ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, August 24, 2014

ငါ့ကို မချစ်ပါနဲ.

ငါ့ကိုမချစ်ပါနဲ. ဒီဆောင်းပါးလေးကတော့ နေပြည်တော် မြန်မာ့အသံ- “ လူငယ်မှတ်သား-သုတစကား ” ကဏ္ဍမှ အသံလွှင့်ခဲ့တဲ့ဆောင်းပါးလေးပါ။ ဒီကနေ. လူငယ် လူရွယ်လေးများအတွက် အပါတ်စဉ် အင်္ဂါနေ. ညနေ(မြန်မာစံတော်ချိန် ၄း၄၀ နဲ. သောကြာနေ. နံနက် ၁၀း၄၀) မှာထုတ်လွှင့်လျက်ရှိပါတယ်။ Computer ရှိရင်တော့ internet မှာ (www.mrtv.gov.mm) ကိုကလစ်ပါ - ပေါ်လာမယ့် မြန်မာ့ ရုပ်မြင် မှာ မျှားလေးတွေပါတဲ့ Radio ကိုရွေးပြီး မျှားလေးကိုကလစ်ပါ-နားဆင်လို. ရပါပြီ ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ===================================================================== ဒီပုံလေးကတော့ နေပြည်တော် MRTV Radio အသံသွင်းခန်းမှာ ဒေါ်အေးအေးစိုးနဲ. အမှတ်တရပါ ==================================================================== (“အရှင်ဆန္ဒာဓိက” ၏ တရားတော်ကို မှီငြမ်းရေးသား လိုက်ခြင်းဖြစ်ပါတယ်။) မင်္ဂလာပါကလေးတို.ရေ -- ဒီနေ.ကလေးတို.အတွက် “ငါ့ကိုမချစ်ပါနဲ.” ဆိုတဲ့ ဆောင်းပါးလေးကိုတင်ပြ ဆွေးနွေးဖို. စီစဉ်ထားပါတယ် - တကယ်တော့ ဒီစကာလေးဟာ ပြောဆိုသူရဲ့. နှလုံးသွင်းမှုအပေါ် မူတည်ပြီး အဓိပ္ပါယ် အမျိုးမျိုး သက်ရောက်နိုင်ပါတယ် ။ ဒီလို အဓိပ္ပါယ်တွေ အများကြီး ထွက်နိုင်တဲ့အထဲကနေ ဒီနေ.ပြောချင်တဲ့ “ ငါ့ကိုမချစ်ပါနဲ.” - ဆိုတဲ့ အဓိပ္ပါယ်ကတော့ “ငါ” ဆိုတဲ့ အစွဲကို စွန်.လွှတ်ဖို. ပြောတဲ့သဘောလေးပါ ။ အဲဒီအဓိပ္ပါယ်ကို သိဖို.အ တွက် “သက်ကြီးစကား တစ်ဆင့်ကြား” မှတ်သားထားခဲ့ဖူးတဲ့ “ ဓမ္မပုံပြင်လေး” တစ်ပုဒ်ကို အရင် (လျင်)ဆုံး ပြောပြချင်ပါတယ် ။ ကလေးတို.ရေ--- တစ်ခါက ရွာတစ်ရွာမှာ “မိထက်” ဆိုတဲ့ မိန်းကလေးတစ်ယော်ကရှိပါ တယ်။ နာမည်နဲ. လိုက်ဖက်အောင် စိတ်ဓါတ်ကထက်မြက်သလို အသိဥာဏ်ကလည်း ထက် မြက်လှပါသတဲ့။ မိထက်ရဲ့မိတွေက ရွာဦးကျောင်းမှာ ကျောင်းဆောင်တစ် ဆောင် ဆောက်လုပ် လှူဒါန်းထားပါတယ်။ ကျောင်းမှာသီတင်းသုံးတဲ့ သံဃာတော်များအတွက် နေ.စဉ် ဆွမ်းပို. ပေးရတဲ့အတွက် မိထက်ဆွမ်းပို.ပေးတဲ့ရက်တွေကြာလာတော့ ကျောင်း မှာ သီတင်းသုံးတဲ့ ရဟန်းတွေနဲ. ရင်းနှီးလာပါတယ်။ ဒီလိုနဲ. တစ်နေ.တော့ မိထက်က ဘုန်းကြီးကိုမေးပါတယ် ။ “ အရှင်ဘုရား-ဒီကျောင်းက ဘယ်သူ.ကျောင်းလဲ ဘုရား” ဆိုတော့ ဘုန်းကြီးကလည်း-“ သြော်--မိထက်ရယ် မင်းရဲ့ မိဘတွေ ငါ့ကို ရေစက်ချလှူဒါန်းထားတာ ငါ့ကျောင်းပေါ့” တဲ့ ။ နောက် မေးပြန်တယ် ” အရှင်ဘုရား--ဒီသင်္ကန်းတွေက ဘယ်သူ.သင်္ကန်းတွေတုန်းဘုရား” တဲ့ - ဘုန်းကြီးက လည်း “သြော် မိထက်ရယ် ဒကာ- ဒကာမတွေ ငါ့ကို သဒ္ဒါတရားနဲ. လှူဒါန်းထားတဲ့ သင်္ကန်းတွေဆိုတော့ ငါ့သင်္ကန်းတွေပေါ့”- လို.ဖြေသတဲ့ ။ ဒီလိုနဲ.ေ နာက်တစ်နေ.မှာ ဆက် မေးပြန်ပါတယ် “ အရှင်ဘုရား - ဒီသပိတ်က ဘယ်သူ. သပိတ်လဲဘုရား “တဲ့ ။ ဘုန်းကြီးကလည်း “ မိထက်ရယ်-- ငါနေ.တိုင်းဆွမ်းစားနေတဲ့ သပိတ် - ငါ့သပိတ်ပေါ့” တဲ့ ။ နောက်ထပ်မေးပြန်တယ်- အရှင်ဘုရား - ဒီဘီဒိုတွေ ၊ ဒီစာအုပ်တွေကကော ဘယ် သူ.ဟာတွေတုန်းဘုရား” ဆိုတော့-“ သြော် --မိထက်ရယ်-- ငါ့ဘီဒိုတွေ နဲ. ငါနေ.တိုင်း စာကြည့်နေတဲ့စာအုပ်တွေ ငါ့စာအုပ်တွေပေါ့”တဲ့၊ ဒီအဖြေကိုလည်း မိထက်က မကျေ နပ်သေးလို. ထပ်မေးပြန်တယ် ။ ကျောင်းဝင်းထဲက ရေးကန်ကြီးကို လက်ငြှိုးထိုးပြီး ”အရှင် ဘုရား--အဲဒီရေကန်ကြီးကကော ဘယ်သူ.ရေကန်လဲဘုရား” ဆိုတော့ ဘုန်ကြီး ကလည်း “မိထက်ရယ် ခက်ပါလား--ငါကိုယ်တိုင ဦးစီးဦးဆောင်ပြုလုပ်ထားတဲ့ ကန် ငါ့ကန်ပေါ့ဟဲ့” လို.ဖြေလိုက်တော့ -“ အရှင်ဘုရား ဒီသစ်ပင်တွေက ဘယ်သူ.သစ်ပင် တွေတုံးဘုရား “ ဆိုပြန်တော့ ဘုန်းကြီးကလည်း - “ ငါကိုယ်တိုင် ဦးဆောင်စိုက်ပျိုး ထားတဲ့ သစ်ပင်တွေ ငါ့သစ်ပင်တွေပေါ့” -- အဲဒီလို မိထက်က ဘယ်ပစ္စည်းကိုမေးမေး ကျောင်းထိုင်ဆရာတော်က “ ငါ့ဟာ - ငါ့ပစ္စည်း” လို. အမြဲဖြေပါသတဲ့ ။ ဒီလိုနဲ. နောက်ဆုံးမှာ မေးပြန်တယ် -“ အရှင်ဘုရား- အိမ်ရာတည်ထောင် လူ.ဘောင်ကို စွန်.ခွါပြီး ရဟန်းဘဝကိုခံယူတာဘာရည်ရွယ်ချက်နဲ.တုံးဘုရား”-လို.မေးတော့ ဘုန်းကြီး ကလည်း“ဟဲ့ မိထက် ငါသင်္ကန်းဝတ်နေတာ နိဗ္ဗာန်လိုချင်လို.ပေါ့”လို.ဖြေလိုက်ပါ တယ်” ဒီတော့ မထက်ကလည်း ” အရှင်ဘုရား-- နိဗ္ဗာန်လိုချင်ရင် ငါ့ကို မချစ်ပါနဲ.”လို.ပြောပြီး ဆွမ်းအုပ်ကြီးပျုက်ကာ ကျောင်းပေါ်မှ ဆင်းသွားပါသတဲ့ ။ ဒီအခါ ဘုန်းကြီးလည်းခေါင်း ကုပ်ပြီး “ အင်း--ဒီကောင်မလေး- ဒီစကား ဘာလို.ပြောတာပါလိမ့် ။ ငါလည်းသူ.ကို ချစ် တယ်လို. မပြောမိပါဘူး။ ချစ်တဲ့သဘောသက်ရောက်တဲ့ အပြုအမူမျိုးလည်းတစ်မှ မပြုမိပါဘူး- ဘာလို.များ”ငါ့ကိုမချစ်ပါနဲ.” လို. ပြောရတာပါလိမ့် --ပေါ့ ။ ဒီလို အပျိုစင် မိန်းကလေးတစ်ယောက်ရဲ့ “ငါ့ကိုမချစ်ပါနဲ.” ဆိုတဲ့ စကားလေးတစ်ခွန်း ကြောင့် ကျောင်းထိုင်ဘုန်းကြီး စားလို.မဝင်- အိပ်လို.မပျော်ဖြစ်သွားတာနော် ။ ဒီလိုနဲ. ရက်အနည်းငယ်ကြာလာတော့ ပိန်ချုံးလာတော့တာပေါ့ ။ ဒါနဲ. ကျောင်းမှာရှိတဲ့ ကပ္ပိယကြီးက “ အရှင်ဘုရား--စားမဝင်-အိပ်မပျော်တာ ဘယ်လိုဖြစ်တာလံဘုရား”လို. မေး တော့ “ မိထက် ငါ့ကို နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမချစ်ပါနဲ.” တဲ့ ၊ ငါလည်း သူ.ကိုချစ်တဲ့ အရိပ်အရောင် တစ်ခါမှ မပြမိပါဘူး ကပ္ပိယကြီးရယ်- အဲဒီအတါက် စားမဝင်-အိပ်မပျော် ဖြစ် နေတာပါ”--လို.ပြောမှ ကပ္ပိယကြီးက ကျော်ငးဒကာကြီးကိုမေးတယ်- ကျော်ငးဒကာကြိးက ကျော်ငးအမကြီးကတစ်ဆင် မိထက်ကိုမေးခိုင်းတယ်- ဒီတော့ ကျောင်းအမကြီးကလည်း မိထက်ကို မေးတာပေါ့ ။ ဒီတော့ မိထက်ကလည်း “ အမေ ရယ်-- ဘုန်းကြီးကို တရာေးဟာခဲ့တာပါ- ဒီကျောင်းကဘယ်သူ.ကျောင်းလဲမေးတော့-ငါ့ကျောင်း ၊ သင်္ကန်းမေးတော့ လည်း ငါ့သင်္ကန်း ၊ သပိတ်မေးလဲ ငါ့သပိတ် ၊ ဘီဒိုတွေ စာအုပ်တွေမေးလည်း ငါ့ဘီဒို ငါ့စာအုပ် ၊ ရေကန်နဲ.သစ်ပင်မေးတော့လည်း ငါ့ရေကန် ငါ့သစ်ပင် ၊တဲ့ - ဘယ်ပစ္စည်းမေး မေးငါ့ ဥစ္စာလို.ပဲဖြေနေလို.နိဗ္ဗာန်လိုချင်ရင်တော့ ငါ့ ပစ္စည်း ငါ့ဥစ္စာဆိုတဲ့ အစွဲတွေကို ပယ်တတ် အောင်ကြိုးစားအားထုတ်ပါဆိုတဲ့ အဓိပ္ပါယ် နဲ. သမိးတရားဟောခဲ့တာပါ-လို. ဖြေ လိုက်တော့မှ ကျောင်းအမကြီးကသဘောပေါက် ပြီးတစ်ဆင့်ပြန်ပြောလို. ကျောင်းဒကာကြိးက သဘောပေါက် တစ်ဆင့်ပြန်ပြောလို. ကပ္ပိယကြီးကလည်း သဘောပေါက်ပြီး တစ်ဆင့် ပြန်ပြောတော့ဘုန်းကြီးလည်း သဘော ပေါက်သွားတဲ့အပြင် တရားအသိတွေပါ တို.သွားပါသတဲ့ကွယ်။ ကဲ--ကလေးတို.လည်း ဒီပုံပြင်လေးကို သတိပြုပြီး ငါ့ပစ္စည်း- ငါ့ဥစ္စာ စသဖြင့် “ငါ” စွဲ တွေကို ဖြုတ်နိုငအောင် ကြိုးစားဖို. လိုပါတယ် ။ အဲ-- ကလေးတို.အတွက် နောက်တစ် ခု ဆက်ပြောပြချင်တာကတော့ “ နေ” ဆိုတာ အပူဓါတ်တွေကို ဖြန်.ကျက်ပေးတယ် နော် - ဒါဆို တို.များလူသားတွေကတော့ “ ပူလိုက်တာ- အိုက်လိုက်တာ” လို. ခံစားပြီး ပြောဆိုနေရုံမျှသာ တတ်နိုင်ကြတာနော် ။ အဲဒိနေရောင်ရဲ့ အပူဓါတ်အောက်ကို သွားပြီး “ငါ့ကိုတော့ မပူပါစေနဲ.” လို. လုပ်လို.မရသလို - ဒီလူ.ကိုတော့ ပူအောင် လုပ်ပေးပြီး ဟိုလူ.ကိုတော့မပူအောင်လည်း နေမင်းကြီးက လုပ်ပေးလေ့မရှိဘူးလေ။ ဒီနေရောင် အောက်ရောက်လာသူတိုင်း-အရာတိုင်းကို တူညီမျှတသော အပူဓါတ်ကိုသာ ခံစားကြ ရမှာဖြစ် ပါတယ်။ နေကတော့ သူ.သဘော - သူ.သဘာဝအတိုင်းဖြစ်နေတဲ့ သူ.ရဲ့ အပူ ဓါတ်နဲ.လောကို ဖြန်.ကျက်ပေးနေသလို “လ”ကလည်း အေးမြတဲ့ အအေးဓါတ်ကို ဖြန်. ကျက် ပေးတဲ့ သူ.အလုပ်ကို သူလုပ်နေတာပါပဲ ။ သဘာဝတရား ကံတွေက စီမံဖန်တီး လိုက်လို.ဖြစ်လာတဲ့ ဓါတ်တွေပဲ မဟုတ်ပါလားကွယ်။ ဒီလိုပါပဲ မိးဆိုရင်လည်း ထိတွေ.မိတဲ့ လူတိုင်းကို ပူစေတာလေ။ ဒီသဘော သဘာဝအ တိုင်းပဲ ကုသိုလ်ကံပြုရင် ကုသိုလ်အကျိုးသာခံစားကြရမှာပါ ။ အကုသိုလ်လုပ်ရင်တော့ အကု သိုလ်အဆိုးသာလျှင် ဖြစ်လာမှာမလွဲဘူးပေါ့ကွယ်။ အဲ--“ကူညီပေးပါ” လို.ထိုင်ရှိုးပြီး လိုချင်နေလို.-တောင်းဆိုနေလို.လည်း တမာပင်က သရက်သိး သီမလာနိုငဘူးနော်။ ဒါတွေက လောကသဘာဝတရားတွေပါပဲ ။ ပျိုးထောင်လိုက်တဲ့ အသီးသာလျှင် သီးလေ့ရှိတာ သဘာဝဖြစ်ပါတယ် ။ တို.များလူသားတွေအနေနဲ. မိုးလင်းလို. မျက်စိဖွင့်လိုက် ချိန်မှစပြိး အပြင် လောကကိုပဲ မျက်စိကလိုက်ကြည့်နေပြီး ဝေဖန်သုံးသပ်မှုတွေ ပြုလုပ် နေတတ်ကြတာများတာကို ကလေးတို.လည်းသိကြမှာပါ ။ မိမိတို.ရဲ့ အတွင်းစိတ်မှာ ဖြစ်နေတဲ့ သဘာဝတရားကို ပြန်ကြည့်ပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပေးတာနည်းပါ တယ် ။ အပြင်လောကဖြစ်ဖြစ် မိမိတို.အိမ်တွေ ပတ်ဝန်းကျင်တွေကိုဖြစ်ဖြစ် အမှိုက်သရိုကကင်း စင်စေချင်တယ်။သန်.ရှင်းရေးတွေလည်းနေ.တိုင်းပြုလုပ်ပေးနေကြတယ်လေ။ တကယ် တော့ အဲ ဒီလိုပဲ မိမိတို.ရဲ့ကိုယ်တွင်း စိတ်မှာဖြစ်နေတဲ့ အမှိုက်သရိုက်တွေ အညစ်အ ကြေးတွေကိုလည်း ကင်းစင် ပပျောက်သွားအောင် လုပ်ပေးကြဖို. လိုပါတယ် ။ ကလေးတို.ရေ--မိမိတို.ကိုယ်တွင်းသည်လည်း အပြင်လောကနဲ. သဘောတရားထပ် တူပါပဲ။ မိမိတို.က မိမိတို.က မွေးစကလေးဘဝမှစပြီး တစ်ဖြည်းဖြည်း အသက်အရွယ် တွေ ကြီးရင့်လာကြတယ်-ရုပ်တွေ အိုမင်းလာကြတာကိုလည်း အားလုံးသိပြီးဖြစ်ပါ တယ်နော်။ ရုပ်ဆိုတု့ ဒီခန္ဓာကြီးက ကျန်းမာရေးကောင်းနေလိုက် - အဲ--တခါတခါလည်း ကျန်းမာရေးမ ကာင်းလိုက်နဲ.ဒက္ခတစ်လှည့် သုခတစ်လှည့် ခံစား-စံစားနေလိုက်ကြရ တာလေ- ဥတုကြောင့်- အဟာရကြောင့်- ကံ ကြောင့် - စိတ်ကြောင့် ဖြစ်လိုက်-ပျက် လိုက်နဲ. ရုပ်ကလည်း သူ.တာဝန်သူထမ်းဆောင်သွားနေတာပါပဲ ။ ဒါကို တို.တတွေက ငါ့ရုပ် -ငါတော့ အိုလာပြီ- ငါတော့ေ နမကောင်းတာ- ငါ- ငါ- ငါ ဆို ပြီး သဘာဝအတိုင်းရှိနေတဲ့ “ ဖြစ်လိုက်- ပျက်လိုက် ” ဖြစ်နတဲ့ ဒီ ရုပ်သဘောတွေကို အမှန်မသိအောင် “ အဝိဇ္ဖာတရား” တွေက ဖုံးကွယ်ပေးထားတာကြောင့်ပါ ။ တကယ်တော့ အဲဒီ သူ.သဘော သဘာဝအတိုင်းသူ ဖြစ်ပျက်နေတဲ့ ရုပ်ကို “ငါ” ဆိုတဲ့ “ဒိဋ္ဌိ” အယူ အစွဲတွေက အလွဲလွဲ အမှားမှား ဖြစ်သွားစေတာပါပဲ ။ ဒါ့အပြင် “ကံ” ဆို တာကလည်း “ပြုလုပ်ခြင်း” သက်သက်သာ ပဲဖြစ်ပါတယ် ။ ဒီလိုမှားနေတဲ့ အယူတွေ ကြောင့် “လောဘ -ဒေါသ-မောဟ ကိလေသာ”တွေ တိုးပွါးအောင် လုပ်ဆောင်နေကြ တာဖြစ်ပြီး “သံသရာ” မှ ရုန်းမထွက်နိုင်အောင်ကို ဖြစ်နေကြရတာပါ။ ဒါဆိုရင် “ငါ့ကို မချစ်ပါနဲ.” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို သဘောပေါက်လောက်ပြီ ထင်ပါ တယ် ။ “ ငါ့ပစ္စည်း - ငါ့သစစ္စာ” ဆိုတဲ့ အစွဲတွေကို ပါယ်သတ်ပါ ။ ပါယ်သတ်နိုင်အောင် လည်း ကြိုးစား အားထုတ်ပါလို.မျာကြားရင်း-- ကဲ---ကလေးတို.အားလုံးလည်း “လို” သမျှ “ ပြည့်” ကာ ၊ “တ” တိုင်း “ရ” ကြပါ စေကွယ်။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter