ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Monday, March 16, 2015

ပုဆိုးခြုံထဲမှ လက်သီးပြမနေကြပါနဲ.

လူတွေ လူတွေ - အတော့်ကိုခက်နေကြတာပါကလား ။ တကယ်တော့ ကိုယ်လည်း “လူ”ပါပဲလေ။ .ဒါပေမဲ့ အဲဒီလိုလူစားမျိုးတွေထဲမှာတော့ အပါအဝင်မခံနိုင်သလို “မျက်ကန်းတောတိုး” သလိုမျိုးတော့ အဖြစ်မခံနိုင်တာအ မှန်ပါ။ ကမ္ဘာပေါ်မှာရှိရှိသမျှ နိုင်ငံတိုင်းမှ အုပ်ချုပ်ရေးဆိုင်ရာ“အစိုးရအဖွဲ.”ဆိုတာလည်း မရှိမဖြစ် တည်နေဆဲ ပါ ။ ဒီလိုပါပဲ နိုင်ငံသားများအတွက် အသက်စည်းစိမ်မှအစ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးပါ မ ကျန် နေရာ တိုင်းမှာ ကာကွယ်ပေးရေးအတွက် “စစ်တပ်နဲ. ရဲအဖွဲ.” ဆိုတာကလည်း(မည်သည့်အစိုးရ - မည်ခေတ် ကာလမှာမဆို) ရှိတည်နေရစမြဲပင် မဟုတ်ပါလား ။ “ခေတ်နဲ. စနစ်” ဆိုသည်ကလည်း ပြည်သူပြည်သား လူအများရဲ့ စီစဉ်လှုပ်ရှား - လုပ်ဆောင်မှုများအ ပေါ် မူတည်ကာ လိုက်လံ ပြောင်းလဲလျက်သာရှိနေရခြင်းဖြစ်ပါတယ် ။“ခေတ်” သည် သူ.အလိုအလျောက် ပြောင်း လဲမှုဖြစ်မလာနိုင်သလို “စနစ်” ဆိုသည်ကလည်း သူ.အလိုအလျောက် ပြောင်းလဲမှု ဖြစ်မလာနိုင်ပါ ။ “လူသတ္တဝါ” ဆိုသည်ကလည်း ဖြစ်လာကတည်းက “ဒုက္ခ” ကို ရင်ဝယ်ပိုက်လျက် မဟုတ်ပါလား။ ဒါ့ကြောင့် သာပဲ”မြတ်ဗုဒ္ဓ” က ဟောကြားဆုံးမတော်မူခဲ့ပါတယ်”လူ- ဆိုသည့် ဤ အပုပ်ကောင်ကြီးမှာ ဖြစ်တာနဲ. ပျက်တာကလွဲပြီး ဘာမျှ မမြဲပါ” တဲ့ ။ သည်လို မမြဲတဲ့ ဒီခန္ဓာကြီးမှာလည်း ဘဝ-ဘဝများစွာ က ပြုခဲ့ သော”ကံကြွေး -ဝဋ်ကြွေး” စသည့် အကြွေးဆိုးများကိုလည်း”အတိုးချ ပေးဆပ်နေကြရတယ်” လို.ဟောမိန်. .တော်မူနခဲ့ပါတယ်။ ဒါဆိုလျင် ဒီကနေ. ဖြစ်-ပျက်နေသည်များကလည်း“ပြုသူအသစ် ဖြစ်သူအဟောင်း” ပါပဲ။ ခံရသူများကလည်း သူတို.ပြုခဲ့သောကံကြွေး- ဝဋ်ကြွေးများကို ပေးဆပ်လိုက်ကြရသလို ပြုသူများကလည်း အချိန် တန် လျင်တော့ တဖန်ပြန်ပြီး ခံကြရပေမပေါ့ ။ အဲဒီလို ဖြစ်ပျက်နေခြင်းများအပေါ် “သူမတော်လို.ဒီလို အဆော်ခံရတာ မဖြစ် သင့်ဘူး - မလုပ်သင့်ဘူး” စသည် စသည်ဖြင့် “အကုသိုလ်ပွါးနေကြ” ရုံမကပဲ ဟိုလူ.ဆဲ ဒီလူ.အပြစ်တင်” နဲ.မဆင်မခြင် ပြောနေရေးနေလိုက်ကြတာ တွေးကြည့်ပါက တကယ်ကို ကြောက် စရာကြီးပါ ။ “ဝဋ်ကြွေး”ဆိုတာ ပြေးမလွတ်နိုင်ဘူး-ဆိုတာလည်း အစဉ်အမြဲသတိရှိဖို.လို ပါ တယ်။ ဗုဒ္ဓမြတ်ဘုရား လက်ထက်မှာကတည်းက ဒီလို အဖြစ်မျိုးတွေရှိခဲ့ပါတယ်။ ပြောလိုက် -ရေးလိုက်တာက “စကားလေးတစ်လုံး” ပြန်ခံရမှာက “သံသရာမဆုံး” နိုင်အောင်ပါ။ တချို.ကတော့လည်း“ငါလိုလူ ဇမ္ဗူ မှာ ရှိနိုင်မလား” ဆိုတဲ့ အတွေးတွေနဲ. ရေးနေလိုက်ကြတာ။ သနားစရာပါ ။ လူတွေကို “ခွေးနဲ.နှိုင်း လိုနှိုင်း” မိုက်ရိုင်းလိုက်ကြတာ။ ဒါဆိုရင် “သူတို.ကကော ဘာတွေလဲ”။ အတူတူပဲဖြစ်မနေဘူးလား ။ “ အဲဒီ စစ်ခွေးတွေ -ရဲတွေ” ကပဲ သူတို.လို (ပြည်သူတွေ)အခုလို သူခိုးသူဝှက် ကင်းကင်း- အန္တရယ် ရှင်းပြီး အေးအေး ဆေးဆေး နဲ.နေနိုင်အောင်” ကာကွယ် စွမ်းဆောင်ပေးနေကြတာမဟုတ်ပါလား။ “ဝံပုလွေ နဲ. သိုးငယ်” ဇာတ်လမ်းလေးထဲကလိုမျိုး “ ငါ့အဖေသောက်ခဲ့တဲ့ စမ်းချောင်းရေကို နောက် အောင်လုပ်တာ မင်းမဟုတ်ရင် မင့်းအဖေ- -မင်းအဖေမဟုတ်ရင်မင့် အဖိုးလုပ်တာဖြစ်မယ်” ဆိုသလိုမျိုး အပြစ်မရှာသင့်ဘူးလို.လည်း ထင်ပါတယ်။”တကယ်သတ္တိရှိတယ်ဆိုရင်” ပုဆိုးခြုံထဲက လက်သီးပြမနေ ပါနဲ” ထွက်လာပါ- အဲဒီစစ်ခွေးတွေ ရဲတွေနဲ.ယောကျားပီ့ပီ ရင်ဘောင်တန်းလိုက်စမ်းပါ ။ “အစိုးးရနဲ.ပြည်သူ”ဆိုတာ မိဘနဲ.သားသမီးလိုပါပဲ။ ပြောစကားနားမထောင်လို.ရိုက်သင့်ရင် ရိုက်ရ မှာပါပဲ ။ ကလေးတို.ဆရာမကတော့ ကိုယ့် သားသမီးသာမက တပည့်တွေကိုလည်း ပထမ ကောင်းကောင်း ဆုံးမ တယ်-တစ်ကြိမ်-နှစ်ကြိမ် သုံးကြိမ်မှ ပြောမရင်တော့ “ ပုဆိုးကိုဒူးအပေါ်ရောက် အောင် မတင်ခိုင်းပြီး ခြေသလုံး အရှိုးထင်တဲ့အထိ ရိုက်တာပဲ ။ ကောင်းကောင်းပြောနေပါလျက်နဲ. သူတို.က ရိုက်ချင် လာအောင်လုပ်တာကိုး။(ဝဋ်- ဆိုတာတကယ်နော်- အခု ကလေးတို.ဆရာမရဲ့ ခြေလုံးမှာ သွေးကြော တွေ ထုံး နေတာ ဖြူတဲ့အသားမှာ မြွေစိမ်းကြီး ပါတ်ထားသလား ထင်ရတယ်-သေရာပါပဲ) ။ ဆိုလိုတာကတော့ အားလုံးဝိုင်းပြောကြတယ်” ကလေးတို. စာသင်ခန်းထဲ ပြန်ဝင်ကြပါ” လို.သတိပေး နေခဲ့ကြတာ သူတို.လည်း”သိလျက်နှင့် ဝိပါက်ကြမ္မာငင်”ကြတာမဟုတ်ပါလား ။ ဘာပဲဖြစ်ဖြစ် ဟိုလူ. အပြစ်တင် သည်လူ. အပြစ်မြင်နေကြမယ့်အစား ခေါင်းကိုမော့ ရင်ကိုကော့ပြီး ထွက်လာကြပါ။ စည်း စည်းလုံးလုံး တိုင်တိုင်ပင်ပင်နဲ.(မိမိနို်င်ငံနဲ. မိမိလူမျိုးကို တကယ်ချစ်တယ်ဆိုပါလျင် အပြစ်တွေတင်နေ မည့်အစား) ချစ်ချစ်ခင်ခင်နဲ မိမိနိုင်ငံနဲ.လူမျိုးအတွက် လက်တွဲနိုင်ြကပါစေကြောင်း-------- အားလုံးအမြင်မှန်ရကာ ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter