ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, August 30, 2014

တာဝန်နဲ. ဝတ္တရားများအကြား

တစ်နှစ်ပါတ်လုံး ပြုံးတစ်လှည့် ရီ (ရယ်) တစ်ခါ ၊ မဲ့တဲ့အခါလည်း လှည့်ကာပင်မကြည့်ချင်စရာ ရုပ်အဆင်းအင်္ဂါက မသတီစရာ - ပလီပလာ မပြောတတ်တော့လည်း အဲသလိုပဲ- စိတ်ထဲ ရှိသမျှ မျက်နှာမှာလာပြ - ချစ်ကြသူများသလို အမုန်းပွါးသူများလည်း ရှိနေမှာ အသေအချာပါ ။ ဇဝေဇဝါ မရေရာလှတဲ့ လူ.သဘာဝ - ပြုလာသမျှ အကောင်းချည်းထင် - ဘဝင်ကမကျ - မြင်သမျှ ကြားသမျှ- အ-ကုသိုလ်ပွါး စရာတွေသာ များနေတာမို.- ဒီဘဝထဲက ရုန်ထွက်ဖို. ကြိုးစားပါသော် လည်း- ဝိုးတဝါးသာပါ - အခါတော်ကမပေး- ခပ်ရေးရေး သာမြင်နေရတဲ့ - မဂ္ဂင်(၈)ပါး တရားကို - တကယ်လိုချင်ပါရဲ့ - ဒါပေမဲ့ အလှည့်ကမကြုံ - လူ.ဘုံကမခွါအား - အလုပ်တွေ ကလည်း တကယ် တကယ်ပဲ--များလှတာကိုး ၊ သနားစရာတော့ မဟုတ်တန်ရာ- ဟုတ်မှန်ရာကိုပြောရမယ်ဆိုရင်ဖြင့်- အလှူ.လဘက်ထုပ်နဲ.လည်း မျက်နှာမလုပ်ချင် - အဟုတ် တကယ်ပင်ပန်းလှသပေါ့- ကျုပ်ခမြာမယ် ရွှင်လန်းသရောင် - ဟန်ဆောင် ရတာကလည်း မောမှ အမောပါပဲ-( ဟောဟဲ--ဟောဟဲ)။ တာဝန်နဲ.ဝတ္တရားတွေကြား သွားလာ လှုပ်ရှားနေရသူမှန်သမျှ မောကြပေအုံးမပေါ့ -- ဒီပုံက စာသင်ခန်းအတွင်းမှာ တာဝန်ထမ်းရင်း တပည့်များနဲ.အတူပါ
အလုပ်တာဝန်ပြီးပြန်တော့ လူမှုရေးအရ-ဝတ္တရားကရှိပြန်တော့ ဟောဒီပုံမှာ သံအမတ်ကြီးရဲ့ဧည့်ခံပွဲကို အပြေးလေးရောက်ခဲ့ရပြန်ပါတယ်--
ဒီပုံကတော့ ပြီးခဲ့တဲ့ (၂၀၁၄)မြန်မာနိုင်ငံ တပ်မတောနေ.အခန်းအနားတက်ရောက်ခဲ့စဉ်ကပါ
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter