အခန်း ၂ ။ ။ “ပုဂံခေတ် ဗုဒ္ဓဘာသာ“
“ ပုဂံခေတ် ဗုဒ္ဓဘာသာ သာသနာ “ ကို လေ့လာမည်ဆိုပါက -------------------------------
၁) အနော်ရထာနှင့် အရည်းကြီးဝါဒ
၂) ရှင်အရဟံနှင့် အနော်ရထာ
၃) အနော်ရထာနှင့် ပုဂံပြည်
၎) ရှင်အရဟံနှင့် ပုဂံပြည်-ဟူ၍ အပိုင်း (၄)ပိုင်းခွဲခြားထားသည်ကို
တွေ.ရမည်ဖြစ်ပါသည်။
၁) အနော်ရထာနှင့် အရည်းကြီးဝါဒ
သာသနာ သက္ကရာဇ် ၁၅၈၈- မတိုင်မီ
ပုဂံပြည်မှာ “အရည်းကြီး“ ဆိုသည့်
အယူဝါဒကို လက်ခံ
ကျင့်သုံးခဲ့ကြပါသည် ။ အရည်းကြီးများသည် “မဟာယန“
ဗုဒ္ဓဘာသာအနွယ်မျိုးဟန်ဆောင်ကာ
သူတို.၏ တန်ခိုးအာဏာ
ကြီးထွားရေးအတွက်သာ ကြိုးပမ်း အားထုတ်ခဲ့ကြသူများဖြစ်ပါသည်။
အမှန်ဆိုသော် အရည်းကြီးများ၏အယူဝါဒသည် ဗုဒ္ဓမြတ်ဘုရား၏အလယ်အလတ် ကျင့်စဉ်တရား
မှ လွဲဖယ်နေသော အစွန်းတရားနှစ်ပါးဖြစ်သည်ဟုဆိုပါ၏။
“အတ္တကိလမထာ“ဆိုသည့်
မိမိတို.၏စိတ်ကိုအကုသိုလ်တရားမဝင်စေရန် ခန္ဓာကိုယ်ကို
ပင်ပန်း
အောင် တနည်း နည်းဖြင့် ပြုလုပ်ကြသည့် ကျင့်စဉ်ဖြစ်ပါသည်။ ဥပမာ-ဇယ်ခုတ်နေခြင်း- တုံးခုန်
နေခြင်း - ရေငုတ်နေခြင်းများကို ပြုလုပ်နေခြင်းအားဖြင့် အ - ကုသိုလ် အညစ်အကြေးများ မဝင်
ရောက်နိုင်ဟူ၍ ယူဆကြခြင်းပင်ဖြစ်ပါသည်။ ထိုသို.ပြုကျင့်နေခြင်းကိုလည်း“ လွဲမှားသောအကျင့်-
အစွန်းတစ်ဖက်ရောက်သောအကျင့်“
ဟု မြတ်ဘုရားက မိန်.ကြားထားပါသည် ။ အရည်းကြီးတို.
သည် ထိုမျှမကသေးပဲ မုတ်ဆိတ်ကျင်စွယ်များထားခြင်း၊ ဆံပင်အရှည်ထားခြင်းနှင့်သစ်ခေါက်ဆိုး
ဝတ်ရုံများ ဝတ်ဆင်ကြပါသည်။
“ပန်းဦးလွှတ်ခြင်း“ ဆိုသည့် အလေ့အထတစ်ခုကို အရည်းကြီးတို.က တီထွင်ပြုကျင့်ခဲ့ခြင်းမှာ
လည်း အဆိုးဆုံးသော လုပ်ရပ်ဖြစ်ခဲ့ပါ၏ ။ ဥပမာ---- ရပ်ကွက်ထဲမှ သတို.သား မောင်ဘ နှင့်
သတို.သမီးမလှတို.မနက်ဖြန်နံနက်တွင် မင်္ဂလာဆောင်ရန် အားလုံးအဆင်သင့်ပြင်ထားပြီးပါပြီ
။
ယနေ.ညနေတွင် သတို.သမီးကို ဤရပ်ကွက်မှအရည်းကြီးဆရာတော်ထံသို.ပို.ပေးကြရပါသည်။
ထိုကဲ့သို. ပို.ဆောင်ရာမှာလည်း အတီးအမှုတ်-
အက-အခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ တ
ပျော်တပါးကြီး
ပို.ဆောင်ပေးကြရပါသည် ။ သတို.သမီးခမြာလည်း
အရည်းကြီး ဆရာတော်နှင့်
တစ်ညတာလုံး အသုံးတော်ခံခဲ့ရရှာပြီး နောက်နေ.မှ သူ၏ဘဝခရီးဖေါ် သတို.သားနှင့်လက်ထပ်
ခွင့်ရရှာပါတော့သည်။
သို.မှသာ အဆိုပါ ဇနီးမောင်နှံမှာ သားကော်ငးရတနာများ ထွန်းကားလာ
နိုင်သည်ဟု ယူဆခဲ့ကြပါ၏။
ထို.ကြောင့်လည်း “အရည်းကြီးဝါဒ“ မှာ တကိုယ်ကောင်းဆန်ပြီး အများကောင်းကျိုးမပါ- ယုတ်
မာရိုင်းပြသောအယူအဆ- တကယ့်ကိုးကွယ်ရမည့် ဘာသာတရားမဟုတ်ပဲ အယူမှားကြီးဖြစ်နေ
သည်ကိုလည်း “အနော်ရထာ “က နန်းမရမီကပင် သဘောပေါက် နားလည်ထားခဲ့ပြီးဖြစ်ပါ၏။
ခရစ်သက္ကရာဇ် ၁၀၄၄- ခုနှစ်တွင်နန်းတက်ခဲ့သည့် “အနော်ရထာမင်း“သည်
တိုင်းသူပြည်သား
များအတွက် တကယ့်“ကိုးကွယ်ရာအစစ်အမှန်“ကိုလည်း အမြဲမပြတ် စူးစမ်းရှာဖွေ လေ့လာနေခဲ့
ပါသည်။
၂) ရှင်အရဟံ နှင့် အနောရထာ
တစ်နေ.သောအခါ မုဆိုးတစ်ယောက်သည်
တောကောင်ပစ်ရန်အတွက် တောတွင်းသို.ထွက်ခဲ့
ပါ သည်။ တစ်နေကုန်လုပြီဖြစ်သော်လည်း တောကောင် တစ်ကောင်မျှမတွေ.ရသ်ညအတွက်
မုဆိုး ကြီးခမြာ စိတ်ပျက်နေရှာပါသည် ။ ထိုစဉ်အခါ ခပ်ဝေးဝေးဆီမှ ဝင်းဝင်းဝါဝါနှင့် ရွေ.လျား
လာနေ သော ငသဏ္ဍာန်တစ်ခုကို တွေ.လိုက်ရာ “သားကောင်တွေ.ပြီ“ ဟု ဆိုကာ မုဆိုးကြီးမှာ
အားရဝမ်းသာ
ဖြစ်စွာဖြင့် လေးနှင့်မြားကို အသင့်ချိန်ကာ ပစ်ရန်ဟန်ပြင်လိုက်ပါသည်။
“သည်းခံပါ ဒကာတော်- သည်းခံပါ “ ဒီလို ပြောလိုက်သည့်စကားသံကြောင့် မုဆိုးကြီးလည်း
အံ့ အားသင့်သွားကာ -----------------------------------------------------------------
“အသင် ဘယ်သူလဲ-ဘယ်ကလာတာလဲ “-စသည့်မေးခွန်းများကို မေးပါသော်လည်း အဖြေ
ပေးသံမကြားရပါ။ အကြိမ်ကြိမ် အခါခါ မေးပါမှ နောက်ဆုံး--------------------------
“သင်တို. ဘုရင် အနော်ရထာနဲ. တွေ.ရန် လာခြင်းဖြစ်တယ်“ ဟု အဖြေကြားရသည်နှင့်
နန်းတော် သို.ခေါ်ဆောင်လာခဲ့ပါတာ့သည် ။ သို.နှင့် နန်းတော်သို.ရောက်ပါပြီ ---------
ဦးခေါင်းမှဆံပင်များကို ပြောင်အောင် ရိတ်ထားပြီး အဝါရောင်ဝတ်ရုံနှင့် လိုက်ဖက်သည့်
ရွှေဝါ
ရောင် အသားအရေဖြင့် တည်ငြိမ်အေးချမ်းလှသော မျက်နှာက ကြက်သရေရှိလှပါပေစွ ။
ဤကဲ့သို. ထူး
ဆန်းလှသော သဏ္ဍာန်ကို မတွေ.မမြင်ဖူးခဲ့သူ အနော်ရထာမင်းကြီးကလည်း
“ဤ ပုဂ္ဂိုလ်သည် သာမန်မဖြစ်နိုင်“ ဟုတွေးကာ ပလ္လင်ထက်မှဆင်းလိုက်ပြီး --------
“သင့်တော်(လျော်) ရာ နေရာမှာ ထိုင်ပါ“
- ဟု ပြောလိုက်ပါသည် ။
ထိုအခါ “ရှင်အရဟံ“သည်လည်း ဘာမျှမပြောပဲ ဘုရင်မင်းမြတ်ကြီး၏ “ရာဇပလ္လင်“ ထက်
သို. တက်ကာ တည်ငြိမ် အေးချမ်းစွာ ထိုင်လိုက်သောအခါ
ဘုရင်နှင့်တကွ နန်းတော်တွင်းရှိ
လူအား လုံးမျာ ပိုမိုအံ့သြသွားကြရပြန်ပါသည်။
“ဘယ်ကလာပြီး ဘယ်သို.သွားမှာပါလဲ - အရှင်သည် အဘယ်ကဲ့သို.သော ပုဂ္ဂိုလ်ဖြစ်
ပါသနည်း“-ဟု“အနော်ရထာမင်း“က မေးလိုက်ပြန်ရာ--မိမိသည်“ရှင်အရဟံ မထေရ်မြတ်“
သာသနာပြုရန် လာရောက်ခြင်းဖြစ်သည်- ဟုဆိုကာ “ဗုဒ္ဓမြတ်ဘုရား“ ၏ အဆုံးအမ တရား
တော်များကို ဟောကြား
တော်မူပါတော့သည်။
(ဆက်လက်တင်ပြပါမည်)
No comments:
Post a Comment