ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, January 9, 2012

ရန်ကုန် သွားစဉ် အမှတ်မထင်

ရန်ကုန်သွားတာက အမှတ်မထင်မဟုတ်ဘူးနော် - သေသေချာချာ စီစဉ်ပြီးမှသွားတာပါ ။ အမှတ်မထင်ဆိုတာက -- အဲ-- ဆက်ဘတ်ကြည့်ပါနော် - တကယ်တာ့ အစည်းအဝေးတစ်ခုတက်ဖို.သွားတာပါ၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ - ကျမချစ်တဲ့ " လူငယ်လေးတွေ" အတွက် ကျမကိုယ်တိုင် ရေးသား အသံသွင်းပြီး စနေနေ. မနက် နဲ. တနင်္ဂနွေနေ. ညနေပိုင်းတွေမှာ အပါတ်စဉ် ထုတ်လွှင့်နေတဲ့ " လူငယ်မှတ်သား - သုတ စကား " ဆိုတဲ့အစီအစဉ်မှာ ဆက်တိုက် အသံလွှင့်နိုင် အောင် ( အစီအစဉ် ပြတ် မသွားရလေအောင် ) ပါသွားတဲ့ လက်တော့ပ် လေးနဲ.- ပြောဖို. ဆောင်းပါးလေးတွေ အမြန်ရိုက် ဟိုတယ်အပေါ်ထပ်မှာ ပြေးပြီး print ထုတ် စုစုပေါင်း ၁၅ - ပုဒ် ပြီးသွားတော့ - ပြည်လမ်းက မြန်မာ့အသံမှတာဝန်ခံလူကြီးကို သ တင်းပို. - အမြန်ပြေးပြီး အသံသွင်းခဲ့တာကိုပြောတာပါ ။ နောက်တစ်နေ.မနက်ပိုင်း အစည်းအဝေးပြီးတာနဲ.ပြည်လမ်းက မြန်မာ့အသံ ( အစိုးရ အသံလွှင့်ရုံ)ကို အပြေးအလွှားသွားပြီး အသံသွင်းခဲ့ရပါတယ် ။ အဲဒီနေ. ညနေရောက်တော့ အမျိုးသားယဉ်ကျေးမှုနဲ. အနုပညာ တက္ကသိုလ်က လက် ထောက် ကထိက ဒေါ်သီတာထွန်း (ခေါ်) တေးသံရှင် ခိုင်ဝါ ရောက်လာပြီး - " မမရေ - ညီမတို. တက္ကသိုလ်အတွက် ကျောင်းသီချင်းလေးတစ်ပုဒ်လောက် ရေးပေး ပါလား" - တဲ့ -- ကဲ - နားတောင် မနားရသေးဘူးလေ။ အဲ - ဒါပေမဲ့ ကိုယ့်ရဲ့ အကျင့်အတိုင်းပဲ - ဘယ် လောက်ပင် မောနေပါစေ သူများကို အကူအညီပေးဖို. လက်မနှေးတတ်တဲ့ကျမကလည်း- အိုကေ လိုက်တာပေါ့ ။ အဲဒီညပိုင်းမှာပဲ သီချင်းတစ်ပုဒ် ရေးစပ်ပြီးသွားပါတယ် ။ " ခိုင်ဝါရေ - ညီမတို. ကျောင်းသီချင်းပြီးပြီနော် " - လို. ဖုံးဆက်လိုက်တော့ " ဟာ - ဒါဆို နက်ဖြန်ညနေ ညီမ လာခဲ့မယ်နော် " - တဲ့ ။ သီချင်းကတော့ ရိုးရိုးစင်းစင်းလေးပါ- ဆိုကြည့်ပါလားနော် --- " အမျိုးသားယဉ်ကျေးမှုနဲ. - အနုပညာတက္ကသိုလ်သည် အမျိုးသားယဉ်ကျေးမှုနဲ. - အနုပညာတက္ကသိုလ်သည် + အကျင့်သီလ မွန်မြတ်ပါသည် အကျင့်သီလ မွန်မြတ်ပါသည် + တို.ကျောင်းသူ ကျောင်းတော်သားတွေ - ရှေ.ဆောင်လမ်းပြမည် + တို.ကျောင်းကြီးမှာ -သင်ကြားရတာ - ပညာစုံပါသည် သင်ကြားပြတဲ့ - အာစရိယကို - အစဉ်ရိုသေပါမည် + သစ္စာ သမာဓိ တည်ရမည် - ပညာတတ်အောင် ဇွဲနှင့်သင်ရမည် + အရာရာမှာ - စွမ်းဆောင်မည် - ရုပ်ရှင် - ပြဇာတ် နဲ. ပန်းချီ စာပေ - သဘင် - ပညာမျိုးစုံ - အားလုံးကို သင်ယူမည် ဂီတနဲ. ပန်းပုအပြင် - အနုပညာတွေ အကျွမ်းဝင်ပါသည် + လူမှုရေးအတတ်တွေ + သင်ကြားဖို.ရာ- တို.ကျောင်းကြီးမှာ - ပညာစုံပါသည် --- တို.တတွေ - သင်ယူကာအတည် - မြန်မာ့ ဂုဏ်ရောင် ထွန်းပြောင်စေရမည် ++" ကဲ - သီချင်းလေးကတော့ " လိုရင်း - တိုရှင်း " ပါ ။ သူ.ကို အလွတ်တိုက်ပေးလိုက် တော့ သူလည်း သဘောတွေကျလို.ပေါ့ - တစ်ကျောင်းလုံးကို သင်ပေးရတော့မှာကိုး ။ နောက်နေ.လည်းရောက်ရော " မမရေ - ကျောင်းအုပ်ကြီးက မမအသံလွှင့်နေတဲ့ " လူငယ်မှတ်သား-သုတ စကား " - အစီအစဉ်ထဲက ထုတ်နှုတ်ပြီး ကျောင်းသားတွေကို ဟောပြောပေးဖို. ဖိတ်ပါတယ် "-တဲ့။ “ မနက်ဖြန် ညနေပိုင်း လေယာဉ်ကွင်း ဆင်းရတော့မယ်လေ “ - ဆိုတော့ - " မနက် ၁၀ - နာရီ မှ ၁၁ - နာရီလောက်ပါပဲ ညီမ လာကြိုမယ်နော် "- ဆိုပြီး ဖုံးချ သွားပါ လေရော - ဘာလုပ်ရပါ့ ။ ကဲ- - ခဏလေး နားလိုက်ကြရအောင်နော် - ဆက်ရေးပေးပါ့မယ် -- အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter