From Khin Hnin Mu
Dear teacher,
I never forget u. U r one of coordinator in Youth Summer Camp no 11 at
S.H.2 1
Bahan in early 70's. we went to Tun Tay by
ship for excursion and
I was suffered from dizzy.
Then u and U Aung Lwin and others
were taking care of me kindly.
I always like to
say thank u so much with my respect but I have no
chance to see u again.
Now I found u in FB and pls
accept my respects and thank u from
my heart. I wish I can
see u in person. Best regards from
Khin Hnin Mu(Former S.H.S 2
Bahan student)
----------------------------------------------------------------------
ဒီမက်ဆေ့ခ်ျလေးဖတ်လိုက်ရတော့ စိတ်အစဉ်က ဟိုးလွန်ခဲ့တဲ့ အချိန်ကာလ
ဒီမက်ဆေ့ခ်ျလေးဖတ်လိုက်ရတော့ စိတ်အစဉ်က ဟိုးလွန်ခဲ့တဲ့ အချိန်ကာလ
များဆီသို.လွင့်သွားပါတော့တယ်-
- အမှတ်(၂)
အစိုးရအထက်တန်းကျောင်း- ဗဟန်းမှာပေါ့- ဆရာဦးဇော်မြင့် (စာရေးဆရာမိုးဇော်ရည်)နဲ. ဆရာဦးဇော်မင်းထိန် (စာရေးဆရာ
ကြည်ဇော်) နဲ.အတူ နွေရာသီကျောင်းပိတ်ရက်
လူငယ်စခန်းမှာ လုပ်အားပေးခဲ့ကြပုံတွေကို ရုပ်ရှင်ပြကွက်အလားမြင်မိလျက်သားဖြစ်သွားပါတော့တယ် ။
ထုံးစံအတိုင်းပေါ့--နွေရာသီကျောင်း ၂ - လ
ပိတ်ပြီဆိုတာနဲ. ခင်မင်ရင်းနှီးရာ
ကျောင်း ဆရာ-ဆရာမတွေ စုပေါင်းကာ
ရှမ်းပြည် တောင်ပိုင်း-မြောက်ပိုင်း စ
သည့် မရောက်ဖူးသေးသော ဒေသများဆီသို.
ဘုရားဖူးသွားလေ့ရှိကြပါတယ်။
အကယ်၍ နွေရာသီလုပ်အားပေးစခန်းရှိပါကလည်း စခန်းဝင်ကြရတာပေါ့။
ပျော်စရာအလွန်ကောင်းသလို
မ-တစ်ထောင်ဖွါး ကျောင်းသား-သူများကို နေ.
ရောညပါ စောင့်ရှောက်
သင်ကြားပေးရတာကလည်း မလွယ်လှတာအမှန်ပါ။ တစ်ခါတစ်ရံ ဆရာအချင်းချင်း မသင့်မြတ်ကြတဲ့အခါ
ဝင်ရောက်ဖြေရှင်းပေးရ တာတွေကိုလည်းကြုံရတတ်ပါသေးတယ် ။
သင်ကြားပေးရတဲ့
ဘာသာရပ်များကလည်း လူငယ်များအတွက် အလွန်လိုအပ်
တဲ့ အင်္ဂလိပ်စာ -မြန်မာစာ -
သမိုင်း- ရှေ.ဦး သူနာပြုနည်း- အားကစားပညာ- စစ်ပညာအခြေခံ စသည်-စသည်။
“ခင်နှင်းမူ“လေး ရေးသားဖေါ်ပြထားသလိုပါပဲ-
Excursion ခေါ် “လေ့လာ
ရေးခရီး“တစ်ထောက်အဖြစ်
တွံတေးကိုရောက်ခဲ့ကြပါတယ်။ တွံတေးရဲ့ မြန်မာ့
ရိုးရာ အိုးမျိုးစုံလုပ်ငန်းမှာ အလွန်စိတ်ဝင်စားမိကြတဲ့အတိုင်း
အိုးပုတ်- ချိုးရုပ်မှ
အစ ရွှံ.မြေနဲ.လုပ်ထားတဲ့ပစ္စည်းလေးများကိုလည်း အမှတ်တရအဖြစ် ဝယ်ခဲ့ကြ ပါသေးတယ်။
သင်္ဘောနဲ.သွားရတဲ့ခရီးပေမို.“ခင်နှင်းမူ“သာမက အချို.သောကျောင်းသူလေး
များ
မူးမော်ကာ လဲကျသွားသည်ကိုလည်း အချိန်မီ
ပြုစုပေး-ဆေးရုံပို.ပေးကာ ဆရာ့တာဝန်ကို ကျေပွန်စါာထမ်းဆောင်နိုင်ခဲ့ကြပါတယ်။
ဒီလိုနဲ. တစ်လသင်တန်းပြီးလို. လုပ်အားပေးစခန်းသိမ်းပွဲ ကျင်းပရာမှာလည်း
“ကလေးတို.ဆရာမ“ ဦးဆောင်တဲ့အဖွဲ.က
မှတ်မှတ်ရရ ပြဇာတ်လေးနဲ.နှုတ် ဆက်ခဲ့ကြပါတယ် ။
“ခေတ်နဲ.အညီ ရှေ.သို.ချီ“ ဆိုတဲ့
ပြဇါတ်တိုလေးကို ကိုယ်တိုင်ရေးပြီး နှုတ် ဆက်ခဲ့ခြင်းပါ ။
ဒီပုံလေးကိုကြည့်နော်-
မိန်းမလျှာ(ရှာ)
မောင်ငယ်တွေနဲ. အစ်မကြီး(ကလေးတို.ဆရာမ)ငြင်းခုန်နေ
ကြတဲ့ပုံလေးပါ
ဒီပုံကတော့ အားလုံး သဘောပေါက်သွားကြလို. မိန်းမလျှာ (ရှာ) မောင်လေး
တွေပါ အမြင်မှန်ရပြီး ယောကျားပီပီလုပ်အားပေးကြမယ်ဆိုပြီး ဇာတ်သိမ်းခန်းပါ
ယနေ.လူငယ်လေးများအနေနဲ. ဒီလိုခေတ်-ဒီလိုပုံမျိုးနဲ. ဘယ်အခါများ မှ ပြန်လည်ကြုံကြရပါလိမ့်---
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ယနေ.လူငယ်လေးများအနေနဲ. ဒီလိုခေတ်-ဒီလိုပုံမျိုးနဲ. ဘယ်အခါများ မှ ပြန်လည်ကြုံကြရပါလိမ့်---
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
No comments:
Post a Comment