ဆရာမခံယူချက်ကလေးပါ
- Sayama May
- “ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။
ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ
Monday, February 16, 2015
နှစ်ဦးချိန်ခါ ထူးခြားစွာသော မှတ်တမ်းလွှာ
ဒီ၂၀၁၅ - ခုနှစ်ကိုတော့ဖြင့် - ကလေးတို.ဆရာမအတွက် “ခရီးသွားနှစ်” အဖြစ် သတ်မှတ်ရမယ်ထင် ပါတယ် ။
နှစ်ဦးအစ ဇန္နဝါရီလ ၁၅- ရက်နေ.နံနက်မှာရန်ကုန်ရောက်ပြီး ညနေပိုင်းမှာ နေပြည်တော် ကိုခရီးဆက်ခဲ့ရတယ်လေ။
နေပြည်တော်မှ၂-ညတာနားပြီး မန္တလေးကို အပြေးသွား-ဘုရားတွေဖူးပြီး “မန္တလေးတောင်” ကို တစ်ခေါက်ပေါ့ ။
၁၉-ရက်နေ. ဘန်ကောက်ပြန်ရောက်ပြိးသိပ်မကြာခင်မှာပဲ - “ပြည်ထောင်စုနေ.အကြိုဟောပြောပွဲ” အတွက်
ဖိတ်ကြားခြင်းနဲ.“မင်္ဂလာဒုံတပ်မတော်များကျောင်း” ရဲ့ ဆရာကန်တော့ပွဲနဲ.မိတ်ဆုံပွဲကို တက် ပေးဖို. ကြုံလာပြန်
ပါတယ်။ ဆယ်စုပေါင်းများစွာ တက်ရောက်ခြင်းမပြုနိုင်ခဲ့တော့မငြင်းနိုင်ပေဘူးပေါ့ ။
ဒီလိုနဲ.ဖေဖေါ်ဝါရီလ ၅- ရက်နေ.ညနေပိုင်းရန်ကုန်ရောက်ရပြီး ၆-ရက်နေ. ၁၀- နာရီမှာ“ဒေါ်ခိုင်ဝါ”နဲ.အတူ
ပဲခူးက အထက(၁) ဟောပြောပးဖို.ကိုရောက်ခဲ့ပါတယ်။
မြည်ထောင်စုနေ. အကြို ဟောပြောပွဲ အထက(၁) ပဲခူး
အဲဒီနောက် ၇ -ရက်နေ.ရောက်ပြန်တော့ အင်္ဂလန်မှ ရောက်နေသူ “ဒေါက်တာလှဘူး(ဦး)”ရဲ့ မိတ်ဆုံ ဧည့်ခံပွဲမှာ
ပါဝင်ဆင်နွှဲရပြန်ပါတယ်။
သီချင်းဆိုပေးနေစဉ် Dr. လှဘူးနဲ. တင်မမ(Ha Na)တို.လာတွဲပြီး ဓါတ်ပုံရိုက်ကြတာပါ ။
မသီတာ-သန်းမြတ်စိုး-ဒေါက်တာလှဘူး-မောင်မော်င်အေး-တင်မမ-ခိုင်ဝါတို.နဲ.အမှတ်တရပါမသီတာ-သန်းမြတ်စိုး
-ဒေါက်တာလှဘူး-မော်ငမော်ငအေး-တင်မမ-ခိုင်ဝါတို.နဲ.အမှတ်တရပါ
ဒေါက်တာလှဘူးနဲ. "သက်ဝေ" ဆိုနေစဉ်ပါဒေါက်တာလှဘူးနဲ. "သက်ဝေ" ဆိုနေစဉ်ပါ
ဂ- ရက်နေ.မနက်ပိုင်းရောက်တော့ မင်္ဂလာဒုံတပ်မတော်ကျောင်းရဲ့ဆရာကန်တော့ပွဲကို သွားပါတယ်။
အဲဒီမှာအားကာဝန်ကြီးဟောင်း”ဗိုလ်ချုပ်ကြီးစိန်ဝင်း”ကို တပ်မတော်ကျောင်းသားဟောင်းအဖြစ် ဆုံခဲ့ရပါတယ် ။
မင်္ဂလာဒုံတပ်မတော်ကျောင်းသားဟောင်း ဗိုလ်ချုပ်စိန်ဝင်း+သူ.ဇနီးနဲ. မောင်ငယ် ဦးညိမ်းဝင်းတို.နဲ.အမှတ်တရပါ
ဆရာ့မိတ်ဆုံပွဲမှအပြန်မန္တလေးသို.ဦးတည်ရတော့ အဝေးပြေးဂိတ်ကို စာရေးဆရာမ“ဝတ်ရည်ခင်(ဒေါ်)” နဲ.
အပြေးလေးပေါ့ ။ မန်းမြေမှာတစ်ညတာအပန်းဖြေပြီး ၁၀- ရက်နေ.မနက်ပိုင်း ကျောင်း ဟောပြောပွဲမှာ ပါဝင်
ဆင်နွှဲခဲ့ကာညနေရောက်တော့ခြေထောက်နာကြီးနဲ.မန်းမြေက“ချမ်းမြ သာစည်” လေယာဉ်ကွင်းကိုဆင်းခဲ့တယ်ပေါ့။
(Lady Gaya)ဒေါ်အေးအေးမွန်ရဲ့ အိမ်မှာ စာရေးဆရာမ "ဝတ်ရည်ခင်"နဲ.အမှတ်တရပါ
ဒုဋ္ဌဝတီမြစ်ကမ်းမှာ ဒေါ်အေးအေးမွန်+ဒေါ်ဝတ်ရည်ခင်တို.နဲ အမှတ်တရပါ
ပြည်ထောင်စုနေ.အကြိုဟောပြောပွဲ - မန်းပြည်ထောင်စုနေ.အကြိုဟောပြောပွဲ - မန်း
ကျောင်းအုပ်ကြီးမှ အမှတ်တရ လက်ဆောင်ချီးမြှင့်စဉ်ကျောင်းအုပ်ကြီးမှ အမှတတရ လက်ဆောင်ချီးမြှင့်စဉ်
မန္တလေးလေယာဉ်ကွင်းမှာပါမန္တလေးလေယာဉ်ကွင်းမှာပါ
၁၂-ရက်နေ.က ဘန်ကောက်ပြန်ရောက်ပေမဲ့ဒီနေ.( ၁၆-၂-) အထိ အိမ်တွင်းပုံး လုပ်နေရတယ်။ခြေထောက် နာတာ
မပျောက်သေးလို.ပါ ။ သံရုံးကဖုံးဝင်လာပြန်တယ်-“ ASEAN နိုင်ငံများအစား အစာပွဲတော်” အတွက် အစည်းအဝေး
တက်ဖို.ပါ ။ နောက်ဆုံးတော့အိမ်ကပဲ အစည်းအဝေး တက် လိုက်ရပါတယ် (ဖုံးနဲ.) ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
Subscribe to:
Post Comments (Atom)
ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်
-
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ်...
-
ဒီပို့ လေးကို အလင်းရောင်ကြယ် ဘလောက်ဂါမှတစ်ခုမှဖတ်မိယင်းကူးယူ၍ ဗဟုသုတရသလေးဖြစ်ဝေမျှလိုက်ပါတယ် စာချစ်သူတို့  . မြတ်စွာဘုရားဟောခဲ့ သော ကျမ်...
-
အလွန်ကောင်းသော ဆုံးမ-လမ်းညွှန်ချက်များဖြစ်သောကြောင့်(သိပြီးသူများမှအပ) မသိသေးသူများအတွက် ကူးယူ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန...
-
မကြာသေးတဲ့ တစ်ချိန်က ဘတ်မိလိုက်ရတဲ့ စာပိုဒ်လေးတစ်ပုဒ်ကြောင့် ဒီဆောင်းပါး ကို ရေးမိလျက်သားဖြစ်သွားတယ်ဆိုရင် မှားမယ်မထင်ပါ။ ခေါင်းစဉ်က ” ပွဲ...
-
ကလေးတို့ရေ “ ဝဋ် ”ဆိုတဲ့စကားတစ်လုံးရဲ့ သဘောက အင်မတန် ကျယ်ပြောလှပါတယ် ။ တို.များ လူသားတွေဆိုတာကလည်း လောဘ -ဒေါသ- မောဟ ဆိုတဲ့ ကိလေသာ တရားတွေနဲ....
-
“မမှားသော ရှေ.နေ - မသေသော ဆေးသမား ” ဤလောကသားများအလယ်မှာမရှိသ လောက်ကို ရှားလှမယ်ထင်ပါတယ် ။ လူ.အသိုင်းအဝန်းမှာကြည့်ပါက ကင်းသူဟူ၍ ရှာမတွေ....
-
၆၈-ကြိမ်မြောက် တပ်မတော်နေ. “မနက်ဖြန် တပ်မတော်နေ. ပန်းကုံးစွပ် ကြိုဆိုရမယ်နော် မရွှေကျော့“ နဝရတ်ရိပ်သာမှာနေတဲ့ မမခင်(ယုဝတီခင်စိန်လှိုင်)...
-
ဆေးဘက်ဝင်ကောင်းကျိုးမှာ ============== ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ...
-
ကလေးတို.ရေ -- ဘာလိုလိုနဲ. တစ်ဝါဆိုခဲ့ပြန်ပြီနော် ။ တို.များ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ သာသနာ့ဘောင်အတွင်းက သံဃာတော်များလည်း ဝါဝင်ကြရပြန်ပြီလေ ။ ...
-
ကလေးတို.ရေ - “ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့ အလုပ်လေးတွေများနေလိုနောက်ကျသွားရပါတ...
No comments:
Post a Comment