ဇရာကို
ဖြတ်ကျော်ခြင်း
ပုထုဇဉ်လူသားမှန်သမျှ “ဇရာ“ ဆိုတာကို
မလွဲ မသွေ ရင်ဆိုင်ကြရစမြဲပါ ။
မည်သူမျှ “ဇရာ“ ကို တားမရတာကိုလည်း လူတိုင်းရှိသိ
- နားလည်ပြီးဖြစ်ပါတယ်။
ဒါဆိုရင် အဲဒီ “ဇရာ“
ဆိုတာကြီး ကျရောက်လာတော့မယ် - ကျရောက်နေပြီ - ဆို
တာကိုတွေး -တွေးပြီး ကြောက်စိတ်တွေဝင်ကာ ရင်မအေးဖြစ်နေကြရတော့မှာ
လား? မြတ်ဗုဒ္ဓကလည်း
ဟောကြားဆုံးမတော်မူထားပါတယ်-“အတ္တာဟိ-အတ္ထ
နောထော“တဲ့ ။ မိမိကိုယ်တိုင် ကျင့်ကြံပွါးများ
အားထုတ်ထားသော“မဂ်တရားများ“
ကိုသာလျှင် အားကိုး အားထားပြုရာ၏“-လို.ဆိုလိုခြင်းဖြစ်ပါတယ်။
ဒီလို ဗုဒ္ဓရဲ့ တ
ရားမြတ်များ ကို အားကိုး အားထားပြုကာ အဲဒီ“ဇရာ“ဆိုတာကြီးကို ဖြတ်ကျော်ရန်
ကြိုးစားကြည့်ပါ။
တကယ်တော့ “ဇရာ“ဆိုသည်က“အသက်သိက္ခာ
ကြီးမြင့် - ရင့်ကျက်လာပြီ“
ဆိုတဲ့ သဘောကိုပြဆိုခြင်းသာဖြစ်ပါတယ် ။ တကယ့်ကို “ဂုဏ်ယူစရာ“သာဖြစ်
ပါတယ်။ ဒါပေမဲ့ အချို.သောသူများက “ငါ အိုပြီ - အိုပါယ်ဘဝရောက်ပြီ-သေ
ဖို.နီးလာပြီ
“ စသဖြင့် မလိုလားအပ်တဲ့ အတွေးတွေချော်ကာ သူတို.ကိုယ် သူတို.
“အိုပြီ -အသက်ကြီးလာပြီ
-ဆိုတာကို မပြဆို- မပြောဝံ့ကြတာတွေ.ရတတ်ပါတယ်။
ကဲ--အဲဒီ “ဇရာ“ ဆိုတာကြီးကို
ဘယ်လိုရင်ဆိုင်ကြမလဲ - ဘယ်သို. ဖြတ်ကျော်ကြ
မလဲဆိုတာ ပြီးခဲ့တဲ့လကမှ မြန်မာ့အသံကထုတ်လွှင့်သွားခဲ့တဲ့ “ ဇရာကိုဖြတ်
ကျော် ခြင်း“ ဆိုတဲ့ အစီအစဉ်လေးကို နားဆင်ကြည့်ကြ ရအောင်ပါလားနော် ---
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
No comments:
Post a Comment