ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, February 15, 2014

အတွေးစိတ်နဲ. အသိတရား

မင်္ဂလာပါ- အပါတ်စဉ် အင်္ဂါနေ. နေ. ညနေ (မြန်မာစံတော်ချိန်) ၄ - နာရီ ၄၀ - နှင့် သောကြာနေ. နံနက် ၁၀ -နာရီ ၄၀ - တွင် နေပြည်တ်ာမြန်မာ့အသံ ” လူငယ်မှတ်သား- သုတစကား ” အစီအစဉ်မှ အသံလွှင့်နေသော အစီအစဉ် များအနက် “ အတွေးမဲ့စိတ် “ ဆိုတဲ့ အကြောင်းလေးပါ - အသံနားထောင်လို.မရတဲ့အတွက် စာသားပါ ထည့်သွင်းဖေါ်ပြပေးဖို.ရေးသား တောင်းဆိုလာသူများ အတွက် စာသားပါ ထည့်သွင်းဖေါ်ပြလိုက် ရခြင်းဖြစ်ပါတယ် ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒီပုံလေးကတော့ ယူငယ်မှတ်သား-သုတစကား“ မှာ ကြေညာပေးသူ- မြန်မာ့အသံမှာ တာဝန်ခံအရာရှိ “ဒေါ်အေးအေးစိုး“နဲ.အမှတ်တရပါ -- ======================================================================================================== ဒီမျှားလေးကို နှိပ်ပြိး ၁၀-မိနစ်လာက်စောင့်လိုက်မှ အသံထွက်လာလိမ့်မယ်--ကျေးဇူးတင်ပါတယ် မင်္ဂလာပါကလေးတို.ရေ------------------------------------------------------------------- ဒီနေ. ကလေးတို.အတွက် အရှင်နန္ဒမာလာဘိဝံသ ရဲ့ တရားတော်များမှ “ အတွေးမဲ့စိတ် “ ဆိုတဲ့ အကြောင်းကို မှီငြမ်းပြီး ပြန်လည်ရေးသား တင်ပြသွားမှာဖြစ်ပါတယ် ။ ကလေးတို.ရေ- -- ဆရာမတို.လူသားတိုင်းမှာ “စိတ်“ ဆိုတာရှိကြတယ်နော်- အဲဒီစိတ်မှာလည်း တွေးမိတွေးရာ ထွေရာလေးပါးတွေ ပေါ်နေ တတ်တယ်လေ။ အဲဒီလိုပေါ်လာတတ်တဲ့ စိတ်တွေကိုတော့ “အတွေး“လို.ခေါ်တာ ကလေးတို.လည်းသိမှာပါ။ ဒီလို တွေးရာမှာလည်း တွေးသင့် တာရှိသလို မတွေးသင့်တာလည်းရှိပါသတဲ့။ တကယ်တော့ လူတိုင်း လူတိုင်းဟာ တွေးဖူးကြတာချည်းပါပဲ- မတွေးဖူးတဲ့သူရယ်လို.တစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး- ကလေးတို.လည်း တွေးဖူးကြမှာပါနော်။ ဆိုလိုတာကတော့ တို.များလူသားအားလုံးရဲ့စိတ်မှာ အတွေးတွေရှိကြပါတယ်-ဒါပေမဲ့ စိတ်ကတခြား အတွေးကတခြားလို.ခွဲခြားသိဖို.လိုတယ်လို.လည်း ဆိုထားပါသေးတယ်။ ကလေးတို.ရေ---အဲဒီစိတ်ကို ဖြူစင်အောင်လုပ်နေပါမှ လူ.ဘဝမှာ တော်ကာကျပြီးအနေလှမယ်။ ဒီလိုစိတ်ကိုဖြူစင်အောင် လုပ်တဲ့နေရာမှာလည်း တချို.အတွေးတွေကို ထိန်းချုပ်ဖို.လိုအပ်သလို တချို.အတွေးတွေကိုတော့ ပိုပြီး အားကောင်းလာအောင် ပြုကျင့်လုပ်ဆောင်ပေးရပါမယ် ။ ဗုဒ္ဓမြတ် ဘုရားကိုယ်တော်တိုင်ကလည်း ဒီ လူ.စိတ်ရဲ့အတွေးများကို အလေးထားပြီးဟောကြားတော်မူခဲ့ပါတယ်။ တကယ်တော့ အတွေးဆိုတာကို မှန်ကန် စွာတွေးတတ်ရင် နိဗ္ဗာန်ရောက်ကြောင်း လမ်းစ ကောင်းပါပဲတဲ့ကွယ်။ အဲဒါနဲ.ဆန်.ကျင်ပြီး အမှားမှား အယွင်းယွင်းတွေကိုသာ တွေးနေမိရင်တော့ အပါယ်ငရဲ ကျရစမြဲဖြစ်ပါသတဲ့ ။ ဒါ့ကြောင့် တို.များလူသားတွေအနေနဲ. မှန်ကန်တဲ့အတွေးမျိုးနဲ. မှားယွင်းတဲ့အတွေမျိုးဆိုတာကို ခွဲခြားသိထားဖို. လိုလာပြန်ပါတယ်။ ဒီတော့ မှားယွင်းတဲ့အတွေး ဆိုတာအပြစ်ရှိတဲ့အတွေး- ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ်ပေးတတ်တဲ့အတွေး၊ မှန်ကန်တဲ့အတွေး ဆိုတာ အပြစ်ကင်းတယ် ၊ကောင်း ကျိုးချမ်းသာကို ပေးတယ်ဆိုတာ ကို သဘောပေါက်ရမှာဖြစ် ပါတယ် ။ ကလေးတို.ရေ -- တို.များလူသားတွေရဲ့စိတ်မှာ အတွေး (၂)မျိုး ကွဲပြား ခြားနားမှုရှိနေတယ်နော်။ ဒီတော့ မှန်ကန်တဲ့အတွေးကို တွေးမှာလား- မှားယွင်းတဲ့အတွေးကိုတွေးမှာလား။ ဗုဒ္ဓမြတ်ဘုရား ကိုယ်တော်တိုင်က လမ်းညွှန် ဟောကြားတဲ့အခါ မလိုက်ရမယ့်လမ်းကိုအရင် ဟောကြားတော် မူပြီး နောက်မှ လိုက်နာရမယ့်လမ်းကို ဟောကြားညွှန်ပြတော်မူပါသတဲ့ကွယ်။ သဘောကတော့ မလိုက်ရမယ့်လမ်းကို လိုက်မိရင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်တယ်- လိုက်ရမယ့်လမ်းကို မလိုက်မိရင် အဆင်မပြေရုံလောက်ပဲရှိမယ်လေ ။ ဒါ့ကြောင့် မင်္ဂလသုတ်မှာကြည့်လေ- “အ-သေဝနာ စ - ဘာလာနံ“ == မပေါင်းရဘူးဆိုတာကို အရင် ဟောထားတယ် ။ နောက်ပြီးမှ ပေါင်း ရမယ် ဆို တာကိုဟောထားတာလေကွယ်။ ဒါ့ကြောင့် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့လမ်းအတိုင်း မတွေးရမယ့်အတွေးက ဘာတွေပါလိမ့်ဆိုတာ အရင်ဆုံးလေ့လာကြည့်ကြရအောင်ပါနော်။ လောဘနဲ.တွေးတဲ့အတွေးဟာ ကောင်းကျိုးချမ်းသာထက်ဆိုးကျိုးကိုသာပေးတာကပိုများတယ်။ ဒီအတွေ မျိုးကို လောဘကြီးထွားလာပြီး နောက်ဆုံးမှာ ရာဇဝတ်မှုတွေကျူးလွန်လာတဲ့အထိဖြစ်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ဒီလိုလောဘနဲ. ယှဉ်တဲ့ အ တွေးမျိုးဟာ မတွေးအပ် မတွေးသင့်တဲ့ အတွေးဖြစ်ပါ သတဲ့ကွယ် ။ နောက်တစ်ခုက “ဒေါသနဲ. ယှဉ်တဲ့အတွေး“ တဲ့ ။ အဲဒီ ဒေါသနဲ.ယှဉ်တဲ့အတွေးဟာ ရန်ငြှိုးထားမှုကို အခြေပြုသွားနိုင်ပါသတဲ့ - ကလေးတို. စဉ်းစား ကြည့်လေ- စိတ်ဆိုးတဲ့အခါ တွေးတဲ့အတွေးနဲ.စိတ်ကြည်လင်နေတဲ့အခါ တွေးတဲ့အတွေး တူရဲ့ လား ။ ဒေါသနဲ. တွေးနေတဲ့ အတွေး ဟာ လူ.ရဲ့ စိတ်ငြိမ်းချမ်းမှုကို မပေးနိုင်တဲ့အပြင် ကိုယ်မကျေ နပ်တဲ့ သူတစ်ယောက်ကို အမြဲတမ်း ရန်လုပ်ဖိုပဲ တွေးနေမိမှာပဲ။ အဲဒီအတွေးမျိုးက ကောင်းတဲ့အ တွေး ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒါ့ကြောင့် ဒီလိုအတွေးမျိုးကိုလည်း မတွေးအပ်တဲ့အတွေးလို.ဆိုပါတယ် ။ သူတစ်ပါးကို ညှင်းဆဲ-သတ်ဖြတ်ဖို.- အကျိုးမဲ့ ဒုက္ခရောက်အောင်လုပ်ဖို.တွေးတဲ့ အတွေးမျိုးက လည်း မတွေးသင့်တဲ့အတွေးပါပဲ။ တကယ်လို. ဒီအတွေးမျိုးကိုတွေး နေမိရင် တွေးသူကိုယ်တိုင် လည်းဒုက္ခရောက်တယ်-သူနဲ.ပတ်သက်နေတဲ့လူမှာလည်း ဒုက္ခရောက်တယ် -ကောင်းကျိုးချမ်း သာရဖို.ဆိုတာ အကြောင်းမရှိဘူးလေ-ဒါ့ကြောင့် ဒီအတွေးမျိုးကိုလည်း မ တွေးသင့်ဘူးလို.ဆို ပါတယ် ။ ကဲ-- ဒီတော့ မှားယွင်းတဲ့ အတွေးမျိုးတွေ ကို တွေးသင့်တဲ့ မှန်ကန်တဲ့အတွေးမျိုးနဲ. အစားထိုးပေး ရမှာပေါ့နော်။ ချစ်တဲ့ -မုန်းတဲ့ -လိုချင် တပ်မက်တဲ့- စားချင်-သောက်ချင်တဲ့စိတ် စတဲ့ စိတ်တွေ ကို ခဏတာမေ့ဖျောက်ပြစ်ပြီး တရားဓမ္မတွေကို သတိယလိုက်တွေးလိုက်ပြီး အစား ထိုးပါ-လှူချင် တန်းချင်တဲ့အတွေးစိတ် ပရဟိတလုပ်နေသူများနဲ.ပူးပေါင်းမယ်ဆိုတဲ့ အတွေးစိတ်နဲ.အစားထိုးလိုက်ပါတဲ့။ ကလေးတို.ရေ-- -- မှန်ကန်တဲ့ အတွေးဟာ ကာမဂုဏ် အာရုံတွေထဲမှာ ပျော်ပါးလိုတဲ့ အတွေး မဟုတ်ဘူးလေ-အဲဒါတွေကိုမျက်နှာလွှဲပြီး ကောင်းတဲ့ အကျိုးရှိတဲ့အလုပ်တွေ လုပ်မယ်ဆိုတဲ့ အတွေးမျိုးတွေဖြစ်ပါတယ်။ နောက်ပြီး ချမ်းသာအေးချမ်းတဲ့အကျိုးတွေကိုလည်း ထုတ်လုပ်ပေး ပါလိမ့်မယ် ။ နောက်တစ်ခုက “မေတ္တာနဲ.တွေးတဲ့အတွေး“ ဖြစ်ပါတယ် ။ အများသတ္တဝါတွေ ချမ်းသာကြပါစေ-ဘေးကင်းကြပါစေ -ဒုက္ခရောက်နေသူတွေကို ကူညိချင်တယ်-သူတစ်ပါးကောင်းကျိုးချမ်း သာကို သာလိုလားတဲ့အတွေးမျိုးပါ။ အင်မတန် အေးချမ်းပါတယ်ကွယ်။ မိမိကကောင်းတဲ့အတွေးနဲ.ပြော လည်းပြော-လုပ်လည်းလုပ်လာတယ် ။ အပြစ်လည်းကင်းတယ်။ဒါ့ကြောင့် ဒီအတွေးကို တွေးသင့်တဲ့ အတွေးလို.ဆိုပါတယ်။ “ဂရုဏာနဲ.တွေး တဲ့အတွေး“ ဆိုတာလည်း ဒီလိုပါပဲ-သူတစ်ပါးဒုက္ခ ရောက်မှာကိုမကြည့်ရက်ဘူး- ဒုက္ခရောက်နေသူတွေကိုလည်း ကူညီ စောင့်ရှောက်ချင်တယ်- စိတ် ကျနေသူကို အားပေးချင်တယ်။ ချို.တဲ့နေသူကို ဝေမျှပေးချင်တယ် ။ ဒါ့ကြောင့် ဒီအတွေးကလည်း တွေးသင့် တဲ့အတွေးပဲဖြစ်ပါတယ် ။ ကလေးးတို.ရေ--- တို.များ လူသားတွေအနေနဲ.တစ်ခါတစ်လေလည်း ထစ်ခနဲဆိုစိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ထစ်ခနဲဆို ပါးစပ်ကဆဲလိုက်ဆိုလိုက်စတာတွေ အလွယ်တကူ ကို လုပ်ဖြစ်လာတယ်။ စိတ်ရိုင်းတွေ ဝင်နေတယ်ပေါ့ကွယ်။ ဒါဆိုရင်တော့ စိတ်ဖိစီးမှုတွေ များနေ ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်တွေရယ်၊ အလုပ်မှာရှိတဲ့သူတွေရဲ့ အပြုအမူတွေရယ်၊ အလုပ်မှာ ရှိတဲ့ ဖိအားတွေရယ် စတာတွေက မိမိရဲ့စိတ်အစဉ် ကြမ်း တမ်းအောင်၊ အလိုမကျ ဖြစ်အောင်လုပ်နတဲ့ သဘောရှိပါတယ်၊ ပိုဆိုးတာက အဲဒီလို ဖိအားတွေ ရှိနေတဲ့အချိန်မှာ မထူးပါဘူးဆိုကာ ဖြစ် သလိုနေပစ်လိုက်တာက စိတ်ကိုပိုပြီးကြမ်းတမ်းစေတတ်တဲ့သဘောရှိပါတယ်၊ စိတ်အစဉ်ကို နူးညံ့သိမ်မွေ့အောင်လုပ် ပေးနိုင်တဲ့ တရားနားတဲ့အလုပ်၊ တရားစာဖတ်တဲ့ အလုပ်၊ တရားမှတ်တဲ့ အလုပ်၊ မေတ္တာပို့ ဂုဏ်တော်ပွား တဲ့အလုပ်၊ ကိုယ်ကျင့်တရားကောင်း အောင် ထိန်းသိမ်းတဲ့အလုပ် တွေနဲ့ ဝေးကွာစေမှုဟာလည်း ဘဝမှာစိတ်အစဉ်ကို ပိုမိုပြီး ရိုင်းစိုင်းစေတတ်တာ ဖြစ်ပါတယ်”စသဖြင့် ပြောပြရင်း စိတ်ကိုပြောင်းလဲစေတတ်တဲ့ ပတ်ဝန်းကျင်နဲ့ စိတ်ကိုနူးညံ့စေတတ်တယ်။ စိတ်ရဲ့ဖိအားနဲ့ အဲဒီဖိအားကို ရင်ဆိုင် ကျော်လွှားနိုင်တဲ့ အသိတရား ဖြစ်ပါတယ်။ တကယ်တော့ လူဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှုက အဓိကကျပေမယ့် အဲဒီလို စိတ်ထိန်းကြောင်းမှု အပိုင်းမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ ပတ်ဝန်းကျင်ရဲ့ ထောက်ပံ့မှု၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေဟာ အများကြီးသက်ရောက်မှုရှိနေတတ်ပါတယ်။ တစ်ခါတလေဗီဇကောင်း တဲ့ သူတွေတောင်မှ ပတ်ဝန်းကျင် မကောင်းရင် မကောင်းတဲ့ လွှမ်းမိုးမှုတွေ ကူးစက်ခံရတတ်သလို မွေးလာတဲ့ ဗီဇက မကောင်းပေမယ့် ပတ် ဝန်းကျင်ကောင်းရင် ကောင်းတဲ့အမူအကျင့်တွေဘက်ကို အထိုက်အလျောက် ပြောင်းသွားတတ်တာလည်းရှိတတ်ပါတယ်။ ကလေးတို.ရေ---အကြောင်းအမျိုးမျိုးကြောင့် ဖိအားတွေဝင်ပြီး စိတ်အစဉ်မှာပင်ပန်းနေတဲ့ သူတွေ အနေနဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအ သင်းကောင်းဟာ သိပ်ကိုအဓိကကျလှပါတယ်။ ပတ်ဝန်းကျင်ကောင်းနဲ့ အပေါင်းအသင်းကောင်းတွေရဲ့ ထောက်ပံ့မှုအားဟာ ကျနေတဲ့ စိတ်ကိုပြန် လည်တက်ကြွစေတတ်ပြီး ခွန်အားတွေကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဓမ္မအား တွေနဲ့ပါတွဲပြီး ဘဝကိုဓမ္မနဲ့ ယှဉ်လာနိုင်မယ်ဆိုရင် တော့ ဒါဟာဖိအားကို အသိတရားနဲ့ကျော်လွှား နိုင်ခြင်းပဲဖြစ်ပါတယ်။ ဖိအားတွေကြောင့် စိတ်အစဉ်တွေကြမ်းတမ်းလာပြီး အသိတရားပါပျောက် လာတဲ့အခါမှာ တရားဓမ္မအားနဲ့ ပြန်လည်ပြုပြင်နိုင်ခြင်းဟာ ဘာနဲ့မှမတူတဲ့အကောင်းဆုံး ပြုပြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ အတက်အကျအနိမ့်အမြင့် အဆိုးအကောင်းစတဲ့ လောကဓံဆိုတာကတော့ အားလုံးအတွက်အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေကြမှာပဲ ဖြစ်တဲ့အတွက် ဒီအပြောင်းအလဲတွေ အပေါ်မှာ အသိ တရားလက်ကိုင်ထားပြီး ရင်ဆိုင်ကျော်လွှားနိုင်မှု အားနည်းတဲ့သူဟာ ဒီဒဏ်တွေကို ပိုပြီးခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ လို အပြောင်းအလဲ တရားတွေကို ခံနိုင်ရည်ရှိဖို့အတွက် အသိ တရားနဲ့ အကျင့်တရားက သိပ်အရေးကြီးတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အသိတရားတွေ၊ အကျင့်တရားတွေ ပိုမိုတိုးတက်လာဖို့အတွက် အကောင်းဆုံး နည်းလမ်းကိုရှာဖွေကြရမှာ ဖြစ်ပါတယ်။ အဲဒီ အတွက် အကောင်းဆုံးက တရားနှလုံးသွင်းကြဖို့ပဲ ဖြစ်ပါတယ်။ တရားအသိရှိတဲ့သူ၊ တရားအကျင့်ရှိတဲ့သူဟာ တရားနဲ့အညီနေထိုင်ကျင့်သုံးလာ တတ်တဲ့အတွက် အမူအရာတွေဟာ သိသိသာသာကို ပြောင်းလဲလာတတ်တာဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့အပြုအမူ၊ အပြောအဆို၊ အကြံအစီတွေ ဟာ တရားအားနဲ့ တဖြည်းဖြည်း ပါးပါး လာပြီး စိတ်အစဉ်ဟာ နူးညံ့သိမ်မွေ့လာတော့တတ်တာ ဖြစ်ပါတယ်။ အားလုံးဟာ မမြဲဘူးဆိုတဲ့ဓမ္မအသိကို နှလုံးသွင်းထားတဲ့အတွက်ကြောင့်လည်း ငါဆိုတဲ့ မာနတွေဟာ ခဝါကျလာပြီး လူအများအပေါ် ကိုယ်ချင်း စာတရားတွေ ထားတတ်လာတော့တာ ဖြစ်ပါတယ်။ တရားတကယ် သိလာ ပြီဆိုရင် အသိတရားနဲ့ အကျင့်တရားတွေပါ တိုးတက်လာပြီး အဲဒီ အသိအကျင့်ကပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားနိုင်လာတာဖြစ်ပါတယ်။ အရင်းစစ်တော့ ဒါဟာ တရားနဲ့အညီ ကျင့်သုံးနေထိုင်လာတဲ့ အတွက် ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖိအားတွေများပြီး စိတ်ပင်ပန်းကာ စိတ်ကြမ်းလာကြတဲ့ သူတွေအနေနဲ့ ဒီလိုဖြစ်လာခြင်း ဟာ ကိုယ့်သန္တာန် မှာ အသိတရား၊ အကျင့်တရားနဲ့ ဓမ္မအားတွေ လျော့နည်းလာလို့ဖြစ်တယ်ဆိုတာ သတိပြုဆင်ခြင်ပြီး ကြမ်းတမ်းရိုင်းစိုင်းလာတဲ့ ကိုယ်နှုတ်စိတ် အမူအရာ အတွေးအခေါ်တွေကို နူးညံ့သိမ်မွေ့ပြီး လောကဓံကို သည်းခံနိုင်တဲ့ စိတ်အစဉ်တွေ တိုးတက်လာဖို့အတွက် တရားများများနာ၊ ကိုယ် ကျင့်သီလကိုလုံအောင်စောင့်ထိန်း၊ မေတ္တာလည်းပို့ ဂုဏ်တော်လည်းပွားကာ ဝိပဿနာ တရားပါ အားထုတ်ရင်း တရားအလုပ်နဲ့အတူ ကိုယ့်ကိုယ် ကို အုပ်ချုပ်နိုင်အောင် ပြုပြင် ထိန်းသိမ်း နေထိုင်ကြရမှာဖြစ်ပါတယ်။ ကဲ--ကလေးတို.အားလုံး အသိတရားနဲ.အတွေးစိတ်လေးတွေကိုဖြူစင်နေ အောင်ကြိုးစားကြပါလို. တိုက်တွန်းလိုက်ပါစေကွယ်--

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter