ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Wednesday, October 8, 2014

ဝါလကင်းလွတ် သီတင်းကျွတ်ပြန်ပါပြီ

ဝါလကင်းလွတ် သီတင်းကျွတ်ပြန်ပါပြီ ဘာလိုလိုနဲ. တစ်ဝါဆိုပြီးပြန်တော့ ခုတစ်ခါ ဝါလကင်းလွတ်လို.သီတင်းကျွတ်ချိန်သို. ရောက်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။ “မြန်မာလူမျိုး နဲ. မြန်မာ့ယဉ်ကျေးမှု” ဆိုသည်ကလည်း “ဗြဟ္မစိုရ်တရားလေးပါး” ကို အခြေတည်ထား ခဲ့သည်မို. အံ့သြလို. မကုန်နိုင်သည်အထိ ထူးခြားသိမ်မွေ.လျက်ရှိ သည်ကိုဖြင့် ငြင်းချက်ထုတ်နိုင်မည် မဟုတ်ပါ။ အခုလို “ဝါလကင်းလွတ်လို. သီတင်းကျွတ်” ချိန်သို. ရောက်ပြီဆိုမှဖြင့် ရဟန်း - သံ ဃာတော်များ "ဝါထွက်-ဝါကျွတ်" ကြပြီး မိမိတို.ကြွလိုရာသို. ကြွနိုင်ကြပြီဖြစ်ပါတယ်။ ထို.အတူပါပဲ ပုထုဇဉ် လူသားများအနေနဲ.လည်း မိမိတို."ကာယကံ-ဝစီကံ-မနောကံ- စသည့် ကံတစ်ပါးပါးဖြင့် ပြစ်မှားမိခဲ့ပါက ခွင့်လွှတ်ပေးပါရန်“ မိဘ-ဆရာ-လူကြီး သူမ များ” အား သွားရောက် ကန်တော့ - တောင်းပန်ကြသော ချစ်စရာ့ မြန်မာ့ဓလေ့ ထုံး တမ်းစဉ်လာလေးမှာလည်း နိုင်ငံတကာ့အလယ်မှာ လွန်စွာထူးခြား တန်ဖိုးထားလျက် ရှိသော အလေ့အကျင့် တဆစ်ခုပဲဖြစ်ပါတယ် ။ ဆိုလိုသည်ကတော့ ဤကဲ့သို.သော “ ဝါကျွတ် ကန်တော့ပွဲ ” များကိုလည်း မြန်မာ နိုင်ငံမှ လွဲ၍ မည်သည့်နိုင်ငံ - မည်သည့်ဒေသတွင်မှ မပြုလုပ်ကြသည်ကလည်း တကယ့်ကို ထူးခြား အလေးထားစရာပါ ။ အခု အမှတ်တရ တင်ဆက်ပေးလိုက်တဲ့ (ဂီတစာဆို “ကိုလေးလွင်” ရေးစပ်ပေးခဲ့တဲ့) “ဆရာမတို. ငယ်ငယ်တုံးက” သီချင်းလေးကို - အခု သီတင်းကျွတ်လပြည့်နေ.- နေ. လည်ပိုင်းက မြန်မာ့အသံ ရေဒီယိုမှ ထုတ်လွှင့်လိုက်သည်ကို ပြန်လည်ဝေ မျှ “ဝါကျွတ် လက်ဆောင်”အဖြစ်ဖွင့်ပေးလိုက်ပါရစေ။ ဒီပုံလေးကတော့ နေပြည်တာ် မြန်မာ့အသံမှာ အသံသွင်းခဲ့စဉ်ကပါ
ဒီစာတန်းကို ကလစ်လိုက်ပါ- အခြားစာမျက်နှာမှာ ပေးလာတဲ့ မျှားလေးကိုထပ် ကလစ် လိုက်ရင် အသံပေါ်လာပါလိမ့်မယ် ဟောဒီ “ဝါကျွတ်ဒိုးပတ်သံ” တေးလေးကတော့ ကိုယ်တိုင်ရေးပြီး ”ကိုစောမင်းနောင်” ဦးဆောင်သော မြန်မာ့အသံအဖွဲ.မှ သီဆိုထားသည်ကို နားဆင်ကြည့်ပါရန် အထူး လက်ဆောင်အဖြစ် ထုတ်လွှင့်ပေး လိုက်ခြင်းလည်းပါတယ် ။ https://app.box.com/s/hrbhiqn11i6q45yoqymj အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter