ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, February 11, 2014

ငိုတစ်ခါ - ရယ်(ရီ)တစ်လှဲ.

မနက်မှ ည - တစ်ရက်မှ- တစ်လ ၊ နှစ်များက အခါခါ - ရွေ.လျားလို.လာ(နေတဲ့) တို.ဘဝတစ်လျှောက်ကို - ပြန်ကာကြည့် ၊ ဆူးငြိတခါ - ပန်းပန်တလှဲ. မို. ၊ မျက်ရည်စို.တဲ့အခါ - ငို ၊ ရယ်ရ ပြုံးရပြန်တော့ - ပျော်လိုက်သည်ဖြစ်ခြင်း ။ ။ (ဒီအခါ) - ခေါင်းမော့လို. - မြေမမြင် - ဘဝင်က ထိပ်ကိုရောက် ၊ ဘယ်သူ.ကြောက်ရမှာလဲ ၊ ငါသာပဲ - တကယ့်လူတော် ၊ ယှဉ်ပြိုင်ဖေါ်- ရှာမတွေ. ၊ ဘဝကို မေ့လို.ပေါ့ ။ ။ ဘယ်လိုလဲ ကိုအဝှါ ၊ ခါတိုင်းဆို သည်လိုမဟုတ် ၊ ဟိုဖက်မှာ - တကုပ်ကုပ်နဲ. ၊ တလှုပ်လှုပ် - ရွေ.ကာလာ ၊ အလို-ဘယ်သူများပါလိမ့် ? ? ? ? (ဟိုး)-- ယခင်(အရင်) ၊ စင်ပေါ်တစ်လွှားမှာ ၊ သင်းကဖြင့် “င-ပမွှား“ – လိုက်လျားလိုက်လျားနဲ. - ယောင်တောင်တောင် အကောင် --------- (အခု)--ဘယ်ချောင်က- ပေါ်လာတယ်မသိ ၊ (ဟိုမှာ)--ကြည့်ပါလေ- ရှုတေတေမျက်နှာပေးက ၊ မလေးမခန်. နိုင်လိုက်တာ - ယှဉ်ပြိုင်ဖေါ် ရှာနေတဲ့အလား ၊ တို.များကိုမြင်ရတဲ့အခါ - သူ.ရယ်(ရီ)သံက တဟားဟား- ကြွားရယ်(ရီ) တာတော့မဟုတ်တန် - အဖန်ဖန် စူးစမ်းမိတော့မှ -- ----------------------------------- (အော်) ဒီလူက “ ကုမ္ပဏီသူဋ္ဌေးကြီး“ - ဆိုပဲ ----------------------- အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter