ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Thursday, February 13, 2014

ဗိုလ်ချုပ်ကို ချစ်ခင်လေးစားပြီး သတိတရ တမ်းတမိကြ သည်ဆိုပါလျင်

အော် -- ဘာလိုလိုနဲ. လွတ်လပ်ရေး ဖခင်ကြီး “ဗိုလ်ချုပ် အေင်ဆန်း“ ရဲ့မွေးနေ. - သို.မဟုတ် “မြန်မာနိုင်ငံကလေးများနေ.“ ကို ကျရောက်လို.လာပြန်ပါပြီ ။ ဒီလို မေ့လို.မရ- မမေ့စကောင်းတဲ့ နေ.သို. ဆိုက်ရောက်လာပြီဆိုမှ ရေးလိုက်ကြတဲ့ “ဗိုလ်ချုပ်အောင်ဆန်း“ နဲ.ပတ်သက်သမျှ ဆောင်းပါး - စာညွန်. ၊ တင်လိုက် ကြတဲ့ ဖေ့စ်ဘွတ်ခ် - ဝဂ်ဆိုက် တွေမှာ စာကဗျာ သာမက “ဗိုလ်ချုပ်ရဲ့ပုံ“ပါမကျန်ရအောင် ရေးလိုက်ကြ- တင်လိုက်ကြတာလည်း စုံလင်လှပါ ပေတယ် ။ ဒီလို - ဒီပုံ ဗိုလ်ချုပ်ကို ချစ်နေကြ- တမ်းတနေကြ သည်ကို ဖေါ်ပြနေကြရုံမျှဖြင့် ဗိုလ်ချုပ် ကိုချစ်ရာ- ခင်ရာ- ရိုသေလေးစားရာရောက်ပါသလား။ ဗိုလ်ချုပ်၏ မိန်.မှာ- ဆုံးမ စကားကိုကော ဘယ်လောက်များ နားထောင်-လိုက်နာ-ကျင့်ဆောင်ကြပါသလဲ ။ “ဗိုလ်ချုပ်“ ရဲ့ ပုံ အမျိုးစုံကို ရှာဖွေ- တင်ပြနေကြသူတွေအနေနဲ.(အထူးသဖြင့် ထိုင်းနိုင်ငံမှာ လာရောက်ကာ အလုပ် လုပ်နေကြတဲ့ မြန်မာ ရွှေ.ပြောင်းအလုပ်သမား အ ချို.အနေနဲ.) မိမိတို.ရဲ့ မြန်မာလုပ်ဖေါ် ကိုင်ဖက်အချင်းချင်း ဘယ်လောက်များ ရင်း ရင်းနှီးနှီးနဲ. ကူညီ ရိုင်းပင်းမှုရှိကြပါသလဲ ။ လေ့လာစရာ သာဓကတစ်ရပ်အဖြစ် မကြာသေးမီတစ်ဆစ်ချိုးက အဖြစ်ကလေးတစ်မျိုးကို တင်ပြချင်ပါတယ်။ ဘန်ကောက်မှာကျင်းပခဲ့တဲ့ အစီအစဉ်လေးတစ်ခုမှာဖြစ်ပါတယ်။ မြန်မာရွှေ.ပြောင်း အလုပ်သမားများအတွက် သီးသန်.ပွဲလေးပါ ။ ဆိုကြပါစို. ဦးဆောင် ဦးရွက်ပြုလုပ်ပေးသူဥက္ကဋ္ဌကြီးက ရန်ကုန်မှ အနုပညာရှင်အချို.ကိုပင် ငွေကုန်ကြေး ကျခံကာ ဖိတ်ခေါ်ပေးခဲ့သလို ဧည့်ခံရန် အကျွေး အမွေးအတွက်လည်း လိုလေသေးမရှိစေရအောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဒီနေရာမှာ မြန်မာဆိုတဲ့ အမည်နဲ. မလိုက်အောင် အဇ္ဈတ္တသဏ္ဍာန် အတွင်းခံစိတ်ရင်း- မရှင်းလင်း မဖြူစင်တဲ့ ဇာတ်လမ်းလေးက စခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလာပြီး အလုပ် လုပ်နေတဲ့သူ “အလုပ်သမလေး“ တစ်ယောက်ကို ရွှေမြို.တော်မှ ခဏရောက်လာသူ မြို.ကြီးသူ မမတစ်ယောက်က အထင်သေး- အမြင်သေးဖြစ်ကာ “အိမ်ဖေါ်“ အဆင့် မျှ သဘောထားကာ မတူသလို - မတန်သလို ဆက်ဆံရုံမျှမက သူနှင့် ခင်မင် နီးစပ်သူအချို.ကိုလည်း ရက်ပိုင်းမျှသာ သိရသူ အဆိုပါအလုပ်သမလေး၏ မဟုတ် သတင်း အစအနကိုပါ အတင်းချ ပြောပါသတဲ့။ အမှန်ဆိုပါလျှင် အလုပ်သမလေး ၏ အရည်အချင်း ရုပ်အဆင်းမှာလည်း မြို.ကြီးသူတို.ဂိုက်ဖမ်းနေသည်ကို တွေ.ရမှာ ဖြစ်လို ကြိုဆို ဧည့်ခံရာမှာလည်း ဖေါ်ရွေ ယဉ်ကျေးစွာနဲ. လိုလေသေးမရှိရအောင် စွမ်းဆောင်နိုင်သည်ကိုလည်းတွေ.ရပါတယ် ။ သူနဲ. ပတ်သက်ရာ သူ.အကြောင်း မကောင်းပြောသည်ကို ပြန်ကြားရသူ အလုပ်သမလေးမှာလည်း စိတ်မချမ်းမသာဖြစ်ရရုံမှတပါး အခြားဘာမျှမတတ်နိုင်ပါချေ ။ ထိုမျှမက ဘဝတူ အလုပ်မသတစ်ဦးကလည်း ထိုမိန်းခလေးကို နေရင်းထိုင်ရင်း မခေါ်နိုင် မပြောနိုင်ဖြစ်ပါသတဲ့ သည်အလုပ်သမလေးရဲ့ ရုပ်ရည်ကလည်း သန်.ရှင်း သပ်ရပ်ပြီး ဖြူဖြူ စင်စင်ရှိတာတွေ.ရပါတယ် (သူ.ထက်သာဆို မနာလို-ဆိုစကားပဲ မှန်နေလေသလားမသိပါ) ။ သည်လို လုပ်ဖေါ်ကိုင်ဖက် အချင်းချင်းကိုမျှသာမဟုတ် အထက်ပါဖြူဖြူသန်.သန်. အလုပ်သမလေးနဲ. တရင်းတနှီးရှိသူ ပြင်ပမှ အမျိုးသမီးတစ်ယောက်ကိုပင် အဆိုပါ မခေါ် မပြောနိုင်ဖြစ်နေသူ အလုပ်သမလေးက ရှောင်ဖယ်နေသည်ဟုဆိုပါတယ် ။ ဒါက ဗိုလ်ချုပ်၏ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး“ စွမ်းဆောင်မှုကို မေ့လျော့နေ သည်ကိုပြဆိုခြင်းပါပဲ။ ဗိုလ်ချုပ်ပုံတွေကို ရှာဖွေ တင်ပြနေသူတွေအနေနဲ. သတိထား သင့်ပါတယ် ။ နောက်တစ်ခုကတော့ ရင်နာစရာအကောင်းဆုံးပါ။ ပုထုစဉ် လူသားဆိုတာ လောဘသမားတွေမှန်ပေမဲ့ “မသမာလောဘ“ မျိုးကိုတော့ရှောင်သင့်တယ်မဟုတ်ပါလား။ လွန်ခဲ့တဲ့ “မြန်မာရွှေ့ပြောင်း အလုပ်သမားများ“ အတွက် MOU ပတ်စ်ပို.လုပ်စဉ်က ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းဒေသမှ မြန်မာအလုပ်သမားများခေါ်ယူရန်ခေတ္တ ပိတ်ထားစဉ်ကပါ။ တောင်ပိုင်းမှ မိတ်ဆွေ ထိုင်းဗိုလ်မှူးကြီးတစ်ဦးရဲ့ အလုပ်သမား ၂၀၀- ခေါ်ယူတဲ့ လျှောက်လွှာအတွက် မဲဆောက်မှာကုမ္ပဏီဖွင့်ထားသူ( ယခုတိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ.မှာ လိုက်ပါဆောင်ရွက်နေသူ“မင်းဦးခေါ် အောင်မြင့်ဦး“က နေပြည်တော်ကိုလိုက်ပေးမယ် ဘတ်တစ်သိန်းပေးရမယ်-ဆိုတော့ ဘတ်နှစ်သောင်းကိုရှေ.ပြေးအဖြစ်ပို.ပေးလိုက်ရတယ်။ မကြာမီမှာပဲ အားလုံးရပြီ - ဘန်ကောက်သံရုံးက အ လုပ်သမားသံမှူးကို ဘတ်နှစ်သောင်းပေးရင် ခေါ်စာရပြီဆိုပြန်တော့ လခထဲက ဘတ် တစ်သောင်းပို.ပေးရပြန်ရော ။ ဒါပေမဲ့ ဒီကနေ.တိုင်အောင် ဘာမျှမထူးခြားပါ။ နောက်- ရန်ကုန်မှ “ဆွေဆွေဆန်းကုမ္ပဏီ“ ပိုင်ရှင်ဆိုသူ “ကျော်မြင့် ခေါ် မိုက်ကယ်“-ဆိုသူက သူရအောင်လုပ်ပေးမယ်ဆိုကာ ဘန်ကောက်ကအလုပ်သမားသံမှူးကိုဘတ် တစ်သောင်းခွဲပေးရပြန်ပါရော။ နောက်သံမှူးအနေနဲ. တောင်ပိုင်းကလျှောက်လွှာတွေ အတွက် အကုန်ုပြန်ပေးလိုက်ကြောင်းသံမှူးနှင့် ရင်းနှီးသူထံမှ ကြားသိရတော့ ကျော်မြင့် ထံဖုံးဆက်မေးရာ“ခင်ဗျားငွေလေးဒါလောက်ဟာ ကျုပ်တစ်နေ.ရတဲ့ငွေရဲ့ ဆယ်ပုံ တစ်ပုံတောင်မရှိဘူး“လို.ပြောပေမဲ့ ဒီကနေ.ထိ တစ်ပြားမှပြန်မရ ။ ဆရာတော်ဘုရားကြီး များ၏ မိန်.ကြားချက်အတိုင်း“ဝဋ်ကြွေး“တစ်ခုကို ပေးဆပ်လိုက်တယ်ပဲ သဘော ထားလိုက်မိပါ၏ ။ ဆိုလိုသည်မှာ “ဗိုလ်ချုပ်အောင်ဆန်း“ ကိုတမ်းတကာ လွမ်းပြနေသူများအနေနဲ. ဗိုလ်ချုပ်၏ ဆိုဆုံးမချက်များကို ဘယ်လောက်အထိ သဘောပေါက်နားထောင်နေ ကြပါသလဲ။ ဆန်.ကျင်နေကြတာလား --- လိုက်နာဆောင်ရွက်နေကြတာလား။ ဘယ်နိုင်ငံ ဘယ်နေရာ ရောက်ရောက် မြန်မာအချင်းချင်း(မနာလိုစိတ်ကင်းကာ) ချစ်ခင်ရိုင်းပင်းမှုရှိ ကြပါရဲ့လား ။ ဗိုလ်ချုပ်ကို ချစ်ခင်လေးစားပြီ သတိတရ တမ်းတမိကြသည်ဆိုပါလျင် မိမိတို.၏ လုပ် ရပ်များကို မှား၏-မှန်၏ ပြန်လည်ဆန်းစစ်မိကြရန်ဖြစ်ပါတယ်။ အားလုံးရွှင်လန်းချမ်းမြ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter