“ယောကျားဇာနည် ဘာမထီ“ ဆိုရိုးစကားအတိုင်း
တကယ့် အာဇာနည်မင်းယောကျားများ
အနေ
နဲ. ဘာကိုမျှ မထီ (မမှု=ဂရုမပြု=ဂရုမစိုက် ) တတ်ကြတာကိုလေ့လာသိရှိရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ
“အာဇာနည်မျိုး
သေရိုးမရှိ“ ဆိုတဲ့ စကားအလာအရ တကယ့် အာဇာနည်သူရဲကောင်းကြီးများမှာ
အမိနိုင်ငံအတွက် အသက်ကိုပင် ဂရုမထားပဲ အားလုံးကိုစွန်.လွှတ်သွားခဲ့ကြသော်လည်း“သူတို.၏
အမည်“ ကတော့ ယနေ.တိုင်ပင် သက်ဝင်ရှင်သန်နေဆဲမဟုတ်ပါလား။
တဲ့အတိုင်း နိုင်ငံ့ရှေ.ဆောင် အာဇာနည်းကြီးများပေမို. ယနေ.တိုင်အောင်မေ့လို.မရနိုင်ကြတာ
အမှန်ပါ ။ ဒီလို
အမိနိုင်ငံနှင့် မိမိတို.လူမျိုးများရဲ့ အနာဂါတ်အတွက်
ကောင်းကျိုးချမ်းသာမှုကို ကြိုးပမ်း
ရယူပေးနိုင်စွမ်းသော “အာဇာနည်ကြီး“ များစွာကိုလည်း ဤမြန်မာနိုင်ငံမှာပဲ
လေ့လာတွေ.ရှိနိုင်မှာ
ဖြစ်ပါတယ် ။ သို.ဆိုပါလျင် မြန်မာနိုင်ငံ၏ “ပထမဆုံးသော အာဇာနည်သူရဲကောင်း“ကို လေ့လာ
ကြည့်ကြရအောင်ပါ။
မြန်မာနိုင်ငံ(ပုဂံ)တွင် ထွန်းကားလျက်ရှိသော “အရည်းကြီး အယူဝါဒ “ ရဲဝံ့စွာ တွန်းလှန်တိုက်ဖျက်
“ဗုဒ္ဓသာသနာတော်ကြီး“ ကို စတင်ထူထောင်ခဲ့သူသည်“အနော်ရထာမင်း“ ဖြစ်သည်ကို အားလုံး
သိပြီးဖြစ်ပါ၏
။ ဤကဲ့သို. နိုင်ငံတစ်ဝှမ်းလုံးမှ ယုံကြည်ကိုးကွယ်လာခဲ့သည့်
“အရည်းကြီး“ဟူသော
အယူဝါဒတစ်ရပ်ကို “ရဲရင့်စွာ“
တွန်းလှန်တိုက်ဖျက်ပြစ်နိုင်စွမ်းရှိသည်ကတစ်ကြောင်း ၊ စစ်တိုက်ရာ
မှပြန်လာသည့် တပ်သားများ အမောဖြေနေစဉ် ရမ်းကားလျက်ရှိနေသည့် “ကျွဲရိုင်းကြီး“ ရန်ကို အ
မြန်ဆုံး
နှိမ်နင်းရမည့်အရေးနှင့် ကြုံလာသည့်အခါ အမောဖြေနေသည့်တပ်သားများကို အနှောက်
အရှက်မပေးလိုပဲ “ကိုယ်တော်တိုင်“ တစ်ဦးတည်း ထွက်တိုက်ကာ အသက်ကိုပါ စတေး ခဲ့သည့်
“အာဇာနည်သူရဲကောင်း“ ပင် မဟုတ်ပါလား ။ ထိုမျှမက “အလောင်းဘုရား- ဗန္ဒုလ- တပင်
ရွှေထီး
- ဘုရင့်နောင်“ စသည် - စသည့် အာဌာနည် သူရဲကောင်းကြီးများအပြင် မြန်မာနိုင်ငံ
လွတ်လပ်ရေးမရမီ “ကိုလိုနီ“ခေတ်ကလည်း “ဗမာ့သွေးပြောင်
ဗိုလ်မင်းရောင်“ မှအစ “မိုင်း
ပွန်စော်ဘွားကြီး“
စ သော သူရဲကောင်းများစွာ ပေါ် ထွန်းခဲ့သည်ကိုတွေ.ရမှာဖြစ်ပါတယ် ။
ထို.နောက် မြန်မာနိုင်ငံ “လွတ်လပ်ရေး“ အတွက်ကြိုးပမ်း ခဲ့ကြသူများတွင် “ဗိုလ်ချုပ်အောင်
ဆန်း“ နှင့် တကွ “အာဇာနည်သူရဲကောင်း“ များစွာမှာလည်း အသက်သွေးများစွာပေး ဆက်ခဲ့
ကြရပါတယ်။ ထိုကဲ့သို. မိမိ၏ဘဝနှင့်တကွ မိသားစုအားလုံးအပြင် အသက်ကိုပင် ဂရုမထားနိုင်
ကြပဲ
တိုင်းပြည် အတွက်သာ ရှေ.တန်းမှာထား - စွန်.စားခဲ့ကြသူများအနက် “သခင်မျိုးညွန်.“
ခေါ် ဦးလေးဖြစ်သူ “ဦးမျိုးညွန်.“ ၏ “သခင်အောင်ဆန်း“တို.နောက်သို. လိုက်ပါသွားပုံလေး
ကို အထူးလေးစားစွာဖြင့်
သတိတယ ရေးပြချင်ပါတယ်။ ဖေဖေ ”ဦးကျော်ညွန်.”ညီ အငယ်ဆုံး
ဖြစ်သူ ဦးလေးအနေနဲ.မိန်းမ
ခိုးလာပြီးနောက်တစ်နေ.မှာပဲ (တစ်ရက်သာပေါင်းရသေးတဲ့)
ဇနီး “
အသစ်စက်စက်ကလေးအား မေမေနဲ.အပ်ထားခဲ့ပြီး တော်လှန်ရေးတပ်နဲ.လိုက်ပါသွားပါသတဲ့
(အချစ်ရေးထက် စစ်သွေးဖက်
သွားတာပေါ့ ) ။ ဇနီးလေးကတော့ ရူးကျန်ခဲ့တယ်လို. မေမေက
ပြောပြဖူးပါတယ် ။ အဲဒီကစပြီး ဦးလေးတစ်ယောက် ပျောက်သွားလိုက်တာ-စာမလာ သတင်း
မကြားတော့ မိသားစုအားလုံး က လည်း “သေပြီ“
ပဲ သဘောထား လိုက်ကြပါသတဲ့။
ဒီလိုနဲ. “စံပြလုပ်သား“ ခေတ်ရောက်တော့ ကလေးတို.ဆရာမ လည်း စံပြလုပ်သားအပန်းဖြေ
ရေး စီမံချက်နဲ.(ငပလီ)ကိုလိုက်ပါသွားရပါတယ်။ တိုတိုနဲ.လိုရင်း ဆိုရင်တော့
အဲဒီမှာ ဦးလေးကို
ပြန်တွေ.ပါတယ်။ နာမယ်ကြားလိုက်တာနဲ.
သွားမေးမိတာကိုး-“ဦးကျော်ညွန်.နဲ. ဦးကျော်ရင်
တို.ရဲ့ညီ
ဟုတ်ပါသလား”-လို. စပ်စုမိရာမှ ဦးလေးအရင်းကြီးနဲ.ပြန်ဆုံရတယ်ဆိုနိုင်ပါတယ်။ သူ
ကတော့ အလုပ်သမားဝန်ကြီးဌာနမှာ “စံပြလုပ်သားစီမံချက်ရဲ့ ဗဟိုကော်မီတီအတွင်းရေးမှူး-
နိုင်ငံ့ဂုဏ်ရည်ဘွဲ.ရ“ ဖြစ်နေပါပြီ။ (သခင်မျိုးညွန်.)ဆိုသူ ဦးလေးရဲ့ နိုင်ငံအတွက်-ရေနံအလုပ်
သမားများအတွက် ဆောင်ရွက် ချက်များကိုတော့ နောက်အလျဉ်းသင့်မှရေးပါ့မယ်)။
နောက်တစ်ယောက်ကတော့ အစ်ကိုကြီး “သီဟ-သူရတင်မာင်“------------------------------
ကိုကိုကအင်မတန်အေးတယ်လို. မေမေကပြောပါတယ်။ သူ
နေရှင်နယ်ကျောင်းတက်နေစဉ်မှာပဲ
သူငယ်ချင်တွေနဲ. တော်လှန်ရေး
တပ်ထဲဝင်သွားလို. မေမေလိုက်ပြီးခေါ်တာတောင်မှ ပြန်မလိုက်
ခဲ့ဘူးလို.ဆိုပါတယ်။ သတ္တိအင်မတန်ကောင်းတဲ့ ကျမတို.ကိုကိုဟာ တပ်ကြပ်ကြီးဘဝမှာပဲ
မြန်မာ
နိုင်ငံ အထက်ပိုင်းမှ မြို.တစ်မြို.ကို ကရင်တွေသိမ်းပိုက်ထားချိန်မှာ အရပ်သားတွေနဲ.ပေါင်းပြီး
အဲ
ဒီ တပ်ကို ရဲဝံ့စွာတိုက်ထုတ်နိုင်ခဲ့တဲ့အတွက် “သူရ“
ဆိုတဲ့
“သူရဲကောင်းဘွဲ.“
ကိုချီးမြှင့်ခြင်း ခံ
ခဲ့ရ ပါ တယ်။ “သီဟသူရ“ ဆိုတဲ့ သူရဲကောင်းဘွဲ.ကိုတော့ ဗိုလ်မှူးဘဝရောက်မှ သူ.ရဲ့ ရဲဝံ့တဲ့ ဇွဲ
သတ္တိကို ဂုဏ်ပြုတဲ့အနေနဲ.သူ
တိုက်ပွဲမှာ ကျဆုံးပြီးနောက်မှ ချီးမြှင့်ခြင်းခံရခြင်းဖြစ်ပါတယ်။
သည် “အာဇာနည်နေ.“ ကို ဆိုက်ရောက်လာပြန်ပြီဖြစ်သည့်အတိုင်း ဖေါ်ပြခဲ့ပါသော “အာဇာ
နည် သူရဲကောင်းကြီးများ“ အား အထူးလေးစားလျက်
ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
No comments:
Post a Comment