ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, September 15, 2013

မြန်မာအမျိုးသမီးများ ဂုဏ်ယူစရာ


  
                         
မှန်ပါတယ် - အမျိုးသမီးများအတွက် ဂုဏ်ယူ အားတက်စရာသတင်းတစ်ပုဒ်ပါ ။
စက်တင်္ဘာလ ၁၄ - ရက် - စနေနေ.က မြန်မာအမျိုးသမီးဘောလုံးအသင်း နဲ.
 ဖိလစ်ပိုင် အမျိုးသ မီးဘောလုံးအသင်းတို. ယှဉ်ပြိုင်ကစားကြပါတယ် ။  ဒီပွဲစဉ် 
ကို စတင်လိုက်ချိန်မှာပဲ မြန်မာအမျိုး သမီးအသင်းက ဖိအားနဲ. ကစားလိုက်တဲ့
အခါ အနိုင်ဂိုးကို စတင်ရရှိခဲ့ပါတယ် ။
ဒီနောက် မြန်မာအမျိုးသမီး ဘောလုံးအသင်းကပဲ ဆက်တိုက် ဆိုသလို  ၃ - ဂိုး 
သွင်းနိုင်ခဲ့တာကို တွေ.ရပါတယ် ။
ဒီအမျိုးသမီး ဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားနေကြတာကို ကြည့်နေစဉ်အတွင်း
မှာပဲ ဟိုး--တစ် ချိန်က ဒီလိုပဲ အားကစားလှုပ်ရှား ကစားခဲ့ကြတာကို ပြန်လည်မြင်
ယောင်လာမိပါတော့တယ် ။
ဟုတ်ပါတယ် - လူဆိုသည်ကလည်း အကြောင်းတစ်ခုခု တိုက်ဆိုင်လာတာနဲ. လွန်ခဲ့
သော အ တိတ်ကာလမှ အလားတူ လှုပ်ရှားဆောင်ရွက်ခဲ့သည် အကြောင်းအရာများ
ကို အတွေးအားရုံများ အတွင်း ကွက်ကွက်ကွင်းကွင်းကြီးကို ပြန်လည် မြင်မိလျက် သား ဖြစ်သွားတတ်ကြစမြဲပင်မဟုတ် ပါလား ။
အသက်လေးက ခပ်ငယ်ငယ်- အရွယ်တော် တစ်ဆိတ်မဟိုင်းသေးတဲ့ တစ်ဆယ်ကျော်
 နှစ်ဆယ် ပိုင်းကပေါ့ ။ မူလတန်းဆရာမ တာဝန်နဲ. မိတ္ထီလာ တပ်မတော် အထက်တန်း
ကျောင်းမှာ ရှိနေစဉ် ကပါ ။ သည်အချိန်သည်ကာလက မြန်မာတစ်နိုင်ံလုံးမှာ တပ်မ 
တော်အထက်တန်းကျောင်းရယ် လို ၃- ကျောင်းသာရှိခဲ့ပါတယ် ၊ မင်္ဂလာဒုံတပ်မတော် အထက်တန်းကျောင်း- မိတ္ထိလာတပ်မတော် အထက်တန်းကျောင်းနဲ. ဗထူးတပ်မတော် အထက်တန်းကျောင်း ။

အဲဒီတပ်မတော်ကျောင်း သုံးကျောင်းရဲ့ လက်ရွေးစင် ( အဟဲ ) ဘောလုံးအသင်းတွေ 
ယှဉ်ပြိုင် ကစားကြရမယ် - အမျိုးသားအသင်းများသာမဟုတ်ပဲ အမျိုးသမီးအသင်းတွေ
ပါ ယှဉ်ပြိုင်ကစားကြရမယ်-ဆိုတဲ့ အမိန်.က “ကဝညာ”လို.ခေါ်တဲ့“ကာကွယ်ရေးဝန်ကြီး
ဌာန(ပညာ)“မှ ထုတ်ပြန် လိုက်ပါတယ် ။
အမျိုးသားအသင်းများအနေနဲ. အဆင်သင့်ဖြစ်နေကြပေမဲ့ တစ်ခါမျှ ဘောလုံးမကန်- မ
ကစားဖူး ကြတဲ့ အမျိုးသမီးအသင်းအတွက် အခက်ကြုံခဲ့ကြရတယ်ပေါ့။ ဒီတော့လည်း မိတ္ထီလာတပ်မတော် ကျောင်းအုပ်ကြီး ဗိုလ်ကြီးညွန်.မောင်(ကွယ်လွန်) က တစ်ချက် လွှတ်အမိန်.ကိုထုတ်ပြန်လိုက်ပါ၏။ ကျောင်းသူများနဲ. ဆရာမများ စုပေါင်းကာ အမျိုး သမီးဘောလုံးအသင်းဖွဲ.တစ်ဖွဲ. အမြန်ဆုံးဖွဲ.စည်း ရမည် -- တဲ့။
ကျောင်းသူလေးများနဲ.အတူ သက်တူရွယ်တူ ဆရာမလေးများသာမက ဗိုလ်ကြီးအောင်
မြိုင်ရဲ့ ဇနီး “ဒေါ်သန်းသန်းမြိုင်“ကဲ့သို.သော အသက်ကြီးဆရာမများလည်းမနေရတော့ပါ။ 
အဲ “ ကလေးတို. ဆရာမ“ ကတော့ အရပ်ကမြင့် ခန္ဓာကဖွံ.ဆိုတော့“ဂိုးလ်ကီပါ“(ဂိုးဖမ်း
သမား) ၊ ကရင်ဆရာမလေး “နော်သန်းသန်းညို“ က အရံ ဂိုးဖမ်းသမား ။
မမ “ဒေါ်သန်းသန်းမြိုင်“ ကလည်း အသက်သာ ၅၀-နီးနေတာ- အပြေးက“သန်“ သလား
မပြောနဲ. - သူ - “သယ်“ သွားတဲ့ဘောလုံးကို တစ်ဘက်သား “မမ“ တို.က ဘယ်လိုမှ 
“လိုက်ပြီး“ မလုနိုင်ရှာကြပါ ။
တစ်ခါတစ်ရံ တစ်ဘက်ဘောသမား “မမ“ တို.ဘောလုံးရသွားပြီး ဒီဘက်ဂိုးဆီသို. သယ်
လာတဲ့ အခါ “ကလေးတို.ဆရာမ“ မှာ - အပေါ်ကိုပဲ ခုန်ဖမ်းရမလား- အောက်ကိုပဲ လှိမ့်
ဖမ်းရမလား-- စိတ်တွင်းက ဘုရား“တ“ကာ မျက်ပြူးဆန်ပြာဖြစ်သွားရပါတယ် ။ တော်ပါ
သေးရဲ့ သန်းသန်းညိုတို. က အချိန်မီဘောလုံးကို “လု“ ပြေးကြပေလို.--ဘုရား--ဘုရား ။  
 နောက်ဆုံးတော့ “ ကလေးတို. ဆရာမ“ ရဲ့ မိတ္ထီလာတပ်မတော်အထက်တန်းကျောင်း အမျိုးသမီးဘောလုံးအသင်းက“ပထမဆ“ ကို ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။
အဲသလို အသဲတစ်ထိတ်ထိတ် ရင်တဖိုဖိုနဲ. နွှဲခဲ့ဖူးတဲ့ ဘောလုံးပွဲ ။  

ဒီပုံလေးကတော့ ဗထူးအားကစားကွင်းမှာ အမှတ်တရပါ----   




   

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter