ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, December 29, 2011

Happy New Year ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာ

ဆရာတော် ဦးဇောတိကံမှ ပေးပို.သော mail ကို ပြန် လည် ဝေမျှ ဖေါက်သယ်ချလိုက်ခြင်းဖြစ်ပါတယ် ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
( ကလေးတို.ဆရာမ )
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
                     ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာ ရတနာ ဖြစ်ပါစေ..
၂၀၁၁ - ခုနှစ်ကတော့ ကုန်တော့မယ်နော်။ လောကမှာ ထုံးစံအတိုင်း တနှစ်မှာ တစ်ခါ နှစ်သစ်ကူးဆိုတာ လုပ်ကြပါ
တယ် ။ Happy New Year to You! ပေါ့။ Globalization ခေတ်ဆိုတော့ ကမ္ဘာသုံး ( A.D anno domini ) ခရစ်
နှစ်နဲ့ အလုပ်များကြပါတယ်။ မြန်မာတွေက မြန်မာ(Myanmar Era) နှစ်နဲ့လည်းလုပ်ကြတယ် ။ တချို့ တရုပ်နွယ်ဖွား
မြန်မာများဆိုရင် မြန်မာနှစ်လို Happy New Year၊ ခရစ်နှစ်လိုလဲ Happy New Year ၊ တရုပ်နှစ်လိုလဲ Happy New
Year ဆိုပြီး လုပ်ကြသေးတယ် ။ ကမ္ဘာမှာ လူမျိုးနွယ်ပေါင်းကလဲ စုစုပေါင်း ၃၆၅ - မျိုးမက ရှိနေပါတယ်။ ရှိနေသမျှ
လူမျိုးပေါင်းတို့အလိုအရ  Happy New Year  လုပ်ရမယ်ဆိုရင်လဲ နေ့တိုင်း အချိန်တိုင်း Happy New Year  ဖြစ်နေ
တော့မှာပါပဲ။

Happy New Year-ကို စိစစ်ကြည့်တော့ တစ်နှစ်မှတစ်နှစ် ရုပ်နာမ်တရားတွေ ပြောင်းလဲသွားတာပါပဲ။ အသက်တစ်
နှစ်ကြီးလာတာပေါ့ ။ တကယ်ပြောင်းလဲလာတာက ရုပ်တရားနာမ်တရားတွေပါ  ။ မိမိတို့ရဲ့ ကိုယ်တွင်းမှာ ဖြစ်ပေါ်နေ
တဲ့ ရုပ်တရား နာမ်တရားတွေဟာ စက္ကန့်မလပ် အမြဲတမ်း ပြောင်းလဲနေပါတယ်  ။  အဲဒီလို ကိုယ်တွင်းက ရုပ်တရား
နာမ်တရားတွေ စက္ကန်.
့မလပ် ပြောင်းလဲနေတာကိုတော့ ဝိပဿနာအသိဥာဏ်မျက်စိနဲ့ကြည့်မှသာ မြင်နိုင်ပါတယ်  ။ ရုပ်တရား နာမ်တရား
တွေရဲ့အဖြစ်အပျက်ကို မြင်ချင်ရင် “ဖြစ်ပျက်”လို့ ရွတ်ဆိုနေရုံနဲ့တော့ မြင်ရမည် မဟုတ်ပါ။ ပစ္စုပ္ပန်အခိုက်အတန့်မှာ
တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေကို ရှုမှတ်နေမှာသာ တကယ့်ရုပ်နာမ်တရားတွေရဲ့ အဖြစ်အပျက်ကို မြင်ရ
မှာ ဖြစ်ပါတယ် ။ရုပ်တရား နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကို မြင်နေရပြီဆိုရင် အနိစ္စလက္ခဏာ ဆိုတာ
ထင်ရှားလာမယ်။
ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် အမြဲနှိပ်စက်ခံနေတဲ့အတွက် ဒုက္ခလက္ခဏာလဲ ထင်ရှားလာမယ်။ ဒီလိုမမြဲတာ ဒီလိုဆင်းရဲ
တာဟာ ကိုယ်ဖြစ်လို့ ဖြစ်ရတာ မဟုတ်ပဲ အစိုးမပိုင်လို့သာ  ဖြစ်ရတာဆိုတဲ့ အနတ္တလက္ခဏာလဲ ထင်ရှားလာပါမယ်။
လက္ခဏာရေး သုံးပါးလုံးထင်ရှားလာပါလိမ့်မယ်။ “အနိစ္စ ဒုက္ခ အနတ္တ” လို့ ရွတ်ဆိုနေရုံမျှနဲ့တော့ လက္ခဏာရေးသုံး
ပါးက ထင်ရှားလာမည် မဟုတ်ပါ  ။ ထို့ကြောင့် လက္ခဏာရေးသုံးပါး ထင်ရှားဖို့အတွက် ဖြစ်ပျက် ဖြစ်ပျက်လို့ အမြှုပ်
ထွက်အောင် ရွတ်ဆိုနေဖို့ မလိုသလို အနိစ္စ ဒုက္ခ အနတ္တ လို့ ရွတ်ဆိုနေဖို့လဲ မလိုအပ်ပါဘူး။  တကယ်လုပ်ရမည်က
ဖြစ်ခိုက်ရုပ်နာမ် ပစ္စပ္ပန်တရားတွေကိုသာ ရှုမှတ်နေဖို့ လိုပါတယ် ။ Happy New Year- ကို အကြောင်းပြုပြီး ရုပ်နာမ်
တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကိုလဲ သတိထားကြည့်သင့်ပါတယ်။
တစ်နှစ်တစ်ခါ နှစ်သစ်ဟာ လူ့မှာခေါ်ရိုးရှိ။
တကယ်ပြောင်းတာ ရုပ်နာမ်ပါ ခန္ဓာမမြဲသိ။
ရုပ်နာမ်ဓမ္မ မမြဲကြ ခဏခဏပြောင်းနေ၏။
                       × × × × ×

Happy New Year  ကို အကြောင်းပြုပြီး ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကို သမာဓိသိက္ခာလို့ခေါ်
တဲ့သမ္မာဝါယာမ - သမ္မာသတိ - သမ္မာ -သမာဓိတို့ဖြင့် သတိထားရှုမှတ်နေသူမှာ သမ္မာဒိဋ္ဌိ  သမ္မာသင်္ကပ္ပ ဟူသော
ပညာသိက္ခာတို့ ထက်မြက်နေပါတယ်။
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ သီလသိက္ခာတို့လဲ ဖြူစင်သထက် ဖြူစင်လာပါတယ် ။ ထိုကြောင့် မဂ္ဂင်
ရှစ်ပါးဟူသော သိက္ခာသုံးပါး အကျင့်တရားတို့ အားကောင်းသထက် ကောင်းလာပါတယ်။ နှစ်ကုန်လာလို့ အသက်
သာတစ်နှစ် ကြီးလာပြီး သိက္ခာတရား ကြီးမလာသတို့မှာ အကုန်ကြောက်နေရပါတယ်  ။   ကုန်ဆုံးသွားတဲ့ အချိန်
နဲ့အမျှသိက္ခာတရားဘာမျှ မရရှိပဲ ချိန်ခွင်လျာမညီသူတို့မှာ အမြဲတမ်းလို့ ကြောက်လန့်ထိပ်လန့်နေရပါတယ် ။ လူ.
လာကမှာအကျင့်သိက္ခာ ကြီးမလာပဲ အသက်သာကြီးလာပြီး အိုမင်းလာသည့်အခါ ဘာမျှအသုံးမကျသည့်အတွက်
ဝိုင်းပယ်ခြင်းကို ခံရပါလိမ့်မယ်။ အိုပယ်ဖြစ်သွားတတ်ပါတယ်။ ထို့ကြောင့် လူလောကမှာ မိမိကိုယ်ကို ယုံကြည်မှုနဲ.
လာခါ အသက်စသည် အမေးခံရသောအခါ မကြေနပ်ကြပေ။ ထို့ကြောင့် ခေတ်သစ်လောကနီတိက “ မိန်းကလေး
ဆို အသက်မမေးရ၊လခစားဆို လခ မမေးရ၊ ဘုန်းကြီးဆို ဝါမမေးရ၊ စိတ်ဆိုးတတ်ကြသည်”- တဲ့။
အသက် သိက္ခာ ၊ ကြီးစရာ ၊ လူမှာ  နှစ်မျိုးရှိ။
အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏။
အသိမကြွယ်၊ အကျင့်ကွယ်၊ အိုပယ်ဖြစ်သွား၏။
× × × × ×

အသက်တစ်နှစ်ထက်တစ်နှစ် ကြီးလာသည်နှင့်အမျှ မဂ္ဂင်ရှစ်ပါးဟူသော သိက္ခာသုံးပါးအကျင့်တရားတို့တစ်နှစ်
ထက်တစ်နှစ် ကြီးမားလာသူတို့မှာ အမှန်ပင် စိတ်အေးရပါတယ်။ ကုန်လွန်ခဲ့တဲ့အချိန်များကို အကျိုးရှိရှိကုန်ဆုံး
ခဲ့ရလို့ ပြန်တွေးတိုင်း ပူပင်မှုမရှိပဲ ကျေနပ်နှစ်သက်မှုသာ ဖြစ်ရပါတယ်  ။ သိက္ခာသုံးပါး အကျင့်တရားတွေ မြင့်
မားလာသည့်အတွက် သိက္ခာသုံးပါးတည်းဟူသော  တကယ့် အလှတရားဖြင့် ပြည့်ဝနေသည့်အတွက် ကြီးလေ
လှလေဖြစ်ခါလူအများကလည်း ချစ်လို့မဝ ကြည်ညိုလို့မဝ ဖူးလို့မဝဖြစ်ရပေတယ်။ ထိုကဲ့သို့မဂ္ဂင်ရှစ်ပါးဟူသော
သိက္ခာသုံးပါး အကျင့်တရားတို့ဖြင့် ပြည့်လျမ်းနေသော Happy New Year  မျိုးဟာ တကယ့်  ရတနာထိုက်တဲ့
Happy New Year  နှစ်သစ်မင်္ဂလာ ရတနာ’’  လို့ ခေါ်ဆိုထိုက်ပါပေတယ်။
အကျင့်သိက္ခာ၊ ကြီးမှသာ ၊ မှန်စွာစိတ်အေး၏။
ကြီးလေလှလေ၊ အေးမြပေ၊ လူတွေချစ်ကြ၏။
နှစ်သစ်မင်္ဂလာ၊ ရတနာ၊ ကောင်းစွာရအောင်ဖြည့်။
                × × × × ×

Happy New Year to You! လို့ ဆိုလိုက်ရင် နှစ်သစ်ဆုတောင်းဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။
(သင့်အတွက် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ)လို့ဆိုလိုတာပါပဲ၊ ဒါပေမဲ့ ဗုဒ္ဓဘာသာက ဆုတောင်းလေးတော့ သတိ
ထားမိသူ နည်းမယ် ထင်ပါတယ်။ ဗုဒ္ဓဘာသာမှာ Happy New Year to You ! ဆိုတဲ့ဆုတောင်းထက် ပိုပြီးလေး
နက်ကာ အဓိပ္ပါယ် ပြည့်ဝတဲ့ဆုတောင်းလေးရှိပါတယ်။ ဆုတောင်းလဲ ပေးကြတယ်လေ၊ ဗုဒ္ဓသာသာက ဆုတောင်း
ပေးနေကြ မွေးနေ့ဆုတောင်းဖြင့် ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်..
ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေ၊  သဗ္ဗဓမ္မာနုဘာဝေန၊
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

ကောင်းခြင်းမင်္ဂလာမှန်သမျှ ဖြစ်ပါစေ၊ ခပ်သိမ်းသော နတ်အများက စောင့်ရှောက်ကြပါစေ၊ အလုံးစုံသောဘုရားရှင်
တို့၏  တန်ခိုးအာနုဘော်ကြောင့်၎င်း  အလုံးစုံသော တရားတော်တို့၏ အစွမ်းအာနုဘော်ကြောင့်၎င်း  အလုံးစုံသော
သံဃာတော်တို့၏ အစွမ်းအာနုဘော်ကြောင့်၎င်း သတ္တဝါအားလုံးတို့ အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ခမ်းသာကြပါစေ။

May there be all blessings!
May all deities give protection!
By the power of all Buddhas, Dhammas and Samghas, may you be happy!

နှစ်သစ်မင်္ဂလာ ရတနာဖြစ်၍ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနှင့် ဘေးရန်အမျို:မျို:တို့မှ ကင်းလွတ်ကာ ကောင်းကျိုး
လိုရာဆန္ဒ ပြည့်ဝပြီးလျင် အမျိုး ဘာသာ သာသနာတော်အကျိုး ဆထက်တိုးလို့ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း
မေတ္တာ ပို့သရင်း...

ဦးဇောတိက
နည်းပြ၊ ပဋိပတ္တမဟာဌာန
အခန်း နံပါတ် (၂၀၆)၊ ဆရာဆောင်
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
ရန်ကုန်မြို့
ဖုန်း ၀၉ ၇၃၁ ၅၅၀ ၆၁

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter