ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Tuesday, July 30, 2013

လူသားဆန်သောစိတ် - ကိုယ်ချင်းစာသောစိတ်





                     လူသားဆန်သောစိတ် - ကိုယ်ချင်းစာစိတ်

ကျောင်းသားလေးတွရဲ့ စာမေးပွဲကနီးလာပြီဆိုတော့ အလုပ်တွေကလည်း သာမန်ထက်ပိုများလာပြီပေါ့ ။

မနက်ပိုင်း စာသင်ဖို.အတန်းပြီးပြီဆိုတာနဲ. ထမင်းစားခန်းကို အပြေးလေးသွား-စားချင်တာကို ဝယ်စားရ
ပါတယ် ။

နောက်တစ်တန်းကို အချိန်မီ ဝင်နိုင်ဖို.အတွက်ကိုလည်း တက်သုတ်ရိုက်( အမြန်) စားရတယ်လေ ။

မသင်ချင်လည်းရပါတယ်-တကယ်လို. အဲဒီအတန်းကို မသင်ချင်ဘူးဆိုရင်တော့ သူများကိုပေးလိုက်

ရုံလေးပါ။ ဒါပေမဲ့အဲဒီ ၃ -နာရီ(တကယ်တော၂ နာရီ ခွဲလောက် သူတို.က ၃-နာရီသတ်မှတ်ပေးတာပါ)

အတွက် ရမယ့် ဘတ်ငွေကိုတာ့ လာသင်မယ့်သူကိုပေးလိုက်ရမှာပါ ။ တစ်နာရီ ဘတ် ၇၀၀ - လေ ။

ကိုယ့်ရဲ့ ဥာဏ်ပညာနဲ. ရင်းပြီး ရရှိမယ့် ပိုက်ဆံဆိုတော့ ကြိုးစားရတာပါပဲ ။

အဲဒီလို ဟိုစာသင်ခန်းက ဒီစာသင်ခန်း ၊  ဒီစာသင်ခန်းမှ ဟိုစာသင်ခန်း စသဖြင့် အတန်းတွေ ပြောင်း

သင်နေရတော့ တဟ်ခါတစ်ခါ အေးအေးဆေးဆေးရှိသလို တစ်ခါတစ်လေလည်း ကတိုကကရိုက်နဲ့ပါ။

ဒီလိုနဲ. တစ်နေ.မှာ အကြိုက်ဆုံး ဘောလ်ပဲန်လေး ဘယ်မှာကျကျန်ခဲ့လဲမသိ ။ အိပ်ထဲမှာလှန်လှောရှာ 

တာလည်းမတွေ.။ မိတ်ဆွေ ထိုင်းဝန်ကြီးဟောင်းကတော်က မွေးနေ.လက်ဆောင်အဖြစ် ဘတ်၂၀၀၀-

ကျော် တန်ကို ဝယ်ပေးထားတာကိုး ၊ ဒါ့ကြောင့်သာလည်း မြတ်မြတ်နိုးနိုးဖြစ်ခဲ့ရတာပါ ။

ဒီလို ကိုယ်မြတ်နိုးလွန်းတဲ့ (ဈေးကလည်း နည်းမှမနည်းတဲ့) ဘောလ်ပဲန်လေးမတွေ.တော့ဘူး-ပျောက်

သွားပြီ- မတတ်နိုင်တော့လည်း ခပ်ငိုင်ငိုင်ဖြစ်သွားရပါတော့တယ် -(မှတ်မှတ်ရရ တနင်္လာနေ.) ။

သိပ်တော့မကြာလိုက်ပါ-နောက်တနင်္လာနေ.ရောက်လာပါပြီ။ စာသင်ခန်းကိုရောက်တော့ ကျောင်းက

 အလုပ်သမလေးတစ်ယောက်ဝင်လာပြီး --------------------

“ဒီမှာ ဆရာမရဲ့ ဘောပဲန်လေး - ပြီးခဲ့တဲ့တနင်္လာနေ.က ဒီအတန်းကိုဝင်ပြီအမှိုက်ရှင်းတော့ ဆရာမရဲ့

ဟောဒီဘောလ်ပဲန်လေးကို စားပွဲအောက်မှာတွေ.လို. သိမ်းပေးထားတာပါ “ --တဲ့ ။

ဝမ်းသာလိုက်တာလေ- ထီပေါက်သလားထင်ရပါတယ် ။ ဒါနဲ.ပဲ အဲဒီ အလုပ်သမလေးရဲ့ ရိုးသားမှုကို

ဂုဏ်ပြုတဲ့အနေနဲ. အိပ်ထဲအမြဲထည့်ထားလေ့ရှိတဲ့ ကင်မရာလေးထုတ်ပြီး ဓါတ်ပုံရိုက်- ဘတ် ၅၀၀-

ကိုလည်း ကျေးဇူးတင်တဲ့အနေနဲ. ပေးလိုက်မိပါတယ်။  

တကယ်တော့ “လူသားဆန်တဲ့စိတ်ဓါတ်-ကိုယ်ချင်းစာတတ်တဲ့ စိတ်ဓါတ်“ဆိုတာ ဆရာမ မှ- တက္က

စီဒရိုင်ဘာမှ-အလုပ်သမားရယ်မှမဟုတ်ပါ။ သူ.ရဲ့ ပင်ကိုယ်စိတ်ဓါတ်အရင်းခံ-သူ.ရဲ့ဝန်းကျင် ဓလေ့

စရိုက်အပေါ် မှာသာမူတည်ပါတယ် ။
လူသားအားလုံးလည်း လူသားဆန်သောစိတ် - ကိုယ်ချင်းစာစိတ်မွေးနိုင်ကြပါစေကြောင်းကိုလည်း 

ဆုတောင်းမိပါတယ်။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

 ရိုးသားသော အလုပ်သမလေး ဆဲန်းထော်န် 






No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter