ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Saturday, August 3, 2013

မြန်မာစကားနှင့် မြန်မာ့ယဉ်ကျေးမှုကို ဂရုပြု

                   မြန်မာစကားနှင့် မြန်မာ့ယဉ်ကျေးမှု ဂရုပြု         


        
ဂျူလိုင်လ ၃၀-ရက်နေ.မှာ ကျောင်းသားတွေ စာမေးပွဲဖြေပြီးပြီ ဆိုတော့  ၃၁ - ရက်နေ.မှာ
အဖြေလွှာများကို သွားယူရမှာဖြစ်ပေမဲ့ မသွားနိုင်ခဲ့ပါ ။ အကြောင်းကတော့ မနှစ်၂၀-ကျော်
လာတဲ့အထိအခင်မင်ဆုံး- ယုံကြည်စိတ်ချရဆုံး မိတ်ဆွေဖြစ်နေသူ ထိုင်းဝန်ကြီးဟောင်းက
တော် မစ္စစ္စ လတ်ခ်စနာ ( ချစ်စနိုး အမည်ကတော့ လက်ခ် Lek ) ရဲ့ ဖိတ်ကြားချက်နဲ. ထိုင်း
+ မြန်မာ နယ်ခြားဒေသဆိုင်ရာ  ညှိနှိုင်းဆွေးနွေးပွဲသို. တက်ရောက်လာကြသူ ဗျူဟာမှူးကြီး
များဖြစ်ကြတဲ့ ထိုင်း-မြန်မာဗိုလ်ချုပ်ကြီးများ ၊ တာဝန်ခံ ဗိုလ်မှူးကြီးများအား သွားရောက် တွေ.
ဆုံ နှုတ်ဆက်ခဲ့ရပါတယ် ။
သူတို.တည်းခို - အစည်းအဝေးလုပ်ရာ ထိုင်းနိုင်ငံရဲ့အပန်းဖြေစခန်းအဖြစ် နာမည်ကြီးလှတဲ့
ချအမ် (Cha –Am)  ကမ်းခြေမှ ဟိုတယ်ကြီးကို ဘန်ကောက်မှ နှစ်နာရီကျော်ကျော် ကား
မောင်းသွားရပါတယ် ။
ခရီးလမ်းကို ကျွမ်းတဲ့ မစ္စစ္စ လက်ခ် ရဲ့ ယာဉ်မောင်းကြောင့် လမ်းမှားခြင်းမရှိပဲ ဟိုတယ်သို.
မနက် ၁၀- နာရီမှာ ချောမောစွာ ဆိုက်ရောက်သွားပါတယ် ။  ကံကောင်းသည်ပဲဆိုရမယ်
ထင်ပါရဲ့ ။  ရောက်သွားတဲ့အချိန်မှာ အစည်းအဝေး နားနေချိန်ဖြစ်သောကြောင့် စောင့် မ
နေရတော့ပဲ တာဝန်ရှိပုဂ္ဂိုလ်ကြီးများနဲ.တိုက်ရိုက်-ချက်ခြင်း တွေ.ဆုံခွင့်ရပါတယ် ။
တကယ်တော့ဒီအမျိုးသမီးကြီးက မြန်မာနိုင်ငံတော် သမ္မတကြီးရဲ့ အကူအညီတောင်း-တာ
ဝန်ပေးချက်အရ ထားဝယ်စက်မှုဇုံတည်ဆောက်ရေးနဲ. မြဝတီစက်မှုဇုံ တည်ဆောက်ရေး
ကို ဦးဆောင်စီစဉ်ပေးနေရသူလည်းဖြစ်ပါတယ်။ 
သက်ဆိုင်ရာ နယ်ခြားဒေသတာဝန်ခံ ဗိုလ်ချုပ်ကြီးများ- ဗိုလ်မှူးကြီးများနဲ. အရပ်သားအရာ
ရှိကြီး များအား တွေ.ဆုံနှုတ်ဆက်- မိတ်ဆက်ကာ နယ်ခြားဒေသ စက်မှုဇုံဖြစ်ထွန်းအောင်
မြင်လာရေး-ဖံွံ.ဖြိုးတိုးတက်လာစေရေး စသည်များကို တက်သုတ်ရိုက်ကာ မေးမြန်း ဆွေး
နွေးခဲ့ကြပါတယ်။
ဒီလိုဆွေးနွေးပြီးတဲ့အချိန်မှာပဲ--
ဆရာမ- နေကောင်းပါရဲ့လား” –
မြန်မာစကားကို ပီပီသသပြောကာ မေးလာပါသော်လည်း မန်မာ မဟုတ်ဘူးဆိုတာ
ကိုတော့ သတိပြုမိလိုက်ပါတယ် ။ ရယ်မောကာ ဝမ်းသာဟန်ဖြင့် နှုတ်ဆက်လာသူများက
တော့ ထိုင်းစစ်ဗိုလ်လေး နှစ်ယောက်ပါ ။
အော်--ဟုတ်ကဲ့ - ကောင်းပါတယ် -- လို. ပြန်ဖြေလိုက်တော့
ဆရာမ- ကျနော်တို.ကို မမှတ်မိဘူးထင်ပါတယ်“-- တဲ့ ။
အင်း--ဟုတ်ပါလိမ့်မယ်-- လို. ခပ်ပြုံးပြုံးလေး အဖြေပေးလိုက်တော့--
ကျနော်တို.က ဆရာမရဲ့ တပည့်တွေလေ “---
အင်း --- တပည့်တွေကလည်း အများသား ။  မြန်မာ့ ယဉ်ကျေးမှုနဲ. မြန်မာစာကို သင်ပေး
ခဲ့တဲ့ကျောင်းတွေကလည်း မနည်းလှတော့ တွေးရခက်ကြီးပေါ့။ ထိုင်းတပ်မတော် ဘာသာ
စကားသင်သိပ္ပံမှာတော့ ဒီလို လူငယ်လေးတွေကအနည်းသား။ အသက်လေးဆယ်ကျော်
တွေ ပိုများတာကိုး။
အေးကွယ် -- ဆရာမ တွေးလို.မရတာ ခွင့်လွှတ်နော် - တပည့်တွကများတယ်မှုတ်လား
ကျနော်တို.က နရေးစဝမ် (Nerasuan University) တက္ကသိုလ်ကလေ- ကျနော်က
ခင်မောင်သူက လှအောင်-ပါ “- --
နရေစဝမ်တက္ကသိုလ် ဆိုတဲ့နာမယ်ကြားလိုက်သည့်တိုင်အောင် သူတို.ကို မမှတ်မိနိုင်ပါ ။
ဝမ်းသာပါတယ်ကွယ်“- -ဆိုတဲ့ တုန်.ပြန် စကားလေးကိုပြောလိုက်ပြီး သူတို.လေးတွေ ရဲ့
တောင်းဆိုချက်အရ အမှတ်တရ ဓါတ်ပုံလေးရိုကဖြစ်ခဲ့ပါတယ် ။
တကယ်တော့အဲဒီ နရေစဝမ်တက္ကသိုလ်မှာမြန်မာနိုင်ငံခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ
သမိုင်းစဉ် ဆိုတဲ့ ကျမ်းတစ်စောင် ကို ပြုစု- ရေးသားရန် ဖိတ်ခေါ်ချက်ရ သွားရောက်ခဲ့
ရခြင်းသာပါ ။ မြန်မာဘာသာဌာနမှာ ရေးသားနေခဲ့ရတာကြောင့် မြန်မာစာကို တက်ရောက်
သင်ယူနေကြသူ ကျောင်းသားများနဲ.တော့ တရင်းတနှီးမရှိခဲ့တာအမှန်ပါ။ တစ်ခါတစ်ရံ သူတို.
သိချင်တဲ့စကးလုံးလေးတွေကိုစာရေးနေတဲ့ အခန်းထဲမှာပဲ ဝင်လာပြီးမေးလေ့ရှိခဲ့ပါတယ် ။
မည်သို.ပင်ဖြစ်ပါစေ ဒီလို နိုင်ငံခြားသားများကသော်မှ မန်မာဘာသာ- မြန်မာစကား
ကို လေးလေးစားစား လေ့လာ သင်ယူနေကြတယ်ဆိုတာကိုတော့ သည်ကနေ. လူငယ်
အများသိထားသင့်ကြပါတယ်။ အထူးသဖြင်မြန်မာစကားပြောရမှာကို ရှက်သလိုလို -
မပြောချင်သလိုလို ဖစ်တတ်သူများအနေနဲ.  တကယ့်ကို သိထားသင့်ပါတယ် ။ ဂုဏ်
လည်းယူရမှာဖြစ်ပါတယ် ။
ယနေ.အာစီယမ်ခေတ်ကြီးမှာလည်းအာစီယမ်ဘာသာရပ်အဖြစ် ထိုင်းနိုင်ငံရဲ့ အလယ်
တန်းနဲ. အထက်တန်းမှစပြီး တက္ကသိုလ်အထိ မန်မာဘာသာ ကို သင်ကြားပေးနေပြီ
ဖြစ်ပါတယ်။
မန်မာလူမျိုးမှန်သမျှ မြန်မာစကားနဲ.မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထား တတ်ကြ
ရမှာဖြစ်ပါတယ်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ 


မြန်မာနိုင်ငံမှ တာဝန်ခံ ဗိုလ်ချုပ်-ဗိုလ်မှူးကြီးများနှင့် ထိုင်းဝန်ကြီးဟောင်းကတော်တို.နှင့်အတူ



 
လာရောက်နှုတ်ဆက်ကြသော နရေစဝမ်တက္ကသိုလ်မှ တပည့်ဟောင်းများနှင့်အတူ

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter