်ခြင်းကို အမေရိကန်မှာ တစ်နှစ်သာ ကြာရှိသေးချိန်တွင် မင်းတုန်းမင်းကြီးက မောင်းပြန်လက်နက်ထုတ် လုပ်နိုင်ခဲ့၏ ။ စက်ရုံ (၅၀) ခန်.ကို တည်ထောင်ပေးခဲ့သည်ကို ၁၈၈၅- ခုနှစ် နန်းတွင်းအသိမ်းခံသောအခါအင်္ဂလိပ်စစ်ဗိုလ် ကာနယ်လ် ပရင်တာဂတ်၏မှတ်တမ်းမှာအတိအလင်းရေးသားထား သည်ကိုတွေ.ရ၏ ။ ထိုကဲ့သို.သော မဟုတ်မမှန် လုပ်ကြံကြသော အန္တရာယ်မျိုးစုံမှ လွတ်မြောက်ပြီး သမိုင်းမှန်များကို သိနားလည်ကြစေရန်နှင့် ထရဝါဒ သာသနာတော် တန်ဖိုးကို သိရှိ နားလည်ကြစေရန် ဆရာမ ဒေါ်မေကျော့ရှင်း ၏ “ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာသမိုင်းစဉ်” ဟူသော စာအုပ် က အထောက်အကူပြုပေးလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ------ ၂၉-၇-၂၀၁၀ အရှင်ဇောတိက ( ကန်.ဘလူ) နည်းပြ ( ပဋိပတ္တိမဟာဌာန) သာသနဓဇဓမ္မာစရိယ Diploma in Buddha Dhama B.A. (B.Dh.,Gold Medallist ), M.A.(B.Dh.),Ph.D(Prelim) အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဓမ္မပါလကုန်းမြေ ၊ စွယ်တော်မြတ်စေတီအနီး၊ မရမ်းကုန်း ၊ ရန်ကုန်မြို

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter