ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, January 8, 2012

သမာဓိလွန်တာလား - သတိလွတ်တာလား

မိုးကုတ်ယောဂီတစ်ယောက်ရဲ့ ဝတ္တရားအတိုင်း တစ်နေ.ကို အနည်းဆုံး တစ်နာရီ ရအောင်တော့ ဝိပဿနာတရား ပွားများနေရပါတယ် ။ ပစ္စုပ္ပန်ကို တည့်တည့်ရှု - ဖြစ်လာတာလည်း တစ်ခဏပဲ- ကြည့်လိုက် - သတိထားလိုက်တာနဲ. ပျောက်ပျက်သွားလိမ့်မယ် ။ သမာဓိတော့ရှိရလိမ့်မယ် ။ ပူတာ အေးတာ- တောင့်တင်း- နာကြင်တာတွေ ဘာပဲဖြစ်လာလာ သိနေရမယ်- ကြည့်နေရမယ်- ဖြစ်-ပျက် မြင်တာ မဂ်ရတာပဲ ။ ဒါ့ကြောင့် ဖြစ် - ပျက် = မဂ် ။ မဂ် ရနေတော့ ကိလေသာချုပ်ငြိမ်း နေတာပေါ့ - တနည်းဆိုရင်လည်း လောဘ-ဒေါသ-မောဟတွေ ကင်းပျောက်နေတယ် -- စသည် စသည်ဖြင့် -- ဒီလိုလေးတွေ အလေ့အကျင့်ရနေတာကိုး-- ဇာတ်လမ်းက အခုမှ စ မှာပါ -- ဒီ ဇန္နဝါရီလ ၇ - ရက် သောကြာနေ.ကပါ - သမီးဖြစ်သူ ကျော့သူဇာဆွေနဲ. အပြင်သွားကြတယ် ဆိုပါတော့ ။ သွားနေကျလမ်း မဟုတ်တော့ သတိထားမောင်းနေရတာပေါ့ ။ ထိုင်း မိတ်ဆွေတစ်ယောက် ( အဲ- မိတ်ဆွေဆိုပေမဲ့ ကျမတို. ဗန်ကောက် စရောက်လာတဲ့ အချိန်မှာ အင်္ဂလိပ်စကားပြော နဲ. အရေး အသား သင်ပြပေးခဲ့ရတဲ့ တပည့်ဟောင်းဖြစ်သလို လိုအပ်သမျှ အိုးခွက် ပန်းကန်က အစ ဖြည့်ဆည်းပေးခဲ့တဲ့ ကျမတို.ရဲ့ ကျေးဇူးရှင်ဆို လည်းမမှားပါဘူး ) သူနဲ. ချိန်းထားတာက Rama 3 က Lotus မှာ - New Year Year ညစာ စားဖို.ပါ ။ အဲဒီ Rama 3 က Lotus ရောက်တော့ အထဲဝင်ဖို. “ဝင်ပေါက်” ကိုရှာရပြန်ပါတယ် ။ တွေ.တာ နဲ. အဲဒီ ဝင်ပေါက်ထဲ ချိုးဝင် လိုက်တာပေါ့ ။ ဒါပေမဲ့ Lotus ဝင်ပေါက်မဟုတ်ဘူး - အနားကပ်နေတဲ. Palazar တစ်ခုရဲ့ ဝင်ပေါက်ဖြစ်နေတာ သိလိုက်တာနဲ. “ မှားသွားပြီဟေ့ - နောက်ပြန်ဆုတ်ရမယ် “ ဆိုပြီး သမီးကို နောက်က ကားတွေBကည့်ခိုင်းပြီး သူက ဆုတ်တော့ ဆိုတာနဲ. နောက်ကို တစ်ချက် လှမ်းကြည့်ပြီး ခပ်ဖြေးဖြေးပါပဲ-နောက်ဆုတ်လိုက်ပါတယ် ။ “ ဘုရား -ဘုရား “ - ကျမ မောင်းနေတဲ့ ဘက်ခြမ်းကို ကားက စောင်းကျလာတာ မှောက်လုလု ဖြစ် နေပါပြီ -- ဆန်းတာက ကြောက်စိတ်လည်း နည်းနည်းလေးမှ ပေါ်မလာပဲ “ ကားတော့ မှောက်ပြီ- မှောက်သွားပြီ ” - ဆိုတဲ့ အသိစိတ် ကလေးက ဝင်ရောက် စိုးမိုးလိုက်ပါတယ် ။ အဲဒီလို ကားမှောက်လုလု စောင်းသွားတာကိုပဲ မမှိတ်မသုံ အာရုံ စိုက်လိုက်မိပါတယ် ။ သတိက အဲဒီမှာပဲ ကပ်သွား တယ်ဆိုပါတော့ ။ “ မှောက်ပြီ- မှောက်ပြီ “ ဆိုတဲ့ အသိပဲ ရှိနေပါတယ် - ဘာလုပ်ရမယ် ဆိုတာကို လုံးဝ - လုံးဝကို မေ့သွားပါတယ် ။ ကုန်းကလည်း အလွန်. အလွန်ကို မြင့်နေတာကလား ။ အဲဒီ တစ်မိနစ်လောက် အချိန်ကလေးမှာပဲ ကားက နောက်တည့်တည့်ကို မဆုတ်ပဲ ညာဘက်မှာ ရှိတဲ့ ပလက် ဖောင်းဆီချိုးဆင်းပါလေရော - အဲဒီ နောက်မှာက မြောင်းကြီးလေ ။ “ မာမီ - ဘရိတ် - ဘရိတ် - နင်းလေ -ဘရိတ်နင်းလေ“-ဆိုပြီး ကုန်းအော်လိုက်တဲ့ အသံကြားတော့ မှပဲ ဘရိတ်ကို ဖိ နင်းလိုက်မိပါတယ် ။ နောက်ကျသွားပါပြီ - “ ဝုံး “ ကနဲ အသံနဲ.အတူ နောက်က သစ်ပင်ကို ဝင်တိုက်ပြီး ကားလည်း ရပ် သွားပါတော့တယ် ။ တကယ်လို.သာ အဲဒီ သစ်ပင်မရှိရင်တော့ ကားရော လူပါ မြောင်းထဲ ရောက် သွားပြီပေါ့ နော် ။ သမီးက အလွယ်တကူ ထွက်လို.ရပေမဲ့ မောင်းတဲ့ဘက်က သစ်ပင်တွေကြားထဲရောက်နေလို. ထွက် မရ ဖြစ်နေတာကို အနီးမှာရှိတဲ့ မော်တော်ပီကယ် ရဲတစ်ယောက်နဲ. ဈေးဆိုင် ထဲက လူငယ်လေးတစ် ယောက် ထွက် လာပြီး ကူညီပေးကြပါတယ် ။ ကားနောက်ခြမ်းက စုတ်ပြတ်သတ်ပြီး ဗန်ပါကြီးပါ အပြင်ကို ကားထွက်နေတာကိုလည်း သူတို.က ကြိုးတွေရှာပြီး ပြန်ကပ် - မောင်းလို. ရတဲ့ အထိ ကူညီကြပါတယ် ။ နောက်မီးလုံးပါ ကွဲ သွားတာ ရစရာမရှိ အောင် စုတ်ပြတ်သတ်သွားတာလေ ။ တကယ်လို.သာ ကျမအနေနဲ. သတိရှိမယ် - မှောက် လုလုဖြစ်သွားတဲ့ ကားကို အာရုံ မစိုက် -စိတ်မဝင်စားပဲ ( သမာဓိ မဝင်စားပဲ )ချက် ခြင်း ဘရိတ် အုပ်ပြီး ရပ်လိုက်မယ်ဆိုရင် ဘတ် ၂ -သောင်းနီးပါးဖိုး ကုန်ကျတဲ့ အထိ ပြင်နေစရာမလိုဘူးပေါ့နော် ။ အင်း --အခုတော့ -- ထားပါတော့လေ -- ဒီလို ဖြစ်သွားတာ ကျမရဲ့ အလေ့အကျင့် အရ “ လက်ရှိ ဖြစ်ပေါ်လာတာကို သမာဓိဝင်စား မိသွားလို.လား “ ဒါမှမဟုတ် “ သတိ လက်လွတ်ဖြစ်သွားလို.လား “ စဉ်းစား ဆုံးဖြတ်လို. မရအောင် ဖြစ်နေရပါတယ် ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter