ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, April 23, 2012

အတ္တာဟိ အတ္တနောနာထော (၂)



"ဆယ်ကျော်သက် နဲ့ ဖောက်ပြန်ခြင်း" ဆိုတဲ့ ခေါင်းစဉ်လေးကိုအမှတ်မထင် တွေ.မြင်လိုက်
တယ်ဆိုရင်ပဲ ရင်ထဲကို ခံစားမှုတစ်မျိုက တိုးဝှေ.ဝင်ရောက်လာပါတယ် ။

အော် -- "ဆယ်ကျော်သက်" ဆိုပဲ ။ ကလေးသာသာ လူငယ်လေးပဲပေါ့။ ဒီလို လူငယ်လူရွယ်
လေးတွေက ဒီမျှလောက်ကို ဖေါက်လွဲဖေါက်ပြန် ဖြစ်နေကြပြန်တယ်ဆိုတော့ လူကြီးတွေက
ကော ဘာသဘောနဲ. လှည့်မကြည့်ပဲ ပြစ်ထားကြပါလိမ့်  ။  အဲဒီ  ၁၈- နှစ်အရွယ် မိန်းမငယ်
လေးကိုမှ" ပေါ့ပျက်ပျက် နိုင်နေတယ်" လို.ဆိုရက်တဲ့ ဆောင်းပါးရှင် "မခိုင်လေး ခေါ် အချစ်ကို
ကိုးကွယ် သူလေး" ကိုလည်း ရင်ထဲ မေးမိလျက်သား ဖြစ်သွားပါတယ် " မင်းတို.လူကြီးလို. အ
မည်ခံနေသူ တွေကကော" လို.။ သူတို.ကျ- တချို.က ကိုယ်တိုင်က ခလေးတွေရှိနေတော့ သူ.
ရဲ့ သူငယ်ချင်းတို.  အမ -ညီမ တို.နဲ.တဖက်က  "ချက်"  လာတဲ့ ယောကျားသားကို မိတ်ဆက်
ပေးပြီး"ဖူးစာရေးနတ်" လိုမျိုး ချိုးလိုက်တယ်။ ဒါကကော "သိက္ခာရှင် လူကြီး" တဲ့လားကွယ်။

" ယောကျားဆို တာကတော့" သူချစ်လို.လက်ထပ်ယူထားတဲ့ "တရားဝင်ဇနီးမယား"(ပွဲတက်
သည်ဖြစ်စေ မတက် သည်ဖြစ်စေ)နဲ. ဘယ်သူမှ အချင်းမများချင်ကြဘူးလေ ။
အဲ- ဒါပေမဲ့ (ကိုပေါက်တို.ကိုမေးကြည့်ပါလား) အလကားရရင် ဘယ်ငြင်းပါ့မလဲ။ အပျော်ကြိုက်
တတ်တဲ့ ကိုယ်တော်တွေ ဘယ်နေပါ့မလဲကွယ် ။  ကော်န်ပျူတာ တစ်ယောက်တစ်လုံးနဲ.ကိုယ့်
အိမ်က ဧည့်ခန်းထဲ ထိုင်ရိုက်နေချိန်မှာတောင် "ဇနီးမယား" လစ်ပြီလားဟေ့ ဆိုတာနဲ. တစ်ချက်
သာလှည့်ကြည့်ပြီး "ချက်" ခန်းထဲဝင် " တဟီးဟီး- တဟဲဟဲ "လုပ်တတ်ကြတာတွေ ။ တစ်ဖက်က
လည်းကိုယ့်အဖေ-အမေအရွယ်လား- အိမ်ထောင်ရှိလား ဘာလား-- ဘာကိုမှ "မလား"  တော့ပဲ
ပြန်ပြီး " ကဲကြ - နွဲ.ကြ - ခနဲ.ကြ"   အင်း-သဲနေလိုက်ကြပေါ့ ။   နောက်ဆုံး ကိုယ်က ခလေးတန်း
လန်းနဲ.ဆိုတော့ ဟို - "မမဆော့ဆော့"  နဲ. မိတ်ဆက်ပေး -ဖူးစာရေးနတ်လုပ်တတ်ပြန်ရော။
အဲဒီလိုမျိုး တွေကျတော့ကော " သိက္ခာရှိ" ပါသတဲ့လားကွယ် ။

တို..ကတော့ ဟိုး ငယ်စဉ် ကလေးဘဝတည်းက ကြုံးဝါးလာခဲ့ရတာ " မိဖုရား အဖြစ်နဲ.တော့တန်
ခိုးမကြီးချင်ဘူးဟေ့ - ဘုရင်မပဲဖြစ်ချင်တယ် " လို.။ အဲ-- ဆိုလိုတာကတော့ "ခင်ပွန်းယောကျား"
ကို အားမကိုးပဲ ကိုယ့်အားကိုယ်ကိုး စရိုက်မျိုးပေါ့ ။ "မြတ်ဗုဒ္ဓ" ရဲ့ တပည့်သာဝကကလေ။ " အတ္တာ
ဟိ  အတ္တနောနာထော "-မိမိက်ုယ်ကိုသာ အားထားရာ မဟုတ်လား ။  ဒီအသိနဲ.ဒီနေ.အထိ ရပ်
တည်နေဆဲပါ ။ မယုံရင် "ချက်" ဝင် မေးလိုက်လေ။

တကယ်တော့ ဒီလို အရွယ်   ၁၈-  နှစ်အရွယ်ကလေးမငယ်ငယ်တွေ က ခေတ်ရေစီးကြောမှာ
 မြောပါနေကြရရှာတာ မဆန်းလှပါဘူး ။ အိုင်တီခေတ်လေကွယ် ။
ခိုင်လေးရဲ့ ဆိုင်ပိုင်ရှင် ဇာဇာ့ ခင်ပွန်းရဲ့ အလန်းလေး " သဲ"  ဆိုသူကို မှ သွား"ရန်စ"တာကိုး ။
သူက- - - *ဟားဟ..အမမို့ အွန်လိုင်း ပေါ်က ကိစ္စတွေကို လိုက်ခံစားနေတယ်...သဲ တို့ က လိုင်း
ပေါ်တက်လာရင် အပ်သမျှ အကောင့်တွေအကုန် လက်ခံတယ်.. .လာကျူလဲ ပြန်ကျူလိုက်တယ်.
ပျိုတာ အိုတာတွေ အွန်လိုင်းပေါ်မှာမရှိဘူး ။ စိတ်လဲ မ၀င်စားဘူး...တစ်ခါမှလဲ ကို.ကိုမမေးမိဘူး
.လူပျိုလားလို့ပေါ့..ဟားဟ ..ပြောရရင် အမ အမျိုးသားနာမည်ကိုတောင် သဲ သေချာမမှတ်မိဘူး
.မမ အမျိုးသားကို အမ နိုင်အောင်ထိန်းလေ  * ခိုင်လေး  ဘာဆက်ပြောရမှန်းမသိတော့အောင်
ကိုဘဲ ရင်ထဲ မောဟိုက်သွားမိပါသည်။ နောက်ဆုံး ပြန်လိုက်မိတာလေးကတော့*- ဟုတ်ပါတယ်
ကွယ်.မမက နိုင်အောင်ထိန်းရအောင်သူက ကလေးမဟုတ်ဘူးလေ..အခုညီမကို ပြောပြတယ်ဆို
တာလဲ အိမ်ထောင်ရှိတဲ့ အမျိုးသားမှန်း မသိသေးဘူးထင်လို့ သမီးတစ်ယောက်လိုစာနာလို့ အသိ
ပေးတာပါကွယ်.ရှိလဲ ကိစ္စမရှိဘူးဆိုလဲ ညီမအပိုင်းပါဘဲ* -လို. ပြောလိုက်ပါသတဲ့ ။

ကဲ -- ကောင်းရောပဲ ။ တကယ်တမ်းဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်တော့ ဒီ အိုင်တီခေတ်ကြီးမှာ
ဒီလို မိန်းကလေးတွေသာမဟုတ် ဒိလိုမျိုး ယောကျားလေးတွေလည်း ဒုနဲ.ဒေးပါ ။
" ဟလို ဆရာမစာပြပေးပါ" ဆိုတာကတစ်မျိုး . တချို.ကလည်း " နာမယ်ဘယ်လိုခေါ်လဲ"-တဲ့( ကြုံ
တုံး ဆုံတုံးပဲပြောပါရေစေ "မေကျော့ရှင်း+ ဆရာမမေ+ကလေးတို.ဆရာမ  +  မေဂွက်ထော်" ဆို
တာ တစ်ယောက်တည်းပါနော်။ဒါ့ထက်ပို သိလိုတယ်ဆိုရင်တော့ http//:sayamamay.blogspot.com မှာသွားကြည့်နော်) အင်း --တချို.ကလည်း ယိသဲ့သဲ့နဲ.ပေါ့- " လာလည်တာ စကာလည်းပြောဘူး -  ကယ်ဆယ်ရေးစခန်းမှာ ဗမာတွေကို စာသင်ပေးတာလား"  တဲ့ ။

ဟိုး ငယ်စဉ်ဘဝကတည်းက  " မရှုပ်တတ်- ရှုပ်တာကို မကြိုက်ခဲ့ "  တဲ့ သူမို. ဒီကနေ. မြင်တွေ.-
ကြား သိနေရတာတွေကိုလည်း အတော်လေးပဲ ရွံရှာ စက်ဆုတ်ဆဲဖြစ်နေတာအမှန်ပါ ။
ကလေးတွေကိုလည်း ပြောချင်ပါတယ်။ သူ.ခေတ်နဲ.သူ "ချက်" တော့ချက်ကြပါ ။ ဒါပေမဲ့ကိုယ်နဲ.
သက်တူ ရွယ်တူလား  ၊ အမိ အရွယ် - အဖအရွယ်လား ၊ လေးစားရမယ့်သူလား- အလေးမထား
ရမယ်သူလား - စဉ်းစဉ်းစားစားနဲ.ရေးပါ - မေးပါ ။ ပြဿနာဖြစ်လာမယ့် - အမုန်းတရားတွေ တိုး
ပွါးလာစေမယ့် "ချက်"  ပုံမျိုးကိုတော့ "ရှောင်"  ကြစေချင်ပါတယ် ။  စေတနာတွေ  တကယ်ပိုလို.
" သိချင်-ခင်ချင်" တယ်ဆိုပါရင်လည်း  " အမိ - ခင် ၊ အဖ- ခင် ၊  ညီအကိုမောင်နှစ်မ -ခင် "  တဲ့
ပုံစံမျိုးနဲ. ခပ်ရိုးရိုးလေးပဲပေါ့ ။ အော်န်လိုင်းပေါ်မှာ တက်ပြီးတော့ "မဆော့" ကြပါနဲ.လားကွယ်။

တကယ်တော့ ဒီ အိုင်တီခေတ်မှာ အော်န်လိုင်း တက်ဖြစ်တယ်ဆိုရင်ပဲ "တန်ဖိုးမနည်းတဲ့ ဗဟုသု
တတွေ" တပွေ.တခဲကြီးကို ရယူနိုင်ကြပါတယ် ။ ဘာမဟုတ်တဲ့ ဘယ်သူ.မှလည်း အကျိုးမဖြစ်စေ
တဲ့  " ချက်ပုံချက်နည်းတွေ"  နဲ. အချိန်ဖြုန်းနေကြမယ့်အစား မိမိဘဝ တိုးတက် အောင်မြင်ရေးအ
တွက်  လေ့လာ မှတ်ယူစရာ  ဗဟုသုတ အဖြာဖြာကို ရှာဖွေ ဘတ်ရှုကာ  အမြတ်ယူတတ်ဖို.လိုပါ
တယ် ။စောစောက ပြောခဲ့သလို " အတ္တာဟိ အတ္တနောနာထော " မိမိကိုယ်ကိုသာ ကိုးကွယ် အား
ထားရာဖြစ်တယ်" လို.ညွှန်ပြ ဆုံမတော်မူခဲ့တဲ့ "မြတ်ဗုဒ္ဓ " ရဲ့ တရားတော်များကိုလည်း "ဗုဒ္ဓကမ္ဘာ"
လို ဝဂ်ဆိုက်မျိုးမှာ ရှာဖွေ ဘတ်ရှုပြီး  " မိမိကိုယ်ကိုသာ ကောင်းမွန်  မြင့်မြတ်လာအောင်"   ကြံ
ဆောင် အားထုတ်ကြစေချင်ပါတယ် ။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter