ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, January 29, 2015

မပြောချင်ပါသော်လည်း -

တနေ.က FB မှာ အမှတ်မထင် နားဆင်လိုက်မိတဲ့ ပညာရှင်များရဲ့ဆွေးနွေးချက်ကလေးတွေ- ခရီးဝေး ကိုအနီးကလေးလို.ယူဆပြီး အပြေးလေး လျှောက်လှမ်းနေကြတဲ့ ဆန္ဒပြကျောင်းသား (အမည်ခံ) တွေရဲ့သတင်းတွေ- စုံနေ- စုံနေတာပါပဲ --- တချို.က ”ကျောင်းသားလေးတွေကို အကာအကွယ်ပေးကြပါ”-လို.ရေးနေသလို အချို.ကလည်း “မိဘပြည်သူများအနေနဲ.သားသမီးချင်း ကိုယ်ချင်း စာပြီး ဆန္ဒပြလာကြတဲ့ကျောင်းသားတွေကို ကူညီဖေးမ စောင့်ရှောက်ပေးကြပါ” ဆိုပဲ ၊ ကဲ-- ဒါဆိုလည်း တစ်ခွန်းတည်းပဲ မေးပါရစေလား - “ဒီကျောင်းသား(အမည်ခံ)ဆန္ဒပြသူတွေကကော ဘယ်သူပြောလို.(ဘယ်လောဘ) နဲ.ဒီလို ဒေါထလာကြရတာပါလဲ?” သူတို.”အပြော” - သူတို.“စောဒက” ကြားရတဲ့စကားလေးကတော့“ပညာရေးဥပဒေ ပြင်ဆင်ရေး” တဲ့။ “ပြည်သူ.လွှတ်တော်”တစ်ခုလုံးရှိနေပြီး “လွှတ်တော်ကိုယ်စားလှယ်” တွေကိုလည်း “မြို.နယ်အလိုက်“ပြည်သူတွေအကြိုက်ရွေးကောက် တင်မြှောက် ခဲ့ကြတာပဲ မဟုတ်ပါလား ။ ဒီ လွှတ်တော်အမတ်တွေ-လွှတ်တော်ကိုယ်စားလှယ်တွေကိုဘယ်မှာသွားထားကြပါလိမ့်။ ဘာ့ကြောင့် လွှတ်တော်မှာ တင်ြ ပြပြီးဆွေးနွေး တောင်းဆိုမှု မပြုကြပဲ-ဘာ့ကြောင့်များ ဒါလောက် အပင်ပန်း ခံ-ဆန္ဒပြချင်ကြတာလဲ ။ ပြည်သူလူထု အများစု စိတ်ပင်ပန်း- စိတ်မချမ်း သာ စရာတွေဖြစ်အောင် ဘာ့ကြောင့်များ လှုံ.ဆော် ချင်ကြရတာလဲ ။ တကယ်တော့ --------------------------------------- “ပြည်သူကိုယ်စားလှယ်” ဆိုတာသက်ဆိုင်ရာ မြို.နယ်လူထုကိုယ်စားလိုအပ်သမျှကို လွှတ်တော် သို.တင်ပြရမယ်- ဘာလိုအပ်သလဲ ပြည်သူ.များရဲ့ ကိုယ်စား လွှတ်တော်မှာတင်ပြဆွေးနွေး တောင်းဆိုပေးရပါမယ်။ အဲဒီလို တင်ပြ-ဆွေးနွေး တောင်းဆိုလို.မရမှ တစ်ဆင့်တက်ပြီးဘာလုပ်သင့်တယ်ဆို တာကိုစဉ်းစား လုပ်ဆောင်ကြရမှာမဟုတ်ပါလား။ ဒီ “ပညာရေးစနစ် ပြုပြုင်ပြောင်းလဲရေး” နဲ.ပတ်သက်ပြီးသက်ဆိုင်ရာ တာဝန်ခံ - ဆရာကြီး ဆရာမကြီးများနဲ. ပညာရှင်များကလည်း လေ့လာ ညှိနှိုင်းနေကြဆဲဆိုတာကြားနေ-သိနေပြိးဖြစ်ပါတယ်။ အလားတူ “ ပညာရေးဆိုင်ရာဆန္ဒပြခြင်းများ ” ရှိခဲ့ဖူး- ဖြစ်ခဲ့ဖူးပါ၏။ ဒါကလည်း အင်္ဂလိပ် ကိုလိုနီခေတ်ကပါ။ “ကိုလိုနီပညာရေးစနစ်”မှာ ကြွယ်ဝ - ချမ်းသာသူများ- အရာရှိကြီးများ၏ သားသမီးများသာ ကျောင်းနေခွင့်ရှိပြီးအထက်တန်းပညာကို သင်ယူခွင့်ရှိတယ်- ဘီအေ- အိုင်အေ -စသော ရိုးရိုးဘွဲ.ကိုသာ ရယူနိုင်တဲ့ကောလိပ်ကျောင်းတစ်ခုသာ ရရှိတဲ့အတွက် ဆရာဝန် - အင်ဂျင်နီယာပညာတွေ သင်ယူခွင့်မရခဲ့ကြပါ ။ အဲဒီခေတ် အဲဒီအချိန်မှာ အိန္ဒိယက ”ဒါဂျီလင်” ကောလိပ်မှာ အလွန်နာမည်ကြီးခဲ့ပါတယ် ။ ရုပ်ရှင်မင်းသားညွန်.ဝင်း(ဦး) သည်ပင် ဒါဂျီလင် ကောလိပ် မှ ဘွဲ.ယူ ခဲ့သူဖြစ်ပါတယ် ။ ဒါ့ကြောင့် အထက်တန်းနှင့် တက္ကသိုလ်မှ“ဗိုလ်အောင်ကျော်”စသော ကျောင်းသားမဂ္ဂခေါင်းဆောင်များ ဦးဆောင်ကာ “ကိုလိုနီပညာရေးစနစ်” ကိုဆန်.ကျင်ဆန္ဒပြခဲ့ကြခြင်းပဲဖြစ်ပါတယ် ။ ”( အင်္ဂလိပ်အစိုးရ အနေနှင့် ဆန္ဒပြ-ပြည်သူသူများအား သေနတ်ပစ်ပြီး နှီမ်နင်းမှုမပြုခဲ့ပါ (မြန်မာအစိုးရအနေနှင့် အတုယူသင့်ပါတယ်)”။ သေနတ်မသုံးသော်လည်း သက်ဆိုင်ရာ အင်္ဂလိပ်ရဲများက ဆန္ဒပြသူများအားမြင်းများပေါ်မှလိုက်ကာ“ဝါးရင်းဒုတ်”ဖြင့်ရိုက်ရာ “ဗိုလ်အောင်ကျော်” ဦးခေါင်းကို ဝါးရင်းဒုတ်ထိပြီး ကျဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရန်ကုန်မြို.အတွင်းဝင်ရုံးရှေ.မှ လမ်းမကြီးအား“ဗိုလ်အောင်ကျော်လမ်း” ဟု အမည်ပေးကာ ဂုဏ်ပြုပေးထားခဲ့ခြင်းပဲဖြစ်ပါတယ်။ ထိုခေတ် ထိုအခါက ယခုအချိန်မှာလို “ ပြည်သူ.လွှတ်တော်” ဆိုတာ ဝေးစွ-“ ပြည်သူ.ကိုယ်စားလှယ်-လွှတ်တော်အမတ်” ဆိုသည်ကို ကြားမျှပင်မကြားဖူးခဲ့ကြောင်းသိရပါတယ်။ ယနေ.ခေတ် -ယခု အချိန်သည် ကိုယ့်လူမျိုးအုပ်ချု ပ်နေသောကိုယ့်နိုင်ငံ မဟုတ်ပါလား ။ ကိုယ်ရပ် ကိုယ့်ရွာ ကိုယ်စား အစိုးရနှင့်ထိပ်တိုက်တွေ.ဆုံကာ စကားပြော ညှိ နှိုင်းဆွေးနွေးပေးနိုင်မည့် ” ပြည်သူ.ကိုယ်စားလှယ်- လွှတ်တော်အမတ်” များကိုလည်း မိမိတို.ကိုယ်တိုင်ရွေးချယ် တင်မြှောက်ခဲ့ပြီးပြီမဟုတ်ပါလား။သူတို.မှ တဆင့်ဖြစ်လိုသော-ဖြစ်စေချင်သောဆန္ဒများကို တင်ပြ ဆွေး နွေးပါက အဖြေတစ်ခုခုတော့ဖြင့်မလွဲ မသွေရလာမှာ အသေအချာပါ။ ဒီလို အပြုသဘောနှ ဆွေးနွေးတင်ပြလို.မှ”ရလျင်ရ-မရလျင်တော့ ချ (မိမိပြုခဲ့မိတဲ့ အမှားကြောင့် မိမိကိုယ်ကို မိမိ "ချ")” ပေါ့။ ခုတော့ ဘာ့ကြောင့်များ ( ဘယ်သူ. အားကိုးပြီး) ဆန္ဒတွေစောလို.စိတ်ဓါတ်တွေမာကြောနေကြရတာပါလိမ့် ။“အပ်နဲ.ထွင်း”လို.ရနိုင်ပါလျက်နဲ. “ပေါက်(ပု)ဆိန်”ကို သုံးချင်ကြတာကိုး။ “ရန်လိုပါကရန်နှင့်သာတိုးကြရ” လို.ရှေးဆိုရိုး စကားလည်းရှိပြီးသားပါလေ။ "ဝဋ်"ကြွေးရှီပါကကလည်း ပေးဆပ်ကြရစမြဲပါ ။ အမှန်တော့လည်း ဒီ လက်ရှိ “ပညာရေးစနစ်” ကို ပြင်ရမည့် အချိန်လည်းကျရောက်နေပြီဖြစ်ပါတယ်။မူလတန်းကျောင်းဆရာများမှစပြီး သင်ကြား ရေးဆိုင်ရာ ဘာသာရပ်များကိုလည်းနွေရာသီသင်တန်းများပေးကာ ပြုပြင်သင့်ပါပြီ ။ ဆရာကိုယ်တိုင် ပညာ-အရည်အချင်း မပြည့်မီပါက ဒီကလေးေ တွေဘယ်လို ပညာကောင်းတွေ တတ်ကြတော့မှာပါလဲ။ Fb မှာ ဆွေးနွေးသွားကြသလို ကျောင်းသားသမဂ္ဂကို အခြေခံပညာသင်ကျောင်းများမှာဖွဲ. ရန်မလိုပါ။ တက္ကသိုလ်များမှာသာဖွဲ.စည်းရန်လိုအပ်ပါတယ်။ အခြေခံပညာရေးကျောင်းများမှာအလိုအပ်ဆုံးတော့” အမျိုးးသား/ အမျိုးသမီး ကင်း ထောက် နဲ. မူလတန်းအတွက် ဝံပုလွေ ”အဖွဲ.လေးများဖွဲ.စည်းပေးရန် ဖြစ်ပါတယ် ။ ဒါ့အပြင် “ရှေ.ဦးသူနာပြုသင်တန်း” သည်လည်း လိုအပ်ပါတယ်။ ဤသင်တန်းများ အတွက်ဘတ်ဂျက်တစ်ရပ်ကို သတ်မှတ် ခွင့်ပြုပေးရန်ကိုလည်း အစိုးရအနေနှင့်အထူး စီစဉ်ပေးသင့်ကြောင်း အလေးအနက် တင်ပြအပ်ပါတယ် ။ နောက်ဆုံး အနေနဲ.ပြောချင်တာကတော့ မည်သူမဆို- မည်သူဖြစ်စေ- ၁) မိမိ နေရာရှိရေးအတွက် - မိမိကောင်း စားရေးအတွက် အနာဂတ်ရဲ့ကြယ်ပွင့်လေးများဖြစ်တဲ့ ကျောင်းသားလေးများကို “ဓါးစာခံ” မလုပ်ပါရန်- ၂) အကယ်၍ မိမိပါတီ- မိမိအဖွဲ.၏ လိုလားချက်များ ရှိလာပါကလည်း၎င်းအ ဖွဲ.အစည်းများကိုယ် တိုင် (သတ္တိရှိရှိဖြင့်) ရင်ဆိုင် တောင်းဆိုပါ-ဘာမှန်း ညာမှန်း မသိကြသေးသော ကျောင်းသား လူ မ- မယ်လေးများကို (အရေးကြုံက မင်းတို.သာသေကြ ဆိုတဲ့သဘောနဲ.) ရှေ.တန်းတင် ထားပြီး ခုတုံးမလုပ်ကြပါရန်-- ၃) မြန်မာလူမျိုးအချင်းချင်း (မြန်မာစကားဖြင့်) အဖြေတစ်ခုထွက်လာသည့်တိုင် ဆွေးနွေး ညှိနှုင်း ကြပါရန် -- အနူးအညွတ် ပန်ကြားချင်ပါတယ်- အားလုံး အမြင်မှန်ရကာ ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter