ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, August 30, 2014

စိတ်ဖိစီးမှုကို ဘယ်လို ဖြေရှင်းကြမလဲ

ဒီဆောင်းပါးလေးကတော့ နေပြည်တော် မြန်မာ့အသံ- “ လူငယ်မှတ်သား-သုတစကား ” ကဏ္ဍမှ အသံလွှင့်ခဲ့တဲ့ဆောင်းပါးလေးပါ။ ဒီကနေ. လူငယ် လူရွယ်လေးများအတွက် အပါတ်စဉ် အင်္ဂါနေ. ညနေ(မြန်မာစံတော်ချိန် ၄း၄၀ နဲ. သောကြာနေ. နံနက် ၁၀း၄၀) မှာထုတ်လွှင့်လျက်ရှိပါတယ်။ Computer ရှိရင်တော့ internet မှာ (www.mrtv.gov.mm) ကိုကလစ်ပါ - ပေါ်လာမယ့် မြန်မာ့ ရုပ်မြင် မှာ မျှားလေးတွေ ပါတဲ့ Radio ကိုရွေးပြီးမျှားလေးကိုကလစ်ပါ-နားဆင်လို.ရပါပြီ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ====================================================================================== (ဆရာတော် နန္ဒာ ဘိဝံသ ၏ တရားတော်ကို မှီငြမ်း ရေးသားခြင်းဖြစ်ပါသည်) ဒီပုံကတော့ နေပြည်တော် MRTV Radio အသံလွှင့်ခန်းမှာ တာဝန်ခံ အရာရှိ ဒေါ်အေးအေးစိုးနဲ.အမှတ်တရပါ
မင်္ဂလာပါ ကလေးတို.ရေ--- ဒီနေ. ကလေးတို.အတွက် “ စိတ်ဖိစီးမှုကို ဘယ်လို ဖြေရှင်းကြမလဲ“ ဆိုတဲ့ ခေါင်းစဉ်လေး နဲ. ဆွေးနွေးသွားဖို.စီစဉ်ထားပါတယ် ။ ကလေးတို.ရေ------ တို.များလူသားတွေဆိုတာက လောဘ-ဒေါသ-မောဟ ဆိုတဲ့ကိလေသာတွေ နဲ.ကင်းကွာပြီး နေနိုင် ကြတာမ ဟုတ်ဘူးနော်- မိုးလင်းကမိုးချုပ် လူရောစိတ်ပါအလုပ်တွေ ရှုပ်နေ လိုက်ကြရတာလေ။ တစ်နေ.တာအချိန်အတွင်း လောဘလေးပေါ်လိုက် အလိုမကျတဲ့အခါမှာတော့ ဒေါသလေးဖြစ်လိုက် တစ်ချိန်တစ်ခါမှာလည်း မောဟလေးဖုံးလိုက်နဲ.ရင်ဆိုင်ကြုံတွေ.နေကြရတာမဟုတ်ပါလား။ ဒီလိုပါပဲ လောက လူသားတွေဖြစ်တဲ့ လူငယ်လူရွယ် အသိုင်းအ၀ိုင်းထဲမှာလည်း ရံဖန်ရံခါ စိတ်ညစ်စရာတို.စိတ်မကျေနပ်စရာတို.ဆိုတာ တွေ့လာတတ်ပါတယ်။ တစ်ခါတစ်ရံတော့လည်း စိတ်ထဲမှာ အလိုမကျတာတွေ တွေ့လာတတ်သလို တစ်ခါတစ်ခါမှာ စိတ် မထိန်းသိမ်းနိုင် လောက်အောင်ပဲ ပေါက်ကွဲမှုမျိုးတွေ ဖြစ်လာတတ်တယ်နော် ။ အဲဒီလို စိတ်အကျဉ်းအကြပ်တွေခံစားရတာ ကို “ စိတ်ဖိစီးမှု = Stress “ လို.ခေါ်ဆိုကြခြင်းပဲဖြစ်ပါတယ်။ အဲဒီလို စိတ်ဖိစီးမှု- စိတ်အကျဉ်းအကြပ်တွေများလာတဲ့အခါ အချို့က စိတ်ဖိစီးမှုတွေက ထွက်ပေါက်ရှာကြ တဲ့အနေနဲ့ မူးယစ်ဆေးဝါးတွေ အသုံးပြုကြပါတယ်။ အရက်သေစာတွေ သောက်စားကြပါတယ်။ အဲ-- တချို.လူငယ်တွေကျတော့ အပျော် အပါးလုပ်စားတဲ့ အိမ်တွေ အခန်းတွေကိုသွားကြတယ်- အဲဒီနည်းကို သူတို.ကြုံတွေ.ခံစားနေရတဲ့ စိတ်ဖိစီးမှုကိုဖျောက်ဖျက်ပြစ်ဖို.အတွက် ထွက်ပေါက်ဆိုပြီး အသုံးပြုတတ်ကြခြင်းပဲဖြစ်ပါတယ် ။ ၂ တကယ်တော့ အဲဒီနည်းတွေအားလုံးဟာ မမှန်ကန်တဲ့ အဲ- မှားယွင်းတဲ့ ထွက်ပေါက်ရှာခြင်းပဲလို.ဆိုရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပြဿနာတစ်ရပ်နဲ.ရင်ဆိုင်ကြုံတွေ.လာတဲ့အခါ ဒီပြသနာကို မေ့ဖျောက်ပြစ်ဖို့ ကြိုးစားတတ်ကြတယ်-ဒီအခါမှာ အာရုံတစ်ခုခုနဲ့ လွှဲဖယ်အစား ထိုးပြီး တကယ်စိတ်ဖိစီးနေတာကို ဖယ်ရှားပစ်ဖို့မကြိုးစားဘဲနဲ့ ခေတ္တခဏမေ့သွားအောင် တခြားနည်းလမ်းတွေနဲ့ထွက်ပေါက်ရှာကြပါတယ်။ အဲဒီထွက်ပေါက်ကလည်း တကယ့်အစစ်အမှန် ထွက်ပေါက်မဟုတ်တဲ့အတွက် ပြဿနာထဲမှာပဲ ပြန်ပြီး တစ်ဝဲလည်လည် ဖြစ်နေတတ်ပါတယ်။ ဒီလိုနည်းမမှန် လမ်းမကျတဲ့ ထွက်ပေါက်ရှာနည်းတွေကို အသုံးပြုကြသူတွေအနေနဲ.လည်း ဖိစီး မှုမှကင်းလွတ်နိုင်တဲ့ တကယ့်ငြိမ်းချမ်းတဲ့ ဆီကို ရောက်မသွားဘဲ ဖိစီးမှု အကျဉ်းအကြပ် အတွင်း ထဲမှာ တ၀ဲလည်လည်နဲ့ ရှိနေမှာဖြစ်တဲ့အပြင် ထွက်ပေါက်နဲ. မတွေ.ပဲ ရှာရင်း- ရှာရင်းနဲ. ဒုက္ခတွင်း ထဲ သက်ဆင်း ကျရောက် သွားကြတာလည်း တွေ.ဖူး ကြုံဖူးကြမှာပါ ။ ကလေးတို.ရေ---- အဲဒီလို နည်းမမှန် လမ်းမကျတဲ့ ဖိစီးမှု အကျဉ်းအကြပ်အတွင်းမှ လွတ်ကင်းရန် ကြိုးစားအားထုတ်သူတွေအနေနဲ. အကျဉ်းအကျပ်တွေက ပိုပြီးများလာတာတွေ.ရပါတယ်။ ပြဿနာ တစ်ခုကနေ ပြဿနာနှစ်ခု ၊ သုံးခု စသဖြင့်ပေါ့နော်- တိုးတိုးပြီးကျဉ်းကြပ်လာ တတ်ပါ တယ်။ ဒီလို စိတ်ဖိစီးမှု ပြဿနာအတွက် ထွက်ပေါက်ကို မှန်မှန်ကန်ကန်မရှာနိုင်ဘူးဆိုလို့ရှိရင် ဒီလိုပဲပြဿနာတက်နေကြစမြဲပါ။ တချို. ဆိုရင် စိတ်ကိုမထိန်းနိုင်တော့တဲ့အဆုံး အသက်ကိုပါ အဆုံးခံတတ်ကြတဲ့အထိ အဲဒီလမ်းမမှန်တဲ့ ဖြေရှင်းနည်းကဆွဲဆောင် ဆုံးဖြတ်ပေး တတ်ပါတယ်။ မိမိအသက်ကိုမှ တန်ဖိုးမထား - နှမြောရမှန်းမသိတော့ပဲ ကိုယ့်ကိုယ်ကို သတ်သေတတ်ကြတယ် မဟုတ်ပါလား ။ ဒါကြောင့် ကလေးတို.အနေနဲ.လည်း တကယ်လို.များ စိတ်ဖိစီးမှု စိတ်အကျဉ်းအကြပ်တွေနဲ. ရင် ဆိုင်ကြုံတွေ.လာကြရတဲ့အခါ အဲဒီ ဖြေရှင်းနည်းတွေက မှန်ကန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်ဘူး- ထွက်ပေါက်ဟာလည်း မှန်ကန်တဲ့ထွက်ပေါက် မဟုတ်ဘူးလို့သိရှိနားလည် သဘောပေါက်ကြပြီး မိမိတို့မှာ စိတ်ရဲ့ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာကြမယ်ဆိုရင်(လျှင်)ထာဝရ ငြိမ်းအေးတဲ့ နိဗ္ဗာန် ကိုတောင် ရောက်အောင် လှမ်းနိုင်ကြမယ်လို. ဆရာတော် အရှင်နန္ဒ မာလာ ဘိဝံသ -- က ညွှန်ပြ ဆုံးမတော်မူထားပါတယ် ။ ကလေးတိးု.ရေ--- တကယ်လို.များ စိတ်ဖိစီးလာပြီလို.သိလိုက်တာနဲ.တပြိုင်နက် မှန်ကန်တဲ့နည်းနဲ့ ထွက်ပေါက်ရှာဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေးထားတယ် ဆိုတာ သတိရလိုက်ပါ- အဲဒီ မှန်ကန်တဲ့ မြတ်ဗုဒ္ဓရဲ့ လမ်း ညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှု- စိတ် ဖိစီးမှုဒဏ်တွေကို ခံရမှာ မဟုတ်ပဲ လွတ်မြောက်ကြရစမြဲဖြစ်ပါသတဲ့ကွယ်။ ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် မြတ်ဗုဒ္ဓ ညွှန်ပေးတဲ့လမ်းအတိုင်း စိတ်ကလေးကိုငြိမ်အောင်ထားပြီး(အရဟံ-ကိလေသာမြူကင်းတော်မူ သောမြတ်စွာဘုရား)လို. စိတ်ထဲကအဆက်မပြတ် ရွတ်ဆိုနေလိုက်ပါ- ဒါဟာ မြတ်စွာဘုရားကို တိုင်တည်လိုက်ခြင်းပဲဖြစ်ပါတယ် ။ ဒါ့ထက်ပိုလုပ်နိုင်မယ်ဆိုရင်တော့ အသက်ကိုမှန်မှန်ရှူပြီး ဝင် လာတဲ့လေကလေး နှာသီးဖျားက ဝင်လာပြီ -- ထွက်တဲ့လေလေးကလည်း နှာသီးဖျားကပဲထွက် သွားပြီ လို. (ဝင်လေ-ထွက်လေ) ကိုအမြဲမပြတ် သိနေ- မှတ်နေလိုက်ပါတဲ့ကွယ် ။ အဲဒီလို ဝင် လေသိ - ထွက်လေသိ - သမာဓိလေး ရအောင်လုပ်နေခြင်းကပဲ တကယ့်ကို မှန်ကန် ကောင်းမွန် လှတဲ့ မြတ်ဗုဒ္ဓရဲ့ စိတ်ဖိစီးမှု - စိတ် အကျဉ်းအကြပ်အတွင်းမှ လွတ်ကင်းရာနည်းလမ်း အစစ်ဖြစ် ပါသတဲ့ ။ ကဲ-- ကလေးတို.လည်း စိတ်ဖိစီးမှု Stress တွေနဲ. ရင်ဆိုင်ြကုံတွေ.လာတဲ့အခါ ဟိုသွားဒီသွား-မဟုတ်တဲ့ သူငယ်ချင်းများနဲ.အပျော်အပါး လိုက်စားတာမျိုးတွေ - အရက်သေစာ -မူးယစ်ဆေး သုံးစွဲ သောက်စားတဲ့ နည်းတွေနဲ. စိတ်၏ထွက်ပေါက်ကို မရှာမိစေပဲ မြတ်ဗုဒ္ဓရဲ့ ညွှန်ပြ ဆုံးမ တော် မူထားတဲ့ မှန်ကန်တဲ့နည်းတွေနဲ.စိတ်ဖိစီးမှု အကျဉ်းအကြပ်များမှ လွတ်မြောက်ကြပါစေကွယ် ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter