ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, October 22, 2014

“ကော့ဖန်ငန်း ခေါ် ဖန်ငန်းကျွန်း” သို.တစ်ခါ - တစ်ခေါက်

ငယ်စဉ်ကတည်းကစပြီး မရောက်ဖူးသောဒေသ - ရောက်နိုင်ခဲသောနေရာမှန်သမျှ စိတ်ဝင်စားလှတဲ့အတိုင်း ကျောင်းရက်ရှည် ပိတ်သည်နှင့် အချိန်ဆိုင်းမနေပဲ သူငယ်ချင်းများစုကာ သွားရောက်ခဲ့ကြစမြဲပါ ။( အော်--သည်အချိန်တွေကတော့ ကုန်လွန်ခဲ့ပါပြီ) ။ ဒီကနေ. ဒီကာလမှာကော-- ထူးမခြားနားပါ ။ အခွင့်ကြုံလို. အချိန်ရောက်လာပြီဆိုတာနဲ. နှောင့်နှေးမှုမရှိပဲ အပြေးအလွှား အရောက်သွား ခဲ့သည်ချည်းပါ ။ ထိုင်းနိုင်ငံတောင်ပိုင်းဒေသက “ ကော့ဖငန်း” ခေါ် “ဖန်ငန်းကျွန်း” ကျွန်းသို. ရောက်ခဲ့ပြန်ပါတယ် ။ ဒေသခံ “ဦးဇော်မင်းလှိုင်” ရဲ့ ကျေး ဇူးကြောင့်ပါ ။ ဘန်ကောက်မှ ညဦးပိုင်းမှာ ထွက်လာတဲ့ ခရီးသည်တင်ယာဉ်ကြီးမှာ နောက်တစ်နေ.နံနက် ၆ -နာရီကျော်မှာ “စူရတ်ဌာနီ”အမည်ရတဲ့ ကျွန်း ကိုရောက်ပါတယ်။ အဲဒီကမှတဆင့် ပင်လယ်ကူးသင်္ဘောကြီးပေါ်တက်ပြီး ဖန်ငန်းကျွန်းသို.ခရီးဆက်ရပါတယ် ။ ခရီးသည်များက အပေါ်ထပ်မှာ ထိုင်ြပီးလိုက်ပါရသလို စီးလာတဲ့ခရီးသည်တင်ယာဉ် ကြီနဲ. အခြားသော မော်တော်ယာဉ်များကတော့ သင်္ဘော ကြီးရဲ့ အောက်ဆုံးထပ်မှာ တင် ဆောင်ခဲ့တာတွေ.ရပါတယ် ။
“စူရတ်ဌာနီ”မှ “ဖန်ငန်းကျွန်း”ကို ၂- နာရီ ခွဲကျော်ကျော် သွားရပါတယ်။“ဖန်ငန်းကျွန်း” ရောက်တော့ “ဦးဇော်မင်းလှိုင်”လွှတ်လိုက်တဲ့ အကြို တော် “မရှားလဲ့” ကမော်တော်ဆိုင်ကယ်နဲ.လာကြိုရှာပါတယ်။ မတ်စောင့်သော တောင်ကုန်းအဆင်း-အတက်များကို ကြဉ် လည်စွာမောင်းနိုင်တဲ့ ဒီကလေးမ - မချီးကျူးပဲ နေလို.မရတဲ့အထိဖြစ်ခဲ့မိပါတယ်။
“ဖန်ငန်းကျွန်း” တောင်ကုန်းပေါ်မှ “တည်းခိုရိပ်သာ” လေးကလည်း အေးချမ်း-သာယာ လှပါဘိ ။
အနားယူ နေစဉ်မှာပဲ “ဦးဇော်မင်းလှိုင်” တို.လာရောက် နှုတ်ဆက်ပြီး အကြို ဆွေးနွေးပွဲ လေးလုပ်ခဲ့ပါတယ်။ နေ.လည်စာထမင်းကိုလည်း ဦးဇော်မင်းလှိုင်ဝယ်လာတဲ့အတွက် အခန်းမှာပဲစားပြီး အနားယူလိုက်ရပါတယ် ။
ညနေပိုင်းအစည်းအဝေးပြုလုပ်ရာသို. တက်ရောက်ခဲ့ပြီး နောက်နေ.မှာတော့ အလွန် ရိုးသား ပွင့်လင်းသော“ဦးဇော်မင်းလှိုင်”နဲ. ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါတယ် ။ ပုံ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter