အမှတ်မထင်
ရန်ကုန်ခရီးစဉ် (၂)
အော် -
လူအမျိုးမျိုး - စိတ်အမျိုးမျိုး ၊ ကြုံရ ဆုံရ ဘုံဘဝ မှာလေ ။
တစ်ယောက်နဲ.
တစ်ယောက်လည်း နှိမ့်လိုက်ကြ - မြှောက်လိုက်ကြ -
နောက်လိုက်ကြ - ကောက် လိုကြ်က တာတွေ ။
စာတစ်ပုဒ်
- ဆောင်းပါးတစ်စောင် ရေးရာမှာလည်း ဆိုင်ရာ ဆိုင်ရာလေးတွေနဲ. အစပျိုးရေးသား
ရတာကိုး
- ဒီတော့ တချို.နေရာတွေမှာ ကိုယ်ရည်သွေးသလိုမျိုးလည်း ပါချင် ပါသွားပေမပေါ့ ။
ရှိပါစေတော့
- စာဖတ်သူအမျိုးမျိုးပဲလေ ။
ကဲ -
ပြီးခဲ့တဲ့ ရန်ကုန်ခရီးစဉ်မှာ အမှတ်မထင် ကြုံခဲ့ရတာလေးတွေကနေ ကိုယ့်ရည်ရွယ် ချက်က
လေးတွေ အောင်မြင်လာခဲ့တာလေးတွေ ဝေမျှခံစားစေချင်ပါတယ် ။
တကယ်တော့
ကျမအနေနဲ. ဟိုး --ငယ်စဉ်ကာလ ( ၁၆ - နှစ်လောက်ကစပြီး ) စာပေလောကထဲ ရောက်လာကတည်းက
အများနဲ.ဆိုင်တဲ့ အပြုသဘောစာပေမျိုးတွေကိုသာရေးခဲ့တာ များပါတယ်။
အထူးသဖြင့်တော့
အမျိုးသမီးများအတွက် “ ပါတ်ဝန်းကျင်နဲ. အမျိုးသမီးလောက ” – “အမျိုးသမီး
များဆင်ခြင်ကြစေရန်
“ စတဲ့ အမျိုးသမီးများဆိုင်ရာ အပြုသဘော စာပေများကိုသာ ရေးသားခဲ့ပြီး လူငယ်များ
အတွက် သွန်သင်ညွှန်ပြဆုံးမထားတဲ့ စာပေများကို အထူးကြိုးပမ်း ရေးသားခဲ့ပါတယ်။
ဒါ့ကြောင့်သာပဲ
ကျမရဲ့ “ sayamamay.blogspot.com ” မှာကြည့်ရင် (လျှင်) “ ကလေးတို.ရေ ”
ဆိုတဲ့
နှုတ်ဆက်စကားလေးနဲ. အမြဲ လိုလို စတင်ထားတာကို တွေ.ရမှာဖြစ်ပါတယ် ။
ကဲပါလေ
- ရန်ကုန်ခရီးစဉ်လေး ဆက်ကြပါစို.နော် ။
အဲ -
လေယာဉ်ကွင်းဆင်းမယ့် ရက် မနက် ၁၀ - နာရီမှာ - ဒေါ်သီတာထွန်းခေါ် မခိုင်ဝါ က ကားနဲ.
လာခေါ်ပါတယ် ။
“ ယနေ.လူငယ်လေးများ
တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ရရှိရေး “ -
ဆိုတဲ့ ခေါင်းစဉ်နဲ. ဟောပေး ပြောပေးခဲ့ပါတယ် ။
ပါမောက္ခချုပ်ကြီးနဲ.တကွ
ကထိကဆရာ- ဆရာမများနဲ. ကျောင်းသူ -ကျောင်းသားလေး များက လည်း လှိုက်လှိုက်လှဲလှဲ
ကြိုဆို အားပေးတာတွေ.ရတော့
လေယာဉ်ကွင်း ဆင်းရမှာကိုတောင် မေ့ချင်
သယောင်ယောင်ဖြစ်မိတယ်ဆိုပါတော့ ။
အဲဒီ “ ယနေ. လူငယ်လေးများ တည်ငြိမ်အေးချမ်းသော ဘဝကို ရရှိရေး “
- ဆိုတဲ့ ခေါင်းစဉ်ကြီး အောက်မှာ
ခေါင်းစဉ်လေးများနဲ. အစီအစဉ်အတိုင်း ဟောပြောခဲ့တာလည်းဖြစ်ပါတယ် ။
အထူးသဖြင့် -
ဒီကနေ. လူငယ်လေးတွေအနေနဲ. သူများပြောလို.လိုက် လုပ်မိတာမျိုး - သူများ
ယောင်လို.လိုက်ယောင်ရတာမျိုး - သူများလက်ခုပ်တီးပေးလို. လိုက်လုပ်တာမျိုး
မဖြစ်စေပဲ ဘယ် နေရာ - ဘာကိစ္စမျိုးမှာမဆို မိမိရဲ့ ကိုယ်ပိုင်အသိဥာဏ် - အသိစိတ်နဲ. စဉ်းစားဆင်ခြင်ရမယ် ၊ လူ ကြီးမိဘ
-ဆရာသမားတွေကို တိုင်ပင် ဆွေးနွးရမယ် ၊
လူကြီး ဆိုတာက ကိုယ့်ထက်အသက် အ ရွယ် ကြီးကြတဲ့အတိုင်း အသိပညာ
-အတွေးအခေါ်ကလည်း ပိုပြီး ရင့်ကျက်တယ် -ဗဟုသုတများ တယ်လေ - ဒါ့ကြောင့်
ဘယ်နေရာဖြစ်ဖြစ် လူကြီးကိုလူကြီးလို.ပဲ သဘောထား လေးစားကြရမယ် ။
နောက်ပြီး
လူငယ်တွေဘဝမှာ သတိထားစရာတစ်ခုက “ နှုတ်ဆက်စကား” ပြောကြားမှာ ဆင်ခြင်စ ရာတွေပါ
။
“
Hello , Hi , မင်္ဂလာပါ “ ဆိုတဲ့ နှုတ်ဆက်စကားတွေကို သဘောပေါက်နာလည်ထားကြ ဖို.လို ပါ တယ် ။
တကယ်တော့“ Hello “ ဆိုတာက လူမျိုးကြီးဝါဒသမား အင်္ဂလိပ်များရဲ့ စကားပါ ။ “ Hi “
ဆိုတာက
အမေရိကန်လူမျိုးတွေပြောတာလေ ။ တကယ်တာ့
အင်္ဂလိပ် လူမျိုးက သူတို.စာ - သူ တို.စကား - သူတို.ယဉ်ကျေးမှု ကိုနည်းနည်းလေးမှ
အမှားမခံဘူး ။ အဲ - အမေရိကန်ကတော့ ဘာ မှ ဂရုမစိုက်ဘူး-သူတို.ပြောတာကို
သူများနားလည်ရင်ပြီးရော- ပေါ့ပေါ့ လွယ်လွယ်ပဲ ပြောကြတာ။
“
မင်္ဂလာပါ “ ဆိုတဲ့
တို.မြန်မာများရဲ့ နှုတ်ဆက်စကားကတော့ အင်မတန်ချစ်စရာကောင်းပါတယ် ။
အဓိပ္ပါယ်ကလည်း
“၃၈ - ဖြာမင်္ဂလာနဲ.အညီ နေနိုင်ပါစေ” လို. သတိပေးစကားလည်းဖြစ်ပါသတဲ့ ။
ကဲ ဒါဆိုရင် Good Mornong , Afternoon ,
Good Evening ဆ်ုတာကကေိာု.မေးနိုင်ပါတယ်
။
သူတို.အနောက်နိုင်ငံတွေမှာ
ရာသီဥတုက အမြဲလိုလို အေးနေ မိုးရွာနေတော့ မကောင်းဘူးပေါ့ ။
ဒါ့ကြောင့်
ကောင်းသောနံနက်ခင်း - နေ.လည်ခင်း - ညနေခင်းဖြစ်ပါစေ - လို. ဆုတောင်းပေးတဲ့ သဘောပါ ။
မြန်မာတွေအနေနဲ.တော့
မင်္ဂလာပါ လို.နှုတ်ဆက်တာ အကောင်းဆုံးပါပဲ
။ လူကြီးလူငယ် အရွယ်
မရွေး
- အချိန်အခါမရွေး နှုတ်ဆက်နိုင်တယ်လေ။ အဲ ဒါပေမဲ့ ခေတ်ဆန်ချင်လှပါတယ်ဆိုရင်တော့
“
Hello “ဆိုရင်တော်ပါသေးတယ်
။ “ Hi “ ဆိုတာကတော့ အတော်လေးကို စဉ်းစားဆင်ခြင်ပြီးမှပဲ
နှုတ်ဆက်သင့်တာလေ။
ဒီ “Hi “ကိုသုံးမယ်ဆိုရင်တော့ ကိုယ်နှုတ်ဆက်မယ့်သူရဲ့ အသက်ကိုကြည့်
ရမယ် ၊
ရာထူးကိုကြည့်ရမယ် ။ ကိုယ့်အထက်က လူကြီးကို သွားပြီး “ Hi “ လို. ဘယ်သင့်တော်ပါ့ မလဲနော် ။--- စသဖြင့် -------
ဒီလိုလေးတွေပြောပြပေးခဲ့သလို
-- မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမယ် ၊
ငရဲကြီးတတ်တယ် ၊
ဝဋ်လိုက်တတ်တယ်
၊ အလုပ်ကို ကြိုးစားရေး ၊ ရဲရင့်ရေး
၊ မိတ်ကောင်းဆွေကောင်း ရွေးချယ်
ပေါင်းရေး ၊ စည်းကမ်းဆိုတာလူ.တန်ဘိုး ၊ စာအုပ်စာပေ - လူ.မိတ်ဆွေ
စတဲ့ ခေါင်းစဉ်တိုလေး များနဲ. လမ်းညွှန်ပေးခဲ့ခြင်းလည်း ဖြစ်ပါတယ် ။
အပြည့်အဝ
အလုံးစုံရေးပြနေရင်လည်း ရှည်လိုက်တာလို. ပြောမယ့်သူကရှိအုံးမှာကိုး --ကဲ - ဒါ့
ကြောင့် ဒီမှာတင်ပဲ ရပ်နားလိုက်ပါတယ် ။
No comments:
Post a Comment