ဆရာမခံယူချက်ကလေးပါ
- Sayama May
- “ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Wednesday, February 18, 2015
“တပ်မတော်သား” ဟူသည်
ဟောဒီ fb ပေါ်မှာ ရေးနေကြတာတွေ - အတင်းအဖျင်းသဘောနဲ.- အချင်းချင်း ပြောနေကြ ငြင်းနေကြ
တာတွေ လိုက်ဖတ်ကြည့်တော့ တကယ့်ကို “အော့ကြောလန်စရာ”တွေကများနေတာတွေ.ရမှာ အမှန်ပါ။
တကယ်တော့ လက်ကလေးနဲ.ရေးလိုက် - ပါးစပ်ကလေးနဲ.ပြောလိုက်ရတဲ့အလုပ်ကအင်မတန်.ကို လွယ်
တာ မဟုတ်ပါလား ။ တကယ်တမ်း “ထွက်ကြဟေ့” ဆိုရင်တော့ ခေါင်းကိုမော့ ရင်ကိုကော့ပြီးထွက်လာ
မည့်သူက အရှားသားပါ။ လောလောဆယ် “ပညာရေးအတွက်“ ခေါင်းစဉ်တပ်ပြီး လမ်းပေါ်ထွက် “ဆန္ဒပြ”
သူတွေကိုပဲကြည့်ပါ ။ ဘာမျှနားမလည်ရှာတဲ့ တူ-သားအရွယ်”ကလေးငယ်တွေ”ကို မြှောက်ပင့်ပေးကာ
လမ်းပေါ်တင်ပေးလိုက်ခြင်းသာပါ ။ သူတို.ကတော့ “ပုဆိုးခြုံထဲမှ”လက်သီးပြပြီး အဲသည် ကလေးများရဲ့
နောက်နားက လိုက်လာကြတာ မဟုတ်ပါလား။ သတ္တိကြောင်လိုက်ကြသည်ဖြစ်ခြင်း။
တစ်ဖက်ကိုပြေးကြည့်လိုက်ပြန်တော့တိုက်နေ - ခိုက်နေကြတာတွေ-သေလိုက်ကြတဲ့ “လူသားတွေ” ၊
အဓိကအနေနဲ. နိုင်ငံအတွက် - ပြည်သူ.အတွက်အသက်ကိုစတေးခဲ့ကြရရှာသော ‘တပ်မတော်သား
များ” မဟုတ်ပါလား - နှမြောစရာကောင်းပါဘိ ။
တကယ်တော့ “တပ်မတော်သား” ဟူသည်မှာ”ပါးစပ်အားလက်ယားတိုင်း” ပြောနေကြ- ရေးနေကြသ
လို“အုံဖွ” လုပ်လို. တပ်မတော်သားဘဝ ရရှိလာခဲ့ကြသူများမဟုတ်သလို“ပေါ့ပေါ့ တန်တန်” နဲ. ရလာ
ကြတဲ့ “တပ်မတော်သားဘဝ” လည်း မဟုတ်ဘူးဆိုတာ ပြည်သူအားလုံး(အထူးသဖြင့်) ပါးစပ်အား -
လက်ယားတိုင်း တပ်မတော်သားများအပေါ်အထင်မှား- အမြင်မှားဖြစ်စေရန် fb ပေါ်မှာ ရေးနေ ပြော
နေကြသူများ သိထားသင့်ပါတယ်။
ဒီကနေ. နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းမှာတာဝန်ယူကာ- ပြည်သူအများ အတွက် အဘက်ဘက်မှစီစဉ်
ဆောင်ရွက်ပေးလျက်ရှိနေကြသူ (တပ်မတော်သားတဖြစ်လဲ)လူကြီးများအနေနဲ.လည်း သူတို.ရရှိ
လာ သော ရာထူးကြီးများသည် ပေါ့ပေါ့တန်တန်-လွယ်လင့်တကူရရှိလာခဲ့ကြသည်မဟုတ်ပါ။ သူတို.
သည် လည်း တိုက်ပွဲပေါင်းများစွာကို ဝင်ရောက် စီမံ-အုပ်ချုပ်-ပါဝင်တိုက်ခိုက်ပြီးမှ ရရှိလာသော ရာ
ထူးကြီး များပင်ဖြစ်ပါ၏ ။ ဤကဲ့သို. နဖူးတွေ. ဒူးတွေ.တိုက်ပွဲများမဆင်နွှဲရမီမှာလည်း လက်တွေ.နှင့်
စာတွေ. သင်တန်းအမျိုးမျိုးကို ချွေးမြေကျသည်အထိတက်ရောက်လေ့ကျင့်ခဲ့ကြရပါတယ်။ ”ချွေးမြေ
ကျများမှ -သွေးမြေကျနည်းမည်” ဟူသည်က သူတို.အတွက် အရေးပါသော ဆောင်ပုဒ်ပါ ။
လက်တွေ.လေ့ကျင့်ရေးစခန်းမှာ ချွေးဖျန်းဖျန်းကျရသလို စာတွေ.လေ့လာ မှတ်သားရသည်ကိုလည်း
လေ့လာကြည့်စေချင်ပါတယ်။
ပြည်သူ.တပ်မတော်သားတို.၏သစ္စာလေးချက်
၁) ငါတို.သည် နိုင်ငံတော်နှင့်နိုင်ငံသားတို.၏ သစ္စာကို စောင့်သိရိုသေပါမည် -
၂) ငါတို.သည် ကျဆုံးလေပြီးသောတပ်မတော်သားတို.၏ သစ္စာကိုစောင့်သိရိုသေပါမည်
၃) ငါ့အားအထက်မှပေးအပ်သောအမိန်.နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်-
၅) ငါ့နိုင်ငံတော်- ငါ့နိုင်ငံသား- ငါ့တပ်မတော်အတွက်ငါ၏အသက်ကိုစွန်.လွှတ်ရန် အဓိဋ္ဌာန်
ပြုပါ၏။
တပ်မတော်နှင့် ပတ်သက်၍ မှတ်သားဖွယ်ရာ အဆိုအမိန်.ဆိုရိုးစကားများ
၁။ ။ ငါ့သား- များ စစ်ထဲဝင်ရင်လေ သူ.ကိုပြောလိုက်စမ်းပါကွာစစ်တပ်ဆိုတာအမှန်သာ
လိုက်နာနိုင်ရင် တကယ့်ယောကျားမြတ်ဖြစ်စေနိုင်တဲ့တရားတွေ သင်ပေးတဲ့ ကျောင်းကြီး
ပေါ့
၂။ ။ ဘုရင့်နောင် ကျော်ထင်နော်ရထာ၏နောင်ရိုးတိုက်ပွဲအဆိုအမိန်.
စစ်သည်တို.၏သဘောထားသည် အင်အား နည်းသည်များသည်ဟူ၍ မဆိုသာ လုပ်ရည်
ကိုင်ရည်-ရဲစွမ်းသတ္တိသာအရင်းခံဖြစ်သည်။ “လှေခွက်ချညည်းကျန် အလံမလှဲ“။
၃ ။ ။ ဒို.တာဝန်အရေးသုံးပါးသည် ရဲဘော်တိုင်း၏ အမျိုးသားရေးတာဝန်
က) ပြည်ထောင်စုမပြိုကွဲရေး
ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး
ဂ) အချုပ်အခြာအာဏာတည်တံ့ခိုငမြဲရေး
၎ ။ ။ တပ်တိုင်း ရဲဘော်တိုင်းထားရှိရမည့် အခြေခံအရည်အချင်း ၅ မျိုး
က) စိတ်ဓါတ်
ခ) စည်းကမ်း
ဂ) သစ္စာ
ဃ) စည်းလုံးမှု
င) စွမ်းရည် ၃ ရပ်ပြည့်စုံမှု
၅ ။ ။ တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖေါက်
၆ ။ ။ တပ်မတော် အင်အားရှိမှတိုင်းပြည် အင်အားရှိမည်
၇ ။ ။ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းခင်းအပေါ်ထားရှီသောမေတ္တာတရားသံယော
ဇဉ်တရား- သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်။
၈။ ။ ထားရှိသင့်သော တိုက်ပွဲဝင်စိတ်ဓါတ်
က) ကြံ့ခိုင်သည့်စိတ်ဓါတ
ခ) စွန်.လွှတ် စွန်.စားသည့်စိတ်ဓါတ
ဂ) ကျည်တစ်တောင့် လူလတစ်ယောက်ကျန်စည်အထိ တိုက်ရဲသည့်စိတ်ဓါတ်
ဃ) တပ်မတော်၏ဂုဏ်ကို အသက်စွန်.ပြီး မြှင့်တင်လိုသည့်စိတ်ဓါတ်
င) အချင်းချင်း ရိုင်းပင်း ကူညီလိုသည့်စိတ်ဓါတ်
စ) ရဲဘော ရဲဘက်စိတ်ဓါတ်
၉ ။ ။ ဘယ်သူခွဲခွဲ ဒို.မကွဲအမြဲစည်းလုံးမည်
၁၀ ။ ။ တပ်မတော်၏ အစဉ်အလာကောင်း (၁၂ ) ရပ်
၁) မျိုးချစ်စိတ်ဓါတ်ဖြစ်သည်-
၂) စည်းကမ်းကောင်းသော တပ်မတော်ဖြစ်သည်-
၃) သစ္စာရှိသော တပ်မတော်ဖြစ်သည် -
၎) စည်းလုံးညီညွတ်သော တပ်မတော်ဖြစ်သည်-
၅) စွမ်းရည်ရှိသော တပ်မတော်ဖြစ်သည် -
၆) စွန်.လွှတ် - စွန်.စားသောတပ်မတော်ဖြစ်သည်-
၇) တစ်ဦးချင်း ကိုယ်ကျိုးကို ပဓါနမထားသောတပ်မတော်ဖြစ်သည် -
၈) စိတ်ဓါတ်မြင့်မြတ်သော တပ်မတော်ဖြစ်သည်-
၉) အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့်ရဲစွမ်းသတ္တိရှိသော တပ်မတောဖြစ်သည်-
၁၀) အပင်ပန်း အဆင်းရဲခံနိုင်သည့် တပ်မတော်ဖြစ်သည်-
၁၁) ဇွဲလုံ.လ ဝီရိယရှိသော တပ်မတော်ဖြစ်သည်-
၁၂) ဒို.တာဝန် အရေးသုံးပါးကို အမြဲ ဦးထိပ်ပန်ဆင်သောတပ်မတော်ဖြစ်သည် ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
Subscribe to:
Post Comments (Atom)
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
-
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ်...
-
ဒီပို့ လေးကို အလင်းရောင်ကြယ် ဘလောက်ဂါမှတစ်ခုမှဖတ်မိယင်းကူးယူ၍ ဗဟုသုတရသလေးဖြစ်ဝေမျှလိုက်ပါတယ် စာချစ်သူတို့  . မြတ်စွာဘုရားဟောခဲ့ သော ကျမ်...
-
အလွန်ကောင်းသော ဆုံးမ-လမ်းညွှန်ချက်များဖြစ်သောကြောင့်(သိပြီးသူများမှအပ) မသိသေးသူများအတွက် ကူးယူ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန...
-
မကြာသေးတဲ့ တစ်ချိန်က ဘတ်မိလိုက်ရတဲ့ စာပိုဒ်လေးတစ်ပုဒ်ကြောင့် ဒီဆောင်းပါး ကို ရေးမိလျက်သားဖြစ်သွားတယ်ဆိုရင် မှားမယ်မထင်ပါ။ ခေါင်းစဉ်က ” ပွဲ...
-
ကလေးတို့ရေ “ ဝဋ် ”ဆိုတဲ့စကားတစ်လုံးရဲ့ သဘောက အင်မတန် ကျယ်ပြောလှပါတယ် ။ တို.များ လူသားတွေဆိုတာကလည်း လောဘ -ဒေါသ- မောဟ ဆိုတဲ့ ကိလေသာ တရားတွေနဲ....
-
“မမှားသော ရှေ.နေ - မသေသော ဆေးသမား ” ဤလောကသားများအလယ်မှာမရှိသ လောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက ကင်းသူဟူ၍ ရှာမတွေ....
-
၆၈-ကြိမ်မြောက် တပ်မတော်နေ. “မနက်ဖြန် တပ်မတော်နေ. ပန်းကုံးစွပ် ကြိုဆိုရမယ်နော် မရွှေကျော့“ နဝရတ်ရိပ်သာမှာနေတဲ့ မမခင်(ယုဝတီခင်စိန်လှိုင်)...
-
ဆေးဘက်ဝင်ကောင်းကျိုးမှာ ============== ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ...
-
ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။ တို.များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း ဝါဝင်ကြရပြန်ပြီလေ ။ ...
-
ကလေးတို.ရေ - “ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့ အလုပ်လေးတွေများနေလိုနောက်ကျသွားရပါတ...
No comments:
Post a Comment