မြန်မာနိုင်ငံ ခေတ်အဆက်ဆက်ကို
ပြန်လည် လေ့လာကြည့်မည်ဆိုပါက လူငယ်တို.၏ အခန်း ကဏ္ဍမှာ သူ.ခေတ်နဲ. သူအခါ အချက်ကျစွာ ပါဝင် လှုပ်ရှားခဲ့ကြသည်ကို တွေ.သိလာမည်ဖြစ်ပါ တယ်။ ဒီကိစ္စ နဲ.ပတ်သက်ပြီး
မြန်မာ့သမိုင်းကို တစေ့တစောင်း ပြန်ကြည့်ကြရအောင်ပါ ။ ပထမမြန်မာနိုင်ငံတော်ကြီး
ကို
တည်ထောင်လာခဲ့သူ “အနော်ရထာမင်း“ကို လူတိုင်းသိကြပါတယ်။
ပုဂံပြည်ကြီးပေါ်ထွန်းလာခဲ့ပြီးသော်လည်း
သီလပျက်- အကျင့်ပျက်- ရဟန်းတု ရဟန်းယောင်များ သာ
ဖြစ်တဲ့ “အရည်းကြီး“များကြီးစိုးနေခဲ့ခြင်းကို
လူငယ်လေးတစ်ဦးမျှသာဖြစ်တဲ့“အနော်ရထာ“က ခက်ခဲ
စွာတွန်းလှန်တိုက်ဖျက်ခဲ့ပြီး
ဒီကနေ.အထိထွန်းကားလျက်ရှိနေတဲ့
“ဗုဒ္ဓဘာသာသာသနာ“ တော်ကြီး
ကို စတင်ပေးခဲ့ခြင်းဖြစ်ခဲ့ပါတယ် ။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ဗုဒ္ဓဘာသာ သာသနာပြန်. ပွါး-ထွန်းကား လာရေးအတွက်
“ပုဂံ“သို.စတင်ကြွရောက်လာခဲ့သူ “ရှင်အရဟံ”သည်လည်း
သက် တာ်၂၀-ဝန်းကျင် မျှသာပါ။ ထိုမျှမက ပုဂံသူရဲကောင်းစာရင်းဝင် “ကျန်စစ်သား“ ပင်လျှင်အသက်
ငယ်ငယ် လူရွယ်ဘဝမှ စတင်ကာ နိုင်ငံ့ရေးရာများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါ၏။
အဲဒီနောက်ပိုင်း--အာဇာနည်သူရဲကောင်းအဖြစ်
ထင်ရှားလှသော “တပင်ရွှေထီး“ မင်းသည် အသက်
၁၆-နှစ်အ
ရွယ်
လူငယ်လေးဘဝမှာပင် (ဟံသာဝတီပဲခူး)မှ ရန်သူတပ်များကို ထိုးဖေါက် ဝင်ရောက်
ခါ ရွှေမော်ဓေါဘုရားမှာ
နားထွင်းမင်္ဂလာဆင်နွှဲခဲ့သည်ကိုကြည့်ခြင်းအားဖြင့်
ရဲဝံ့ထူးခြားစွာလှုပ်ရှားခဲ့ခြင်း
ကို အများသိရှိထားပြီးဖြစ်ပါတယ်(အသက်အားဖြင့်ငယ်ရွယ် နုနယ် လွန်းသောကြောင့်လည်း) အရက်နှင့်
မြှူလာသူ ကုလား၏ဖျက်ဆီးမှုဒဏ်ကိုအသက်ဆုံးရှုံးရသည်
အထိ ခံခဲ့ရခြင်းမဟုတ်ပါလား။
ထို.အတူပင် ဒုတိယ မြန်မာနိုင်ငံ တော်ကြီးကို တည်ထောင်ခဲ့သူ
တပင်ရွှေထီး၏ နောင်တော်
“ဘုရင့်နောင်“သည် လည်း လူငယ်ဘဝမှပင် စတင်ကာ
နိုင်ငံတော်အတွက် ညီတော်တပင်ရွှေထီးအား အဖက်ဖက်မှ တက်
ကြွစွာ ကူညီလှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။
ဒီလိုပါပဲ သူခေတ်နဲ. သူ.အခါ မြန်မာနိုင်ငံအရေး( အမျိုးသားအရေး) တွေမှာ ထူးချွန်စွာဦးဆောင် လှုပ် ရှားခဲ့ကြတဲ့
လူငယ် လူရွယ်များစွာကိုလည်းလေ့လာ
တွေ.မြင်ကြရမှာဖြစ်ပါတယ် ။ အထူးသဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်
အသက်ကိုမျှ
ပဓါနမထားပဲ ရဲဝံ့စွာ စွန်.စားခဲ့ကြသော “ဗိုလ်ချုပ်အောင်ဆန်း“
နှင့်တကွ မြန်မာ့သားကောင်းရတနာ လူငယ်
လူရွယ်များစွာကိုလည်း တွေ. မြင်နိုင်ပါတယ်။ ဒါတွေကတာ့ ဟိုးလွန်ခဲ့သော ကာလ -
ဟိုအချိန်တွေကပါ ။
သို.ဆိုလျှင်- ဒီကနေ.
ဒီခေတ်မှာကော (Positive)
အကောင်းမြင်စိတ်ကလေးနဲ. ကြည့်လိုက်မယ် ဆိုပါလျှင် လုပ်ငန်းခွင်အတော်များများမှာ
ပါဝင်လှုပ်ရှားနေကြတဲ့
လူငယ်လူရွယ်လေးများကို မမြင်ချင် မှအဆုံးပါ ။ ဒီလိုလူငယ်အချို.ရဲ့ မှန်မှန်ကန်ကန်နဲ.
ကြိုးကြိုးစားစား လှုပ်ရှားနေပုံလေးများကို မြင်ရ
တွေ.ရသည်မှာ ရင်အေးစရာကောင်းလှပါတယ် ။
ဒါပေမဲ့ Negative
ဆိုတဲ့
အပြစ်မြင်စိတ်နဲ. မတွေ.ချင်မမြင်ချင်ပါသော်လည်း
မြင်ကွင်းထဲ ဝင်လာ- ရောက်လာတဲ့ အချို.လူငယ်တွေရဲ့လှုပ်ရှားမှု-ဝတ်စားဆင်ရင်မှုများကလည်း
စိတ်ဆင်းရဲစရာတွေ ဖြစ်
နေပါတော့တယ်(ဒီလို
စိတ်ခံစားရမှုများကိုတော့ စာတစ်စောင် ပေတစ်ဖွဲ.နဲ.ချဲ.ကာနွဲ.ကာရေး
ပြနေစရာမလိုဟု တွေးမိပါတယ်။
ဝတ္ထု-ဆောင်းပါးမှ မဟုတ်ပေပဲ)။ လွန်ခဲ့တဲ့
သီတင်းပါတ်ကပါ။ မင်္ဂလာဒုံ လေယာဉ်ကွင်းမှာ
နိုင်ငံကူး လက်မှတ် (Passpot
Control ) စစ်ဆေးရေး
ကောင်တာဘေး
မှာ
ရပ်နေသူမိန်းကလေးတစ်ယောက်- ပထမတော့ နိုင်ငံခြားသူတစ်ယောက်လို. တွေးထင်မိပေမဲ့ သူ.
ရဲ့ အနီရောင်ပေါ်က အမှတ်အသားနဲ.
Passport - ကိုမြင်လိုက်မှ
မြန်မာမလေး ဖြစ်မှန်း သိလိုက်ရပါ
တယ်။
တင်ပါးဖုံးရုံဘလောက်စ်လေးနဲ. ခြေအိပ်မပါ-ပေါင်ရင်းမှခြေသလုံးအထိ
ဗလာ။ ယိုသူမရှက် မြင် သူရှက်မိလျက်သား
ဖြစ်သွားမိတာတော့အမှန်ပါ။ နေရာက မြန်မာနိုင်ငံအတွင်းမှာလေ။ ထိုင်းနဲ.အခြား
နိုင်ငံများမှာတော့ ဒီလိုမျိုးတွေက “အမြင်ရိုး” ပါပြီ
။ တကယ်တော့ ဘယ် နိုင်ငံ ဘယ်ဌာနပဲရောက်
ရောက်
“ငါ မြန်မာ“ဆိုတဲ့ အမှတ်လေးနဲ.“စွဲ“ မြဲထားတဲ့အသိတရား ရှိထား သင့်ပါတယ်။“မြန်မာဆို
တာ
ကမ္ဘာမှာ အယဉ်ကျေးဆုံး“လို.လည်းအသည်းထဲမှာ စွဲမှတ်ထားဖို.လို ပါတယ်။
ဒီနေရာမှာ
ပြောစရာက မိဘမောင်ဘွား- အတူနေသူ(ခင်ပွန်း-ဇနီးစသည်)များပါ ။ ဝတ်စားမှုမှအစ အမြင်မတော်သမျှ
ဘေးကနေ ပြုပြင်ပေးရန်လိုအပ်လှပါတယ် ။ ဒီလိုမျိုးမဝတ်သင့်ဘူး- အမြင်မတော်
ဘူး-စသဖြင့်
ထိန်းပေးဖို.ပါ။ သူတို.မှာလည်း “မြန်မာမျက်စေ့“နဲ. ကြည့်တတ်ဖို.တော့လို ပါလိမ့်မယ်။ အဲ--မြန်မာမျက်စိ(စေ့) ဆိုလိုက်တော့ “သနပ်ခါးပါးကွက်ကြားနဲ. ထမီနဲ.မှ“ ရယ်လို. တော့အတွေး မချော်စေချင်ပါ ။ ကာလံ- ဒေသံတဲ့-
ရောမရောက်လျှင် ရောမသားလို ကျင့်ရမယ် ဆိုတဲ့စကားရှိနေ သားလေ ။ ဘန်ကောက်လိုနေရာမှာ
ထမီးကြီးတကားကား-သနပ်ခါး ပါးကွက်ကြား နဲ. အလုပ် သွားလျှောက်ကြည့်ပါလား - အောက်ခြေအလုပ်သမား- အိမ်ဖေါ်အလုပ်ပဲမယ် - ရာထူးရှိတဲ့ - အဆင့် အတန်းရှိတဲ့ အလုပ်တော့ ဝေလာဝေး-ဒါကိုမလုပ်ချင်ပါက အလုပ်လက်မဲ့ဘဝရောက်သွားမှာ
အသေ အချာပါ။ ဒီလိုပါပဲ လွှတ်တော် ထဲကအမတ် အမေရိကားကို မောင့်ကြက်သရေ ခေါင်းပေါင်း တပ်ပြီး
တောင်ရှည်ပုဆိုးကြီးတကားကားနဲ. သွားလို.ကောသင့်ပါ့မလား။
တောင်ရှည်ပုဆိုးကြီးတကားကားနဲ. သွားလို.ကောသင့်ပါ့မလား။
အရေးကြီးသည်က
မိမိရဲ့ ယဉ်ကျေးမှုလည်းမပျောက် သူတို.ရဲ့ ဝတ်စားနေထိုင်ပုံနဲ.လည်း မဆန်.ကျင်
အောင်
သူ.နေရာနဲ.သူ ဝတ်တတ် - နေတတ်ရမှာဖြစ်ပါတယ် ။ ထိုင်းနိုင်ငံမှာမို. သူတို.လို စကတ် တင်ဖုံးရုံ
လိုက်ဝတ်- မိန်းမပေမဲ့ သူတို.နဲ.ရောပြီး အရက်တွေသောက်နေလို.လည်းမဖြစ်သေးပါ။
ဒါကို “ခေတ်မီတယ် -ခေတ်ဆန်တယ်“ - ရယ်လို.လည်း
ကာကွယ်မပြောသင့်ပါ ။ တကယ် တော့ “ကလေး တို.ဆရာမ“ လည်း ငယ်စဉ်ကတည်းက ခေတ်နဲ.အပြိုင် - ခေတ်ကိုအမီ
လိုက်ခဲ့သူပါ။ ဒီနေရာ
မှာ “ခေတ်မီ“ တယ်ဆိုရာမှာ “ရှေ.သို.ချီနေတဲ့ ခေတ်ကြီးမှာ
သူများရှေ. မရောက် ချင်နေပါစေ သူတကာရဲ့ နောက်မှာတော့ ကျန်မနေရစ်အောင် ကြိုးစားခြင်း“ပါ။ ကိုယ်တိုင်လည်း ဒီကနေ.တိုင်
အောင် ဒီမူနဲ.ပဲ လျှောက်လှမ်းနေဆဲဖြစ်ပါတယ် ။ “
ဘယ်တော့မှ သူများနောက်ကို မရောက်စေရ“ ဆိုတဲ့ “မူ“နဲ.နိုင်ငံခြားသားတွေအလယ်မှာ
မျက်နှာမငယ်ရအောင်ကြိုးစားလျက်ပါ။ “ခေတ်ဆန်တယ်“
တဲ့- ဟုတ်ပါတယ်။ မျက်မှောက်ခေတ်
ဟန်ပန်အမူအရာစသည်တို.နဲ.ဆန်.ကျင်မှုမပြုပဲ လှုပ်ရှားဆောင် ရွက်ရမှာဖြစ်သလို မြန်မာယဉ်ကျေးမှုကို မဆန်.ကျင်တဲ့ပုံစံလေးများ နဲ.ခေတ်ဆန်ဆန်ဝတ်စားဆင်ယင် တတ်ပေမဲ့
မိမိရဲ့စိတ်သဏ္ဍာန်မှာတော့ ဖေါက်ပြန် လော်လီမှု ကင်းရှင်းစွာနဲ. ခေတ်ကို ရင်ဘောင်တန်း လိုက်နိုင်အောင်
ကြိုးစားရမှာပါ။ ဒါမှလည်း အပြစ်ကင်း စွာနဲ. အကျိုးရှိလာနိုင်မှာဖြစ်ပါတယ် ။
ဟိုခေတ်ကလို ဘောလ်ဒန်.စ်(Ball
Dance) တို. ဘာပါတီ-ညာပါတီ တို.တက်မှ ခေတ်ဆန်ခြင်းမဟုတ်
လို ဒီခေတ်မှာလည်း “အနှိပ်ခန်း“
သွားမှ - “ခါရာအိုကေ“ သွား မှ-“အရက်လေးတမြမြသောက်မှ“ စကတ်ကို ပေါင်ရင်းအထိ တိုတိုဝတ်မှ-ဒူးဖေါ်-ပေါင်ဖေါ်- အကုန်ဖေါ်မှ ခေတ်ဆန်- ခေတ်မီခြင်း မဟုတ် သည်ကိုလည်း သတိပြုဖို.လိုပါလိမ့်မယ်။
“ဗြဟ္မစိုရ်တရား“ကို
အခြေခံထားတဲ့“မြန်မာ“တို.ရဲ့ ယဉ်ကျေးမှုသည် မည်သည့်နိုင်ငံ ယဉ်ကျေးမှုနှင့်မျှ
“တုနှိုင်း၍မရ“ဆိုသည်ကိုတော့ ဒီကနေ. လူငယ်လူရွယ်လေးများ သိထားရမှာဖြစ်ပါတယ်။
အထူးသဖြင့် ဥာဏ်ရည် -ဥာဏ်စွမ်းဖွံ.ဖြိုးလျက်ရှိသော လူငယ်လေးများအနေနဲ.အင်တာနက် ဝဂ်
ဆိုက်များမှ “စာမှန် သမျှ“အားလုံး ဖတ်ပါ ။ သို.ရာတွင် “အကောင်းနဲ. အဆိုး“ကိုတော့
ခွဲခွဲခြားခြား သိနားလည်ဖို.အရေး
ကြီးပါတယ်။ “အတု ယူသင့်- မယူသင့်“ ကိုလည်း သတိပြုရမှာဖြစ်ပါတယ်
။ ဒါ့အပြင် မိမိတို.ရဲ့တန်ဖိုး ရှိလှတဲ့ အချိန်တွေကိုလည်း “အင်တာနက်ချက်ခန်း (Chatting
Room)“ မှာ အချိန်ဖြုန်း မနေကြပဲ မိမိတို.ဘဝနောင်ရေးအတွက် အကျိုးရှိမယ့် ပညာရပ်များကို
အင်တာ နက် ဝဂ်ဆိုက်များမှ ရှာဖွေကာ ပညာယူနိုင်ကြပါရန် တိုက်တွန်းချင်ပါတယ် ။
No comments:
Post a Comment