ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, September 24, 2013

သတိထားသင့်သော အမှားမျာ





ဒီနေ.တော့ အလုပ်ကလေးနည်းနည်းပါးတာမို.တရားနာမယ်-တရားထိုင်မယ်(ဝါတါင်းမို.ပါ)ရယ်လို.

အိမ်ကလူနဲ. တိုင်ပင်ထားကြပါတယ် ။ ဒါပေမဲ့ ဘန်ကောက်မြို.ရဲ့ နံပါတ်(၁) အကောင်းဆုံး ဆေးရုံ

လို. မြန်မာများအလယ်မှာ ထင်ရှားနေတဲ့ “ ဗန်ဘူဂရတ်“ ဆေးရုံကြီးမှာ စကားပြန်လုပ်နေတဲ့ သမီး 

ဖြစ်သူ“ကျော့အိန္ဒြာဆွေ“က အမေနဲ.အဖေကိုလှမ်းခေါ်တာနဲ.နှစ်ယောက်သား အပြေးလေးရောက်

သွားကြရပါတယ်။  

မြန်မာနိုင်ငံမှ လာရောက်အကုသခံယူကြတဲ့ လူနာများ - လူနာမဖြစ်တဖြစ်များ - မိမိတို.ကျန်းမာ 

ရေးအတွက် အသေအချာ စိတ်အေးနိုင်စေရန် လာရောက် ဆေးစစ်ခံယူသူများစသဖြင့် မြန်မာ 

လူမျိုး ကျား+မ မှစ၍ ကလေးအရွယ်မကျန် အဲဒီဆေးရုံကြီးမှာ ပလူပျံသလိုမျိုး ဖြစ်နေတာသိရပါ 

တယ် ။

ဒီလို အမျိုးမျိုး အဖုံဖုံနဲ. ဆေးရုံကြီးသို.ရောက်သူများအတွက် မြန်မာ+ ထိုင်း + အင်္ဂလိပ်ဘာသာ 

တတ်ကျွမ်းသူ မြန်မာစကားပြန်များကိုလည်း လခကောင်းစွာပေးကာ မွေးထားသည်ကိုလည်း သိရ

ပါတယ်။ “မြန်မာစကားပြန်“လေးများမှာလည်း မွန်- ရှမ်း- မြန်မာ- ရခိုင် စသဖြင့်  စုံစုံလင်လင်နဲ.

ပျော်ရွှင်စွာ လှုပ်ရှားနေကြတာကိုလည်း တွေ.ခဲ့ရပါတယ်။ 

စားသောက်နေကြစဉ်မှာပင် သမီးဖြစ်သူ “ကျော့အိန္ဒြာဆွေ“ က

“ မနေ.ကပေါ့  ဟောဒီ “မရွှေ ရခိုင်“ (အမည်ရင်းမဟုတ်ပါ) စကားပြန်ခဲ့တာတော့ ပြောမပြချင် 

တော့ပါဘူး “—

“ဟေ--ဘာဖြစ်လို.လဲ-သမီးရဲ့ “ ---ဖခင်ဖြစ်သူ “မောင်သုည“ ရဲ့ အမေးကို ဖြေလိုက်မှ အားလုံး 

မှာလည်း စိတ်ဝင်စားသွားရပြန်ပါတယ်--

“ ရန်ကုန်က လူနာအဒေါ်ကြီးကို စကားပြန်လုပ်ပေးတာလေ--“

 “အင်း--အဲဒါ--ဘာဆန်းလို.လဲကွဲ.“ 

“ဆန်းလား - မဆန်းလားတော့မသိဘူး“ အဖေကြီး“ ရေ့--ဆရာဝန်မျက်လုံးပြူးသွားရတယ်“

“ သေသေချာချာလည်း ရှင်းပြပါအုံး - ဘာဖြစ်လို.လဲသမီးရဲ.“ --ကျမက အခုလို ဝင်ပြောလိုက်မှပဲ

“ မနေ.က အဲဒီလူနာ အဒေါ်ကြီးကို သူက ဘာသာပြန်ပေးတယ်-- ဆရာဝန်က  အခုအဒေါ်ကြီး 

လက်ထဲမှာ ကိုင်ထားတဲ့ ဆေးတွေကို “ရပ်“ လိုက်ပါ - လို.ပြောတယ်--
“အင်း --အဲဒါဆန်းသလားကွယ်--“

“ဆုံးအောင် နားထောင်ပါအုံး မေကြီးရယ်-- အဲဒါကို ဟောဒီ မရွှေစကားပြန်က ဘာပြောလိုက် 

တယ် မသိဘူး- လူနာအဖွါးကြီးက ဆေးထုပ်ထဲကဆေးတွေကိုထုတ်ပြီး သူ.ရှာ(လျှာ) နဲ. ရက် 

(လျက်) ပါလေရော-တဲ့ “ 

“ဟယ်--“

“ ဆရာဝန်နဲ. ဘေးက အကူသူနာပြုလေးတွေလည်း မျက်လုံးပြူးပြီးကြည့်ကြသတဲ့--“

“တကယ်တော့ ဆရာဝန်က အဲဒီဆေးတွေ မသောက်နဲ.တော့- ရပ်ပြစ်လိုက်တော့လို.ပြောတာပါ“

ကျမနဲ.အတူ ဒီလိုကြားလိုက်ရတဲ့သူအားလုံးမှာလည်း မရီ(ရယ်) မပြုံးပဲ မနေနိုင်တော့ပါ။

“အမယ်--သူများကျတော့ပြောတတ်လိုက်ကြတာ - တနေ.က ဟို  “ရှမ်းမ“ စကားပြန်လုပ် တာကျ 

တော့ မပြောဘူး “---

“အင်းဘယ်လိုလဲကွဲ. --ပြောပြပါအုံး “ -- အဖေကြီးက ဒီလို စကားဆက်ပေးလိုက်တဲ့အခါမှာတော့-

“ အဲ--ဟုတ်ပါရဲ့ --ရှမ်းမ စကားပြန်ကလည်း ဦးကြီးတစ်ယောက်ကို စကားပြန်လုပ်ပေးတာ--

ဆရာဝန်က ဘာပြောလဲတော့မသိဘူး--အဲဒီ ဦးကြီးက ဟား--ဟား--ဟား   ဆိုပြီး ထရီ(ရယ်)ပါ 

လေရောတဲ့ “ –

“ဟေ--ဘယ်လိုဖြစ်တာလဲ--“

“ဒီလို အဖေကြီးရေ့-- ဆရာဝန်က ဆေးစစ်တော့ လူနာကို တစ်မှ ငါးအထိ ရေတွက်ခိုင်းတာကို

အဲဒီ စကားပြန် “မရှမ်း“ က သေချာ နားမထောင်ပဲ “ဦးလေး ရီလိုက်ပါ--လို.ပြောသတဲ့ --“

“အော်--ဆရာဝန်က ရေတွက်ခိုင်းတာကို စကားပြန်က “ရယ်“လိုက်ပါလို.ပြန်ပေးလိုက်တာကိုး-“

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter