ဆရာမခံယူချက်ကလေးပါ

My photo
“ကျောင်းဆရာမ ဘဝ ကို ငယ်စဉ် ကတည်းရောက်ခဲ့တဲ့ “ ကလေးတို. ဆရာမ လေ ” ၊ အင်း - ခုတော့လည်း “ လူကြီးတို. ဆရာမ ပေါ့ ” ။ ရေဒီယို က အသံလွှင့် နေတာလည်း နှစ်ပေါင်း မနည်း တော့ပါပဲလား ။ လူမှုရေးလုပ်ငန်းကိုတော့ အမြဲရှေ့ တန်းတင်ထားလေ့ရှိတာ ငယ်စဉ်ကတည်းကပါ။

ဆရာမကိုယ်တိုင်သီဆိုသောခလေးတို့ ရဲ့ ဆရာမသီချင်းလေးပါ


Sunday, July 7, 2013

မျိုးစောင့်ဥပဒေနှင့်ပါတ်သက်၍


         

မျိုးစောင့်ဥပဒေနှင့်ပါတ်သက်၍ Forever Friend MM ဆိုဒ်တွင် အပြန်အလှန် ဆွေးနွေးချက်များကို
အားလုံး လေ့လာနိုင်ရန် တင်ဆက်လိုက်ြခင်းဖြစ်ပါတယ်။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


FF_ မှ  ဆွေးနွေးချက်များ-----------
ဟုတ်ကဲ့ ကိုကြီးမိုင်းခင်ဗျာ။
ဗုဒ္ဓဘာသာ သာသနာနဲ့ အမျိုးအနွယ်အပေါ်မှာ ထားရှိတဲ့ ကိုကြီးမိုင်းရဲ့စေတနာကို ယုံကြည် လေးစားပြီး ဖြစ်တဲ့အတွက် ဆရာမရဲ့ ယခုပို့စ်အောက်မှာ  ကျွန်တော် အပါ ဝင်ဆွေးနွေးဖြစ်ခဲ့တဲ့ အချက်အလက်များကို အမျိုး ဘာသာ သာသနာ အဓွန့်ရှည် တည်တံ့ရန် အသုံးပြုလိုပါက  ကျွန်တော့်အနေနှင့် ကြည်ဖြူစွာ လက်ခံပါတယ်ခင်ဗျာ။
တစ်ဆက်တည်းမှာပဲ ဆရာမနဲ့ ကိုကြီးမိုင်းတို့ရဲ့ အပြုသဘောဆွေးနွေးချက်များနဲ့ ပတ်သက်ပြီး ကိုကြီးမိုင်းနဲ့ ထပ်တူ  အမျိုး ဘာသာ သာသနာအတွက် လွန်စွာ ဝမ်း မြောက်စရာ ဆွေးနွေးချက် မှတ်တမ်းများဟု ယူဆပါ၍ လေးစားစွာ သိမ်းဆည်းခွင့် ပေးပါရန်လည်း တောင်းဆိုအပ်ပါတယ်ခင်ဗျာ။ 

မျိုးစောင့် ဥပဒေကို  အမျိုးသားတို.ကအမျိုးသားရေးတာဝန် ကျေပွန်ကြောင်း  လက် တွေ.ပြလိုက်ပါပြီ“—ပို့စ်ကနေ တစ်ဆင့် ယခုကဲ့သို့ ဆွေးနွေးချက်များစွာကို ဖြစ်ပေါ် လာစေဖို့ ဦးဆောင် လမ်းစဖွင့်ပေးခဲ့တဲ့ ဆရာမနဲ့  အလွန်တန်ဖိုးရှိသော ဆွေးနွေး ချက် များ ဖြင့် ရှုထောင့် ပေါင်းစုံကို မြင်စေခဲ့သော ကိုကြီးမိုင်း အပြင် အခြား ပါဝင်ဆွေးနွေး 
ပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်းပြောကြားရင်း ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေခင်ဗျာ
ကိုကြီးမိုင်း မှ 11 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဒီလိုဝင်ရောက်ဆွေးနွေးတဲ့ shwe ကိုကျေးဇူးတင်ပါတယ်..
ဆိုလိုရင်းအဓိပ္ပါယ်မှာတလင်တမယားစနစ်ကိုကျင့်သုံးပြီး မလွဲသာမှ နောင်အိမ်ထောင် ပြုရန်၊ သို့ ၊ ပြန်လည်ပေါင်းဖက်ရန်ဟုယူဆပါသည်။
shwe မှ 12 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
၃ ဖာရိရှဲ တို့သည်အထံတော်သို့လာ၍ လူသည်ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သလောဟု စုံးစမ်းနှောင့်ရှက်ခြင်းငှါမေး လျှောက်ကြသော်၊
၎ ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမ နှစ် ယောက်တည်း ကိုဖန်ဆင်းတော်မူ၏။
၅ ထိုအကြောင်း ကြောင့်ယောက်ျား သည်ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည် ကို သင်တို့မဘတ်ဘူးသလော။
၆ ထိုကြောင့်လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင်တော်မူသော အရာကိုလူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။
၇ ဖာရိရှဲ တို့ကလည်း၊ ထိုသို့မှန်လျှင်ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှါမောရှေသည် အဘယ်ကြောင့်စီရင် သနည်းဟု လျှောက်ကြသော်၊
၈ ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသော အခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။
၉ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှ တပါးအခြားသောအကြောင်းဖြင့် မိမိ မယားနှင့်ကွာ၍ အခြားသော မိန်းမနှင့် စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဘက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည် ဟုမိန့်တော်မူ၏။
၉ သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ်ပူပန်ခြင်း ရှိသည်ထက် ထိမ်းမြားစုံဘက်ခြင်း ပြုသော် သာ၍ကောင်း၏။
၁၀ ခင်ပွန်းရှိသောသူတို့ကိုလည်း၊ ငါပညတ်သည်သာမက၊ သခင်ဘုရားပညတ်တော်မူ သည်ကား၊ မယား သည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။
၁၁ စွန့်ပစ်လျှင် မိမိခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်း ထံသို့ပြန်၍ အ သင့်အတင့်နေစေ၊ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။
၁၂ ကြွင်းသောသူတို့ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက်သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိ ခင်ပွန်းနှင့် နေခြင်းငှါအလိုရှိလျှင် မကွာစေနှင့်။
၁၃ ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယား နှင့် နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။
၁၄ အကြောင်းမူကား၊ မယုံကြည်သော လင်သည် မိမိမယားအဘို့စင်ကြယ်၏။ မယုံကြည်သောမယားသည်လည်း မိမိလင်အဘို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။
၁၅ သို့သော်လည်းမယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့် အတင့် နေစေခြင်းငှါ ဘုရားသခင်၏ ပညတ်တော်ရှိ၏။
၂၈ ထိုနည်းတူ၊ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည် ။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူ ဖြစ်၏။
ကိုကြီးမိုင်း မှ 21 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
အင်မတန်မှ ၀မ်းမြောက်စရာ ဆွေးနွေးချက်များလို့ ယူဆသည့်အတွက် ဆွေးနွေးအကြံပြု ချက်များကို Back up လုပ်ထားခွင့်ပြုပါခင်ဗျား.. လိုအပ်လျှင် ဆစ်ပိုင်း ထုတ်နုတ်ပြီး မျိုး စောင့်ဥပဒေနှင့်ပတ်သက်ပြီး ဆင်ခြင်စဉ်းစားလိုသူများအတွက် အချက်အလက်အဖြစ် ဖြန်.ဝေခွင့်ပြုပါရန်လည်း ပန်ကြားပါသည်ခင်ဗျား..
ကလေးတို.ဆရာမ မှ 21 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ကျေးဇူးတင်ပါတယ် ကိုကြီးမိုင်းရယ်
နားဝေးသူ တို.များကလည်း ဒီလိုရှင်းပြလိုက်မှပဲ ကွင်းကွင်းကွက်ကွက်မြင်ရတာပါ--
လို-တိုင်း ပြည့်-ပြီး ၊ တ-တိုင်း ရ ကာ
ရွှင်လန်းချမ်းမြေ့ပါစေကွယ်
ကိုကြီးမိုင်း မှ 22 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
 ( လက်မထပ်ခင် ဘာသာပြောင်းခြင်းဟာ လက်ထပ်ပြီးမှ ဘာသာပြောင်းခြင်းလောက် မလွယ်ကူတဲ့ အနေအထားကို အသုံးချလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ) ဒီအချက်ဟာ စဉ်းစားထိုက်တဲ့၊ အားကိုးထိုက်တဲ့ ပရိယာယ်အဖြစ် သဘောကျပါတယ်..ကို FF ခင်ဗျာ..
ဘာသာရေးအသိ၊ လူမျိုးရေးအသိ ချို့တဲ့ခြင်းအတွက် ရဟန်းသံဃာများ၏ တာဝန်လည်း မကင်းပါလို.အားနာနာနှင့်ပြောလိုက်တာကို အနည်းငယ်ရှင်းလိုပါတယ်ဆရာမခင်ဗျာ..
ရဟန်းသံဃာဆိုတာ မြန်မာလူ့အဖွဲ့အစည်းအတွက် ဘာသာရေး၊ လူမှုရေးခေါင်းဆောင် အဖြစ် သြဇာညောင်းခဲ့တာ ဟိုးဘုရင်များလက်ထက်ကတည်းကပါ။ တရားဟောပလင်ပေါ်မှ ဘုန်းတော်ကြီးများရှေ့တွင် ပျပ်ဝပ်စွာလက်အုပ်ချီမိုးရှိခိုးပြီး ဒေသ နာနာကြားတဲ့ ပရိသတ်ရဲ့ ဂါရ၀တရားနဲ့ လေးစားမှုဟာ အထူးအံ့ချီးလောက်စရာပါ။
ဒီအချက်ကို အသုံးချပြီး ဘုန်းတော်ကြီးများဟာ ဘာသာရေးသာမက ဇာတိပုညဂုဏ် မာန တရားကိုပါ ထည့်သွင်းဟောကြားပေးလျှင် တော်တော်ခရီးရောက်နိုင်စရာရှိပါတယ်.. တကယ်တော့ ကံ၊ ကံ၏အကျိုးနဲ့ အနတ္တ ဒေသနာတွေဟာ ဥာဏ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုအားနည်းနေရှာသေးတဲ့ အန္ဓပုထုဇဉ်တွေအတွက် ရုတ်တရက်နားလည်ဖို့ ခဲယဉ်းနေပါသေးတယ်..
ဥပမာ မေတ္တာကမ္မဋ္ဌာန်းပွားလျှင် မိမိအာရုံညွတ်ပျောင်းသည့် မိသားစုဝင်များမှစပြီးပွားများ လျှင် မေတ္တာအရှိန်တဆက်တည်းရသကဲ့သို့ ဘာသာ၊ သာသနာ တည်ရာ လူမျိုးကို အရင် ချစ်တတ်မှ ပုဂ္ဂိုလ်ခင်မှ တရားမင်သည့်ထုံးအတိုင်း အခြေခံလိုအပ်ချက် ကွက်လပ်ကလေး အဖြစ် မျိုးချစ်တရား ထည့်သွင်းဟောကြားမှုပိုင်း အားနည်းသည်ကို ဆိုလိုရင်းဖြစ်ပါသည် ခင်ဗျ..
အတ္တာနုဝါဒ (ကိုယ့်ကိုယ်ကို စွပ်စွဲသည့်ဘေး)မှကင်းလွတ်အောင် အသိဥာဏ်ကို ရင့်ကျက် စေရသည့် ဗုဒ္ဓဘာသာထက် အပြစ်ဟူသမျှ ဘုရားအားခွင့်လွှတ်ခိုင်းသည့် ဘာသာကို လူ ပြိန်းများ နှစ်သက်ခြင်းသည် မထူးဆန်းလှပါ..
ထို့ကြောင့် ဒါနခန်း၊ သီလခန်း အပါအ၀င် မျိုးစောင့်တရား၊ မျိုးချစ်တရားများပါ ဟောကြား ဆုံးမရန် အားနည်းချက် ကို ထောက်ပြလိုရင်းသာဖြစ်ပါသည် ဆရာမခင်ဗျား.
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
          မျိုးစောင့် ဥပဒေကို  အမျိုးသားတို.ကအမျိုးသားရေးတာဝန် ကျေပွန်ကြောင်း  လက် တွေ.ပြလိုက်ပါပြီ“—ဟူသော ခေါင်းစဉ်ပါ ဆောင်းပါးအား Forever Friend MM ဆိုဒ်တွင် သူ.အ မြင်-ကိုယ့်အမြင်ဖြင့် ပါဝင်ဆွေးနွေးချက်များကို လေ့လာနိုင်ရန် ပြန်လည် တင်ပြလိုက် ခြင်းဖြစ် ပါတယ်--
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
aprilsweswe မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
အဲဒီဥပဒေကို ဆွေလည်းစိတ်ဝင်စားမိတယ်။ ဒါပေမဲ့ မရေးဖြစ်သေးဖူး။ ဆရာမရေးလိုက်တော့ ပိုပြီးစိတ်ဝင်စားမိသွား တယ်။ စိတ်ခံစားမှုတစ်ခုကို အချစ်လို့ ဗန်း ပြပြ၊ ကိုယ့်အမျိုးကို တခြားသွေးအနှောခံပြီး မိုက်ရူးရဲဆန်နေတဲ့ မိန်းကလေး တွေ မြန်မာ ပြည်မှာ အများကြီးဖြစ်လာနေတဲ့အတွက် ဒီအမျိုးစောင့်ဥပဒေကို လုပ်သင့်ပါတယ်။ လူ့ အ ခွင့်အရေးထက် လွတ်လပ်မှုကို အလွဲသုံးစားဦးနှောက်မသုံးဘဲ မြန်မာအမျိုးသမီးတွေ ရဲ့  ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေကိုလည်း မြန်မာမလေးတွေသိထားဖို့ လိုပါမယ်။ ဆွေတို့ မြန်မာမလေးတွေကမှ ကိုယ့်အမျိုးကို မထိန်းသိမ်းရင် ဘယ်သူထိန်းမလဲ။ အသိနဲ့  အတူ သတိရှိရဦးမယ်။ ကျေးဇူးတင်တယ်နော် ဆရာမ။ အားပေးလျက်ပါ။
chit kokooo မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
'မြန်မာပြည်သူ့ ကျွန်ဘဝနဲ့ နှစ်ပေါင်း ၁၀၀ ကျော် ထင်တိုင်းအကြဲခံခဲ့ရတဲ့အချိန်ကတောင်
ဘယ်လိုဥပဒေတွေနဲ့ထိန်းခဲ့ကြလို့ လဲ သွေးနှောသူတွေရော ရာခိုင်နှုန်းဘယ်လောက် ရှိခဲ့ သလဲ ဒီလိုဘဲ ကိုယ့်အမျိုးသားရေးအသိစိတ်ဓါတ်နဲ့ ထိမ်းသိမ်း ကာကွယ်ခဲ့ရတာဘဲ မဟုတ်ပါလား
YAN MAUNG မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
မျိုးစောင့်ဥပဒေအား ဝေဖန်ဆန်းစစ် သုံးသပ်ခြင်း
မျိုးစောင့်ဥပဒေ ဆိုတာကို စပြီးကြားရစဉ်က အခုဖတ်ရတဲ့အတိုင်း တကယ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းတခုလို့ ကျွန်မ မထင်ခဲ့မိဘူး။ အွန်လိုင်းပေါ်မှာ ကြာကြာမ၀င်ဖြစ်ဘဲ အကုန် လိုက်မဖတ်ဖြစ်ခဲ့တော့ ဆရာတော် ဦးဝီရသူရဲ့ လုပ်ရပ်တွေ၊ ဟောပြောမှုတွေကို မကြိုက် လို့ ဆန့်ကျင်သူတချို့က တမင်အရွဲ့တိုက် ဟာသလုပ်ပြီး တင်ထားတယ်လို့ ထင်ခဲ့တာ အ မှန်ပါ။
မျိုးစောင့်ဥပဒေ ဆိုလို့ ဒီလူမျိုးတွေမှီတင်းနေထိုင်ပြီး ဒီလူမျိုးကပဲ အုပ်ချူပ်နေတဲ့ နိုင်ငံမှာ မျိုးစောင့်ဥပဒေဆိုတော့ တမျိုးဖြစ်နေလို့ စကြားတုန်းက သူများ ဟာသလုပ်ထားတယ်လို့ ထင်တယ်ဆိုတာ အမှန်ပဲဖြစ်တယ်။ ဗြိတိသျှလက်ထက်က နီုင်ငံခြားသားက ကိုလိုနီပြု ထားလို့ ကိုယ့်ဘာသာကိုယ့်ယဉ်ကျေးမှုကို ပေါ်လွင်အောင် ပေးထားတဲ့ ဒို့ဗမာအစည်း အရုံးတို့ ဗုဒ္ဓကလျာဏယုဝအသင်းတို့ဆိုတာက နားထောင်လို့ကောင်းသလို သဘာဝ လည်းကျပါတယ်။ အခုတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီတင်းနေထိုင်တဲ့ နီုင်ငံမှာ ဘာသာတခုတည်းကို ကိုယ်စားပြုပြီးခေါ်တဲ့ ဥပဒေက မျိုးစောင့်ဥပဒေဆိုတော့ ကျန်တဲ့ ဘာသာ ကျန်တဲ့လူမျိုးတွေကို မလေးစားရာရောက်နေပါတယ်။ ဒါပေမဲ့ ဒါကိုထားလိုက် မယ် အဓိကပြောချင်တာက အောက်ကအချက်တွေ ဖြစ်တယ်။
(၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓ ဘာသာဝင် ဖြစ်ရမည်။ စဖတ်လာတုန်းက အကောင်းကြီး၊ ကျွန်မကို စိတ်ကုန်စေတာ အဲဒီအချက်ကနေ စပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်စင်စစ်က ဘာသာတူမှ လက် ထပ်ရမယ်လို့ ဗုဒ္ဓ မြတ်စွာဘုရား ဟောတဲ့တရားတွေထဲမှာ မရှိဘူး။ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်ပြီး ဘုရားနဲ့ သံ ဃာတော်တွေကို အင်မတန်မှ ကြည်ညိုသဒ္ဒါပွားခဲ့တဲ့ ဥတ္တရဆိုတဲ့ ဗုဒ္ဓဘာသာဝင် အမျိုး သမီးရဲ့ ခင်ပွန်းဟာ ဘာသာခြားဖြစ်ပေမဲ့ သူဟာ အိမ်ထောင်ကျပြီးလည်း မြတ်စွာ ဘုရားနဲ့ သံဃာတော်တွေကို ကိုးကွယ်ယုံကြည်မှုမပျက်ဘဲ တခါတော့ သူက ဥပုဒ်သီလ ဆောက် တည်နေစဉ် ကာလမှာ ဘာသာခြား ခင်ပွန်းကို ပြည့်တန်ဆာမ သီရိမာနဲ့ ခဏထား ပြီး သူ ကိုယ်တိုင်ကတော့ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဘာသာခြားနဲ့အတူ နေတဲ့ အိမ်မှာ ပဲ ဆွမ်းပင့်ဖိတ် ကပ်လှူခဲ့တဲ့ သာဓက တခုရှိပါတယ်။ ပြီးတော့ ဘုရားလက်ထက်က နာ မည်ကျော်ကြား လူသိများလှတဲ့ ကျောင်းအမကြီး ၀ိသာခါဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိ မှာဖြစ်ပြီး သူ့ရဲ့ ခင်ပွန်းလည်း ဘာသာခြားလို့ သိရပါတယ်။ ဒီတော့ ဘုရားလက်ထက်က ၀ိသာခါတို့ ဥတ္တရတို့ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ရေးမှာ ဘာသာမတူလို့ နစ်နာ စရာ မရှိ ဘာသာတူဖို့ထက် မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာကို မိမိလေးလေးနက်နက် ယုံ ကြည်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတာနဲ့ မြတ်စွာဘုရားဟာ ဗုဒ္ဓဘာသာအမျိုးသမီးကို ယူ တဲ့အမျိုးသားဟာ ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ မဟောခဲ့ဘူးဆိုတာ သက်သေဖြစ်ပါတယ်။  အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးကို ကန့်သတ်တာဟာ အဓိပ္ပာယ်မရှိ ဖြစ်စေပါတယ်။ တခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်တို့ မူစလင်တို့မှာ သက် ဆိုင်ရာဘုရားတွေက ဘာ သာတူမှ ယူရမယ်လို့ ဟောထားလို့ သူတို့ရဲ့ လက်ထပ်ထိမ်းမြား ခြင်းမှာ ဒီလိုကန့်သတ် ထားပါတယ်။ ပြဌာန်းတဲ့ နေရာမှာလည်း အမျိုးသမီးမှ မဟုတ် သူတို့ ဘာသာထဲက အမျိုးသားကိုပဲယူယူ အမျိုးသမီးကိုပဲ ယူယူ လက်ထပ်မည့်သူဟာ ဘာသာ တူရမယ်လို့ ပြောတယ်။ အခု ဒီဥပဒေမှာ အမျိုးသမီးကိုမှ ရွေးချယ်ပြီး ကန့်သတ်တယ်ဆို တော့ ဗုဒ္ဓ ဘာသာကို တခြားဘာသာတွေထက် ပိုပြီးအဆင့်နှိမ့်အောင် ချိုးနှိမ်ရာရောက်နေ ပါတယ်။ ပြီးတော့ သူများဘာသာမှာ ဘုရားကန့်သတ်လို့ လူတွေက လိုက်နာရတာကို ဘုရားက ဘာမှမကန့်သတ်ထားဘဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လူ့အခွင့်အရေး အပြည့် အ၀ ရှိတဲ့ ဗုဒ္ဓဘာသာက သူများဘာသာတွေမှာလည်း ဒီလိုပဲ ပြဌာန်းထားလို့ ဆိုတဲ့ အ ကြောင်းပြ ချက်နဲ့ ဗုဒ္ဓဘာသာကလည်း ဒါကို အားကျမခံ လိုက်လုပ်ချင်တယ်ဆိုရင် ဘာဖြစ် သွားမလဲ ။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ ဘုရားဟောနဲ့လည်းမညီ မိမိဘာသာနဲ့ သဘော သဘာဝချင်း လည်း လုံးဝမတူတဲ့ ဘာသာခြားတွေရဲ့ ပြုမူကျင့်ကြံ လုပ်ဆောင်ပုံတွေကို ပုံတူခိုးချတဲ့ သူ များနောက်လိုက်တွေပဲ ဖြစ်သွားမယ် မဟုတ်ဘူးလား။
(၃) ဘာသာခြား ဖြစ်ခဲ့သူက ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ထိမ်းမြားမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားသူ ဖြစ်ရမည်။
ဒီနေရာမှာ စောဒက တက်စရာက ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်အောင် ကိန်းကြီးခမ်းကြီး လုပ်ပြီးခက်ခက်ခဲခဲ လုပ်ရတာမဟုတ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် လက်ခံပြီး ငါးပါးသီလကို ခံယူလိုက်တာနဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီ။ ဒီလောက်လွယ်တော့ ဘာသာခြား (သို့) ဘာသာမဲ့တယောက်က တကယ်ယုံကြည်တာ မဟုတ်ဘဲ သူ့ချစ်သူနဲ့ နီးစပ်ချင်ယုံသက်သက်နဲ့ ကျွန်တော် ဗုဒ္ဓဘာသာ ဖြစ်ပြီဆိုပြီး ဟန် ဆောင်လို့ကော မရနိုင်ဘူးလား။ ခရစ်ယာန်မလေးနဲ့ လက်ထပ်သွားတဲ့ ဘာသာရေး ကိုင်း ရှိုင်းတဲ့ သူငယ်ချင်းတယောက်ဆိုရင် အဖွဲ့အစည်းမှာ လက်မထပ်ခင် ဘုရား ကျောင်း မှာ အရင် လက်ထပ်တယ်ဆိုတာသိရလို့ ဒါဆို နင်သူတို့ဘာသာဝင်လိုက်ပြီလားလို့ မေးကြည့် ဖူးတယ်။ သူက ရေနစ်ခံတာ ဘာခက်လို့လဲ အဲဒါလုပ်မှ လက်ထပ်လို့ရတယ် ဆိုတော့ အ လုပ်ဖြစ်ရုံ ရေနစ်ခံလိုက်ပေမဲ့ ငါဘုရားပုံမှန်ရှိခိုးနေတာပဲလို့ ပြန်ဖြေတယ်။ (၄) ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရား ၀င် ခွင့်ပြုချက်ကို လက်ခံရယူရမည်။
ဒီအချက်ကို ကြည့်ရင် လက်ထပ်ပေါင်းသင်းမည့်သူ အမျိုးသမီးရဲ့ ဆန္ဒ၊ အသိဥာဏ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုံးဝ လစ်လျှရှုပြီး မိဘ အုပ်ထိန်းသူဆန္ဒကိုပဲ ထည့်တွက်ထား တာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေကို လူသားတဦးရယ်လို့တောင် သတ်မှတ်ပုံ မရတာကို တွေ့ရပါတယ်။ မြန်မာလူမျိုးတွေရဲ့ လူမှုဘ၀တိုးတက်ရေးနဲ့ မိသားစု စားဝတ် နေရေး ဖူလှုံမှုကို မဖန်တီးပေးနိုင်ဘဲနဲ့ ဒီလိုဥပဒေမျိုး ချမှတ်ရင်တော့ မိန်းကလေးတွေဟာ မိမိချစ်ခင်နှစ်သက်သူနဲ့ လက်ထပ်ထိမ်းမြားခွင့် ဘယ်တော့မှ ကြုံလာစရာ မရှိတော့ဘဲ ငွေ မက်တဲ့မိဘတွေ ဒါမှမဟုတ် ဆင်းရဲမွဲတေလှတဲ့ မိဘတွေရဲ့ သမီးဖြစ်ရင် မိဘဆီက ငွေနဲ့ ပေါက်ပြီး ငွေဝယ်ကျွန်အဖြစ် အ၀ယ်ခံရတဲ့ဘ၀ကို ခေတ်နောက်ပြန်ဆွဲ ပြန်ရောက် သွား အောင်တွန်းပို့ပေးနေတာနဲ့အတူတူပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဟာ မိမိအိမ် ထောင် ဘက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာတွေက မြန်မာအမျိုးသမီး တွေအ တွက် အိပ်မက်တောင် မက်ခွင့် မရှိတဲ့ အခြေအနေ ပြန်ရောက်သွားတယ်။
(၆) အထက်ပါ သတ်မှတ်ချက်များကို မလိုက်နာဘဲ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုပါက ထိုသူကို ထောင်ဒဏ် (၁၀) နှစ် ကျခံရန် ပြစ်ဒဏ် ချမှတ်ရမည့်အပြင် ထိုသူပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးအား လွဲပြောင်းပေးအပ်ရမည်။
(၇) ထို့အပြင် ထိုသို့ကျူးလွန်သည့် ပုဂ္ကိုလ်အပေါ် ရာဇသတ်ကြီးဥပဒေ ထိမ်းမြားခြင်းဆိုင် ရာ ဥပဒေပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့ဖြင့်သာ သီးခြား အရေးယူ အပြစ်ပေး အရေးယူရမည်။
ဒီအချက်တွေက အတင်းဓမ္မပြုကျင့်ပြီး မယားအဖြစ် အသိမ်းသွင်းခံရတဲ့ အမျိုးသမီး တွေ အတွက်ဆိုရင်တော့ ထောင် ၁၀ နှစ်မကလို့ အနှစ်တရာ သတ်မှတ်လည်း ဘာမှပြောစရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ နှစ်ဦးသဘောတူ ချစ်ခင်နှစ်သက်လို့ ဖြစ်တဲ့ ကိစ္စဆိုရင်တော့ တခြားအချက်တွေထက်စာရင် ပိုတောင်ဆိုးသွားသေးတယ်။ လူသားတွေ ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခံစားမှု၊ သူသားဆန်မှုကို ထည့်တွက်စဉ်းစားမှု လုံးဝ မရှိရလောက် အောင်ကို ရေးတဲ့သူတွေဟာ Critical thinking နဲ့ Common Sense ကင်းမဲ့နေပြီလား၊ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိသင့်ရှိအပ်တဲ့ အကြင်နာတရားနဲ့ ကိုယ်ချင်းစာတရားဆိုတာ မရှိ တော့ဘူးလား။ မိမိက ချစ်နှစ်သက်လို့ မိဘတွေရဲ့ ဆန္ဒကိုတောင် လွန်ဆန်ပြီး မိဘသဘော မတူဘဲ ဘာသာမတူသူနောက်ကိုခိုးရာလိုက်သွားမိတဲ့အမျိုးသမီးတဦးဟာ ချစ်စခင်စ ကြင် နာစမှာ ခင်ပွန်းသည်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်သွားပြီး ထောင်သွင်း အကျဉ်းချထား တဲ့ အချိန်မှာ အတင်းအဓမ္မသိမ်းပိုက် ခံထားရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရွှေဘုံပေါ် မှာစံစားပြီး ပျော်နေနိုင်လိမ့်မယ်လို့မထင်ပါ။ အဲလိုထင်နေတယ်ဆိုရင်တော့ထင်သ လောက်မလွယ်ဘူး ဆိုတာနဲ့ သမီးရင်ကွဲနာကျပြီး ခံစားနေတာကို ကြည့်ပြီး မိဘဖြစ်သူ ကတွေကလည်း ပျော်နိုင်မှာ မဟုတ်ဘူးဆိုတာကို ခန့်မှန်းကြည့်စေချင်ပါတယ်၊ ဒီလိုလုပ် တာဟာ ဓမ္မမဟုတ်ဘူး အဓမ္မဖြစ်သွားပြီဆိုတာနဲ့ လူ့အခွင့်အရေးနဲ့ ကိုက်ညီနေတဲ့ ဗုဒ္ဓဘာ သာကို လူ့အခွင့်အရေးနဲ့ လုံးဝဆန့်ကျင်တဲ့ အကျည်းတန်ဘာသာ အထင်ခံရအောင် လုပ် ရာရောက်တယ်လို့လည်း ထောက်ပြချင်ပါတယ်။
(၈) ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများနှင့် အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဆိုင်ရာ အက်ဥပဒေကို မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအသစ် ရေးဆွဲပြဌာန်း ပြီးသည်အထိ ရပ်ဆိုင်းထားရမည်။
ရှိပြီးသား ၁၉၅၄ ခှုစ် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေက ဗုဒ္ဓဘာသာနဲ့လည်း ဆန့်ကျင်တာမရှိ အမျိုးသမီးတွေအတွက်လည်း အကာအကွယ်ပေးထားတာ ရှိပါလျှက်နဲ့ ဒါကိုရပ်ဆိုင်းပြီး အခုလို ဘုရားဟော တရားဓမ္မနဲ့လည်း မကိုက်ညီ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီတဲ့ ဥပဒေနဲ့ အစားထိုးမယ်ဆိုတာဟာ လုံးဝသဘာဝမကျတဲ့ အချက်ဖြစ်တယ်။ တခုတော့ ရှိ တယ် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမျိုးသားတဦးဟာ ကျွေးမွေးစောင့် ရှောက် နိုင်ရင် မိန်းမတယောက်ထက် ပိုယူခွင့်ပေးထားတော့ အမျိုးသားတွေဟာ လွတ်လပ်စွာ အ ငယ်အနှောင်းထားပြီး အိမ်ထောင်ရေးဖေါက်ပြန်မှုတွေနဲ့ မိသားစုဘ၀ပြိုကွဲမှုတွေကို ဖြစ်စေ တဲ့ မယားပြိုင်စနစ်ကို ဖျက်ပြီး တလင်တမယားစနစ်ကို အစားထိုးပြီး ကျင့်သုံးမယ် ဆိုရင် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဟာ တရားမျှတပြီး အတော်အသင့် ပြီးပြည့်စုံတဲ့ ဥပ ဒေတခု ဖြစ်လာမှာမို့ ဘာဥပဒေအသစ်မှ ထပ်လုပ်စရာလိုဘဲ ရှိပြီးသားကို ပိုကောင်း အောင် ပြုပြင်ပြီး လက်တွေ့ကျကျ ကျင့်သုံးဖို့ပဲ လိုတယ်လို့ အကြံပြုချင်ပါတယ်။
အချုပ်အားဖြင့် ပြောရရင်တော့ ဒီဥပဒေကို ရေးဆွဲသူတွေရဲ့ စေတနာကို နားလည်အသိ အမှတ်ပြုပေမဲ့ အမျိုးသမီးတွေအတွက် ရေးဆွဲထားတဲ့ ဒီမျိုးစောင့်ဥပဒေဟာ အမျိုးသမီး တွေရဲ့ ဘ၀ကို ကာကွယ်ပေးထားတာ ဘာမှမရှိဘဲ လူ့အခွင့်အရေးနဲ့ ပြည့်စုံလှတဲ့ ဗုဒ္ဓဘာ သာရဲ့ အနှစ်သာရတွေကို အကျည်းတန်အောင် ဘာသာခြားတွေက ဗုဒ္ဓဘာသာကို သေး သိမ်ပြီး အမြင်ကျဉ်းမြောင်းတဲ့ ဘာသာတခုလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ရာ ရောက်နေပါတယ်။ အကယ်၍ ဒီလိုမဟုတ်ပါဘူးလို့ အမျိုးသမီးတွေ ကောင်းကျိုးအတွက် တကယ်ယုံကြည်ပြီး ရေးဆွဲထားတယ်ဆိုရင်လည်း ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ပဲ ရေးဆွဲပြီး ကျန်တဲ့အမျိုးသမီးတွေအတွက် မပါတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင် တဲ့ မြန်မာနိုင်ငံမှာ ဒါဟာ တရားမျှတမှု မရှိတဲ့ဥပဒေလို့ ပြောလို့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ လူမျိုးတမျိုးတည်း ဘာသာတခုတည်း ရှိတာမဟုတ်၊ လူမျိုးတိုင်း ဘာသာတိုင်းဟာ မိမိလူမျိုး မိမိဘာသာကို တိုးတက်ချင်စိတ်ရှိကြပါတယ်။ ဒီနိုင်ငံဟာ ဘာ သာပေါင်းစုံ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်လို့ ဥပဒေဆိုတာ လူမျိုးတမျိုး ဘာ သာတမျိုးတည်းအတွက် ကွက်ကွက်လေး မျက်နှာလိုက်ရေးဆွဲလို့ မဖြစ်၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ကိုက်ညီပြီး သဟဇာတ ဖြစ်ဖို့လိုအပ်ပါတယ်။
အမျိုးသမီးတွေကို ဘာသာခြားတွေရဲ့ လွှမ်းမိုးမှုမှ ကင်းဝေးပြီး အမျိုးဘာသာ သာသနာကို တကယ်ထိန်းသိမ်းစေချင်တယ်ဆိုရင် အမျိုးသမီးတွေအတွက်ပဲ ကန့်သတ်လို့ မရနိုင်ဘူး။ လက်ရှိအမျိုးသမီးတွေရဲ့ ဘ၀ကို တိုးတက်မြင့်မားအောင် လုပ်ပေးပြီး မိမိအခွင့်အရေးကို မိမိနားလည်အောင် လုပ်ပေးဖို့လိုပါတယ်။ အနာဂတ်မှာ အရွယ်ရောက်လာမည့်သူတွေ အတွက် ကလေးတွေကို မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို ကလေးတွေသိအောင် ငယ် စဉ်ကတေည်းက သင်ကြားပေးဖို့ လိုပါတယ်။ အခုတော့ ကျွန်မတို့ဟာ ငယ်စဉ်ကတည်းက ဘုရားရှိခိုးတွေကို ကြက်တူရွေးစာရွတ်သလိုပဲ တတွတ်တွတ်ရွတ်ရုံသာ ရွတ်လာပြီး အနှစ် သာရဘာမှန်းမသိရုံတင်မက တို့ဗမာသာကီမျိုးဆိုပြီး ကိုယ့်ဘာသာ ကိုယ့်လူမျိုးမှ မြတ် တယ် တခြားဘယ်သူနဲ့မှ မတူသလိုလို သွေးနားထင်ရောက် ဂုဏ်မောက်အောင်လည်း သင်ကြားပေးခံလာရတော့ ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာနဲ့ ဆန့်ကျင်ပြီး စိတ်ကြီးဝင်စေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ အမျှော်အမြင်ကြီးမားတဲ့ မိဘတွေနဲ့ ကြီးလာတဲ့ ကလေးတွေက လွဲ ရင် ကြီးလာမှ စိတ်ဝင်စားလို့ ကိုယ့်ဖါသာကိုယ် လေ့လာတဲ့သူတွေကပဲ မိမိကိုးကွယ်တဲ့ ဘာသာရဲ့ တန်ဖိုးကို သိရှိနားလည်ခွင့်ရပြီး စိတ်မ၀င်စားတဲ့သူကတော့ ဘာသာမဲ့ဖြစ် သွား သူနဲ့ မဖြစ်တဲ့သူကလည်း မိမိဘာသာရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို နားမလည်ဘဲ မိရိုးဖလာ အဖြစ်နဲ့ပဲ ရှိနေပြီး ဒီလိုနားမလည်ခြင်းက ဘာသာခြားနဲ့ လက်ထပ်ရင် ဘာသာကူးပြောင်းဖို့ လွယ်ကူစေတဲ့အကြောင်းရင်း ဖြစ်တယ်။
တကယ်တော့ ဒီလို ဥပဒေတွေ ထုတ်မည့်အစား ဗုဒ္ဓဘာသာ ကလေးတွေကို ငယ်စဉ် ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအတိုင်း နူးညံ့သိမ် မွေ့ အောင် သင်ကြားပေးနိုင်တဲ့ အစီစဉ်တွေကို ရေးဆွဲသင့်ပါတယ်။ ဘာသာရေး အနှစ်သာရ ကို သင်ကြားပေးခံရတဲ့ ကလေးတွေကြီးလာရင် မိမိကိုးကွယ်တဲ့ ဘာသာမှာ အခြေခိုင် ပြီးသား ဖြစ်အောင် လုပ်ပေးသင့်တယ်။ လက်ရှိ အရွယ်ရောက်ပြီးတဲ့အမျိုးသမီးတွေကို လည်း ဆင်းရဲကြပ်တည်းမှုနဲ့ အသိပညာနှိမ့်ကျနေမှု နွံထဲက ရုန်းထွက်နိုင်တဲ့ အစီစဉ်တွေ ကို ဖန်တီးပေးနိုင်ရင် အဲဒီအကြောင်းရင်းတွေကြောင့် ဘာသာခြားရဲ့ သိမ်းပိုက်ခံရစရာ အကြောင်းမရှိဘူး။ အကယ်၍ ခံရသည့်တိုင် ရှိပြီးသား မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကို လက်တွေ့ကျကျ ကျင့်သုံးရင် အမျိုးသမီးတွေအတွက် အကာအကွယ် ရှိပြီးသား ဖြစ်တယ်။ ဒီလို မိမိဘက်က သက်လုံကောင်းအောင် လုပ်ထားရင် အခုလို အမျိုးပျေက်မှာကို တွေး ကြောက်ပြီး ဘုရားဟောနဲ့ရော လူ့အခွင့်အရေးနဲ့ပါ မကိုက်ညီတဲ့အပြင် ရှိပြီးသား ဥပဒေ ထက်လည်း ပို နှိမ့်ကျတဲ့ ဥပဒေမျိုး ပြဌာန်းနေဖို့ မလိုအပ်တော့ဘူး ဆိုတာ အကြံပြု တင်ပြ ချင်ပါတယ်။
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဆရာမတင်ပြတဲ့ အမျိုးကိုစောင့်ရှောက်ခြင်းနဲ့ဆိုင်သမျှကို နှစ်ထောင်းအားရ ၀မ်းမြောက် ၀မ်းသာဖတ်ရှုပါတယ်.. ကျေလည်းကျေနပ်ပါတယ်..ဒါပေမယ့်..ဒီ မျိုးစောင့် ဥပဒေ ဆိုတဲ့ နည်းလမ်းဟာ တစ်ခုတည်းသော အကောင်းဆုံးလို့ မထင်သေးပါဘူးခင်ဗျား..
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ကလေးအတွေးနဲ့ အရိုးသားဆုံးတွေးမိတာလေးတချို့ကို တင်လိုက်ပါတယ်..
ဥပဒေဆိုတာ.မှားတဲ့သူကိုပဲ အပြစ်ပေးရမယ်..ဒီအတွက်ပဲဖြစ်ရမယ်မဟုတ်လား.
ကျွန်တော်က ဒိလိုပဲ သဘောပေါက်ထားတယ်.. ကုလားပဲမှားမှား..တရုပ်ပဲ မှား မှား ..မြန်မာပဲမှားမှား.. အဲ.. ကုလားက ဗမာမကိုယူလို့မှားတယ် ဆိုရင်တော့..စဉ်းစား ဖို့ကောင်းပြီ..ဒီဥပဒေဟာ အင်မတန်အစွန်းရောက်တဲ့ အရှေ့အလယ်ပိုင်းက ကျင့်သုံးတဲ့ ရှီးယား နည်းပဲ..ဒါကို အတုခိုးသင့်သလား.. ဒါမှမဟုတ် လူမျိုးရေးအသိ စိတ်ဓါတ်နဲ့စောင့် ရှောက်ရမယ့်မျိုးစောင့်တရားကို ဥပဒေအသွင်ပြဋ္ဌာန်းပြီး မြန်မာအမျိုးသမီးတွေကို စောင့်ကြည့်တော့မှာလား..
မြန်မာအမျိုးသမီးတွေကို ဒီဥပဒေနဲ့ကာကွယ်ဖို့ တကယ်လိုအပ်နေပြီလား.. နောင် အနာ ဂါတ်မှာ လည်း မြန်မာအမျိုးသမီးတွေက ငါတို့ဟာ ဥပဒေနဲ့တောင် ကာကွယ်ပေးထားရတဲ့ အားနည်းသူတွေပါလားဆိုပြီး အညွန့်တွေကျိုးကုန်တော့မှာလား..
အာရပ် World က သူတို့အမျိုးသမီးတွေကို အထင်သေးတဲ့နည်းတူ မြန်မာအမျိုးသား တွေ ကိုယ်တိုင်ကလည်း နောင်အနာဂါတ်မှာ မြန်မာအမျိုးသမီးတွေကို လိင်ကျွန်တွေအဖြစ်သာ တဘက်စွန်းဆန်ဆန်မြင်လာတဲ့ ပုရိသ၀ါဒကို ဒီဥပဒေက မွေးဖွားမပေးနိုင်ဘူးလို့ ဘယ်သူ ပြောသလဲ ။
??????????????????????????   တွေးစရာတွေရှိသေးတယ်..
ကလေးတို.ဆရာမ မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
အော်-- ဒါဆိုလည်း အင်္ဂါနေ. ညနေ ကျောင်းကပြန်ရောက်မှ ဝင်ကြည့်လိုက်မယ်နော်-
ဒီမှာလည်း နည်းနည်းပါးပါးတော့ ဝေဖန်စာလေးရေးပြီး ကိုက်ညှိပေးပါလားကွယ်-
ကျေးဇူးတင်ပါတယ်
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဒီလိုပါ..ဆရာမ..ကိုမိုင်းသုံးသပ်ချက်က စာနည်းနည်းရှည်နေတာမို့ ဖေ့ဘွတ်မှာပဲ စာရေး ထားမိပါတယ်..
kogyimind@gmail.com
ပါဆရာမ.. အမြင်မတူတာတွေကို ချိန်ညှိရအောင် လေးစား စွာဖိတ်ခေါ်ပါတယ်..ဆရာမ..
ကလေးတို.ဆရာမ မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ကျေးဇူးတင်ပါတယ်ကိုကြီးမိုင်း ရယ် ။
အမြင်မတူတာလေးတွေကို ဆွေးနွေးပြပါလားကွယ်-
ဒါမှလည်း ညှိယူ-ချိန်ဆပြီး မှန်ကန်သင့်မြတ်သော ဒဿနများကို ထုတ်ယူ ရရှိနိုင် မှာမဟုတ်ပါလား- ကိုကြိးမိုင်းရဲ့ အတွေးအခေါ်-အယူအဆတွေကိုလည်း မျှဝေ ပေးစေချင်ပါတယ်-
ညှိနှိုင်း ဆွေးနွေးကြရအောင်ပါနော်--
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ကလေးတို.ဆရာမ မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဆွေရဲ့ ခံယူချက်ကို လေးစားပါတယ်-
တို.များမြန်မာအမျိုးသမီးအချို.ကလည်း ဒီလိုကိုယ့်လူမျိုးကိုချစ်တတ်စောင့်ထိန်းတတ်တဲ့ အလေ့အကျင့်တွေရှိဖို.လိုပါတယ်- ဒါကလည်း--မိဘ-ဆရာသမားများရဲ့ သွန်သင် ဆုံးမ - ညွှန်ပြမှုအပေါ်မှာ အပြည့်အဝ တည်နေတယ်လေ-ပညာမတတ်-ဗဟုသုတနည်းပါးပြီး ရှေ. ဆောင်လမ်းပြမှုမရှိတဲ့အခါ အမှားကို အမှန်ထင်တတ်ကြတာ ဓမ္မတာပါ ။
ဒါ့ကြောင့် ရှေ.ဆောင် ညွှန်ပြပေးမယ့်သူတွေကလည်း လမ်းမှန် ကိုပြပေးနိုင်ဖို. အရေးကြီး ပါတယ် ။
ကျေးဇူးတင်ပါတယ် ဆွေရယ် -
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဆရာမရေ..ကိုကြီးမိုင်းအနေနဲ့ ဆရာမကိုလေးစားပြီးသားဆိုတာ အထူးပြော စရာမလို ပါဘူးခင်ဗျာ.. ကိုယ့်ထက် ၀ါကြီးသူအနေနဲ့ရော၊ အတွေ့အကြုံရှိသူအနေနဲ့ရော ဆရာမ ရေးသွားတာကို သေသေချာချာဂရုစိုက်ပြီးဖတ်ရှုသွားပါတယ်.. အမြင်မတူတာလေးတွေရှိပေမယ့်..ဆရာမရေးတာကို နှစ်သက်မိပါတယ်..
awzaw မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ကျေးဇူးပဲ
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဆိုလိုသည်မှာ ခင်ပွန်းသည်၏ ကျန်ရစ်ပစ္စည်းကို မူစလင်ဘာသာဝင်မဟုတ်သောဇနီးက ရလိုမှုဖြင့် တရားစွဲလျှင် ရနိုင်၊ မရနိုင်။
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
        တကယ်လို့များ အစ္စလာမ်ယောင်္ကျားကွယ်လွန်လျှင် ကျန်ရစ်သူဇနီးသည်က ဘာသာ              မပြောင်းသော်လည်း ရသင့်ရထိုက်သောအမွေကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအတွင်းမှာ တောင်းယူလျှင် မူစလင်ဘာသာဝင်မဟုတ်သောကြောင့် မပေးနိုင်၊ မရထိုက်ဟု (တဖက်မှ) ထုခြေလာလျှင် လက်ခံစဉ်းစားစရာ လို၊ မလို ဖြေကြားပေးစေလိုပါတယ်ခင်ဗျား..
_FF_ မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ခင်ဗျာ။
၁၉၅၄ခုနှစ်မှာ ပါလီမန်ဥပဒေ ပြဌာန်းခဲ့ကြတုန်းက အဆိုပါဘာသာများ ဟာ  အက်ဥပဒေ အဖြစ် နိုင်ငံတော်က  ပြဌာန်းပေးခြင်းကို လက်ခံခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ဘာ သာများရဲ့ သတ်မှတ်ထားချက်များဟာ တရားဥပဒေအရ အကျုံးဝင် လက်ခံပြီး သား ဖြစ် နေပါတယ်ခင်ဗျာ။
နောက်တစ်ခုအနေနဲ့ ဗုဒ္ဓဘာသာမှာ ဓလေ့ထုံးတမ်း ဥပဒေအနေနဲ့ပဲ တည်ရှိသေးတယ် ဆိုတာကို အသေးစိတ်လေ့လာ လိုပါလျှင် အခြားသော ဘာသာကြီးများနဲ့ မြန်မာ ဗုဒ္ဓ ဘာသာတို့နဲ့ ပတ်သက်သော ဥပဒေများအပေါ် (ကွယ်လွန်သူ) သမ္မတကြီး ဒေါက် တာ ဘဦး၊ (ကွယ်လွန်သူ) သမ္မတကြီး ဒေါက်တာမောင်မောင်၊ (ကွယ်လွန်သူ) တရားရေးဋ္ဌာန ဝန်ကြီး ဒေါက်တာဧမောင်၊ (ကွယ်လွန်သူ) တရားလွှတ်တော် တရားဝန်ကြီး ဦးမေအောင် ကစလို့ များစွာသော ဥပဒေပညာရှင်တို့ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်များစွာရှိပြီး ယခု ခေတ် နောက်ဆုံး ပြည်သူ့တရားသူကြီးအဖွဲ့(အငြိမ်းစား) သံအမတ်ကြီး (အငြိမ်းစား) ဖြစ်သူ ဦးဘမော် (B.A Hons.B.L) ကိုယ်တိုင် ရေးသားထုတ်ဝေခဲ့တဲ့ မြန်မာနိုင်ငံ အိမ် ထောင်ခန်းဥပဒေများ (Marriage Laws of Myanmar) စာအုပ်တစ်ခုထဲမှာ တင် ပြည့်စုံ လုံလောက်စွာ လေ့လာနိုင်ပါတယ်ခင်ဗျာ။
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
(ဒီနေရာမှာ တစ်ခုရှိလာတာက ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံ မှာ ခရစ်ယာန်၊ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာတွေရဲ့ လက်ထပ်ထိမ်းမြားခြင်းနဲ့ အမွေ ဆက်ခံ ပိုင်ခွင့်တွေဟာ မြန်မာနိုင်ငံမှာ တရားဝင် အက်ဥပဒေအနေနဲ့ ပြဌာန်းပြီးသား ဖြစ် နေပြီး နိုင်ငံတော် ဘာသာအဖြစ် တရားဝင်သတ်မှတ်ထားတဲ့ ဗုဒ္ဓဘာသာတို့မှာတော့ ဓလေ့ ထုံးတမ်း ဥပဒေအနေနဲ့ပဲ တည်ရှိနေသေးတာဖြစ်ပါတယ်။) အဲဒါ တကယ်ဟုတ်ရဲ့ လား ခင်ဗျား..နည်းနည်းရှင်းစေလိုပါတယ်..
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
အစ္စလာမ်ဘာသာဖြင့် အုပ်ချုပ်နေခြင်းမဟုတ်၊ ခရစ်ဘာသာဖြစ်အုပ်ချုပ်နေခြင်းမဟုတ် သောကြောင့် သူတို့ဘာထာထဲမ၀င်ပါက အမွေ ဆက်ခံခွင့်မရှိဆိုသည့်အချက်သည် တရားဥပဒေအရ အကျုံးမ၀င်သောကြောင့် တရားစွဲ ဆိုနိုင်သည် မဟုတ်ပါလား..
_FF_ မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၃၅မျိုးသော တိုင်းရင်းသားတွေ အတူယှဉ် တွဲနေထိုင်ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ 
အဲဒီမှာမှ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာနဲ့ နတ်ကိုး ကွယ်ရာဘာသာများဆိုပြီး ကိုးကွယ်ရာ ဘာသာများအဖြစ် နိုင်ငံတော်က အသိအမှတ်ပြု ထားပြီးလည်း ဖြစ်ပါတယ်။
အဲဒီမှာမှ ထပ်ပြီးတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈-ခုနှစ်၊ အန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုတဲ့ အောက်မှာ ပုဒ်မ-၃၆၁အနေနဲ့ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော် ၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ လို့ ဖော်ပြပါရှိထားပါတယ်။ 
အဲဒါနဲ့ ထပ်တူပဲ မည်သူမဆို ကိုယ်ယုံကြည်နှစ်သက်ရာ ဘာသာကို လွတ်လပ်စွာ ရွေး ချယ်ကိုးကွယ်ပိုင်ခွင့် ရှိနေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခု ရှိလာတာက ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ကြတဲ့ ကျွန်တော် တို့ နိုင်ငံမှာ ခရစ်ယာန်၊ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာတွေရဲ့ လက်ထပ်ထိမ်းမြားခြင်းနဲ့ အမွေ ဆက်ခံပိုင်ခွင့်တွေဟာ မြန်မာနိုင်ငံမှာ တရားဝင် အက်ဥပဒေအနေနဲ့ ပြဌာန်းပြီး သား ဖြစ် နေပြီး နိုင်ငံတော် ဘာသာအဖြစ် တရားဝင်သတ်မှတ်ထားတဲ့ ဗုဒ္ဓဘာသာတို့မှာတော့ ဓလေ့ထုံးတမ်း ဥပဒေအနေနဲ့ပဲ တည်ရှိနေသေးတာဖြစ်ပါတယ်။
ဒါကြောင့် ဘာသာမတူသူအချင်းချင်း ထိမ်းမြားလက်ထပ်ကြခြင်း စသည်တို့ကနေပြီး တော့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာကြတဲ့အခါမှာ တရားရုံးမှာ ဥပဒေနှစ်ရပ် ပဋိပက္ခဖြစ်တဲ့အနေအထားတွေမှာ ဘယ်ဘာသာဘက်က မှားတယ် မှန်တယ်၊ ဖြစ်သင့် မဖြစ်သင့် ဆိုတာထက် ပြဌာန်းအက်ဥပဒေက ဓလေ့ထုံးတမ်းဥပဒေကို လွှမ်းမိုးနေ တဲ့ ပြဿနာကို ကြုံတွေ့လာကြရပါတယ်။ အဲဒီအခါ တရားရုံးတွေဟာ ပြဿနာတွေကို ဥပ ဒေဘောင်အတွင်းက တရားစီရင်ရေးနဲ့ပဲ ဖြေရှင်းနိုင်တာဖြစ်တဲ့အတွက် ဥပဒေရဲ့ အား နည်းချက်ကို ဥပဒေပြုခြင်းနဲ့သာ ဖြေရှင်းရမှာဖြစ်ပါတယ်။
ဒါကြောင့် ခြုံပြောရရင် ဒီအမျိုးစောင့် ဥပဒေမူကြမ်းဆိုတဲ့ကိစ္စဟာ အားနည်းချက်ဖြစ်နေ တဲ့ နိုင်ငံတော်ဘာသာကို အခြားဘာသာတွေနဲ့ တန်းတူ ညီမျှဖြစ်စေရေး တန်းညှိခြင်း သာလျှင် ဖြစ်ပါတယ်။
ဒီဥပဒေ တရားဝင် ထွက်ပေါ်လာခြင်းကြောင့် အခြား ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ဘာ သာများ နစ်နာသွားစရာ တစ်စုံတရာ မရှိသလို၊ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားလိုက် တဲ့ ဗုဒ္ဓဘာသာတွေအတွက်လည်း သင့်လျော်တဲ့ အခွင့်အရေးတွေ ရရှိလာဖို့ပဲ ရှိပါ တယ်။ ဓလေ့ထုံးတမ်းအနေနဲ့ပဲ ရှိခဲ့တဲ့ ဗုဒ္ဓဘာသာတို့ရဲ့ စည်း ကို  ပိုမိုခိုင်ခံ့အောင် အက်ဥပဒေစည်းရိုးတစ်ခုအနေနဲ့ ဖြစ်ပေါ်လာဖို့ ထောက်ပြတောင်းဆိုခြင်း၊ ကိုယ့်စည်း ကိုယ် လုံအောင်ကာလိုခြင်းသာလျှင် ဖြစ်ပါတယ်ခင်ဗျာ။ ဗုဒ္ဓဘာသာဖြစ်မှ မြန်မာလူမျိုးအဖြစ်သတ်မှတ်တယ်ဆိုတဲ့အချက် မပါဝင်ကြောင်းပါခင်ဗျာ။
SA LAI LAI HNIANG THANG မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဒါဆိုဗုဒ္ဒဘာသာမဟုတ်တဲ့ တိုင်းရင်းသားကျတော့ ဘယ်လိုလည်း၊ မြန်မာလူမျိုး ဟုတ်သေးရဲ့လား........ မသိလိုပါ
SA LAI LAI HNIANG THANG မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
puuma မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်

ဒါဆိုရင် အမျိုးသားတွေ အတွက်ရော လက်တွေ့ လောလော လတ်လတ် ဖြစ်သွားတာကို ပြောမယ်နော် ကောင်မလေးကမြန်မာမူဆလင် ကောင်လေးက တရုတ်ဗုဒ္ဒဘာသာ ကောင် လေးမိဘတွေက သဘောမတူ အတင်းတားနေတဲ့ ကြားထဲက မူဆလင်ထဲဝင် မူဆလင် နာမည် ပြောင်းပြီး ကောင်မလေးကို လက်ထပ်လိုက်တာ ဘယ်လိုပြောမလဲ အဲဒီကောင် လေးက မျိုးစောင့်ဖို့ လိုသလား မလိုဘူးလား
ကလေးတို.ဆရာမ မှ 19 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
အားလုံးပဲ မင်္ဂလာပါ-
အခုလို မိမိတို.ရဲ့ ခံယူချက်- ယုံကြည်ချက်များဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြတဲ့ စာပေမိတ် ဆွေများ အားလုံးကို အလွန်.အလွန် ကျေးဇူးတင်ပါကြောင်းဖြင့် ဦးစွာ မှတ်တမ်းတင် ပါ ရစေ--
အထူးသဖြင့်-ဥပဒေဆိုတာ.မှားတဲ့သူကိုပဲ အပြစ်ပေးရမယ် ဒီအတွက်ပဲဖြစ်ရ မယ်မဟုတ် လား-ကျွန်တော်က ဒီလိုပဲ သဘောပေါက်ထားတယ်။ ကုလားပဲမှားမှား.တရုပ်ပဲမှားမှား-မြန်မာပဲမှားမှား ဥပဒေအသွင်ပြဋ္ဌာန်းပြီး မြန်မာအမျိုးသမီးတွေကို စောင့်ကြည့်တော့ မှာ လား။ မြန်မာအမျိုးသမီးတွေကို ဒီဥပဒေနဲ့ကာကွယ်ဖို့ တကယ် လိုအပ်နေပြီလား။ နောင်အနာဂါတ်မှာ လည်း မြန်မာအမျိုးသမီး တွေက ငါတို့ဟာ ဥပဒေနဲ့တောင် ကာ ကွယ်ပေး ထားရတဲ့ အားနည်းသူတွေပါလားဆိုပြီး အညွန့် တွေကျိုးကုန်တော့မှာလား“--ဆိုတဲ့ကိုကြီးမိုင်း ရဲ့ ဒဿန ကို နှစ်သက်စွာ ထောက်ခံပါတယ်။
ဒါပေမဲ့ ကိုကြီးမိုင်းရယ်-ဒီလိုပုံစံမျိုးတွေနဲ.တိုးလာအောင် သူတို.ကပဲလုပ်နေကြတာ မဟုတ်ပါလား။ မှန်ပါတယ်- နိုင်ငံတွင်းမှာရှိနေကြသူ (ကျား-မ) အားလုံးအပြစ်လုပ်သူ- အမှားလုပ်သူများကိုသာဥပဒေနဲ.အပြစ်ပေး ထိန်းချုပ်ရမှာပါ။
ကိုချစ်ကိုကိုဦး ပြောသလိုလည်း ဟိုး--အင်္ဂလိပ်လက်အောက်ရောက်ခဲ့စဉ်ကလည်း မြန်မာအမျိုး သမီးတွေကိုဘယ်ဥပဒေနဲ.မှ အကာအကွယ်မပေးခဲ့ကြလို.လည်း နိပွန် လည်း တိုကျိုပြန် ဗိုက်တစ်လုံးနဲ.ကျန်“ -ဆိုတဲ့ဘဝတွေ-အခြား အလားတူ ကိစ္စတွေ အ များကြီးရှိခဲ့ဖူးပါတယ်။ တကယ်တော့ ဘယ်လိုအမျိုးသားရေးစိတ်ဓါတ်နဲ. ဘယ်သူကမှ အကာအကွယ် မပေးခဲ့ကြပါဘူး။
“April
ဆွေဆွေ ပြောသလိုပဲ စိတ်ခံစားမှုတစ်ခုကို အချစ်လို့ ဗန်းပြ၊ ကိုယ့်အမျိုးကို တခြားသွေး အနှော ခံပြီး မိုက်ရူးရဲဆန်နေတဲ့ မိန်းကလေး တွေ မြန်မာပြည်မှာ အများ ကြီးဖြစ်လာနေတဲ့အတွက် ဒီအ မျိုးစောင့်ဥပဒေကို လုပ်သင့်ပါတယ်။ လွတ်လပ်မှုကို အလွဲသုံးစားပြု ဦးနှောက်မသုံးဘဲ မြန်မာ အမျိုးသမီးတွေ ရဲ့ ထိမ်းမြားခြင်းဆိုင်ရာ ဥပ ဒေတွေကိုလည်း မြန်မာမလေးတွေသိထားဖို့ လိုပါမယ်။ ဆွေတို့ မြန်မာမလေးတွေကမှ ကိုယ့်အမျိုးကို မထိန်းသိမ်းရင် ဘယ်သူထိန်းမလဲ။ အသိနဲ့ အတူ သတိရှိရဦးမယ်“- တဲ့ ၊ လက်ခံပါတယ်။
“FF
အနေနဲ.အစ္စလမ်ဘာသာရဲ့ ထိန်းမြားခြင်းဆိုင်ရာများကိုဥပဒေသများကို ရှင်းလင်း တင်ပြထားတာက လည်း ဗဟုသုတရစေပါတယ်။ ဒီလို သိရအောင် တိတိကျကျ မေးခွန်း ထုတ်တတ်လွန်းတဲ့ကိုကြီးမိုင်းကို လည်း ကျေးဇူးတင်မိပါတယ်။
puuma -
ပြောသလိုပါပဲ ဘယ်ဘာသာ-ဘယ်လူမျိုးမဆို မိန်းကလေးနဲ.။ ယောကျားလေး တို.ချစ်ကြိုက်မိကြပြီဆိုရင် မိဘသော်မှတားမရနိုင်ပါ။ ဒါပေမဲ့ ကြိုတင် ညွှန်ပြ အသိပညာ ပေး ဆုံးမထား ပါက တားဆီးနိုင်ပါ လိမ့်မယ်။ ဒါ့ကြောင့်လည်းမိဘနဲ.အုပ်ထိန်းသူများ မှာတာဝန် အပြည့်အဝ ရှိ ပါတယ်လို. ရေးခဲ့ခြင်းပါ။
“SA LAI LAI HNIANG THANG“
ရဲ့ဗုဒ္ဒဘာသာမဟုတ်တဲ့ တိုင်းရင်းသားကျတော့ ဘယ် လိုလဲ၊ မြန်မာလူမျိုး ဟုတ်သေးရဲ့လားဆိုတဲ့ အမေးလေးကလည်း ကောင်းပါတယ်။ တကယ်တော့ နိုင်ငံအတွင်းမှာ နေထိုင်ကြသူအားလုံး မိမိနှစ်သက် ယုံကြည်ရာကိုးကွယ် နေကြတဲ့ ဘာသာဆိုင်ရာ ဥပဒေသများကို လိုက်နာကြရမှာဖြစ်သလို အမိမြန်မာနိုင်ငံရဲ ဘာသာတရားနဲ. ဥပဒေကိုလည့်းလေးစားလိုက်နာကြရမှာပါ။
ကိုရန်မောင်-အနေနဲ. စိတ်ရှည်လက်ရှည် ရှင်းလင်းတင်ပြလိုက်တဲ့ ဒီဥပဒေကိုလည်း ခု လို တိတိ ကျ ကျသိရတဲ့အတွက် ကျေးဇူးတင်လှပါတယ်။ ဥပဒေပါ အချက် (၂-၃-၄-၆-၇ ) တို.ကို သေချာ လေ့လာ မိတော့ လက်မခံနိုင်စရာအချို.ကိုလည်း လေ့လာမိပါတယ်။ တကယ်ဆိုရင် ဒါလောက်ကြီး မပြင်းထန် သင့် တာအမှန်ပါ။ ဟိုးခေတ်တွေမှာကတည်းက ဘာသာမတူတဲ့ဇနီး မောင်နှံတွေ ရှိကြ ပါတယ်။ မိတ်ဆွေထဲမှာလည်း ဗုဒ္ဓဘာသာနဲ. ခရစ် ယာန်စသဖြင့် အိမ်ထောင်ရှင်တွေရှိကြပါတယ်။ သူ.ဘာသာ-ကိုယ့်ဘာသာ လွတ်လပ်စွာ ကိုးကွယ်နေကြပါတယ်။ သားသမီးလေးတွေ ကျတော့ လည်း မိခင်ဘာသာကြိုက်သူ-ဖခင် ဘာသာကြိုက်တဲ့သူ- စသဖြင့် လွတ်လပ်စွာကိုးကွယ်နေကြပြီး ဘာပြဿနာမျှမရှိကြတာ တွေ.ရပါတယ်။
ဒါပေမဲ့ အစ္စလမ်တွေကျတော့ အတော်လေးကိုတစ်ဖက် စီးနင်းနိုင်ပါတယ်။ မြန်မာအမျိုး သမီး အတော်များများလည်းလက်တွေ.ပါ။ သူတို.ဘာသာမဝင်ရင် တရားမဝင် ဘူး- အမွေ ဆက်ခံခွင့်မရှိဘူး စသဖြင့်ပေါ့ - အဲဒီလို အချက်မျိုးတွေကိုထောက်ပြပြီး- ကာကွယ်ပေးတဲ့ ဥပဒေမျိုးကတော့ တကယ့်ကို လိုအပ်ပါတယ်။
နောက်ဆုံး အနေနဲ.တင်ပြရမယ်ဆိုပါလျှင်ဥပဒေတစ်ရပ်တော့ တကယ်လိုအပ်ပါတယ်။ ဒါပေမဲ့ သိပ်ပြီး မပြင်းထန်- အစွန်းမထွက်တဲ့ဥပဒေသာဖြစ်သင့်ပါတယ်။ မြန်မာအမျိုး သမီး တွေကုလားမ လိုခေါင်းမြီးခြုံနေရမယ့် ဘဝမျိုးတော့ မရောက်စေသင့်ပါ။ ဗုဒ္ဓမြတ်ဘုရားလက်ထက်ခေတ်နဲ. ဒီကနေ.ဒီခေတ် နှိုင်းယှဉ် လို.တော့ဖြင့် အဖြစ်နိုင်ပါ- ဒီကနေ. ဒီခေတ်က တိုးတက်ပြောင်းလဲနေ ပြီဖြစ်မဟုတ်ပါလား ။
ကိုရန်မောင်ရဲ့ အကြံပြုချက်ဖြစ်တဲ့ -ဗုဒ္ဓဘာသာ ကလေးတွေကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအတိုင်း နူးညံ့သိမ်မွေ့အောင် သင် ကြားပေးနိုင်တဲ့ အ စီစဉ်တွေ ကို ရေးဆွဲသင့်ပါတယ်။ ဘာသာရေး အနှစ်သာရကို သင် ကြားပေးခံရတဲ့ ကလေးတွေကြီး လာရင် မိမိ ကိုးကွယ်တဲ့ ဘာသာမှာ အခြေခိုင်ပြီးသား ဖြစ်အောင် လုပ်ပေးသင့်တယ်။ လက်ရှိ အ ရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေကိုလည်း ဆင်းရဲကြပ်တည်းမှုနဲ့ အသိပညာနှိမ့်ကျနေမှု နွံထဲက ရုန်းထွက်နိုင်တဲ့ အစီစဉ်တွေကို
ဖန်တီးပေးနိုင်ရင် အဲဒီအကြောင်းရင်းတွေကြောင့် ဘာသာခြားရဲ့ သိမ်းပိုက်ခံရစရာ အ ကြောင်းမရှိဘူး။ အကယ်၍ ခံရသည့်တိုင် ရှိပြီးသား မြန်မာ့ဓလေ့ထုံးတမ်း ဥပ ဒေကို လက်တွေ့ကျကျ ကျင့်သုံးရင် အမျိုးသမီးတွေအတွက် အကာအကွယ် ရှိပြီးသား ဖြစ် တယ်“-ဆိုခြင်းကို အပြည့်အဝ ထောက်ခံပါတယ်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
မောင်သူရဦး(ဆားလင်းကြီး) မှ 21 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
မျိုးစောင့်ဥပဒေဟာ အရမ်းကိုသင့်လျှော်ပါတယ်ခင်ဗျာ။လူ့အခွင့်ရေးလို့ပြောတဲ့သူတွေက ကုလားတွေနဲ့ ကုလားမယားတွေကသာအော်နေကြတာပါ
_FF_ မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ခင်ဗျာ။
အိမ်ထောင်ခန်း အမွေခန်းတွေမှာ လင်ယောက်ျားနဲ့ သက်ဆိုင်တဲ့ ဥပဒေအရ စီရင်ခြင်းကို ခံကြရပါတယ်ခင်ဗျာ။
နောက်ပြီး မူဆလင်(အစ္စလာမ်ဘာသာဝင်)နှင့် လက်ထပ်ထိမ်းမြားခြင်း (စာအုပ် စာမျက် နှာ ၄၇) မှာပဲ နိုင်ငံခြားသားများနဲ့ လက်ထပ်ထိမ်းမြားခြင်းအခန်းကို သုံးသပ်ရင် မြန်မာ နိုင်ငံတရားရုံးများက နိုင်ငံအတွင်းနေ တိုင်းရင်းသားများ လက်ခံကျင့်သုံးသော ဓလေ့ထုံး တမ်းဥပဒေကို လေးစားရမဲ့အခါ နိုင်ငံခြားသားယောက်ျားလက်ခံသည်ဆိုတဲ့ အချက် ကြောင့် ဥပဒေနှစ်ရပ် ယှဉ်ပြိုင်ရာမှ ပဋိပက္ခဖြစ်ကြတဲ့ ဥပဒေပြဿနာပေါ်ပေါက် လာတဲ့ နောက် ပြဌာန်းအက်ဥပဒေက ထုံးတမ်းဓလေ့ဥပဒေကို လွှမ်းမိုးနိုင်သော ဥပဒေဖြစ် နေ ခြင်းကြောင့်ပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဒါကြောင့်  မူစလင်ဥပဒေ၏ အလိုကို မြန်မာနိုင်ငံဥပဒေက {ဒီနေရာမှာ မူဆလင်ဥပဒေ ဟာလည်း ၁၉၅၄ခုနှစ် ပါလီမန်ခွင့်ပြုချက်အရ မြန်မာနိုင်ငံမှာ တရားဝင် ဥပဒေ ဖြစ်နေပြီး သားဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာထိမ်းမြားလက်ထပ် အမွေဆက်ခံခွင့် ဥပဒေလို့ (ဘာသာ ရပ် နှစ်ခုကြား ဖြစ်နေတဲ့အတွက်) နားလည် သတ်မှတ်ပါတယ်ခင်ဗျာ။} မကျော်လွန်နိုင် ဖြစ်နေသည် ဟုယူဆရမလိုဖြစ်နေသဖြင့် ဆိုတာဟာ ပြဌာန်းအက်ဥပဒေနဲ့ ဓလေ့ထုံး တမ်း ဥပဒေနှစ်ရပ်ကြားမှာရှိတဲ့ ကွာဟချက် (တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာတို့အတွက် အက်ဥပဒေဟူ၍ မရှိသေးပါသဖြင့်) ထိုသို့ယူဆသည်မှာ မှန်ကန်ပါတယ်ခင်ဗျာ။ ဒါကြောင့်လည်း အခုလို အမျိုးစောင့် ဥပဒေမူကြမ်းဆိုတဲ့ ကိစ္စပေါ် ပေါက်လာရခြင်း ပဲ ဖြစ် ပါတယ်ခင်ဗျာ။
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
 (မူဆလင်(အစ္စလာမ်ဘာသာဝင်)နှင့် လက်ထပ်ထိမ်းမြားခြင်း (စာအုပ် စာမျက်နှာ ၄၀) အရ အစ္စလာမ်ဘာသာအမျိုးသားနဲ့ ဗုဒ္ဓဘာသာအမျိုးသမီး (သို့မဟုတ်) ဗုဒ္ဓဘာသာ အမျိုးသားနဲ့ အစ္စလာမ်ဘာသာအမျိုးသမီးတို့ဟာ တရားဝင် လက်ထပ် ထိမ်းမြားခြင်း မပြုနိုင်ချေ။ လို့ ဖော်ပြပါရှိပါတယ်။
တစ်နည်းအားဖြင့် မူဆလင်တစ်ယောက်အနေနဲ့ အစ္စလာမ်ဘာသာကို ယုံကြည်ကိုး ကွယ်သည့် "ကီဘာတီ" မဟုတ်သူနဲ့ တရားဝင် လက်ထပ်ထိမ်းမြားခြင်း မပြုနိုင်ဘူး ဆိုတာပါပဲ။)
မိတ်ဆွေ၏ တင်ပြချက်သည် အစ္စလာမ်၏ ဘာသာရေးဥပဒေဖြစ်ပုံရပြီး တကယ့် မျှတ သည့်တရားဥပဒေဖြင့် စီရင်လျှင် အကျုံးဝင်/မ၀င်ကိုလည်း သိလိုပါသည်။
ကိုကြီးမိုင်း မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
မြန်မာနိုင်ငံ၏ လင်မယားအမွေဆက်ခံခွင့်အက်ဥပဒေသည် မူစလင်ဘက်က ထုံးစံအတိုင်း မဟုတ်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် ပျက်ပျက်သွားရိုးလားခင်ဗျာ..
ကျွန်ုပ်နားလည်ထားသည်မှာ ဘာသာဝင်မဟုတ်ပါက အမွေမရခြင်း၊ တလာာက်သုံးကြိမ်ခေါ်ခြင်းသည် မူစလင် ဘာသာရေးဘက်ဆိုင်ရာ ဥပဒေသာဖြစ်ပြီး မြန်မာနိုင်ငံဥပဒေနှင့် အကျုံးဝင်သည်ဟု မထင်ပါ။ ထို့ကြောင့်မိတ်ဆွေ၏ ရှင်းလင်းချက် သည် မူစလင်ဥပဒေ၏ အလိုကို မြန်မာနိုင်ငံဥပဒေက မကျော်လွန်နိုင်ဖြစ်နေသည် ဟုယူ ဆရမလိုဖြစ်နေသဖြင့် အနည်းငယ်ရှင်းလင်းစေလိုပါသည်..ကျေးဇူးတင်ပါသည်ခင်ဗျား..
_FF_ မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ခင်ဗျာ။
မူဆလင်(အစ္စလာမ်ဘာသာဝင်)နှင့် လက်ထပ်ထိမ်းမြားခြင်း (စာအုပ် စာမျက်နှာ ၄၀) အရ အစ္စလာမ်ဘာသာအမျိုးသားနဲ့ ဗုဒ္ဓဘာသာအမျိုးသမီး (သို့မဟုတ်) ဗုဒ္ဓဘာသာ အမျိုးသားနဲ့ အစ္စလာမ်ဘာသာအမျိုးသမီးတို့ဟာ တရားဝင် လက်ထပ် ထိမ်းမြားခြင်း မပြုနိုင်ချေ။ လို့ ဖော်ပြပါရှိပါတယ်။
တစ်နည်းအားဖြင့် မူဆလင်တစ်ယောက်အနေနဲ့ အစ္စလာမ်ဘာသာကို ယုံကြည်ကိုး ကွယ်သည့် "ကီဘာတီ" မဟုတ်သူနဲ့ တရားဝင် လက်ထပ်ထိမ်းမြားခြင်း မပြုနိုင်ဘူး ဆိုတာပါပဲ။
ဒါကြောင့် အစ္စလာမ်ယောင်္ကျားကွယ်လွန်လျှင် ကျန်ရစ်သူဇနီးသည်က ဘာသာမ ပြောင်း သော်လည်း ရသင့်ရထိုက်သောအမွေကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအတွင်းမှာ တောင်း ယူလျှင် မူစလင်ဘာသာဝင်မဟုတ်သောကြောင့် မပေးနိုင်၊ မရထိုက်ဆိုတာမှာ ကျန်ရစ်သူ အမျိုးသမီးဟာ ဘာသာပြောင်းထားခြင်း မရှိတဲ့အတွက် တရားဝင် ဇနီးမယားဟု သတ် မှတ်ခံရခြင်း မရှိသောကြောင့် ကျန်ရစ်ပစ္စည်း အမွေ ရပိုင်ခွင့်ဆိုတာဟာ ပိုပြီးတော့ မဖြစ် နိုင်တော့ပါဘူးခင်ဗျာ။
အကယ်၍ သေဆုံးခြင်း မဟုတ်ဘဲ အကြောင်းတစ်စုံတရာကြောင့် နှစ်ဦးနှစ်ဖက် အသက် ရှင်နေစဉ်မှာ ကွဲကွာကြမယ်ဆိုရင် ဘာသာမပြောင်းထားတဲ့အတွက် ထိမ်းမြားမှု တရားမ ဝင်တာကြောင့် စားစရိတ်မှ အပ မည်သည့် ခံစားခွင့်မှ ရရှိမှာ မဟုတ်ပါဘူးခင်ဗျာ။
ဗုဒ္ဓဘာသာ (သို့မဟုတ်) အစ္စလာဘာသာဝင်မဟုတ်သူ မည်သူမဆို အစ္စလာမ် ဘာသာ ဝင်နဲ့ လက်ထပ်ပြီး တရားဝင်ဇနီးမယားအဖြစ်ရောက်ရှိဖို့ အစ္စလာမ်ဘာသာထဲ ပြောင်းလဲ ဝင်ရောက်ခဲ့မယ်ဆိုရင်တောင် နောင်တစ်ချိန်မှာ အမျိုးသားဘက်က ကွာရှင်းလိုပါက သူမ အနေနဲ့ "တလာက်" သုံးကြိမ်အခေါ်ခံရရုံနဲ့ အလွယ်တကူကွာရှင်းခံရပြီး လင်ယောက်ျား ပိုင် ပစ္စည်းအပေါ်မှာလည်း မည်သည့် ပိုင်ဆိုင်ခွင့်မှ မရှိဘဲ ပစ်ပယ်ခံရမှာ ဖြစ်ပါတယ်။
ကိုကြီးမိုင်း မှ 10 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဘာသာရေးကို ဦးမတည်ပဲ မြန်မာနိုင်ငံ၏ ဥပဒေကို လူမှုရေးရှုထောင့်သပ်သပ်မှ ခိုင်ခုံ အောင် လူပညာရှိများက ရဟန်းပညာရှိများနှင့်နှီးနှောပြီး "မျိုးစောင့်ဥပဒေ" ကိုရေးဆွဲ သင့် သည်ဟုထင်ပါသည်။
ဗုဒ္ဓဘာသာဖြစ်ရန် သဒ္ဓါတရားအခြေခံပြီး ၀ိမုတ္တိလွတ်မြောက်ရာအမှန်သို့ ရှေးရှုသော စိတ်အခံရှိရပါမည်။ ပါရမီရှင်မဟုတ်လျှင် အခွင့်အရေးတခုခုကြောင့်ဗုဒ္ဓဘာသာ အဖြစ် သို့ပြောင်းလဲရန် ပညာဥာဏ်မှာ ဘာသာခြားများတွင် ရှိရန်မလွယ်ပါ။ မိမိတို့တောင်မှ ငယ်ရွယ်စဉ်ကတည်းက နက်နဲသော အနိစ္စနှင့်အနတ္တတရားကို နားယဉ်လာခဲ့သည့်တိုင် အခုအချိန်အထိ ပြည့်စုံသောဘုရားအလိုတော်ကျ ဗုဒ္ဓဘာသာဝင်ဟု မပြောနိုင်သေးပါ။
ယခုထိုဥပဒေသည် (အလိုဆိုးနှင့်ရည်ရွယ်ချက်ရှိသူများအတွက်) မြန်မာ့မြေပေါ်တွင် မြန်မာမိန်းကလေးများကို ဥပဒေအရ မည်ကဲ့သို့ တရားဝင်ပေါင်းသင်းလက် ထက်နိုင် သည်ကို လမ်းဖွင့်သင်ကြားပေးသည် ဟုမြင်ပါသည်။ ထို့ပြင် ဘာသာခြားတို့၏ မျိုး ဖောက်သာသနာအတွက် ထိုဥပဒေမှပင် ( ထိုဥပဒေကို မဖောက်ဖျက်ကြောင်း ပိပိရိရိ နေပြနိုင်လျှင်) အကာအကွယ်ပေးပြီးသားဖြစ်ပါလိမ့်မည်။
ထို့ကြောင့်ရည်ရွယ်ချက်သည်အလွန်အင်မတန်ကောင်းမွန်သော်လည်းမိမိဘာသာနှင့်လူ မျိုးကွယ်ပျောက်မှာကို သူများစိုးရိမ်သလောက်မိမိလည်း စိုးရိမ်ပါသည်။ သို့သော် မြန်မာ အမျိုးသမီးများ၊ အမျိုးသား၏ မိမိဘာသာနှင့် လူမျိုးတည်တံ့ရန်အရေးကြီးကြောင်း ရေတို၊ ရေရှည်စီမံကိန်းများကို ရဟန်းပညာရှိ၊ လူပညာရှိများဖြင့် ပူးပေါင်း ရေးဆွဲရမည့်အစား မျိုး စောင့်ဥပဒေကို ဘာသာရေးနွယ်ပြီး ပြဋ္ဌာန်းရန်ကြိုးစားခြင်းသည် တကယ်မှ လိုအပ်သေး ပါ၏လော၊ အနာဂါတ်အတွက် တကယ်ပင်ကောင်းနိုင်မည်လော ဟုသံသယဖြစ်မိပါသည်။
ကိုကြီးမိုင်း မှ 10 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
 (ဗုဒ္ဓဘာသာ၏ နှိုင်းယှဉ်မရသော ဂုဏ်သိက္ခာမှာ ကာလာမ တရားတော်အတိုင်း သာဖြစ် သင့်သည်။ မည်သည့်စည်းရုံးမှုနှင့်မျှ ဘာသာတွင်းဝင်ရောက်ရန်စည်းရုံးနိုင်ခွင့်မရှိချေ။ ထိုကဲ့သို့စည်းရုံးသည် ဆိုလျှင် တခြား၊ တခြားသော ဘာသာများ၏ လုပ်နည်းလုပ်ဟန်များ နှင့် တန်းတူဖြစ်၍ ဂုဏ်ယုတ်ဖို့သာ ရှိတော့သည်။)
(
ဝိသဘာဂ-မိန်းမအားအကြောင်းပြုပြီးသော်လည်းကောင်း၊ ဥပဒေကြောင့်သော်လည်း ကောင်း တနည်းနည်းဖြင့် ဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်လျက် အတွင်းလှိုက်ဖျက်ဆီးခံ ရမည့်ဘေး ရှိနေပါတယ်..ဆရာမ..ခင်ဗျား..)
ကိုကြီးမိုင်း မှ 10 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
မူလသဘာဝအားဖြင့် ဗုဒ္ဓ၀ါဒသည် အလုံးစုံ ပြည့်စုံပြီးဖြစ်သည်။ ဥာဏ်ပညာနှင့် ဆင်ခြင် တုံ့တရားအခြေခံထားပြီး မျှတသည့် ဘာသာလည်းဖြစ်ပါသည်။ သို့သော် သံမှဖြစ်သော သံချေးသည် သံကိုပျက်စီးစေသကဲ့သို့ ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာဘုရားသားတော်များ နှင့် ဒါယိကာ၊ ဒါယိကာမများကြောင့်သာ ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း အတိအလင်း ဟောခဲ့ပြီးဖြစ်သည်။ ဘာသာခြားများဖျက်ဆီးမှုတွင် ကလိင်္ဂမင်းလောက် မည်သူဖျက်ဆီး နိုင်ဦးမည်နည်း။ မြန်မာနိုင်ငံတွင် သိုဟန်ဘွားလောက် မည်သူထင်တိုင်းကြဲခဲ့သနည်း။ သို့သော်သာသနာကား ပျက်စီးမသွား။ တိုးတက်ကြီးပွား၍ ပင်လာသည်မဟုတ်လော။
သဒ္ဓါတရားချို့တဲ့ပြီး ကျဉ်းမြောင်းသောစိတ်ဓါတ်ရှိသူများကို တခြားဘာသာဝင်များထက် မိမိပိုကြောက်ရွံ့လှပါသည်။ ထိုသူတို့ကြောင့်ပဲ သာသနာ ဂုဏ်ပျက်စရာအ ကြောင်းရှိ တော့သည်။ ထို့ကြောင့် ထိုကဲ့သို့ လူစားဗုဒ္ဓဘာသာဝင်များနှင့် မိန်းမကို အကြောင်းပြု ၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာမည့်သူ၊ မည်သူ့ကိုမှ မလိုချင်ပါ။
(ဗုဒ္ဓဘာသာဝင်မိန်းကလေးအား လက်ထက်ပေါင်းသင်းလိုလျှင် ဗုဒ္ဓဘာသာအတွင်းဝင်ရောက်ရမည်) ဟူသည့်စကားနှင့်ပတ်သက်ပြီး.....
    ကလေးတို.ဆရာမ မှ just now တွင် မှတ်ချက်ပေးခဲ့ပါသည်
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကိုသတ်မှတ်သော ပြဌာန်းချက်သာဖြစ်ပါတယ်“-လို.ကိုFF ပြောလိုက်တော့-အော်-တို.များ မြန်မာအမျိုးသမိး တွေအတွက် အိမ်ထောင်ဖက်ကိုဘာသာရေးပေတံနဲ.တိုင်းကာ အေးချမ်းသာယာဖို.စီစဉ် ပေးကြတော့မှာပါလား“-ရယ်လို.တွေးကာကျေနပ်မိပါတယ် ။ ဒါပေမဲ့ နံပါတ် (၃)မှာ- ဗုဒ္ဓ ဘာသာဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရမယ်ဆိုတဲ့အချက် ကလည်း တမျိုးကြီး လို.ခံစားမိတာအမှန်ပါ ။ သူက အခုမှ ဒီမြန်မာအမျိုးသမီးနဲ.ဆုံမိပြီး လက်ထပ်ချင်တာလေ - သူ.မှာ အဲဒီလက်မှတ်ကြီးက ဘယ်လိုရှိနေမှာတဲ့လဲနော်( ပြန်လည် ညှိနှိုင်းပြီး ပြုပြင် သင့် တယ်လို.ထင်ပါတယ်)။
အင်းလေ-ဘာပဲဖြစ်ဖြစ် စိတ်ရှည်လက်ရှည်နဲ. ဖြေကြားပေးနေတဲ့ ကိုFF ကို ကျေးဇူးအများ ကြီးတင်မိသလိုအတွေးအမြင်တွေကို တစ်စစီထုတ်ကာ မေးတတ်- ဝေဖန်ဆွေးနွေး တတ် လွန်းတဲ့ကိုကြီးမိုင်း ကိုလည်းအထူးကျေးဇူးတင်ကာကတော့(More than I can say)ပါ။
ဟုတ်ကဲ့ပါ-အမေးမှာ ပြိုင်ဖက်ကင်းတဲ့မိလိန္ဒာမင်းနဲ.ဖြေခြင်းမှာ မည်သူမျှမယှဉ် သာတဲ့ ရှင်ဏာဃသိန်လို.ပဲ မှတ်တမ်းတင်လိုက်မိပါတယ်--
အားလုံးရွှင်လန်းချမ်းမြေ့ကြပါေ
_FF_ မှ 7 minutes ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ မှန်ပါတယ်ခင်ဗျာ။
တကယ်တမ်း ဘာသာတစ်ခုကို သက်ဝင်ယုံကြည်ရာမှာ ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ဘဲ ကာယကံရှင်စိတ်က ယုံကြည် ပြဌာန်းလိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း လျှောက်ထားပြီးမှ စစ်ဆေးခံယူ ရောက်ရှိခြင်းဟာ လက်ထပ်ထိမ်းမြားခြင်း တရားဝင်လိုရုံသက်သက်နှင့် အမှန်တကယ်ယုံကြည်ခြင်း ကြောင့် မဟုတ်ဘဲ ဝင်ရောက်လာကြမဲ့ အရေးကြောင့် ဖြစ်ပါတယ်ခင်ဗျာ။
ဗုဒ္ဓဘာသာဝင်အချင်းချင်းလက်ထပ်ထိမ်းမြားကြတဲ့ အနေအထားကနေ တရားတ ဘောင် ဖြစ်ကြခြင်းတွေက စလို့ နောင်တစ်ချိန် အမွေခန်းတွေအထိ ဆုံးဖြတ်ရာမှာ ဗုဒ္ဓဘာသာတို့ ရဲ့ ဥပဒေအတိုင်း စီရင်ခွင့် ဆိုတာကို ပုံဖော်လိုတဲ့အတွက် ဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာမှာ လည်း အစ္စလာမ်တို့ရဲ့ ဥပဒေသတ်မှတ်ပုံနဲ့ အမွေရပိုင်ခန်းတွေဟာ ရှေ့မှာ ဆွေးနွေး ခဲ့ ကြပြီး ဖြစ်တာမို့ဖြစ်သင့်ခြင်း မျှတခြင်း ရှိမရှိဆိုတာကိုလည်း ကျွန်တော်တို့ သုံးသပ်ခဲ့ကြ ပြီး ဖြစ်ပါတယ်ခင်ဗျာ။
နောက်တစ်ချက်အနေနဲ့ ယခုလက်ရှိ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ လက်ခံကျင့်သုံး နေတဲ့ ဓလေ့ထုံးတမ်း ဥပဒေဟာ သင့်မြတ်ကောင်းမွန်ပြီးတော့ လက်တွေ့ကျကျ ကျင့် သုံးရင် အမျိုးသမီးတွေအတွက် အကာအကွယ် ရှိပြီးသား ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အချင်းချင်း ကြား ဖြစ်ပွားကြတဲ့ ကိစ္စရပ်တွေမှာပဲ မျှတမှု ရှိ ပြီး ဓလေ့ထုံးတမ်း ဥပဒေသား ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အက်ဥပဒေသား ဘာသာခြား နဲ့ တရားတဘောင် ကိစ္စတွေ ဖြစ်လာတဲ့အခါ အက်ဥပဒေက ဓလေ့ထုံးတမ်း ဥပဒေကို လွှမ်းမိုးနိုင်တဲ့ သဘာဝ ရှိနေတာကြောင့် ပြည့်စုံလုံလောက်တဲ့ အကာအကွယ်တစ်ခု အ ဖြစ် မရပ်တည်နိုင်တော့တဲ့ အနေအထားတွေနဲ့ ရင်ဆိုင်ကြရပါတယ်ခင်ဗျာ။
နောက်ထပ် အနေနဲ့ ဒီဥပဒေမူကြမ်းဟာ ဆိုခဲ့တဲ့အတိုင်း နာမည်ကိုက ဥပဒေမူကြမ်း ဖြစ် နေတာကြောင့် ဘယ်လိုပဲ ဘာသာ သာသာနာရေး ခေါင်းဆောင် ဆရာတော်ကြီးတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ နားလည်ကျွမ်းကျင်သူတွေ ညှိနှိုင်းရေးဆွဲထားခြင်း ဖြစ်သော် လည်း ပြင် ဆင်ရာ အချက်အလက်များ ပါဝင်နေဦးမယ်လို့ ယုံကြည် လက်ခံပါတယ်ခင်ဗျာ။
အမျိုးစောင့် ဥပဒေမူကြမ်းကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းဆောင် လမ်းဖွင့်တဲ့ ပို့စ်ကို တင် ပေး ခဲ့တဲ့ ဆရာမကို ဒီခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ အားလုံးရဲ့ အသိ အမြင်တွေကို ဖ လှယ်ခွင့်ရတဲ့အတွက်ရော၊ ကိုကြီးမိုင်းရဲ့ အပြန်အလှန် ဆွေးနွေးချက်တွေ အတွက်ရော အခြား ဝင်ရောက်ဆွေးနွေးပေးကြတဲ့ မှတ်ချက်ရှင်များ  အားလုံးကို ကျေးဇူးအထူး တင်ပါ တယ်ခင်ဗျာ။ ကျွန်တော်တို့ အားလုံးရဲ့ ဦးတည်ရာ ဆုံမှတ်ဟာ ကိုယ့်အမျိုး ဘာသာ သာ သနာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ရည်ရွယ်ကြရင်းသာ ဖြစ်တဲ့အတွက် များစွာ ဝမ်း မြောက်မိကြောင်းပါခင်ဗျာ။ 
ကိုကြီးမိုင်းအနေနဲ့လည်း ဒီအမျိုးစောင့် ဥပဒေ မူကြမ်းအပေါ် မေးခွန်းထုတ်စရာနဲ့ စိတ်မ သက်သာစရာ ရှိနေဦးမယ်ဆိုရင် ဒီဥပဒေမူကြမ်း ကိစ္စကို ဦးဆောင်နေတဲ့ ဆရာတော်များ နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးဖို့ ချိတ်ဆက်ပေးနိုင်ပါတယ်ခင်ဗျာ။

ကိုကြီးမိုင်း မှ 47 minutes ago တွင် မှတ်ချက်ပေးခဲ့ပါသည်
FF - တင်ပြထားတဲ့ မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်
တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်“-ဆိုတဲ့အချက်ကိုတော့ ပြန်လည်ညှိနှိုင်း-ပြုပြင်သင့် ပါ တယ်။ မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်လိုတာနဲ.ဗုဒ္ဓဘာသာဝင်ဖြစ် အောင်ကြီုးစားရတော့မယ်။ အစ္စလမ်တွေကျတော့ သူတို.အမျိုးသားကိုလိုချင်တဲ့ သူကအစ္စ လမ်ဘာသာကိုဝင်ရပါတယ်။ ဆင်တူဖြစ်သွားသလားလို.ပါ) ။
မှန်ပါတယ်ဆရာမ၊ အရင်ကတည်းက မွန်မြတ်ပြီးသား ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲဟာ ဥပဒေ နဲ့ မိန်းမအားအကြောင်းပြုပြီးသကာလသဒ္ဓါကြောင့် မဟုတ်ပဲ ဘယာ နဲ့တဏှာ ကြောင့် ဗုဒ္ဓဘာသာအဖြစ်ရောက်လာနိုင်စရာမြင်မိပါတယ်....
ဒီအချက်ကို လေးလေးနက်နက် ဆင်ခြင်သင့်ပါတယ်ခင်ဗျား..
ကိုကြီးမိုင်း မှ 55 minutes ago တွင် မှတ်ချက်ပေးခဲ့ပါသည်
(ဘာသာခြားအနေနဲ့ ဗုဒ္ဓဘာသာအတွင်းကို ဝင်ရောက်ဖို့ လျှောက်ထားရာမှာလည်း တင်း ကြပ်ပြီး တိကျသေချာထိရောက်တဲ့ စစ်ဆေးမှုများကို ကာလကြာရှည် ခံယူရမှာ ဖြစ်တဲ့ အတွက် ) လေးစားပါတယ်ခင်ဗျား.. ယုံကြည်မှုဆိုတာ စိတ်ကပြဋ္ဌာန်းလိုက်ရုံနဲ့ ပြီးသွား မယ့်ကိစ္စကို ဘယ်လိုတင်းကြပ်ပြီး တိကျသေချာတဲ့ စစ်ဆေးမှုကို ကာလာကြာရှည် ခံယူ ရမယ်ဆိုတော့.. ကိုကြီးမိုင်းဆိုရင်တော့..ဒီလောက်ကြီးကျယ်တဲ့ဘာသာဆိုပြီး ကဲ့ရဲ့မိမယ် ထင်ပါရဲ့ဗျာ.. (ဘယ်လိုလှည့်တွေးတွေး ယုတ္တိမဲ့သလိုခံစားရတာကို ၀န်ခံပါတယ်ခင်ဗျာ)
( ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကို သတ်မှတ် သော ပြဌာန်းချက်)
ပိုတော့ဆိုးနေပြီထင်တယ်ဗျာ..တစ်ခုခုတော့လွဲနေပြီ.. ဟုတ်သေးဘူးထင်တယ်ဗျာ..ဟူး..
ဘာပဲပြောပြော ကို FF ကိုကျေးဇူးတင်တယ်ဗျာ..ဆရာမကိုလည်း သိပ်ကျေးဇူးတင် ပါ တယ်..ဆရာမပြောတဲ့ အမျိုးဂုဏ်ကို စောင့်ရှောက်ဖို့အတွက် အရေးကြီးကြောင်းမှာအားလုံး ဦးတည်ရာ ဆုံပါတယ်..သဘောလည်းတူကြပါတယ်..ဒါပေမယ့်..ဒီနည်းလမ်းဟာ မေးခွန်း ထုတ်စရာနဲ့ စိတ်မသက်မသာစရာတွေဖြစ်လာနိုင်လို့ ဝေဖန်ဆွေးနွေးရခြင်း သာဖြစ်ပါ ကြောင်း..
_FF_ မှ 1 hour ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ခင်ဗျာ။
ကျွန်တော့် အမြင်အရတော့ အမျိုးစောင့် ဥပဒေ မူကြမ်း စာမျက်နှာ - ၁၆ ပါ မြန်မာ ဗုဒ္ဓ ဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း) အချက်နံပါတ် (၂) အရ  မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူ သည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည် ဆိုတာမှာ ဘာသာမတူသူ နှစ်ဦးကို လက်ထပ် ခွင့် မရှိဟု သတ်မှတ်ခြင်း မဟုတ်ဘဲ အဆိုပါ လက်ထပ် ထိမ်းမြားမှုဟာ ဥပဒေကြောင်း အရတရားဝင်ခြင်း မရှိဟူသည့် အနေအထားသို့ ဖော်ဆောင်ထားခြင်းလို့ မြင် ပါ တယ် ခင်ဗျာ။
အကျိုးဆက်အားဖြင့် အဆိုပါ ဘာသာမတူသူ လင်မယားသည် အက်ဥပဒေအဖြစ် ရှိနေ သော လင်ယောက်ျား၏ ဥပဒေအတိုင်း စီရင် ဆုံးဖြတ် ခံရခြင်းမှသည် နှစ်ဦးနှစ်ဘက် မျှ တသော အနေအထားဖြင့် တရားရုံးတွင် ရင်ဆိုင်နိုင်သော အနေအထားသို့ကူးပြောင်း ရောက်ရှိစေရန်ဟု နားလည်မိပါတယ်ခင်ဗျာ။
တစ်ဆက်တည်းမှာပဲ လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး -- လူ့အခွင့်အ ရေး ကြေ ညာစာတမ်းဆိုသည်မှာ နိုင်ငံတကာမှ လိုက်နာကျင့်သုံးရန် ထုတ်ပြန်သော ကြေညာ ချက်မျှသာဖြစ်ကြောင်း၊
- ယေဘုယျအသွင်ဆောင်သော အချက်များသာ ဖြစ်ပါ၍ အသေးစိတ်သတ်မှတ်ချက်မျိုး မဟုတ်ပါကြောင်း၊
- ထိုကြေညာစာတမ်းသည် နိုင်ငံတိုင်း၏  အချုပ်အခြာအာဏာပိုင်မှုကို လွှမ်းမိုးနိုင်ခြင်း ၊ ရုတ်သိမ်းနိုင်ခြင်း မရှိပါကြောင်း၊ (ဥပမာအားဖြင့် အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာ ဝင်များတွင်လည်း ယခုကဲ့သို့ (သို့မဟုတ်) ယခုထက်ပို၍ တင်းကြပ်သော ကန့်သတ် ပြဌာန်းချက်များ ရှိပါက ထိုဥပဒေများရှိ ကန့်သတ် ပြဌာန်းချက်များကို လူ့အခွင့်အရေး အရ မကိုက်ညီပါဟု ဆန့်ကျင်ပြောဆို ကန့်ကွက်ခြင်းမျိုးသည် အဆိုပါ ဘာသာများ၏ အချုပ်အခြာ အာဏာကို ဝင်ရောက်စွက်ဖက်ရာ ရောက်ခြင်း။)
- ယခုတင်ပြထားသော အရေးပေါ် ဥပဒေမူကြမ်းမှာ ကျား/မ ခြင်း လက်ထပ်ထိမ်းမြား ပေါင်းသင်းခြင်းကို ပိတ်ပင်မှုမျိုး မဟုတ်ပါကြောင်းနှင့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကို သတ်မှတ်သော ပြဌာန်းချက်သာ ဖြစ်ပါကြောင်း၊
- ချုပ်၍ ဆိုရသော် လူ့အခွင့်အရေးဆိုသည်မှာ စံနှုန်း သတ်မှတ်ချက် တစ်ခုအနေနှင့်သာ တည်ရှိပြီး လိုက်နာရမည့် ဥပဒေတစ်ခု မဟုတ်ကြောင်းပါ ခင်ဗျာ။
နောက်ပြီး ဘာသာခြားအနေနဲ့ ဗုဒ္ဓဘာသာအတွင်းကို ဝင်ရောက်ဖို့ လျှောက်ထားရာ မှာ လည်း  တင်းကြပ်ပြီး  တိကျသေချာထိရောက်တဲ့  စစ်ဆေးမှုများကို ကာလကြာရှည်ခံယူ ရမှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာ သာသနာကို အမှန်တကယ် သက်ဝင်ယုံကြည်၍ ကူး ပြောင်းလိုခြင်း မဟုတ်ကြောင်း အထောက်အထား တစ်စုံတရာတွေ့ရှိတာနဲ့ ဘာသာ ပြောင်းဖို့ လျှောက်ထားခြင်းကို ပယ်ခံရပြီး ဖြစ်သလို၊ ရာဇသတ်ကြီးဥပဒေများနဲ့ အခြား တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အရေးယူတရားစွဲဆိုခြင်း ခံရမှာ ဖြစ်လို့ ကျွန်တော် တို့ တွေးပူသလို  လက်မှတ်ကိုင် စာရင်းဝင် ဗုဒ္ဓဘာသာ လူတန်းစား ပေါ်ပေါက်လာဖို့ဟာ လည်း အတော်ကြီးကို မဖြစ်နိုင်အောင် အစီအစဉ်များ အထပ်ထပ် ချမှတ်ထား တာ တွေ့ရ ပါတယ်ခင်ဗျာ။

ကလေးတို.ဆရာမ မှ 1 hour ago တွင် မှတ်ချက်ပေးခဲ့ပါသည်
 ဗုဒ္ဓဘာသာ၏ နှိုင်းယှဉ်မရသော ဂုဏ်သိက္ခာမှာ ကာလာမ တရားတော်အတိုင်း သာဖြစ် သင့်သည်။ မည်သည့်စည်းရုံးမှုနှင့်မျှ ဘာသာတွင်းဝင်ရောက်ရန် စည်းရုံးနိုင်ခွင့်မရှိချေ ။ ထိုကဲ့သို့စည်းရုံးသည်ဆိုလျှင် တခြား၊ တခြားသော ဘာသာများ၏ လုပ်နည်းလုပ်ဟန်များ နှင့် တန်းတူဖြစ်၍ ဂုဏ်ယုတ် ဖို့သာရှိတော့သည်။)
(၀ိသဘာဂ-မိန်းမအားအကြောင်းပြုပြီးသော်လည်းကောင်း ဥပဒေကြောင့်သော်လည်း ကောင်းတနည်းနည်းဖြင့် ဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်လျက် အတွင်းလှိုက်ဖျက်ဆီး ခံရ မည့်ဘေးရှိနေပါတယ်“-လို.အတိအလင်း ရှင်းပြလိုက်တဲ့ ကိုကြီးမိုင်းရဲ့ခံယူချက်အား အပြည့်အဝထောက်ခံလိုက်ပါတယ်။
နောက်ပြီး ဗုဒ္ဓဘာသာ၏ နှိုင်းယှဉ်မရသော ဂုဏ်သိက္ခာမှာ ကာလာမ တရားတော် အ တိုင်းသာဖြစ်သင့်သည်။ မည်သည့်စည်းရုံးမှုနှင့်မျှ ဘာသာတွင်းဝင်ရောက်ရန် စည်းရုံး နိုင် ခွင့်မရှိချေ“-- တဲ့ -
ဒါကိုလည်း အကြွင်းမဲ့ လက်ခံရမှာပါ။
FF -
တင်ပြထားတဲ့ မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်
တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်“-ဆိုတဲ့အချက်ကိုတော့ ပြန်လည်ညှိနှိုင်း-ပြုပြင်သင့် ပါ တယ်။ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်လိုတာနဲ.ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြီုးစားရတော့မယ်။ အစ္စလမ်တွေကျတော့ သူတို.အမျိုးသားကိုလိုချင်တဲ့သူက အစ္စ လမ်ဘာသာကိုဝင်ရပါတယ်။ ဆင်တူဖြစ်သွားသလားလို.ပါ။
တကယ်တော့မျိုးစောင့်ဥပဒေဆိုတာရှိနေသင့်ပါတယ်(အစွန်းမထွက်စေပဲ မျှမျှတတ တော့ဖြစ်သင့်ပါတယ်)။ဒါကိုလည်းအချို.ပြောနေသလို လူ.အခွင့်အရေးကိုချိုးဖေါက်ခြင်းလုံးဝမဟုတ်ပါ။ လူမျိုရေးကိုကာကွယ်- စောင့်ထိန်းပေးခြင်းသာဖြစ်ပါတယ်။
အဓိကအနေနဲ.ကတော့ ကိုရန်မောင်အကြံပြုထားတဲ့အတိုင်း ဗုဒ္ဓဘာသာ ကလေးတွေ ကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအတိုင်း နူးညံ့
သိမ်မွေ့အောင် သင်ကြားပေးနိုင်တဲ့ အစီအစဉ်တွေ ကို ရေးဆွဲသင့်ပါတယ်။ ဘာသာရေး အနှစ်သာရကို သင်ကြားပေးခံရတဲ့ ကလေးတွေကြီးလာရင် မိမိကိုးကွယ်တဲ့ ဘာသာမှာ အခြေခိုင်ပြီးသား ဖြစ်အောင် လုပ်ပေးသင့်တယ်။ လက်ရှိ အ ရွယ်ရောက်ပြီးတဲ့ အမျိုးသမီး တွေကိုလည်း ဆင်းရဲကြပ်တည်းမှုနဲ့ အသိပညာနှိမ့်ကျနေမှု နွံထဲက ရုန်းထွက်နိုင်တဲ့ အစီ အစဉ်တွေကို ဖန်တီးပေးနိုင်ရင် အဲဒီ အကြောင်းရင်းတွေကြောင့် ဘာသာခြားရဲ့ သိမ်းပိုက် ခံရစရာ အကြောင်းမရှိဘူး။ အကယ်၍ ခံရသည့်တိုင် ရှိပြီးသား မြန်မာ့ဓလေ့ထုံးတမ်း ဥပ ဒေကို လက်တွေ့ကျကျ ကျင့်သုံးရင် အမျိုးသမီးတွေအတွက် အကာအကွယ် ရှိပြီးသား ဖြစ် တယ်“-ဆိုခြင်းကိုပဲ ထပ်မံ ထောက်ခံလိုက်ပါရစေ။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုကြီးမိုင်း မှ 2 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဘာပဲပြောပြော နိုင်ငံတစ်နိုင်ငံရဲ့ လူမျိုးနဲ့ဘာသာကို ကာကွယ်ရန်အလို့ငှာ ထိုဥပဒေကို ပြဋ္ဌာန်းနိုင်ပါတယ်.. ဘာသာတူမှလက်ထက်ခွင့်ရှိသည်ဟူသော သတ်မှတ်ချက်ဟာ စိတ် ဓါတ်အဆင့်အတန်းညံ့ဖျင်းပြီး တယူသန်အစွန်းယောက်တဲ့ ဘာသာရေးရှေ့တန်းတင် နိုင်ငံများ ကျင့်သုံးလေ့ရှိတဲ့ ဥပဒေအတန်းအစားမို့ အရင်ကတည်းက (ထိုနိုင်ငံများအပေါ်) စက်ဆုတ်ရွံ့ရှာစိတ်ဖြစ်မိပါတယ်.. အခုလည်း လက်ထက်ခြင်းဆိုသည့်ကိစ္စကို ဘာသာတူ ရမည်ဆိုသည့်အချက်က ဖောက်သဖြင့် စင်စစ်တရားမျှတသည်ဟု မဆိုနိုင်တော့ပါတကား ..တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်လို့လက်ထက်ခြင်းသည် မွေးရာပါလူ့အခွင့် အရေး ပင်ဖြစ်သည်။ သူတောင်းစားနှင့် ဘုရင့်သမီးတော်လည်းလက်ထပ်ခွင့်ရှိရမည်။
ထိုအချက်သည် လူသားတို့၏ မွေးရာပါအခွင့်အရေးမဟုတ်လော။
ထိုဥပဒေအားလက်နက်သဖွယ်အသုံးပြုပြီး ဗုဒ္ဓဘာသာမိန်းကလေးက ဘာသာခြားများကို လုပ်ကြံမှုများ ဖြစ်မလာနိုင်ပါသလော။ ဥပမာ နံပါတ် (၆) အရ..(စော်ကားရန်ကြံစည်ပါ သည်ဟု စွပ်စွဲရုံမျှနှင့် တဘက်လူဒုက္ခရောက်နိုင်သဖြင့် ဘာသာမတူသူအချင်းချင်း မယုံ သင်္ကာမှုများကြီးထွားစေမည်မဟုတ်လော)
ထို့အတူ တရားဝင်ဗုဒ္ဓဘာသာအဖြစ်ကို ရင်ထဲမှ သဒ္ဓါစိတ်ဖြင့်သက်သေပြုရမည့်အစား မှတ်ပုံတင်အရာရှိတို့၏ လက်မှတ်ဖြင့် သက်သေပြုသဖြင့် စာရင်းဝင်ဗုဒ္ဓဘာသာဝင် အတန်းအစားတရပ်ပေါ်လာမည့် အကြောင်းကလည်း စိတ်မသက်မသာဖြစ်စေပါသည်။
_FF_ မှ 2 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာ ဘာသာရေး၊ အမျိုးသားရေးစိတ်ဓါတ် အခြေခံ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ် အားနည်းလာကြ တဲ့ အတွက် ကိုယ့်အမျိုး ဘာသာ သာသနာကို စောင့်သိ ထိန်းသိမ်းရမဲ့ "စောင့်လေမျိုး နွယ်" ဆိုတဲ့ တာဝန်ကို ပျက်ကွက်လာကြတာကြောင့်လည်း ခုလိုအနေအထားတွေ ဖြစ်လာကြတာဖြစ်ပါတယ်။
ဒီအတွက်ကို မြန်မာတစ်ဦးချင်းစီ တိကျ သေချာ ခိုင်မာတဲ့ ကိုယ်ပိုင်ခံယူချက်တွေဖြစ် ပေါ်စေအောင် လမ်းပြပေးတဲ့ ၊ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာနဲ့ ကိုယ့်တိုင်း ပြည်ကို စောင့်ရှောက်ရကောင်းမှန်း သိတဲ့ ၊ နောင်လာမဲ့ မြန်မာမျိုးဆက်သစ် မြန်မာ နိုင်ငံအတွက် အရှည်သဖြင့် မြင်တတ် တွေးဆ တတ်တဲ့ အသိညဏ်ပိုင်ရှင်များ ပေါ် ပေါက်လာဖို့ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကစလို့ ဘာသာရေး သင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ စသည်ဖြင့် အောင်အောင်မြင်မြင် ပေါ်ပေါက်လာအောင် ၊ ဘာသာရေးခေါင်းဆောင်ပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ တာဝန်သိ ပြည်သူပိုင်း စသည်ဖြင့်တစ် မျိုးသားလုံး အားနဲ့ ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော်ဖို့ အရေးတကြီးလို အပ်နေတဲ့ အနေအထားရောက်နေပြီဆိုတာ အားလုံးသိပြီးတဲ့အတိုင်းပဲ ဖြစ်ပါတယ်။
ကိုယ်ပိုင်အသိဥာဏ် အားနည်းခြင်း၊ ဆင်းရဲမွဲတေခြင်းနဲ့ ဘာသာခြားနဲ့ လက်ထပ်ပြီး နောက် ဥပဒေကြောင်းအရ သိရှိနားလည်မှု မရှိသလောက် နည်းပါးခြင်း စတဲ့အချက် တွေ ဟာ ဘာသာခြားတွေနဲ့ မြန်မာဗုဒ္ဓဘာသာ မိန်းကလေးများ အလွယ်တကူ လက်ထပ် ဖြစ် စေတဲ့ အချက်တွေ ဖြစ်လို့နေပါတယ်ခင်ဗျာ။
ဒီနေရာမှာ တစ်ခု ရှိလာတာက အဆိုပါ ကိုယ့်အမျိုး ကိုယ်စောင့်ရှောက်ရမဲ့ တာဝန်ဟာ လူတိုင်းမှာ ရှိကြောင်း၊ စောင့်လည်း စောင့်ထိန်းရမှာ ဖြစ်ကြောင်းဆိုတာကို ယနေ့ အင် တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကန့်ကွက်သံများကို ကြည့်လိုက်မယ်ဆိုရင် အခုလုပ် အခု ဖြစ်သင့်တဲ့ အနေအထားတစ်ခုအဖြစ် ပုံဖော်ဖို့ မလွယ်တဲ့ အခြေအနေထိ ဖြစ်နေ ပြီဆို တာလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပါတယ်ခင်ဗျာ။
နောက်တစ်ချက် နိုင်ငံ စီးပွားရေးနဲ့ ဘဝအာမခံချက်ကို ပေးနိုင်တဲ့၊ မိသားစုကို နိုင်နိုင် နင်းနင်း စောင့်ရှောက်နိုင်တဲ့ အလုပ်အကိုင်များ ဖြစ်ပေါ်လာပြီး ဗုဒ္ဓဘာသာ မြန်မာ အမျိုး သမီးများ ဘာသာခြားကို လက်ထပ်ပြီး စိတ်ချရတဲ့ (စိတ်ချရတယ်ထင်တဲ့) ဘဝ အနာ ဂတ်တစ်ခုကို ပုံဖော်ခြင်းမှသည် ဘာသာမတူသူနဲ့ လက်ထပ်ပြီး (တရားဝင် ဇနီး မယား ဖြစ်ဖို့) ဘာသာပြောင်းလဲ ကိုးကွယ်ရာမှစလို့ ဗုဒ္ဓဘာသာ မြန်မာအမျိုး သမီး လေး များက နေ ဗုဒ္ဓဘာသာဝင် မဟုတ်သော ကလေးငယ်များ မွေးဖွား ပွားများခြင်း စသည့် ကွင်းဆက် များမှ ကင်းဝေးကြရေး ဆိုတာဟာလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်သလို အဲဒီလို အလုပ် အကိုင် ကောင်းတွေ ဖြစ်ပေါ်လာပြီဆိုရင်တောင်  မြန်မာနိုင်ငံရေး ပညာရေး စ နစ်အောက် (ဘွဲ့တစ်ခုရအောင် မွေးထုတ်ပေးပေမဲ့ ဘာမှမတတ်တဲ့ဘွဲ့ရတွေ) အနေနဲ့ ဘယ်လောက် အလုပ်လုပ်နိုင် လုပ်တတ်ကြမလဲ ဆိုတာကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားဖို့လို အပ်လာပြန်ပါတယ်ခင်ဗျာ။
ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတိုင်းမှာသာ သင့်လျော်မှန်ကန်တဲ့ ကိုယ်ပိုင်အသိညဏ် ရှိမယ် ၊ အယောက်စီတိုင်းလည်း တကယ်ပဲ လိုက်နာ ကျင့်ကြံ ထိန်းသိမ်းစောင့်ရှောက်နေ ထိုင် ကြမယ်ဆိုရင် လူတွေလိုက်နာဖို့ လူတွေကပဲ ပြန်ပြီး ချမှတ် ရေးဆွဲ ပြဌာန်းထားတဲ့ ဥပဒေ တွေ စည်းကမ်းချက်တွေ ရှိနေဖို့ လိုအပ်တော့မယ် မဟုတ်ပါဘူးခင်ဗျာ။
ဒါကြောင့် ဒီအမျိုးစောင့် ဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ပြီးပြည့်စုံ ပြီးသား ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမများအပေါ် ထပ်မံ ကွန့်ခြင်းမဟုတ်ဘဲ ပြည့် စုံမှန်ကန်စွာ ချမှတ်ထားပေးခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမတွေကို သေသေ ချာချာ နားလည် လိုက်နာ စောင့်ထိန်းနိုင်အောင် ၊ တစ်နည်းအားဖြင့် အမျိုး ဘာသာ သာ သနာ ကို အဓွန့်ရှည် တည်တံ့ ခိုင်မာစွာ ထိမ်းသိမ်း စောင့်ရှောက်နိုင်အောင် လျော့လျဲနေ တဲ့ ဥပဒေပိုင်း အရ ဝန်းရံရည်ရွယ်ရင်းသာ ဖြစ်ပါတယ်ခင်ဗျာ။
_FF_ မှ 3 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ခင်ဗျာ။
(ဗုဒ္ဓဘာသာဝင်မိန်းကလေးအား လက်ထပ်ပေါင်းသင်းလိုလျှင် ဗုဒ္ဓဘာသာအတွင်း ၀င် ရောက်ရမည်) ဆိုတဲ့ အရေးအသားကိုတော့  အမျိုးစောင့် ဥပဒေ မူကြမ်း စာမျက်နှာ - ၁၆ ပါ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ (မူကြမ်း) မှာ  မတွေ့ရပါဘူးခင်ဗျာ။ 
အမျိုးစောင့် ဥပဒေ မူကြမ်း စာမျက်နှာ - ၁၆ ပါ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း)  
ဒီမူကြမ်းကို ကြည့်ရင် အချက် (၂) အနေနဲ့ မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည် ဆိုတဲ့ အချက်အနေနဲ့ တင်ပြ ထားတာကို တွေ့ရပါတယ်။ 
ဒီနေရာမှာ (ဗုဒ္ဓဘာသာဝင်မိန်းကလေးအား လက်ထပ်ပေါင်းသင်းလိုလျှင် ဗုဒ္ဓဘာသာ အ တွင်း ၀င်ရောက်ရမည်) ဆိုတဲ့ ရေးသားသုံးနှုန်းပုံနဲ့ (မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုး သမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်) ဆိုတဲ့ ရေးသား သုံး နှုန်းပုံဟာ ဆင်မယောင် ရှိသလိုနဲ့ အတော်လေး ကွာဟနေတာကို သုံးသပ်နိုင်ပါတယ် ခင်ဗျာ။ နောက်တစ်ချက်အနေနဲ့ ဒီလို  မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့် သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဆိုတဲ့ သတ်မှတ်ချက်ကို သဘောမကျ နိုင် သူများ ပါဝင်နေခဲ့ပါကလည်း အခြား ဘာသာများဖြစ်သော ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စသည်တို့၏ ဘာသာတူ လက်ထပ်မှသာ တရားဝင် အကြင်လင်မယားဖြစ်ပါကြောင်း စ သည်ဖြင့် သတ်မှတ်ထားချက်များနှင့် ပြန်လည် တိုက်ဆိုင် ဆန်းစစ်နိုင်ပါတယ်ခင်ဗျာ။ နောက်ထပ်အနေနဲ့ ၁၉၆၅ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူမှာ လွတ်လပ်ရေး ရ ကာစကလည်း အစ္စလာမ် ဘာသာဝင် ၁၅% ရှိကြောင်း၊ ယခုလည်း ၁၅% သာလျှင် ဖြစ် ကြောင်း၊ ဆိုလိုသည်မှာ အစ္စလာမ်ဘာသာဝင်ဦးရေ လုံးဝ တိုးတက်မလာအောင် သပ်ရပ် ပြီး အမြော်အမြင်ရှိသော ဥပဒေ ချမှတ်ထားခြင်းအားဖြင့် မလိုလားအပ်သော လူမျိုးရေး ဘာသာရေးပြဿနာများ ဖြစ်ပွားခြင်းကနေ ရှောင်ရှားထားနိုင်တာကိုလည်း တိုက်ဆိုင် ဆန်းစစ် နိုင်ပါတယ်ခင်ဗျာ။
အမျိုးသမီးကို ရလိုမှုကြောင့် (လူမျိုသာသနာပြုလိုမှုကြောင့် သို့မဟုတ် ဗုဒ္ဓဘာသာကို အမှန်တကယ် သက်ဝင်ယုံကြည် လိုက်နာလို၍ မဟုတ်ဘဲ ရည်ရွယ်ချက် တစ်စုံတရာ ကြောင့်) ဗုဒ္ဓဘာသာအတွင်းသို့ ဝင်ရောက်ပြီး သာသနာ ညှိုးနွမ်း ပျက်စီးစေခြင်း အဖြစ် သို့ ရောက်ရှိစေခြင်းမျိုးမှလည်း ကာကွယ်ရန်အတွက် အချက် နံပါတ်(၃) မှာ ဆက်ပြီး ဗုဒ္ဓ ဘာသာဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားရမယ်ဆိုတဲ့ အချက်နဲ့ ထပ်မံ တစ်ဆင့် ခံထားတာကို တွေ့ရှိနိုင်ပါတယ်ခင်ဗျာ။
အဆိုပါ လက်မှတ် ရရှိရန်အတွက်လည်း အမျိုးစောင့် ဥပဒေမူကြမ်းစာအုပ်ရဲ့ စာမျက်နှာ နံပါတ် (၁၀) မှာ ကိုးကွယ်ရာ ဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေ (မူကြမ်း) ဆိုပြီး ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲ ခံယူဖို့အတွက် သာသနာရေး ဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာ သာသနာရေး ဦးစီးဌာနကို အကျိုးအကြောင်းပြ လျှောက်ထားရမဲ့အပြင် လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုများလည်း (မည်သည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲ ခံယူ လိုသည်) ခံယူရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာသာခြားက မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို ရယူလိုမှုနဲ့ ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲ ဝင်ရောက်ပြီး ဘာသာ သာသနာ ညစ်နွမ်းစေမှု ကနေ ကာကွယ်ခြင်းအတွက် ဖြစ်ပါတယ်ခင်ဗျာ။ 
ကိုကြီးမိုင်း မှ 8 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ထပ်ဆင့်ဆွေးနွေးရလျှင် အမျိုးတိမ်ကောခြင်းနှင့်ပက်သက်ပြီး ဘာသာခြားများ၏ သိမ်း သွင်းမခံရခြင်းသည် ဥပဒေအကာအကွယ်မရှိသောကြောင့် ဟုမထင်ပါ။
- ဆင်းရဲမွဲတေခြင်း၊- စည်းလုံးမှုမရှိခြင်း၊- ပညာရေးနိမ့်ကျခြင်း၊
- တိုင်းရင်းသားနှင့်မြန်မာလူငယ်များပြည်ပသို့အလုံးအရင်းထွက်ပြီးအလုပ်လုပ်နေရခြင်း၊
- ဗုဒ္ဓဘာသာခေါင်းဆောင်များ၏ (လူထုအပေါ်တွင်) တာဝန်မကျေပွန်ခြင်း များကြောင့် ဘ၀လုံခြုံမှုမဲ့နေသည့် ဗဟုသုတချို့တဲ့ရှာသည့် မြန်မာမိန်းကလေးများသည် ဘာသာ ခြား များ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်မဟုတ်လား.ခင်ဗျာ..
မှတ်သားဖွယ်သာဓကကို မေတ္တာရှင် (ရွှေပြည်သာ) ၏ ဘ၀နှင့်ရင်းရသော အတွေး အမြင် များမှ အနည်းငယ်တင်ပြလိုပါသည်။
မိမိအသက်အား လုပ်ကြံသဖြင့် ဆေးရုံရောက်လာသော ကလေးမကလေးအတွက် သွေး လိုသဖြင့်အလှုခံလာသောအခါ ထိုအရှင်သီတင်းသုံးသော ကျောင်းတိုက်မှ သံဃာ များက သွေးလှုရန်စေတနာမရှိပေ။
အကြောင်းပြချက်ကား " ကိုယ့်အသက်သေစေလိုသဖြင့် သေကြောင်းကြံတဲ့လူနာကို အ သက်ပြန်ရှင်အောင် လှူနေစရာမလိုပါ" ဟူသတည်း။ ဂရုဒေါသောဖြင့် ချသော ကောက် ချက်လည်း ဖြစ်နိုင် ပါသည်။ သို့သော် ဤအရှင်၏ ရှင်းလင်းချက်ကား မှတ်သားဖွယ် ကောင်းလှသည်။
"အခုသေကြောင်းကြံတဲ့ ကိစ္စမှာ လူနာဟာ ဘ၀တန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ် သာရကို မသိပဲ နောက်ဘ၀ လွယ်လွယ်နှင့်လူ့ဘ၀ပြန်ရလိမ့်မည်ထင်နေရှာသည်။ ဒါကြောင့်ထိုလူနာ၏ အပြစ်ထက် သေကြောင်းမကြံခင်ကတည်းက ဘ၀တန်ဖိုး၊ ဘာသာ တန်ဖိုး၊ ဘ၀အနှစ်သာရကို သေသေချာချာနားလည်အောင် သွန်သင်မပေးနိုင်တဲ့ မိဘ၊ ဆရာ နဲ့ သံဃာများမှာ ပိုတာဝန်ရှိတယ်"ဟုမိန့်ကြားခဲ့ပါသည်။ လွန်စွာယုတ္တိရှိသော သာဓ ကဖြစ်ပါသည်။
ယခုမြန်မာနိုင်ငံသည် ခေါင်မိုးပေါက်ဗလပွနှင့် အိမ်အို၊ အိမ်ဟောင်းကြီးသဖွယ်ဖြစ်နေပါ သည်။ မိုးတည်းဟူသော ပယောဂများဒါဏ်ကြောင့် နေရာအနှံမှ မိုးရေများ ပွက်ပွက် ကျ လျက်ရှိကုန်၏။ ကျွန်ုပ်တို့သည် ကျသမျှမိုးပေါက်တို့ကို ရှိသမျှခွက်ဖြင့် ခံနေမည့်အစား (မိုးရေအစိုခံပြီး) ခေါင်မိုးကို လုံအောင် တက်ညီ၊ လက်ညီပြုပြင်ဖို့သာအရေးကြီးပါသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံ၏ ပညာရေး၊ စီးပွားရေး နှင့် အမျိုးသားရေးတို့အတွက် ရေတို ရေရှည်စီမံကိန်းများ ချမှတ်နေသည်ကို သေသေချာချာမကြားရသေးပါ။ ပြည်သူများ ကိုယ် တိုင်ကလည်း ထိုကိစ္စများသည် မိမိတို့နှင့်မဆိုင်သယောင် ပေယျာလကန်ပြုထားပြီး တစ်ခု ခုဖြစ်တိုင်း ကမ္ဘာမကြေသီချင်း သာဆိုဖို့စိတ်ဝင်စားနေပါသည်။
ထို့ကြောင့် အမျိုးသားလုံခြုံမှုကို အမျိုးသားရေးစိတ်ဓါတ်ဖွံ့ဖြိုးအောင်လုပ်ရုံမှတပါး တခြား နည်းလမ်းမရှိဟု ထင်ပါသည်။ (အားလုံးသည် ကျွန်ုပ်၏ စိုးရိမ်မှုသပ်သပ်လည်း ဖြစ်နိုင်ပါ သည်။ အားလုံးဝေဖန်အကြံပြုရန်အတွက်သာ)
ကိုကြီးမိုင်း မှ 8 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဘာသာရေးကို ဦးမတည်ပဲ မြန်မာနိုင်ငံ၏ ဥပဒေကို လူမှုရေးရှုထောင့်သပ်သပ်မှ ခိုင်ခုံ အောင် လူပညာရှိများက ရဟန်းပညာရှိများနှင့်နှီးနှောပြီး "မျိုးစောင့်ဥပဒေ" ကိုရေးဆွဲ သင့်သည်ဟုထင်ပါသည်။ ဗုဒ္ဓဘာသာဖြစ်ရန် သဒ္ဓါတရားအခြေခံပြီး ၀ိမုတ္တိ လွတ် မြောက်ရာအမှန်သို့ ရှေးရှုသောစိတ်အခံရှိရပါမည်။ ပါရမီရှင်မဟုတ်လျှင် အခွင့်အရေး တခုခုကြောင့်ဗုဒ္ဓဘာသာအဖြစ်သို့ပြောင်းလဲရန် ပညာဥာဏ်မှာ ဘာသာခြားများတွင် ရှိ ရန်မလွယ်ပါ။ မိမိတို့တောင်မှ ငယ်ရွယ်စဉ်ကတည်းက နက်နဲသော အနိစ္စနှင့်အနတ္တ တရားကို နားယဉ်လာခဲ့သည့်တိုင် အခုအချိန်အထိ ပြည့်စုံသောဘုရားအလိုတော်ကျ ဗုဒ္ဓဘာသာဝင်ဟု မပြောနိုင်သေးပါ။
ယခုထိုဥပဒေသည် (အလိုဆိုးနှင့်ရည်ရွယ်ချက်ရှိသူများအတွက်) မြန်မာ့မြေပေါ်တွင် မြန် မာမိန်းကလေးများကို ဥပဒေအရ မည်ကဲ့သို့ တရားဝင်ပေါင်းသင်းလက်ထပ်နိုင်သည်ကို လမ်းဖွင့်သင်ကြားပေးသည် ဟုမြင်ပါသည်။ ထို့ပြင် ဘာသာခြားတို့၏ မျိုးဖောက်သာသနာ အတွက် ထိုဥပဒေမှပင် ( ထိုဥပဒေကို မဖောက်ဖျက်ကြောင်း ပိပိရိရိ နေပြနိုင်လျှင်) အကာ အကွယ်ပေးပြီးသားဖြစ်ပါလိမ့်မည်။
ထို့ကြောင့်ရည်ရွယ်ချက်သည်အလွန်အင်မတန်ကောင်းမွန်သော်လည်း မိမိဘာသာနှင့်လူ မျိုးကွယ်ပျောက်မှာကို သူများစိုးရိမ်သလောက်မိမိလည်း စိုးရိမ်ပါသည်။ သို့သော် မြန်မာ အမျိုးသမီးများ၊ အမျိုးသား၏ မိမိဘာသာနှင့် လူမျိုးတည်တံ့ရန်အရေးကြီးကြောင်း ရေတို၊ ရေရှည်စီမံကိန်းများကို ရဟန်းပညာရှိ၊ လူပညာရှိများဖြင့် ပူးပေါင်း ရေးဆွဲရမည့်အစား မျိုး စောင့်ဥပဒေကို ဘာသာရေးနွယ်ပြီး ပြဋ္ဌာန်းရန်ကြိုးစားခြင်းသည် တကယ်မှ လိုအပ်သေး ပါ၏လော၊ အနာဂါတ်အတွက် တကယ်ပင်ကောင်းနိုင်မည်လော ဟုသံသယဖြစ်မိပါသည်။
_FF_ မှ 1 hour ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ ခင်ဗျာ။
နောက်ထပ်ကျန်ရှိတဲ့ တစ်ချက်အနေနဲ့ ဆရာမ ဆွေးနွေးပေးထားတဲ့  နံပါတ် (၃)မှာ- ဗုဒ္ဓဘာသာဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရမယ်ဆိုတဲ့ အချက်ကလည်း တမျိုး ကြီးလို့ ခံစားမိတာအမှန်ပါ ။ သူက အခုမှ ဒီမြန်မာအမျိုးသမီးနဲ.ဆုံမိပြီး လက်ထပ် ချင်တာ လေ - သူ့မှာ အဲဒီလက်မှတ်ကြီးက ဘယ်လိုရှိနေမှာတဲ့လဲနော် ( ပြန် လည် ညှိနှိုင်းပြီးပြု ပြင်သင့်တယ်လို.ထင်ပါတယ်)။ ဆိုတာမှာ ဆရာမ ခံစားရတာ မှန်ပါတယ်ခင်ဗျာ။ 
ဒီအချက်ဟာ အမှန်တော့  ဗုဒ္ဓဘာသာ အမျိုးသမီးကို အလွယ်တကူ လက်ထပ်ခြင်းကနေ နောက်ဆက်တွဲ ကိစ္စပေါင်းများစွာ ပေါ်ပေါက်လာခြင်းမှ  ကာကွယ်ရန် ရည်ရွယ်ပြီး မူကြမ်း ပြုစုဦးဆောင်သူ ဆရာတော်များနဲ့ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူများက တစ်ဆင့်ခံ ရေး ဆွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်ခင်ဗျာ။ 
ဒီနေရာမှာ အမျိုးစောင့် ဥပဒေမူကြမ်း စာအုပ် စာမျက်နှာ (၂၅) မှာ ပူးတွဲပါရှိတဲ့ စင်ကာပူ နိုင်ငံရဲ့ ဥပဒေကို သုံးသပ်လေ့လာဖို့ လိုအပ်လာပါတယ်ခင်ဗျာ။ စင်ကာပူနိုင်ငံမှာ လက် ထပ်ဖို့အတွက်
(၁) လက်ထပ်မော်ကွန်းရုံး  Registry of Marriages (ROM) နဲ့
(၂) မွတ်စလင်လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) ဆိုပြီး နှစ်ရုံးထားရှိတာ အားလုံး အသိပဲဖြစ်ပါတယ်ခင်ဗျာ။
နံပါတ် (၁) ROM မှာ အစ္စလာမ် ဘာသာဝင်ကလွဲပြီး အခြားဘာသာဝင်အားလုံး လွတ်လပ် စွာ လက်ထပ်ပေးတဲ့ ရုံးဖြစ်ပြီးတော့ နံပါတ် (၂) ROMM မှာ အစ္စလာမ် ဘာသာဝင်အချင်း ချင်းပဲ လက်ထပ်ပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ အစၥလာမ္ဘာသာဝင္က ဗုဒၶဘာသာအ မ်ိဳးသမီးကို အစၥလာမ္ဘာသာထဲ ဝင်ခိုင်းပြီး လက်ထပ်မှာပေါ့လို့ ထောက်ပြနိုင်ပါ တယ် ခင်ဗျာ။
ဒီနေရာမှာ ကျွန်တော်တို့ တိုင်းပြည်က လက်ရှိဖြစ်နေတဲ့ အနေအထားနဲ့ ယှဉ်ထိုးကြည့် ပါမယ်ခင်ဗျာ။ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်တွေအရ ဗုဒ္ဓဘာသာ မိန်းက လေးတွေဟာ အစ္စလာမ်ဘာသာဝင်တွေနဲ့ လက်ထပ်ကြပါတယ်။ အစပိုင်းမှာ ကိုယ်နှစ် သက်ရာ ကိုးကွယ်နိုင်တယ်ဆိုတဲ့ အချက်နဲ့ လက်ထပ်လိုက်ကြပေမဲ့ နောက်တစ်ချိန်မှာ နည်းမျိုးစုံသုံးပြီး အစ္စလာမ်ဘာသာထဲ ဝင်ခိုင်းတာတွေ ၊ ဘာသာမပြောင်းတဲ့အတွက် လင် ယောက်ျားနဲ့တကွ  လင်ယောကျားရဲ့ ဆွေမျိုးတွေက ဝိုင်းပြီး နှိပ်စက်တာတွေ ၊ နှိပ်စက် လို့မှ တရားရုံးမှာ တိုင်ကြားပါသော်လည်း အခြေအနေတွေ လွန်ခဲ့ပြီး ဖြစ်တာတွေအပြင်၊ ညှဉ်းပန်းနှိပ်စက်ခံရလွန်းလို့ အသက်ဆုံးရှုံးသွားကြတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေလည်း မနည်းတော့ပါဘူးခင်ဗျာ။  ကိုယ်ကိုးကွယ်ရာ ဘာသာကို လွတ်လပ်စွာနဲ့ ရဲရဲတင်းတင်း မကိုးကွယ်နိုင်တော့တာတွေ၊ သားသမီး မွေးဖွားလာလို့မှ သာသနာ့ဘောင်ထဲ ရဲရဲ တင်း တင်း မသွတ်သွင်းရဲတာတွေ စတဲ့ များစွာသော နစ်နာမှုတွေကစလို့ နောက်ဆုံး အား လုံး ငြိမ်သက်သွားတဲ့ အခြေအနေမှာ ပကတိ အပျိုစင်ဘဝ ပြန်မရနိုင်တော့တာအပြင် ဘာသာခြားရဲ့ သွေးကို မွေးထုတ်ပြီးသား အမျိုးသမီးတစ်ယောက်အဖြစ်ပဲ အဖတ်တင် ကျန်ရစ်ခဲ့တာတွေဟာ နိုင်ငံနဲ့ အဝှမ်း ကြားနေ မြင်နေရတာပဲဖြစ်ပါတယ်။ (ဒီနေရာမှာ ချွင်းချက်အနေနဲ့ အတော်ကြီး အဆင်ပြေပြေ လက်ထပ်နေထိုင်ကြတဲ့ ဘာသာခြားစုံတွဲ တွေ ရှိတယ်ဆိုပေမဲ့လည်း အလွန်နည်းတဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်ခင်ဗျာ။)
ဒါကြောင့် ဒီလို အဖြစ်ပေါင်းစုံကနေ ကာကွယ်ဖို့ စင်ကာပူဟာ အစ္စလာမ်ဘာသာဝင်နဲ့ လက်ထပ်လိုသူအနေနဲ့ လက်မထပ်ခင် အရင် ဘာသာပြောင်းနိုင်မှ လက်ထပ်ခွင့်ပြုလိုက် ပါတယ်။ စင်စစ်အားဖြင့် လက်မထပ်ခင် ဘာသာပြောင်းခြင်းဟာ လက်ထပ်ပြီးမှ ဘာသာ ပြောင်းခြင်းလောက် မလွယ်ကူတဲ့ အနေအထားကို အသုံးချလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ။ မိန်းကလေးဘက်ကလည်း မိမိကိုယ်မိမိ စဉ်းစားဆုံးဖြတ်ဖို့ အချိန်နဲ့တကွ အခြားအချက် အလက်များစွာ ပိုထွက်လာပါတယ်။ မိန်းကလေးရဲ့ မိဘအသိုင်းအဝိုင်းအနေနဲ့လည်း ကိုယ်သားသမီးရဲ့ ဆုံးဖြတ်ချက်ကို ရှုထောင့်ပေါင်းစုံက အကြံပေးနိုင်တဲ့ အခွင့်အရေး ရသွားပါတယ်။ ဒါ့အပြင် ဆုံးဖြတ်ချက်ကျလို့ ဘာသာပြောင်းတော့မယ်ဆိုရင်လည်း အစ္စလာမ်ဘာသာရေးဆိုင်ရာ အခြေခံသင်တန်းများကို တက်ဖို့ စီစဉ်ပေးထားပါတယ် ခင်ဗျာ။ ဒါဟာ ဘာသာပြောင်းမဲ့ မိန်းကလေးအနေနဲ့ အစ္စလာမ်ဘာသာအပေါ် အမှန် တကယ် သက်ဝင်ယုံကြည်ခြင်း၊ အစ္စလာမ်ဘာသာရဲ့ အဆုံးအမများနဲ့ အစ္စလာမ်ဘာသာ ဝင် အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးတွေကို လက်တွေ့သိရှိပြီး လက်ခံလိုက်နာ ကျင့်သုံးနိုင်ခြင်းရှိစေဖို့ သေချာစေခြင်း ဖြစ်သလို၊ ဘယ်မိန်းကလေးမှလည်း အစ္စလာမ် ဘာသာကို ထဲထဲဝင်ဝင် နားလည်ရင် ဘာသာပြောင်းလဲလိုစိတ် ရှိမယ် မဟုတ်တော့တာ ကို သိရှိထားတဲ့ အတွက် ဖြစ်ပါတယ်ခင်ဗျာ။ ဒီလိုမှ မဟုတ်ဘဲ အစ္စလာမ်ဘာသာဝင် အနေနဲ့ သူယူလိုက်တဲ့ အမျိုးသမီးဟာ အစ္စလာမ်ဘာသာရေး အခြေခံ ပါလာတဲ့ မိန်းက လေးတစ်ယောက် ဖြစ်နေတဲ့အတွက် နစ်နာစရာ တစ်စုံတရာမရှိပါဘူးခင်ဗျာ                                           
အခု နံပါတ် (၃) အချက် ဗုဒ္ဓဘာသာဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရမည် ဆိုတာဟာလည်း စင်ကာပူဥပဒေနဲ့ သံတူကြောင်းကွဲ  အနေအထားတစ်ခုပဲ ဖြစ်တယ်လို့ မြင်ပါတယ်ခင်ဗျာ။  အခုမှ ဆုံပြီး အခုမှ လက်ထပ်ချင်တာဖြစ်တဲ့အတွက် လက်မှတ် မရှိတာကြောင့် လက်မှတ် ရရှိဖို့ ကြိုးစားရင်းက အမှန်တကယ်လည်း အမျိုးသမီးကို စုံမက်ပြီး အမှန်တကယ်လည်း ဘာသာအပေါ်မှာ သက်ဝင်ယုံကြည်မှု ဖြစ်ပေါ်လို့ ဘာသာပြောင်းချင်တယ်ဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာအနေနဲ့ ဒီကြားကာလမှာ ကြိုဆိုညွှန်ပြပေးကြမှာ ဖြစ်သလို သို့တည်းမဟုတ် အကြံအစည်တစ်စုံတရာကြောင့် ဆိုလည်း ဒီလက်မှတ်ရဖို့ ကြားကာလတစ်ခု ရှိနေမှာ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်ပေါ်လာဖို့  ကြိုတင်ဖယ်ရှားနိုင်တဲ့ အနေအထားတစ်ခုကို ဖန်တီးထားလိုခြင်းလို့ မြင်ပါတယ်ခင်ဗျာ။ ဒါကြောင့် လက်မှတ်မရခင်စပ်ကြား ကြားကာလကို ဖန်တီးထားခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ရည်ရွယ်ချက်ဆိုးပါလာတဲ့ ဘာသာခြားလက်ထဲ အလွယ်တကူရောက်ရှိရာမှ အမျိုး ဘာသာ သာသနာကို  မစောင့်ထိန်းနိုင်တော့သော တနည်းအားဖြင့် စောင့်လေမျိုးနွယ် ဆိုသော အချက်ကို မကျေပြွန်နိုင်သူများအဖြစ်မှ အဆင့်ဆင့် ထိန်းသိမ်း ကာကွယ်လိုက်ခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။
ကိုကြီးမိုင်း မှ 8 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ကျွန်တော်တို့ရဲ့အမြင်အရ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီးချဉ်းကပ်ပုံဟာ သုံးမျိုးကွဲနေပါတယ်ခင်ဗျ..
-
မျိုးရိုးတိမ်ကောခြင်းကို ကာကွယ်လိုခြင်းရှုထောင့်
-
ဘာသားခြားနှင့်လက်ထက်ခြင်းမှ နစ်နာချက်မှုများမဖြစ်အောင်ကာကွယ်လိုခြင်းရှုထောင့်
-
ဗုဒ္ဓဘာသာအဖြစ်သို့ရောက်စေခြင်းရှုထောင့်
ဆရာမတင်ပြခြင်းသည် မျိုးရိုးတိမ်ကောခြင်းမှ ကာကွယ်လိုခြင်းရှုထောင့်မှ သုံးသပ်တင်ပြခြင်းဖြစ်ပါသည်။
ကို FF ဆွေးနွေးတင်ပြခြင်းသည် ဘာသာခြားနှင့်လက်ထက်ခြင်းဆိုင်ရာဥပဒေ ရှုထောင့်ဖြစ်ပါသည်။
ဆရာမနှင့် ကို FF တို့၏ တင်ပြဆွေးနွေးချက်များကို အင်မတန်ကျေနပ်စွာလက်ခံပါသည်။ သဘာမတူသည့်အပိုင်း၊ ကန့်ကွက်ရန်အပိုင်းတစ်ခုမှ မရှိပါခင်ဗျား။ နားမလည်သည်များကို နားလည်အောင် စိတ်ရှည်လက်ရှည်ရှင်းပြပေးသော ကို FF နှင့် အပြန်အလှန်ဆွေးနွေးချက်များမှ အနှစ်ချုပ်အဆီထုတ်ပြီး သုံးသပ်တင်ပြပေးသော ဆရာမ ကိုလည်း အထူးကျေးဇူးတင်လှပါသည်။
သို့သော် ကျွန်တော်၏ ဆွေးနွေးတင်ပြမှုသည် နောက်ဆုံးတချက်ဖြစ်သည့် ဗုဒ္ဓဘာသာအဖြစ်သို့ ရောက်စေခြင်း ဟူသောအချက်ကို အဓိကထားလိုရင်းဖြစ်ပါသည်။ မျိုးရိုးကို စောင့်ရှောက်ရန် စီရင်မှုဖြစ်သော မျိုးစောင့်ဥပဒေကို တစုံတရာကန့်ကွက်ရန်မရှိပါ။
ကျွန်တော်၏ ယူဆချက်အတိုင်းဆိုလျှင် ဗုဒ္ဓဘာသာဝင်သို့ကူးပြောင်းရမည်ဆိုသောအချက်နှင့် မြန်မာမိန်းကလေးများ ဘာသာခြားနှင့်လက်ထက်ခွင့်မရှိ (ဆိုလိုရင်းမှာ ထိုအတိုင်းဖြစ်သည်) ဟုသောအချက်ကြောင့် မျိုးစောင့်ဥပဒေသည် ဆက်လက်ပြီး အငြင်းပွားဖွယ်ဖြစ်နေပါလိမ့်မည်။
ဆက်လက်တင်ပြလိုသည်မှာ ယခုပေါ်ပေါက်နေသောကန့်ကွက်ချက်များသည် ဘာသာခြားနှင့်လက်ထက်လိုသည့် မိန်းကလေးများ၏ အသံမဟုတ်ပါ။ မိမိ၏မွေးရာပါအခွင့်အရေးဖြစ်သော မေတ္တာရှိသူနှင့်လက်ထက်နိုင့်ခွင့်အား (အကြောင်းတစုံတရာမရှိပဲ ဥပဒေသက်သက်ဖြင့်) တားမြစ်ထားသည်ဟု ယူဆသည့်အလျောက် ဝေဖန်ခြင်းဖြစ်နိုင်ပါသည်။
တဘက်မှလည်း (ငါတို့မိန်းကလေးလိုချင်၊ ငါတို့ဘာသာဝင်ရမယ်) ဟုမပြောသော်လည်း ပြောသကဲ့သို့ ခပ်ညစ်ညစ်လေး အကျပ်ကိုင်ထားခြင်းသည် ဗုဒ္ဓဘာသာ ကိုသိက္ခာကျစေသည်ဟုလည်း ခံစားမိပါသည်။
ထို့ကြောင့် ဘာသာရေးလွမ်းမိုးမှုမပါပဲ လူ့ကျင့်ဝတ်ဆိုင်ရာ ဥပဒေသန့်သန့်ဖြင့် အမျိးသားအကျိုးစီးပွားကိုစည်ကားအောင် (ပြုပြင်သင့်တာ ပြုပြင်ပြီး) စီရင်ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါသည်ခင်ဗျား..
_FF_ မှ 3 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည် 
ဟုတ်ကဲ့ ခင်ဗျာ။
ဆရာမနဲ့ ကိုကြီးမိုင်းတို့ရဲ့ သုံးသပ်ပေးချက်အားလုံးကို ပြန်လည်ဖတ်ရှု အနှစ်ချုပ်လိုက်တဲ့အခါမှာ အမျိုးစောင့် ဥပဒေမူကြမ်းစာမျက်နှာ (၁၆) ပါ ဖော်ပြချက်  မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း) မှာ ပါတဲ့ အချက် (၂) ချက်ဖြစ်တဲ့ - 
အချက်နံပါတ် (၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်  တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်။ ဆိုတာနဲ့
အချက်နံပါတ် (၃) ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားသူဖြစ်ရမည်။ ဆိုတဲ့ နှစ်ချက်ကို ပြန်လည် သုံးသပ်ဖို့ လိုအပ်ကြောင်း တွေ့ရပါတယ်ခင်ဗျာ။ ဒီနေရာမှာ ဒီမူကြမ်းထဲ ဒီအချက် ၂ချက် ပါဝင်နေစေတဲ့ အကြောင်းရင်းများကို ဆန်းစစ်ဖို့ လိုအပ်လာပါတယ်ခင်ဗျာ။
ဦးစွာပထမ ဒီအမျိုးစောင့် ဥပဒေ မူကြမ်းရဲ့ ရည်ရွယ်ချက်ဟာ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ရင်းဖြစ်တာကို ကျွန်တော် ပြန်ကောက်လိုက်ပါမယ်။ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာခြင်းဟာ အုပ်ချုပ်ရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ လျော့လျဲခြင်း၊ အနောက်တံခါး ကျိုးပျက်သွားခြင်း၊ လူဖောက်သာသနာပြုခံရခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူမျို သာသနာပြုခံရခြင်း၊ ဗုဒ္ဓဘာသာဝင်များ  ဘာသာရေးအခြေခံနဲ့ အမျိုးသားရေး စိတ်ဓါတ်အားနည်းလာခြင်း စတဲ့ အကြောင်းရင်းများစွာကို အခြေခံပြီး   အတွင်းလှိုက်စားနေတဲ့ အခြေအနေတွေ သိသိသာသာ ဆိုးရွားလာခြင်းကြောင့်  ဖြစ်ပါတယ်ခင်ဗျာ။
ဒီနေရာမှာ အတွင်းလှိုက်စားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီမူကြမ်းကိစ္စကို အကောင်အထည်ဖော်နေတဲ့ တာဝန်ရှိသူများ ၊ ဆရာတော်များရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်တမ်းကောက်ယူရရှိချက်အရ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ (၁)ရက် ကို ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးပေါင်း ၁၅၀ နှုန်းဟာ  အချင်းချင်းစုံမက်၍သော်လည်းကောင်း၊ လူမျိုသာသနာပြုလိုခြင်းကို စုံမက်နှစ်သက်လိုစိတ်သက်သက်နှင့် လက်ထပ်သည်ဟု ထင်မြင်စေကာ လက်ထပ်ခံရကြရခြင်းကြောင့်လည်းကောင်း စတဲ့ အကြောင်းရင်းများစွာနဲ့  အစ္စလာမ် ဘာသာဝင်များနဲ့ လက်ထပ်ထိမ်းမြားနေတယ်လို့ ဆိုပါတယ်ခင်ဗျာ။  တစ်ဆက်တည်းမှာပဲ ဒီလိုလက်ထပ်သွားတဲ့ အမျိုးသမီးဟာ အသက် ၂၀ အရွယ်မှာ စတင် အိမ်ထောင်ကျတယ်ဆိုရင် အဲဒီမိန်းကလေး ၂၅နှစ်ရောက်တဲ့အခါ ကလေး ၃ယောက် မွေးဖွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီတွက်ချက်မှုအရ အသက် ၂၀ မိန်းကလေး ဘဝမှာ  ဘာသာခြားနဲ့ လက်ထပ်လိုက်တာက စလို့ သေဆုံးတဲ့ သက်တမ်း ရောက်တဲ့ အချိန်မှာ သူမ တစ်ယောက်ထဲကနေ ဘာသာခြား အယောက် ၆၀နှုန်းထိ ပွားများသွားနိုင်တယ်လို့ တွက်ချက် ရရှိတယ်လို့ ဆိုပါတယ်ခင်ဗျာ။
ဒီလိုသာဆိုရင် တစ်ရက်ကို အယောက် ၁၅၀နှုန်းနဲ့ တစ်ယောက်ကို အယောက် ၆၀ထိ ပွားများလိုက်မယ်ဆိုရင်  ထေရဝါဒ ဗုဒ္ဓသာသနာစစ်စစ်ထွန်းကားရာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို လွှမ်းမိုးနိုင်တဲ့ ဘာသာခြား လူတန်းစားတစ်ရပ်ဟာ မကြာလှတဲ့ ကာလအတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဇလွန်မှာ ပြုလုပ်ခဲ့တဲ့  ဆရာတော်များ ဦးဆောင်တဲ့ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းဖို့ အစည်းအဝေးမှာ ဦးဆောင်ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်အရ ဗုဒ္ဓဘာသာဟာ အခြားဘာသာဝင်များကို ဘာသာကူးပြောင်းဖို့ သိမ်းသွင်း စည်းရုံးဟောပြောခြင်း အလျဉ်းကင်းတဲ့ ဘာသာဖြစ်ပြီး၊  တကယ်လို့ အဲဒီလို ဟောပြောခြင်းမျိုး ((ရှိခဲ့မယ် ဆိုရင်တောင်)) ရဟန်းတော် တစ်ပါးကနေ ၅နှစ်အတွင်း ဗုဒ္ဓဘာသာဝင် ၃ယောက် ဘာသာပြောင်းလဲ ဝင်ရောက်လာအောင် ဟောနိုင်ဖို့ ၊ တစ်သက်တာအတွင်း ဘာသာခြား အယောက် ၆၀ ဗုဒ္ဓဘာသာအတွင်း ပြောင်းလဲ ဝင်ရောက်လာအောင် ဟောပြော ညွှန်ပြ ဆုံးမပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စလို့ ဆိုပါတယ်ခင်ဗျာ။ ဒီနေရာမှာတော့ ဘာသာခြား တစ်ယောက်ဟာ မြန်မာမိန်းကလေး တစ်ယောက်ကို လက်ထပ်လိုက်တာနဲ့တင် အလွယ်တကူ ရရှိသွားနိုင်တဲ့ အရေအတွက် ဖြစ်နေတယ်ဆိုတာကို ဟောပြောခဲ့ပါတယ်။ ဒါကြောင့် အထက်ပါ အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ဖို့ အမျိုးစောင့် ဥပဒေ မူကြမ်းဆိုတဲ့ ကိစ္စကို ဦးဆောင် အကောင်အထည်ဖော်ခဲ့ကြပါတယ်။ 
အဲဒီမှာမှ  ရှေ့မှာ ကျွန်တော် ကောက်ခဲ့တဲ့ အမျိုးစောင့် ဥပဒေ မူကြမ်းရဲ့ ရည်ရွယ်ချက်ဟာ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ရင်း ဆိုတာကို ပြန်ကြည့်ကြပါမယ်ခင်ဗျာ။ ရည်ရွယ်ချက်ချမှတ်ပြီးနောက် အဲဒီ ရည်ရွယ်ချက် အောင်မြင်အောင် အကောင်အထည် ဖော်ဖို့၊ ရည်ရွယ်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်တွေကို ဘယ်လို ရင်ဆိုင်ဖို့ စတာတွေ ပါဝင်လာပါတယ်။ 
ဒီနေရာမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မည်သည့်ဘာသာဝင်နဲ့ မဆို လွတ်လပ်စွာ လက်ထပ်ပိုင်ခွင့် ရှိမယ်ဆိုရင်  ကျန်တဲ့ အခြားဘာသာတွေ ဖြစ်တဲ့ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ တို့ရဲ့ လက်ထပ်ခြင်း ဥပဒေကို လေ့လာဖို့ လိုအပ်လာပါတယ်။ 
အစ္စလာမ်ဘာသာဟာ ၁၉၅၄ ခုနှစ်မှာ တရားဝင်ပြဌာန်းခံခဲ့ရတဲ့ အက်ဥပဒေအရ ဘာသာတူခြင်း မဟုတ်ရင် တရားဝင်တဲ့ လက်ထပ် ထိမ်းမြားဟု မသတ်မှတ်ကြောင်း ပြဆိုပါတယ်။
ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေ ပုဒ်မ ၄ အရ ခရစ်ယာန်နှင့်  ခရစ်ယာန် မဟုတ်သူတစ်ဦး ထိမ်းမြားခြင်း ပြုနိုင်သည်။ သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း ထိမ်းမြားခြင်း မှတ်ပုံတင် အရာရှိရှေ့တွင်လည်းကောင်း၊ ထုံးပုံနည်းလမ်းတကျ ထိမ်းမြားမှသာလျှင် တရားဝင်သည်။ ယင်းကဲ့သို့ ထုံးပုံနည်းလမ်းတကျပြုသည့် ထိမ်းမြားမှုမှ အပ အခြားနည်းထိမ်းမြားမှုများ တရားမဝင်ဟု တစ်ဆက်တည်း ပြဌာန်းထားတာ တွေ့ရပါတယ်ခင်ဗျာ။
ဟိန္ဒူဘာသာဝင်များနဲ့ ထိမ်းမြားခြင်းမှာတော့ အခြားဘာသာများထက် ပိုလို့တောင် တင်းကြပ်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အတည်ဖြစ်လျှက်ရှိတဲ့ ဟိန္ဒူဥပဒေအရ ဟိန္ဒူဘာသာဝင်အချင်းချင်း ဖြစ်သော်လည်း (၁) ဗြဟ္မဏ (၂) ခတ္တိယ (၃) ဝေဿ (၄) သုဒ္ဓ ဆိုတဲ့ ဇာတ်လေးမျိုး မတူပါက ထိမ်းမြားခြင်း မပြုနိုင်ကြောင်း ပြဆိုထားပါတယ်။ ဒါကြောင့် မြန်မာဗုဒ္ဓဘာသာဝင်များနှင့်လည်း တရားဝင် ထိမ်းမြားရန်မှာ ပို၍ပင် မဖြစ်နိုင်ကြောင်း ချမှတ်ထားတာတွေ့ရပါတယ်။
နောက်တစ်ချက်အနေနဲ့ လက်ရှိ ဓလေ့ထုံးတမ်းဥပဒေအရ နိုင်ငံခြားသား(ဘာသာမတူသူ) ယောက်ျားလက်ခံတယ်ဆိုတဲ့ အချက်ရှိနေပါတယ်ခင်ဗျာ။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ဓလေ့ထုံးတမ်းဥပဒေအရ ဘာသာမတူသူ နိုင်ငံခြားသားကိုလက်ထပ်ရင်လည်း  ဥပဒေအရ လက်ထပ်မှုတရားဝင်ပါတယ်လို့ လက်ခံထားပြီးသား အလိုလို ဖြစ်သွားပါတယ်။ ဒီလိုသာဆိုရင် နောက်ဆက်တွဲ ရပိုင်ခွင့် ကိစ္စများဆက်လက်စဉ်းစားတဲ့အခါမှာ  ဘာသာမတူသူဘက်က တရားဝင် တောင်းဆိုနိုင်တဲ့ အနေအထားတွေ ဖြစ်သွားပါတယ်။ ဒီလိုသာဆိုရင် မြန်မာတို့ရဲ့ ပိုင်ဆိုင်သမျှဟာ (မြေသော်လည်းကောင်း၊ လုပ်ငန်းသော်လည်းကောင်း ..... စသည်များစွာတို့ဟာ) ဘာသာခြားတို့လက်ထဲကို လင်ခန်းမယားခန်း ခွဲရုံနဲ့တင် အလွယ်တကူ ရောက်ရှိသွားပြန်ပါဦးမဲ့ အနေအထား ဖြစ်နေပြန်ပါတယ်ခင်ဗျာ။
နောက်ကွင်းဆက်အနေနဲ့ ဘာသာခြား အိမ်ထောင်ဖက်ရဲ့ ဥပဒေ သတ်မှတ်ချက် (တရားဝင်လက်ထပ်မှု ဖြစ်လိုလျှင် ဘာသာတူရမည်ဆိုတဲ့ သဘောသက်ရောက်တဲ့ သတ်မှတ်ချက်များ) ကို မလိုက်နာရင် တရားမဝင် အိမ်ထောင်ဖက်ဖြစ်ရတဲ့ အခြေအနေ၊ တရားမဝင် သားသမီးများ မွေးဖွားထားတဲ့ မိဘအဖြစ်ကို ထပ်မံ ရင်ဆိုင်ရပါတယ်။ ဒီသတ်မှတ်ချက်ကို မလိုက်နာဘဲ ကိုယ်နှစ်သက်ရာ ကိုးကွယ်ကြပြန်ရင်လည်း အိမ်ထောင်ခန်း အမွေခန်းတွေ ပေါ်ပေါက်လာတဲ့အခါမှာ မည်သည့် ရပိုင်ခွင့်မျှ မရှိခြင်းဆိုတဲ့ အခြေအနေကို အဆင့်ဆင့်ထပ်မံ ရင်ဆိုင်ရပြန်ပါတယ်ခင်ဗျာ။ ဒီအဆင့်တွေ အကုန်လုံးဟာ အမျိုးဘာသာ သာသနာ စည်ပင် တိုးတက်ပြီး ဗုဒ္ဓဘာသာ အဓွန့်ရှည် တည်တံ့ဖို့ အထောက်အပံ့ ဖြစ်ရာမရောက်တဲ့အပြင် ဆုတ်ယုတ်စေတဲ့ အနေအထားဘက်ချည်း ဦးတည်နေတယ်ဆိုတာကို တွေ့နိုင်ပါတယ်ခင်ဗျာ။
ဒီနေရာမှာ အခြားဘာသာတွေရဲ့ ဥပဒေကို ပြင်ဆင်ပြောင်းလဲပေးဖို့ရန် ဖြစ်လာနိုင်စရာ အကြောင်းမရှိတာကြောင့်  ယခု လက်ရှိ ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်း ဥပဒေပါ အချက်ဖြစ်တဲ့ ဘာသာခြားနှင့် လက်ထပ်ခြင်းသည်လည်း တရားဝင်လက်ခံသည်၊ တရားဝင် အကြင်လင်မယားဖြစ်သည်ဆိုတဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ ဘာသာတို့ရဲ့ ဥပဒေအောက် ရောက်ရှိနေတဲ့ သတ်မှတ်ချက်အစား ၎င်းတို့နဲ့သတ်မှတ်ချက်ထက် ပိုမိုအခွင့်ထူးခံတောင်းဆိုခြင်းလည်း မဖြစ်စေရဘဲ ထပ်တူသဘောသက်ရောက်တဲ့အချက် နံပါတ် (၂) ဖြစ်တဲ့ မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်  တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည် ဆိုတဲ့ အနေအထားကို ပြောင်းလဲ အစားထိုး ထည့်သွင်းထားခြင်းဖြင့် အတူယှဉ်တွဲနေထိုင်ကြသော ဘာသာရပ် အချင်းချင်း အားပြိုင်ရာမှ နစ်နာမှုပေါင်း များစွာ ကြုံတွေ့ရင်ဆိုင်ရရင်းက အမျိုး ဘာသာ သာသနာ ထိခိုက်နေတဲ့ အနေအထားကနေ ရုန်းထွက်နိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။ 
သို့ပါသော်လည်း လက်ရှိ ဓလေ့ထုံးတမ်းဥပဒေပါ ဘာသာမတူလက်ထပ်သော်လည်း တရားဝင် လင်မယားအဖြစ် သက်ရောက်ကြောင်းသတ်မှတ်ချက်ကနေ ယခု အချက်နံပါတ် (၂) အနေနဲ့ အစားထိုးတင်သွင်း ဆန္ဒပြုကြရာမှာ ပိုမိုသင့်လျော်တဲ့ နည်းလမ်း သတ်မှတ်ချက် အကြံပြုလိုပါက ဖြစ်စေ၊  အချက်နံပါတ် (၂) မပါဝင်သင့်ကြောင်း အကြံပြုလိုပါက ဖြစ်စေ၊ အချက်နံပါတ်(၂) ပါဝင်သင့်သည်ဟု ယူဆပါသော်လည်း  ဘာသာရေးလွမ်းမိုးမှုမပါဘဲ လူ့ကျင့်ဝတ်ဆိုင်ရာ ဥပဒေသန့်သန့်ဖြင့် မည်သို့ ပြောင်းလဲစေလိုသည်ဖြစ်စေ  တစ်စုံတရာအကြံပြုလိုပါက ဦးဆောင်ဆရာတော်များကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။
ကလေးတို.ဆရာမ မှ 23 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကိုသတ်မှတ်သော ပြဌာန်းချက်
သာဖြစ်ပါတယ်“-လို.FF ပြောလိုက်တော့-အော်-တို.များ မြန်မာအမျိုးသမိးတွေအတွက် အိမ်ထောင်
ဖက်ကိုဘာသာရေးပေတံနဲ.တိုင်းကာ အေးချမ်းသာယာဖို.စီစဉ်ပေးကြတော့မှာပါလား“-ရယ်လို.တွေးကာ
ကျေနပ်မိပါတယ် ။ ဒါပေမဲ့ နံပါတ် (၃)မှာ- ဗုဒ္ဓဘာသာဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရမယ်
ဆိုတဲ့ အချက် ကလည်း တမျိုးကြီးလို.ခံစားမိတာအမှန်ပါ ။ သူက အခုမှ ဒီမြန်မာအမျိုးသမီးနဲ.ဆုံမိပြီး လက်ထပ်ချင်တာလေ - သူ.မှာ အဲဒီလက်မှတ်ကြီးက ဘယ်လိုရှိနေမှာတဲ့လဲနော်( ပြန်လည် ညှိနှိုင်းပြီး
ပြုပြင်သင့်တယ်လို.ထင်ပါတယ်)။
အင်းလေ-ဘာပဲဖြစ်ဖြစ် စိတ်ရှည်လက်ရှည်နဲ. ဖြေကြားပေးနေတဲ့ FF ကို ကျေးဇူးအများကြီးတင်မိသလို
အတွေးအမြင်တွေကို တစ်စစီထုတ်ကာ မေးတတ်- ဝေဖန်ဆွေးနွေးတတ်လွန်းတဲ့ကိုကြီးမိုင်း ကိုလည်း
အထူးကျေးဇူးတင်ကာကတော့(More than I can say)ပါ။
ဟုတ်ကဲ့ပါ-အမေးမှာ ပြိုင်ဖက်ကင်းတဲ့မိလိန္ဒာမင်းနဲ.ဖြေခြင်းမှာ မည်သူမျှမယှဉ်သာတဲ့ရှင်ဏာဃသိန်
လို.ပဲ မှတ်တမ်းတင်လိုက်မိပါတယ်--
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

ကိုကြီးမိုင်း မှ 1 hour ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ကျေးဇူးတင်ပါသည်ခင်ဗျား..
နောက်ဆုံးအနေနဲ့..
၁) မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများသည် မည်သည့်ဘာသာ၊ မည်သည့်လူမျိုးနှင့်မဆို လက်ထက်နိုင်သည်။
၂) လက်ထက်ရာတွင် မြန်မာ့ထုံးတမ်းစဉ်လာအတိုင်း လက်ထက်ရမည်။
၃) အိမ်ထောင်ခန်း၊ အမွေခန်းကိစ္စသည် ပြဋ္ဌာန်းထားပြီးသည့် ဥပဒေအတိုင်းသာ ဖြစ်ရမည်..
၎) တရားမျှတစွာစီရင်ထားသည် ဥပဒေကို ဘာသာရေးနှင့်နွယ်သော တစုံတရာ သက်မှတ်ချက်များနှင့် ကင်းလွတ်စေရမည် ဟု
ဆိုလျှင် ဥပဒေအထက်မှာ လူမျိုးရေး၊ ဘာသာရေး မရှိပဲ တရားမျှတရေးသာ ရှိတော့မလားဟု
လူပြိန်းတွေး.တွေးမိကြောင်းပါ..
ထို့ပြင် ဘာသာရေးအသိ၊ လူမျိုးရေးအသိ ချို့တဲ့ခြင်း အတွက် ရဟန်းသံဃာများ၏ တာဝန်လည်း မကင်းပါဟု အားနာနာနှင့်ပြောလိုပါသည်။

ကလေးတို.ဆရာမ မှ 1 minute ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ပါ-
စိတ်ရှည်လက်ရှည်နဲ.သေချာစွာ သုံးသပ်ရှင်းပြနေတဲ့ ကို FF“ နဲ.မိမိ၏ယုံကြည်ခံယူချက်ကို ကွက်ကွက်
ကွင်းကွင်းတင်ပြနိုင်တဲ့ကိုကြီးမိုင်းတို.အား ဖတ်ဂှုလေ့လာသူများကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ်။
မှန်ပါတယ်-ကိုFF ယူဆတဲ့အတိုင်းပါပဲ-အချက်(၂ နဲ.၃)ကို ပြန်လည် ပြုပြင်သင့်တယ်လို.မြင်မိပါတယ်။
ကိုFF“ရဲ့ ရှင်းလင်းတင်ပြချက်ကို နားလည်သဘောပေါက်သလိုကိုကြီးမိုင်းရဲ့ အကြံပြုတင်ပြချက်များကို လည်း လက်မခံနိုင်စရာမရှိဟုထင်မိပါတယ်။ တကယ်တော့ကိုကြီးမိုင်းရဲ့ ဒဿနတွေက လူပြိန်းတွေး
မဟုတ်ပါ။ သို.ရာတွင်လည်း-ဘာသာရေးအသိ၊ လူမျိုးရေးအသိ ချို့တဲ့ခြင်းအတွက် ရဟန်းသံဃာများ၏ တာဝန်လည်း မကင်းပါလို.အားနာနာနှင့်ပြောလိုက်တာကိုဖြင့်တပည့်တော်မတော့ သေချာသဘော မ
ပေါက်နိုင်ပါ“--လို.ပဲ အားမနာစတမ်း တင်ပြပါရစေ။
အမှန်ဆိုပါလျှင်လက်ဦးဆရာဟူသည်က မိ နှင့် ဖပင်မဟုတ်ပါလား?---“ ရှေ.ကနွားလားဖြောင့်
ဖြောင့်သွားမှ----”-ဆိုတဲ့စကားလည်း ရှိနေသားနော်။ ကဲပါ-ဒီိကိစ္စ ထားလိုက်ပါလေ။
တကယ်တော့ ဒီလူမျိုးတွေက သူတို.လူမျိုးများသာ ကမ္ဘာကို အုပ်စိုးနိုင်ဖို.အတွက်အမျိုးပွါးရေးကို ရှေ.
ရှုလှုပ်ရှားနေကြတာကို ဆန်.ကျင်နိုင်ရန် ထိရောက်တဲ့နည်းလမ်းကိုတော့ ရှာကြံကြရမှာအမှန်ပါ။
သာကီဝင်မျိုးဟေ့ ဒို.ဗမာဆိုပြီး မာနကြီးတစ်ခွဲသားနဲ.နေရန်မဟုတ်သလို ဗမာဆိုတဲ့အတိုင်း
စိတ်ဓါတ်မာတယ်-ကြံ့ခိုင်တယ်-အသိဥာဏ်ကြီးတယ်-လူမျိုးအပေါ်သစ္စာရှိတယ်ဆိုတာကို မပျက်မကွက်
စောင့်ထိန်းကြရန်ကိုသာ ဒီကနေ.လူငယ်လူရွယ်များကို မိဘနဲ. ဆရာများအပြင် ပါတ်ဝန်းကျင်ကပါ သင်
ကြား ဆုံးမပေးရမှာဖြစ်ပါတယ်။ မည်သို.ပင်ဖြစ်ပါစေ-မြန်မာအမျိုးသမီးများအတွက် ဘဝအာမခံချက်ရရှိ
လာရေးကိုရှေ.ရှုကာ ဤကဲ့သို.စီစဉ်ဆောင်ရွက်ပေးရန် ကြိုးပမ်းလျက်ရှိကြကုန်သော ဆရာတော် သံဃာတော်များမှအစ ပညာရှင်များအားလုံး၏ စေတနာကို အထူးလေးစားမိပါကြောင်းနှင့် အခုလို သည်-ဥပဒေ
မူကြမ်း အတွက် စိတ်လက်ရှည်စွာဖြင့် ဝေဖန် သုံးသပ် ဆွေးနွေး ညှိနှိုင်းပေးကြပါသော အသိပညာရှင်များ အားလုံးကိုလည်းလေးစားစွာကျေးဇူးတင်မိပါတယ်။
အားလုံးရွှင်လန်းချမ်းမြ့ကြပါစေ
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;

ကလေးတို.ဆရာမ မှ 1 hour ago တွင် မှတ်ချက်ပေးခဲ့ပါသည်
 ဗုဒ္ဓဘာသာ၏ နှိုင်းယှဉ်မရသော ဂုဏ်သိက္ခာမှာ ကာလာမ တရားတော်အတိုင်း သာဖြစ် သင့်သည်။ မည်သည့်စည်းရုံးမှုနှင့်မျှ ဘာသာတွင်းဝင်ရောက်ရန် စည်းရုံးနိုင်ခွင့်မရှိချေ ။ ထိုကဲ့သို့စည်းရုံးသည်ဆိုလျှင် တခြား၊ တခြားသော ဘာသာများ၏ လုပ်နည်းလုပ်ဟန်များ နှင့် တန်းတူဖြစ်၍ ဂုဏ်ယုတ် ဖို့သာရှိတော့သည်။)
(၀ိသဘာဂ-မိန်းမအားအကြောင်းပြုပြီးသော်လည်းကောင်း ဥပဒေကြောင့်သော်လည်း ကောင်းတနည်းနည်းဖြင့် ဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်လျက် အတွင်းလှိုက်ဖျက်ဆီး ခံရ မည့်ဘေးရှိနေပါတယ်“-လို.အတိအလင်း ရှင်းပြလိုက်တဲ့ ကိုကြီးမိုင်းရဲ့ခံယူချက်အား အပြည့်အဝထောက်ခံလိုက်ပါတယ်။
နောက်ပြီး ဗုဒ္ဓဘာသာ၏ နှိုင်းယှဉ်မရသော ဂုဏ်သိက္ခာမှာ ကာလာမ တရားတော် အ တိုင်းသာဖြစ်သင့်သည်။ မည်သည့်စည်းရုံးမှုနှင့်မျှ ဘာသာတွင်းဝင်ရောက်ရန် စည်းရုံး နိုင် ခွင့်မရှိချေ“-- တဲ့ -
ဒါကိုလည်း အကြွင်းမဲ့ လက်ခံရမှာပါ။
FF -
တင်ပြထားတဲ့ မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်
တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်“-ဆိုတဲ့အချက်ကိုတော့ ပြန်လည်ညှိနှိုင်း-ပြုပြင်သင့် ပါ တယ်။ မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်လိုတာနဲ.ဗုဒ္ဓဘာသာဝင်ဖြစ် အောင် ကြီုးစားရတော့မယ်။ အစ္စလမ်တွေကျတော့ သူတို.အမျိုးသားကိုလိုချင်တဲ့သူက အစ္စလမ်ဘာသာကိုဝင်ရပါတယ်။ ဆင်တူဖြစ်သွားသလားလို.ပါ။
တကယ်တော့မျိုးစောင့်ဥပဒေဆိုတာရှိနေသင့်ပါတယ်(အစွန်းနမထွက်စေပဲ မျှမျှတတ တော့ဖြစ်သင့်ပါတယ်)
ဒါကိုလည်းအချို.ပြောနေသလို လူ.အခွင့်အရေးကိုချိုးဖေါက်ခြင်းလုံးဝမဟုတ်ပါ။
လူမျိုရေးကိုကာကွယ်- စောင့်ထိန်းပေးခြင်းသာဖြစ်ပါတယ်။
အဓိကအနေနဲ.ကတော့ ကိုရန်မောင်အကြံပြုထားတဲ့အတိုင်း ဗုဒ္ဓဘာသာ ကလေးတွေ ကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအတိုင်း နူးညံ့
သိမ်မွေ့အောင် သင်ကြားပေးနိုင်တဲ့ အစီအစဉ်တွေ ကို ရေးဆွဲသင့်ပါတယ်။ ဘာသာရေး အနှစ်သာရကို သင်ကြားပေးခံရတဲ့ ကလေးတွေကြီးလာရင် မိမိကိုးကွယ်တဲ့ ဘာသာမှာ အခြေခိုင်ပြီးသား ဖြစ်အောင် လုပ်ပေးသင့်တယ်။ လက်ရှိ အ ရွယ်ရောက်ပြီးတဲ့ အမျိုးသမီး တွေကိုလည်း ဆင်းရဲကြပ်တည်းမှုနဲ့ အသိပညာနှိမ့်ကျနေမှု နွံထဲက ရုန်းထွက်နိုင်တဲ့ အစီ အစဉ်တွေကို ဖန်တီးပေးနိုင်ရင် အဲဒီ အကြောင်းရင်းတွေကြောင့် ဘာသာခြားရဲ့ သိမ်းပိုက် ခံရစရာ အကြောင်းမရှိဘူး။ အကယ်၍ ခံရသည့်တိုင် ရှိပြီးသား မြန်မာ့ဓလေ့ထုံးတမ်း ဥပ ဒေကို လက်တွေ့ကျကျ ကျင့်သုံးရင် အမျိုးသမီးတွေအတွက် အကာအကွယ် ရှိပြီးသား ဖြစ်တယ်“-ဆိုခြင်းကိုပဲ ထပ်မံ ထောက်ခံလိုက်ပါရစေ။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုကြီးမိုင်း မှ 2 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဘာပဲပြောပြော နိုင်ငံတစ်နိုင်ငံရဲ့ လူမျိုးနဲ့ဘာသာကို ကာကွယ်ရန်အလို့ငှာ ထိုဥပဒေကို ပြဋ္ဌာန်းနိုင်ပါတယ်.. ဘာသာတူမှလက်ထက်ခွင့်ရှိသည်ဟူသော သတ်မှတ်ချက်ဟာ စိတ်ဓါတ်အဆင့်အတန်းညံ့ဖျင်းပြီး တယူသန်အစွန်းယောက်တဲ့ ဘာသာရေးရှေ့တန်းတင် နိုင်ငံများ ကျင့်သုံးလေ့ရှိတဲ့ ဥပဒေအတန်းအစားမို့ အရင်ကတည်းက (ထိုနိုင်ငံများအပေါ်) စက်ဆုတ်ရွံ့ရှာစိတ်ဖြစ်မိပါတယ်.. အခုလည်း လက်ထက်ခြင်းဆိုသည့်ကိစ္စကို ဘာသာတူ ရမည်ဆိုသည့်အချက်က ဖောက်သဖြင့် စင်စစ်တရားမျှတသည်ဟု မဆိုနိုင်တော့ပါတကား ..တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်လို့လက်ထက်ခြင်းသည် မွေးရာပါလူ့အခွင့် အရေး ပင်ဖြစ်သည်။ သူတောင်းစားနှင့် ဘုရင့်သမီးတော်လည်းလက်ထပ်ခွင့်ရှိရမည်။
ထိုအချက်သည် လူသားတို့၏ မွေးရာပါအခွင့်အရေးမဟုတ်လော။
ထိုဥပဒေအားလက်နက်သဖွယ်အသုံးပြုပြီး ဗုဒ္ဓဘာသာမိန်းကလေးက ဘာသာခြားများကို လုပ်ကြံမှုများ ဖြစ်မလာနိုင်ပါသလော။ ဥပမာ နံပါတ် (၆) အရ..(စော်ကားရန်ကြံစည်ပါ သည်ဟု စွပ်စွဲရုံမျှနှင့် တဘက်လူဒုက္ခရောက်နိုင်သဖြင့် ဘာသာမတူသူအချင်းချင်း မယုံ သင်္ကာမှုများကြီးထွားစေမည်မဟုတ်လော)
ထို့အတူ တရားဝင်ဗုဒ္ဓဘာသာအဖြစ်ကို ရင်ထဲမှ သဒ္ဓါစိတ်ဖြင့်သက်သေပြုရမည့်အစား မှတ်ပုံတင်အရာရှိတို့၏ လက်မှတ်ဖြင့် သက်သေပြုသဖြင့် စာရင်းဝင်ဗုဒ္ဓဘာသာဝင် အတန်းအစားတရပ်ပေါ်လာမည့် အကြောင်းကလည်း စိတ်မသက်မသာဖြစ်စေပါသည်။
_FF_ မှ 2 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာ ဘာသာရေး၊ အမျိုးသားရေးစိတ်ဓါတ် အခြေခံ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ် အားနည်းလာကြ တဲ့ အတွက် ကိုယ့်အမျိုး ဘာသာ သာသနာကို စောင့်သိ ထိန်းသိမ်းရမဲ့ "စောင့်လေမျိုး နွယ်" ဆိုတဲ့ တာဝန်ကို ပျက်ကွက်လာကြတာကြောင့်လည်း ခုလိုအနေအထားတွေ ဖြစ်လာကြတာဖြစ်ပါတယ်။
ဒီအတွက်ကို မြန်မာတစ်ဦးချင်းစီ တိကျ သေချာ ခိုင်မာတဲ့ ကိုယ်ပိုင်ခံယူချက်တွေဖြစ် ပေါ်စေအောင် လမ်းပြပေးတဲ့ ၊ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာနဲ့ ကိုယ့်တိုင်း ပြည်ကို စောင့်ရှောက်ရကောင်းမှန်း သိတဲ့ ၊ နောင်လာမဲ့ မြန်မာမျိုးဆက်သစ် မြန်မာ နိုင်ငံအတွက် အရှည်သဖြင့် မြင်တတ် တွေးဆ တတ်တဲ့ အသိညဏ်ပိုင်ရှင်များ ပေါ် ပေါက်လာဖို့ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကစလို့ ဘာသာရေး သင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ စသည်ဖြင့် အောင်အောင်မြင်မြင် ပေါ်ပေါက်လာအောင် ၊ဘာသာရေးခေါင်းဆောင်ပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ တာဝန်သိ ပြည်သူပိုင်း စသည်ဖြင့် တစ်မျိုးသားလုံး အားနဲ့ ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော်ဖို့ အရေးတကြီးလို အပ်နေတဲ့ အနေအထားရောက်နေပြီဆိုတာ အားလုံးသိပြီးတဲ့အတိုင်းပဲ ဖြစ်ပါတယ်။
ကိုယ်ပိုင်အသိဥာဏ် အားနည်းခြင်း၊ ဆင်းရဲမွဲတေခြင်းနဲ့ ဘာသာခြားနဲ့ လက်ထပ်ပြီး နောက် ဥပဒေကြောင်းအရ သိရှိနားလည်မှု မရှိသလောက် နည်းပါးခြင်း စတဲ့အချက် တွေဟာ ဘာသာခြားတွေနဲ့ မြန်မာဗုဒ္ဓဘာသာ မိန်းကလေးများ အလွယ်တကူ လက်ထပ် ဖြစ်စေတဲ့ အချက်တွေ ဖြစ်လို့နေပါတယ်ခင်ဗျာ။
ဒီနေရာမှာ တစ်ခု ရှိလာတာက အဆိုပါ ကိုယ့်အမျိုး ကိုယ်စောင့်ရှောက်ရမဲ့ တာဝန်ဟာ လူတိုင်းမှာ ရှိကြောင်း၊ စောင့်လည်း စောင့်ထိန်းရမှာ ဖြစ်ကြောင်းဆိုတာကို ယနေ့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကန့်ကွက်သံများကို ကြည့်လိုက်မယ်ဆိုရင် အခုလုပ် အခုဖြစ်သင့်တဲ့ အနေအထားတစ်ခုအဖြစ် ပုံဖော်ဖို့ မလွယ်တဲ့ အခြေအနေထိ ဖြစ်နေ ပြီဆိုတာလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပါတယ်ခင်ဗျာ။
နောက်တစ်ချက် နိုင်ငံ စီးပွားရေးနဲ့ ဘဝအာမခံချက်ကို ပေးနိုင်တဲ့၊ မိသားစုကို နိုင်နိုင် နင်းနင်း စောင့်ရှောက်နိုင်တဲ့ အလုပ်အကိုင်များ ဖြစ်ပေါ်လာပြီး ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ ဘာသာခြားကို လက်ထပ်ပြီး စိတ်ချရတဲ့ (စိတ်ချရတယ်ထင်တဲ့) ဘဝ အနာဂတ်တစ်ခုကို ပုံဖော်ခြင်းမှသည် ဘာသာမတူသူနဲ့ လက်ထပ်ပြီး (တရားဝင် ဇနီး မယားဖြစ်ဖို့) ဘာသာပြောင်းလဲ ကိုးကွယ်ရာမှစလို့ ဗုဒ္ဓဘာသာ မြန်မာအမျိုး သမီး လေး များကနေ ဗုဒ္ဓဘာသာဝင် မဟုတ်သော ကလေးငယ်များ မွေးဖွား ပွားများခြင်း စသည့် ကွင်းဆက်များမှ ကင်းဝေးကြရေး ဆိုတာဟာလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်သလို အဲဒီ လို အလုပ်အကိုင် ကောင်းတွေ ဖြစ်ပေါ်လာပြီဆိုရင်တောင်  မြန်မာနိုင်ငံရေး ပညာရေး စ နစ်အောက် ( ဘွဲ့တစ်ခုရအောင် မွေးထုတ်ပေးပေမဲ့ ဘာမှမတတ်တဲ့ ဘွဲ့ရတွေ) အနေ နဲ့  ဘယ်လောက် အလုပ်လုပ်နိုင် လုပ်တတ်ကြမလဲ ဆိုတာကိုလည်း ကျွန်တော်တို့ ထည့် သွင်းစဉ်းစားဖို့ လိုအပ်လာပြန်ပါတယ်ခင်ဗျာ။
ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတိုင်းမှာသာ သင့်လျော်မှန်ကန်တဲ့ ကိုယ်ပိုင်အသိညဏ် ရှိမယ် ၊ အယောက်စီတိုင်းလည်း တကယ်ပဲ လိုက်နာ ကျင့်ကြံ ထိန်းသိမ်းစောင့်ရှောက်နေ ထိုင် ကြမယ်ဆိုရင် လူတွေလိုက်နာဖို့ လူတွေကပဲ ပြန်ပြီး ချမှတ် ရေးဆွဲ ပြဌာန်းထားတဲ့ ဥပဒေ တွေ စည်းကမ်းချက်တွေ ရှိနေဖို့ လိုအပ်တော့မယ် မဟုတ်ပါဘူးခင်ဗျာ။
ဒါကြောင့် ဒီအမျိုးစောင့် ဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ပြီးပြည့်စုံ ပြီးသား ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမများအပေါ် ထပ်မံ ကွန့်ခြင်းမဟုတ်ဘဲ ပြည့်စုံမှန်ကန်စွာ ချမှတ်ထားပေးခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမတွေကို သေသေ ချာချာ နားလည် လိုက်နာ စောင့်ထိန်းနိုင်အောင် ၊ တစ်နည်းအားဖြင့် အမျိုး ဘာသာ သာ သနာကို အဓွန့်ရှည် တည်တံ့ ခိုင်မာစွာ ထိမ်းသိမ်း စောင့်ရှောက်နိုင်အောင် လျော့လျဲနေ တဲ့ ဥပဒေပိုင်း အရ ဝန်းရံရည်ရွယ်ရင်းသာ ဖြစ်ပါတယ်ခင်ဗျာ။
_FF_ မှ 3 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ခင်ဗျာ။
(ဗုဒ္ဓဘာသာဝင်မိန်းကလေးအား လက်ထပ်ပေါင်းသင်းလိုလျှင် ဗုဒ္ဓဘာသာအတွင်း ၀င် ရောက်ရမည်) ဆိုတဲ့ အရေးအသားကိုတော့  အမျိုးစောင့် ဥပဒေ မူကြမ်း စာမျက်နှာ - ၁၆ ပါ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ (မူကြမ်း) မှာ  မတွေ့ရပါဘူးခင်ဗျာ။ 
အမျိုးစောင့် ဥပဒေ မူကြမ်း စာမျက်နှာ - ၁၆ ပါ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း) 

ဒီမူကြမ်းကို ကြည့်ရင် အချက် (၂) အနေနဲ့ မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည် ဆိုတဲ့ အချက်အနေနဲ့ တင်ပြ ထားတာကို တွေ့ရပါတယ်။ 
ဒီနေရာမှာ (ဗုဒ္ဓဘာသာဝင်မိန်းကလေးအား လက်ထပ်ပေါင်းသင်းလိုလျှင် ဗုဒ္ဓဘာသာ အ တွင်း ၀င်ရောက်ရမည်) ဆိုတဲ့ ရေးသားသုံးနှုန်းပုံနဲ့ (မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုး သမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်) ဆိုတဲ့ ရေးသား သုံး နှုန်းပုံဟာ ဆင်မယောင် ရှိသလိုနဲ့ အတော်လေး ကွာဟနေတာကို သုံးသပ်နိုင်ပါတယ် ခင်ဗျာ။ နောက်တစ်ချက်အနေနဲ့ ဒီလို  မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့် သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဆိုတဲ့ သတ်မှတ်ချက်ကို သဘောမကျ နိုင် သူများ ပါဝင်နေခဲ့ပါကလည်း အခြား ဘာသာများဖြစ်သော ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စသည်တို့၏ ဘာသာတူ လက်ထပ်မှသာ တရားဝင် အကြင်လင်မယားဖြစ်ပါကြောင်း စသည်ဖြင့် သတ်မှတ်ထားချက်များနှင့် ပြန်လည် တိုက်ဆိုင် ဆန်းစစ်နိုင်ပါတယ်ခင်ဗျာ။ နောက်ထပ်အနေနဲ့ ၁၉၆၅ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူမှာ လွတ်လပ်ရေး ရကာစကလည်း အစ္စလာမ် ဘာသာဝင် ၁၅% ရှိကြောင်း၊ ယခုလည်း ၁၅% သာလျှင် ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ အစ္စလာမ်ဘာသာဝင်ဦးရေ လုံးဝ တိုးတက်မလာအောင် သပ်ရပ်ပြီး အမြော်အမြင်ရှိသော ဥပဒေ ချမှတ်ထားခြင်းအားဖြင့် မလိုလားအပ်သော လူမျိုးရေး ဘာသာရေးပြဿနာများ ဖြစ်ပွားခြင်းကနေ ရှောင်ရှားထားနိုင်တာကိုလည်း တိုက်ဆိုင် ဆန်းစစ် နိုင်ပါတယ်ခင်ဗျာ။
အမျိုးသမီးကို ရလိုမှုကြောင့် (လူမျိုသာသနာပြုလိုမှုကြောင့် သို့မဟုတ် ဗုဒ္ဓဘာသာကို အမှန်တကယ် သက်ဝင်ယုံကြည် လိုက်နာလို၍ မဟုတ်ဘဲ ရည်ရွယ်ချက် တစ်စုံတရာ ကြောင့်) ဗုဒ္ဓဘာသာအတွင်းသို့ ဝင်ရောက်ပြီး သာသနာ ညှိုးနွမ်း ပျက်စီးစေခြင်း အဖြစ် သို့ ရောက်ရှိစေခြင်းမျိုးမှလည်း ကာကွယ်ရန်အတွက် အချက် နံပါတ်(၃) မှာ ဆက်ပြီး ဗုဒ္ဓ ဘာသာဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားရမယ်ဆိုတဲ့ အချက်နဲ့ ထပ်မံ တစ်ဆင့် ခံထားတာကို တွေ့ရှိနိုင်ပါတယ်ခင်ဗျာ။
အဆိုပါ လက်မှတ် ရရှိရန်အတွက်လည်း အမျိုးစောင့် ဥပဒေမူကြမ်းစာအုပ်ရဲ့ စာမျက်နှာ နံပါတ် (၁၀) မှာ ကိုးကွယ်ရာ ဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေ (မူကြမ်း) ဆိုပြီး ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲ ခံယူဖို့အတွက် သာသနာရေး ဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာ သာသနာရေး ဦးစီးဌာနကို အကျိုးအကြောင်းပြ လျှောက်ထားရမဲ့အပြင် လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုများလည်း (မည်သည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲ ခံယူ လိုသည်) ခံယူရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာသာခြားက မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို ရယူလိုမှုနဲ့ ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲ ဝင်ရောက်ပြီး ဘာသာ သာသနာ ညစ်နွမ်းစေမှု ကနေ ကာကွယ်ခြင်းအတွက် ဖြစ်ပါတယ်ခင်ဗျာ။ 
ကိုကြီးမိုင်း မှ 8 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ထပ်ဆင့်ဆွေးနွေးရလျှင် အမျိုးတိမ်ကောခြင်းနှင့်ပက်သက်ပြီး ဘာသာခြားများ၏ သိမ်း သွင်းမခံရခြင်းသည် ဥပဒေအကာအကွယ်မရှိသောကြောင့် ဟုမထင်ပါ။
- ဆင်းရဲမွဲတေခြင်း၊
- စည်းလုံးမှုမရှိခြင်း၊
- ပညာရေးနိမ့်ကျခြင်း၊
- တိုင်းရင်းသားနှင့်မြန်မာလူငယ်များပြည်ပသို့အလုံးအရင်းထွက်ပြီးအလုပ်လုပ်နေရခြင်း၊
- ဗုဒ္ဓဘာသာခေါင်းဆောင်များ၏ (လူထုအပေါ်တွင်) တာဝန်မကျေပွန်ခြင်း များကြောင့် ဘ၀လုံခြုံမှုမဲ့နေသည့် ဗဟုသုတချို့တဲ့ရှာသည့် မြန်မာမိန်းကလေးများသည် ဘာသာ ခြားများ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်မဟုတ်လား.ခင်ဗျာ..
မှတ်သားဖွယ်သာဓကကို မေတ္တာရှင် (ရွှေပြည်သာ) ၏ ဘ၀နှင့်ရင်းရသော အတွေး အမြင်များမှ အနည်းငယ်တင်ပြလိုပါသည်။
မိမိအသက်အား လုပ်ကြံသဖြင့် ဆေးရုံရောက်လာသော ကလေးမကလေးအတွက် သွေးလိုသဖြင့်အလှုခံလာသောအခါ ထိုအရှင်သီတင်းသုံးသော ကျောင်းတိုက်မှ သံဃာ များက သွေးလှုရန်စေတနာမရှိပေ။
အကြောင်းပြချက်ကား " ကိုယ့်အသက်သေစေလိုသဖြင့် သေကြောင်းကြံတဲ့လူနာကို အ သက်ပြန်ရှင်အောင် လှူနေစရာမလိုပါ" ဟူသတည်း။ ဂရုဒေါသောဖြင့် ချသော ကောက် ချက်လည်း ဖြစ်နိုင် ပါသည်။ သို့သော် ဤအရှင်၏ ရှင်းလင်းချက်ကား မှတ်သားဖွယ် ကောင်းလှသည်။
"အခုသေကြောင်းကြံတဲ့ ကိစ္စမှာ လူနာဟာ ဘ၀တန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ် သာရကို မသိပဲ နောက်ဘ၀ လွယ်လွယ်နှင့်လူ့ဘ၀ပြန်ရလိမ့်မည်ထင်နေရှာသည်။ ဒါကြောင့်ထိုလူနာ၏ အပြစ်ထက် သေကြောင်းမကြံခင်ကတည်းက ဘ၀တန်ဖိုး၊ ဘာသာ တန်ဖိုး၊ ဘ၀အနှစ်သာရကို သေသေချာချာနားလည်အောင် သွန်သင်မပေးနိုင်တဲ့ မိဘ၊ ဆရာ နဲ့ သံဃာများမှာ ပိုတာဝန်ရှိတယ်"ဟုမိန့်ကြားခဲ့ပါသည်။ လွန်စွာယုတ္တိရှိသော သာဓကဖြစ်ပါသည်။
ယခုမြန်မာနိုင်ငံသည် ခေါင်မိုးပေါက်ဗလပွနှင့် အိမ်အို၊ အိမ်ဟောင်းကြီးသဖွယ်ဖြစ်နေပါ သည်။ မိုးတည်းဟူသော ပယောဂများဒါဏ်ကြောင့် နေရာအနှံမှ မိုးရေများ ပွက်ပွက် ကျ လျက်ရှိကုန်၏။ ကျွန်ုပ်တို့သည် ကျသမျှမိုးပေါက်တို့ကို ရှိသမျှခွက်ဖြင့် ခံနေမည့်အစား (မိုးရေအစိုခံပြီး) ခေါင်မိုးကို လုံအောင် တက်ညီ၊ လက်ညီပြုပြင်ဖို့သာအရေးကြီးပါသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံ၏ ပညာရေး၊ စီးပွားရေး နှင့် အမျိုးသားရေးတို့အတွက် ရေတို ရေရှည်စီမံကိန်းများ ချမှတ်နေသည်ကို သေသေချာချာမကြားရသေးပါ။ ပြည်သူများ ကိုယ် တိုင်ကလည်း ထိုကိစ္စများသည် မိမိတို့နှင့်မဆိုင်သယောင် ပေယျာလကန်ပြုထားပြီး တစ်ခု ခုဖြစ်တိုင်း ကမ္ဘာမကြေသီချင်း သာဆိုဖို့စိတ်ဝင်စားနေပါသည်။
ထို့ကြောင့် အမျိုးသားလုံခြုံမှုကို အမျိုးသားရေးစိတ်ဓါတ်ဖွံ့ဖြိုးအောင်လုပ်ရုံမှတပါး တခြား နည်းလမ်းမရှိဟု ထင်ပါသည်။ (အားလုံးသည် ကျွန်ုပ်၏ စိုးရိမ်မှုသပ်သပ်လည်း ဖြစ်နိုင်ပါ သည်။ အားလုံးဝေဖန်အကြံပြုရန်အတွက်သာ)

ကိုကြီးမိုင်း မှ 8 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဘာသာရေးကို ဦးမတည်ပဲ မြန်မာနိုင်ငံ၏ ဥပဒေကို လူမှုရေးရှုထောင့်သပ်သပ်မှ ခိုင်ခုံ အောင် လူပညာရှိများက ရဟန်းပညာရှိများနှင့်နှီးနှောပြီး "မျိုးစောင့်ဥပဒေ" ကိုရေးဆွဲ သင့်သည်ဟုထင်ပါသည်။ ဗုဒ္ဓဘာသာဖြစ်ရန် သဒ္ဓါတရားအခြေခံပြီး ၀ိမုတ္တိ လွတ် မြောက်ရာအမှန်သို့ ရှေးရှုသောစိတ်အခံရှိရပါမည်။ ပါရမီရှင်မဟုတ်လျှင် အခွင့်အရေး တခုခုကြောင့်ဗုဒ္ဓဘာသာအဖြစ်သို့ပြောင်းလဲရန် ပညာဥာဏ်မှာ ဘာသာခြားများတွင် ရှိရန်မလွယ်ပါ။ မိမိတို့တောင်မှ ငယ်ရွယ်စဉ်ကတည်းက နက်နဲသော အနိစ္စနှင့်အနတ္တ တရားကို နားယဉ်လာခဲ့သည့်တိုင် အခုအချိန်အထိ ပြည့်စုံသောဘုရားအလိုတော်ကျ ဗုဒ္ဓဘာသာဝင်ဟု မပြောနိုင်သေးပါ။
ယခုထိုဥပဒေသည် (အလိုဆိုးနှင့်ရည်ရွယ်ချက်ရှိသူများအတွက်) မြန်မာ့မြေပေါ်တွင် မြန် မာမိန်းကလေးများကို ဥပဒေအရ မည်ကဲ့သို့ တရားဝင်ပေါင်းသင်းလက်ထပ်နိုင်သည်ကို လမ်းဖွင့်သင်ကြားပေးသည် ဟုမြင်ပါသည်။ ထို့ပြင် ဘာသာခြားတို့၏ မျိုးဖောက်သာသနာ အတွက် ထိုဥပဒေမှပင် ( ထိုဥပဒေကို မဖောက်ဖျက်ကြောင်း ပိပိရိရိ နေပြနိုင်လျှင်) အကာ အကွယ်ပေးပြီးသားဖြစ်ပါလိမ့်မည်။
ထို့ကြောင့်ရည်ရွယ်ချက်သည်အလွန်အင်မတန်ကောင်းမွန်သော်လည်း မိမိဘာသာနှင့်လူ မျိုးကွယ်ပျောက်မှာကို သူများစိုးရိမ်သလောက်မိမိလည်း စိုးရိမ်ပါသည်။ သို့သော် မြန်မာ အမျိုးသမီးများ၊ အမျိုးသား၏ မိမိဘာသာနှင့် လူမျိုးတည်တံ့ရန်အရေးကြီးကြောင်း ရေတို၊ ရေရှည်စီမံကိန်းများကို ရဟန်းပညာရှိ၊ လူပညာရှိများဖြင့် ပူးပေါင်း ရေးဆွဲရမည့်အစား မျိုး စောင့်ဥပဒေကို ဘာသာရေးနွယ်ပြီး ပြဋ္ဌာန်းရန်ကြိုးစားခြင်းသည် တကယ်မှ လိုအပ်သေး ပါ၏လော၊ အနာဂါတ်အတွက် တကယ်ပင်ကောင်းနိုင်မည်လော ဟုသံသယဖြစ်မိပါသည်။
_FF_ မှ 1 hour ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ ခင်ဗျာ။
နောက်ထပ်ကျန်ရှိတဲ့ တစ်ချက်အနေနဲ့ ဆရာမ ဆွေးနွေးပေးထားတဲ့  နံပါတ် (၃)မှာ- ဗုဒ္ဓဘာသာဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရမယ်ဆိုတဲ့ အချက်ကလည်း တမျိုး ကြီးလို့ ခံစားမိတာအမှန်ပါ ။ သူက အခုမှ ဒီမြန်မာအမျိုးသမီးနဲ.ဆုံမိပြီး လက်ထပ် ချင် တာလေ - သူ့မှာ အဲဒီလက်မှတ်ကြီးက ဘယ်လိုရှိနေမှာတဲ့လဲနော်(ပြန်လည် ညှိနှိုင်း ပြီး ပြုပြင်သင့်တယ်လို.ထင်ပါတယ်)။ ဆိုတာမှာ ဆရာမ ခံစားရတာ မှန်ပါတယ်ခင်ဗျာ။ 
ဒီအချက်ဟာ အမှန်တော့  ဗုဒ္ဓဘာသာ အမျိုးသမီးကို အလွယ်တကူ လက်ထပ်ခြင်းကနေ နောက်ဆက်တွဲ ကိစ္စပေါင်းများစွာ ပေါ်ပေါက်လာခြင်းမှ  ကာကွယ်ရန် ရည်ရွယ်ပြီး မူကြမ်း ပြုစု ဦးဆောင်သူ ဆရာတော်များနဲ့ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူများက တစ်ဆင်ခံရေး ဆွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်ခင်ဗျာ။ 
ဒီနေရာမှာ အမျိုးစောင့် ဥပဒေမူကြမ်း စာအုပ် စာမျက်နှာ (၂၅) မှာ ပူးတွဲပါရှိတဲ့ စင်ကာပူ နိုင်ငံရဲ့ ဥပဒေကို သုံးသပ်လေ့လာဖို့ လိုအပ်လာပါတယ်ခင်ဗျာ။ စင်ကာပူနိုင်ငံမှာ လက် ထပ်ဖို့အတွက်
(၁) လက်ထပ်မော်ကွန်းရုံး  Registry of Marriages (ROM) နဲ့
(၂) မွတ်စလင်လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) ဆိုပြီး နှစ်ရုံးထားရှိတာ အားလုံး အသိပဲဖြစ်ပါတယ်ခင်ဗျာ။
နံပါတ် (၁) ROM မှာ အစ္စလာမ် ဘာသာဝင်ကလွဲပြီး အခြားဘာသာဝင်အားလုံး လွတ်လပ် စွာ လက်ထပ်ပေးတဲ့ ရုံးဖြစ်ပြီးတော့ နံပါတ် (၂) ROMM မှာ အစ္စလာမ် ဘာသာဝင်အ ချင်းချင်းပဲ လက်ထပ်ပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ အစၥလာမ္ဘာသာဝင္က ဗုဒၶဘာသာ အမ်ိဳးသမီးကို အစၥလာမ္ဘာသာထဲ ဝင်ခိုင်းပြီး လက်ထပ်မှာပေါ့လို့ ထောက်ပြနိုင် ပါ တယ်ခင်ဗျာ။
ဒီနေရာမှာ ကျွန်တော်တို့ တိုင်းပြည်က လက်ရှိဖြစ်နေတဲ့ အနေအထားနဲ့ ယှဉ်ထိုးကြည့်ပါမယ်ခင်ဗျာ။ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်တွေအရ ဗုဒ္ဓဘာသာ မိန်းကလေးတွေဟာ အစ္စလာမ်ဘာသာဝင်တွေနဲ့ လက်ထပ်ကြပါတယ်။ အစပိုင်းမှာ ကိုယ်နှစ်သက်ရာ ကိုးကွယ်နိုင်တယ်ဆိုတဲ့ အချက်နဲ့ လက်ထပ်လိုက်ကြပေမဲ့ နောက်တစ်ချိန်မှာ နည်းမျိုးစုံသုံးပြီး အစ္စလာမ်ဘာသာထဲ ဝင်ခိုင်းတာတွေ ၊ ဘာသာမပြောင်းတဲ့အတွက် လင်ယောက်ျားနဲ့တကွ  လင်ယောကျားရဲ့ ဆွေမျိုးတွေက ဝိုင်းပြီး နှိပ်စက်တာတွေ ၊ နှိပ်စက်လို့မှ တရားရုံးမှာ တိုင်ကြားပါသော်လည်း အခြေအနေတွေ လွန်ခဲ့ပြီး ဖြစ်တာတွေအပြင်၊ ညှဉ်းပန်းနှိပ်စက်ခံရလွန်းလို့ အသက်ဆုံးရှုံးသွားကြတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေလည်း မနည်းတော့ပါဘူးခင်ဗျာ။  ကိုယ်ကိုးကွယ်ရာ ဘာသာကို လွတ်လပ်စွာနဲ့ ရဲရဲတင်းတင်း မကိုးကွယ်နိုင်တော့တာတွေ၊ သားသမီး မွေးဖွားလာလို့မှ သာသနာ့ဘောင်ထဲ ရဲရဲတင်းတင်း မသွတ်သွင်းရဲတာတွေ စတဲ့ များစွာသော နစ်နာမှုတွေကစလို့ နောက်ဆုံး အားလုံး ငြိမ်သက်သွားတဲ့ အခြေအနေမှာ ပကတိ အပျိုစင်ဘဝ ပြန်မရနိုင်တော့တာအပြင် ဘာသာခြားရဲ့ သွေးကို မွေးထုတ်ပြီးသား အမျိုးသမီးတစ်ယောက်အဖြစ်ပဲ အဖတ်တင်ကျန်ရစ်ခဲ့တာတွေဟာ နိုင်ငံနဲ့ အဝှမ်း ကြားနေ မြင်နေရတာပဲဖြစ်ပါတယ်။ (ဒီနေရာမှာ ချွင်းချက်အနေနဲ့ အတော်ကြီး အဆင်ပြေပြေ လက်ထပ်နေထိုင်ကြတဲ့ ဘာသာခြားစုံတွဲတွေ ရှိတယ်ဆိုပေမဲ့လည်း အလွန်နည်းတဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်ခင်ဗျာ။)
ဒါကြောင့် ဒီလို အဖြစ်ပေါင်းစုံကနေ ကာကွယ်ဖို့ စင်ကာပူဟာ အစ္စလာမ်ဘာသာဝင်နဲ့ လက်ထပ်လိုသူအနေနဲ့ လက်မထပ်ခင် အရင် ဘာသာပြောင်းနိုင်မှ လက်ထပ်ခွင့်ပြုလိုက်ပါတယ်။ စင်စစ်အားဖြင့် လက်မထပ်ခင် ဘာသာပြောင်းခြင်းဟာ လက်ထပ်ပြီးမှ ဘာသာပြောင်းခြင်းလောက် မလွယ်ကူတဲ့ အနေအထားကို အသုံးချလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ။ မိန်းကလေးဘက်ကလည်း မိမိကိုယ်မိမိ စဉ်းစားဆုံးဖြတ်ဖို့ အချိန်နဲ့တကွ အခြားအချက်အလက်များစွာ ပိုထွက်လာပါတယ်။ မိန်းကလေးရဲ့ မိဘအသိုင်းအဝိုင်းအနေနဲ့လည်း ကိုယ့်သားသမီးရဲ့ ဆုံးဖြတ်ချက်ကို ရှုထောင့်ပေါင်းစုံက အကြံပေးနိုင်တဲ့ အခွင့်အရေး ရသွားပါတယ်။ ဒါ့အပြင် ဆုံးဖြတ်ချက်ကျလို့ ဘာသာပြောင်းတော့မယ်ဆိုရင်လည်း အစ္စလာမ်ဘာသာရေးဆိုင်ရာ အခြေခံသင်တန်းများကို တက်ဖို့ စီစဉ်ပေးထားပါတယ်ခင်ဗျာ။ ဒါဟာ ဘာသာပြောင်းမဲ့ မိန်းကလေးအနေနဲ့ အစ္စလာမ်ဘာသာအပေါ် အမှန်တကယ် သက်ဝင်ယုံကြည်ခြင်း၊ အစ္စလာမ်ဘာသာရဲ့ အဆုံးအမများနဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးတွေကို လက်တွေ့သိရှိပြီး လက်ခံလိုက်နာ ကျင့်သုံးနိုင်ခြင်းရှိစေဖို့ သေချာစေခြင်း ဖြစ်သလို၊ ဘယ်မိန်းကလေးမှလည်း အစ္စလာမ်ဘာသာကို ထဲထဲဝင်ဝင် နားလည်ရင် ဘာသာပြောင်းလဲလိုစိတ် ရှိမယ် မဟုတ်တော့တာကို သိရှိထားတဲ့ အတွက် ဖြစ်ပါတယ်ခင်ဗျာ။ ဒီလိုမှ မဟုတ်ဘဲ အစ္စလာမ်ဘာသာဝင်အနေနဲ့ သူယူလိုက်တဲ့ အမျိုးသမီးဟာ အစ္စလာမ်ဘာသာရေး အခြေခံ ပါလာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတဲ့အတွက် နစ်နာစရာ တစ်စုံတရာ မရှိပါဘူးခင်ဗျာ။                                          
အခု နံပါတ် (၃) အချက် ဗုဒ္ဓဘာသာဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရမည် ဆိုတာဟာလည်း စင်ကာပူဥပဒေနဲ့ သံတူကြောင်းကွဲ  အနေအထားတစ်ခုပဲ ဖြစ်တယ်လို့ မြင်ပါတယ်ခင်ဗျာ။  အခုမှ ဆုံပြီး အခုမှ လက်ထပ်ချင်တာဖြစ်တဲ့အတွက် လက်မှတ် မရှိတာကြောင့် လက်မှတ် ရရှိဖို့ ကြိုးစားရင်းက အမှန်တကယ်လည်း အမျိုးသမီးကို စုံမက်ပြီး အမှန်တကယ်လည်း ဘာသာအပေါ်မှာ သက်ဝင်ယုံကြည်မှု ဖြစ်ပေါ်လို့ ဘာသာပြောင်းချင်တယ်ဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာအနေနဲ့ ဒီကြားကာလမှာ ကြိုဆိုညွှန်ပြပေးကြမှာ ဖြစ်သလို သို့တည်းမဟုတ် အကြံအစည်တစ်စုံတရာကြောင့် ဆိုလည်း ဒီလက်မှတ်ရဖို့ ကြားကာလတစ်ခု ရှိနေမှာ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်ပေါ်လာဖို့  ကြိုတင်ဖယ်ရှားနိုင်တဲ့ အနေအထားတစ်ခုကို ဖန်တီးထားလိုခြင်းလို့ မြင်ပါတယ်ခင်ဗျာ။ ဒါကြောင့် လက်မှတ်မရခင်စပ်ကြား ကြားကာလကို ဖန်တီးထားခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ရည်ရွယ်ချက်ဆိုးပါလာတဲ့ ဘာသာခြားလက်ထဲ အလွယ်တကူရောက်ရှိရာမှ အမျိုး ဘာသာ သာသနာကို  မစောင့်ထိန်းနိုင်တော့သော တနည်းအားဖြင့် စောင့်လေမျိုးနွယ် ဆိုသော အချက်ကို မကျေပြွန်နိုင်သူများအဖြစ်မှ အဆင့်ဆင့် ထိန်းသိမ်း ကာကွယ်လိုက်ခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။
ကိုကြီးမိုင်း မှ 8 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ကျွန်တော်တို့ရဲ့အမြင်အရ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီးချဉ်းကပ်ပုံဟာ သုံးမျိုးကွဲနေပါတယ်ခင်ဗျ..
-
မျိုးရိုးတိမ်ကောခြင်းကို ကာကွယ်လိုခြင်းရှုထောင့်
-
ဘာသားခြားနှင့်လက်ထက်ခြင်းမှ နစ်နာချက်မှုများမဖြစ်အောင်ကာကွယ်လိုခြင်းရှုထောင့်
-
ဗုဒ္ဓဘာသာအဖြစ်သို့ရောက်စေခြင်းရှုထောင့်
ဆရာမတင်ပြခြင်းသည် မျိုးရိုးတိမ်ကောခြင်းမှ ကာကွယ်လိုခြင်းရှုထောင့်မှ သုံးသပ်တင်ပြခြင်းဖြစ်ပါသည်။
ကို FF ဆွေးနွေးတင်ပြခြင်းသည် ဘာသာခြားနှင့်လက်ထက်ခြင်းဆိုင်ရာဥပဒေ ရှုထောင့်ဖြစ်ပါသည်။
ဆရာမနှင့် ကို FF တို့၏ တင်ပြဆွေးနွေးချက်များကို အင်မတန်ကျေနပ်စွာလက်ခံပါသည်။ သဘာမတူသည့်အပိုင်း၊ ကန့်ကွက်ရန်အပိုင်းတစ်ခုမှ မရှိပါခင်ဗျား။ နားမလည်သည်များကို နားလည်အောင် စိတ်ရှည်လက်ရှည်ရှင်းပြပေးသော ကို FF နှင့် အပြန်အလှန်ဆွေးနွေးချက်များမှ အနှစ်ချုပ်အဆီထုတ်ပြီး သုံးသပ်တင်ပြပေးသော ဆရာမ ကိုလည်း အထူးကျေးဇူးတင်လှပါသည်။
သို့သော် ကျွန်တော်၏ ဆွေးနွေးတင်ပြမှုသည် နောက်ဆုံးတချက်ဖြစ်သည့် ဗုဒ္ဓဘာသာအဖြစ်သို့ ရောက်စေခြင်း ဟူသောအချက်ကို အဓိကထားလိုရင်းဖြစ်ပါသည်။ မျိုးရိုးကို စောင့်ရှောက်ရန် စီရင်မှုဖြစ်သော မျိုးစောင့်ဥပဒေကို တစုံတရာကန့်ကွက်ရန်မရှိပါ။
ကျွန်တော်၏ ယူဆချက်အတိုင်းဆိုလျှင် ဗုဒ္ဓဘာသာဝင်သို့ကူးပြောင်းရမည်ဆိုသောအချက်နှင့် မြန်မာမိန်းကလေးများ ဘာသာခြားနှင့်လက်ထက်ခွင့်မရှိ (ဆိုလိုရင်းမှာ ထိုအတိုင်းဖြစ်သည်) ဟုသောအချက်ကြောင့် မျိုးစောင့်ဥပဒေသည် ဆက်လက်ပြီး အငြင်းပွားဖွယ်ဖြစ်နေပါလိမ့်မည်။
ဆက်လက်တင်ပြလိုသည်မှာ ယခုပေါ်ပေါက်နေသောကန့်ကွက်ချက်များသည် ဘာသာခြားနှင့်လက်ထက်လိုသည့် မိန်းကလေးများ၏ အသံမဟုတ်ပါ။ မိမိ၏မွေးရာပါအခွင့်အရေးဖြစ်သော မေတ္တာရှိသူနှင့်လက်ထက်နိုင့်ခွင့်အား (အကြောင်းတစုံတရာမရှိပဲ ဥပဒေသက်သက်ဖြင့်) တားမြစ်ထားသည်ဟု ယူဆသည့်အလျောက် ဝေဖန်ခြင်းဖြစ်နိုင်ပါသည်။
တဘက်မှလည်း (ငါတို့မိန်းကလေးလိုချင်၊ ငါတို့ဘာသာဝင်ရမယ်) ဟုမပြောသော်လည်း ပြောသကဲ့သို့ ခပ်ညစ်ညစ်လေး အကျပ်ကိုင်ထားခြင်းသည် ဗုဒ္ဓဘာသာ ကိုသိက္ခာကျစေသည်ဟုလည်း ခံစားမိပါသည်။
ထို့ကြောင့် ဘာသာရေးလွမ်းမိုးမှုမပါပဲ လူ့ကျင့်ဝတ်ဆိုင်ရာ ဥပဒေသန့်သန့်ဖြင့် အမျိးသားအကျိုးစီးပွားကိုစည်ကားအောင် (ပြုပြင်သင့်တာ ပြုပြင်ပြီး) စီရင်ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါသည်ခင်ဗျား..
_FF_ မှ 3 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည် 
ဟုတ်ကဲ့ ခင်ဗျာ။
ဆရာမနဲ့ ကိုကြီးမိုင်းတို့ရဲ့ သုံးသပ်ပေးချက်အားလုံးကို ပြန်လည်ဖတ်ရှု အနှစ်ချုပ်လိုက်တဲ့အခါမှာ အမျိုးစောင့် ဥပဒေမူကြမ်းစာမျက်နှာ (၁၆) ပါ ဖော်ပြချက်  မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း) မှာ ပါတဲ့ အချက် (၂) ချက်ဖြစ်တဲ့ - 
အချက်နံပါတ် (၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်  တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်။ ဆိုတာနဲ့
အချက်နံပါတ် (၃) ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားသူဖြစ်ရမည်။ ဆိုတဲ့ နှစ်ချက်ကို ပြန်လည် သုံးသပ်ဖို့ လိုအပ်ကြောင်း တွေ့ရပါတယ်ခင်ဗျာ။ ဒီနေရာမှာ ဒီမူကြမ်းထဲ ဒီအချက် ၂ချက် ပါဝင်နေစေတဲ့ အကြောင်းရင်းများကို ဆန်းစစ်ဖို့ လိုအပ်လာပါတယ်ခင်ဗျာ။
ဦးစွာပထမ ဒီအမျိုးစောင့် ဥပဒေ မူကြမ်းရဲ့ ရည်ရွယ်ချက်ဟာ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ရင်းဖြစ်တာကို ကျွန်တော် ပြန်ကောက်လိုက်ပါမယ်။ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာခြင်းဟာ အုပ်ချုပ်ရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ လျော့လျဲခြင်း၊ အနောက်တံခါး ကျိုးပျက်သွားခြင်း၊ လူဖောက်သာသနာပြုခံရခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူမျို သာသနာပြုခံရခြင်း၊ ဗုဒ္ဓဘာသာဝင်များ  ဘာသာရေးအခြေခံနဲ့ အမျိုးသားရေး စိတ်ဓါတ်အားနည်းလာခြင်း စတဲ့ အကြောင်းရင်းများစွာကို အခြေခံပြီး   အတွင်းလှိုက်စားနေတဲ့ အခြေအနေတွေ သိသိသာသာ ဆိုးရွားလာခြင်းကြောင့်  ဖြစ်ပါတယ်ခင်ဗျာ။
ဒီနေရာမှာ အတွင်းလှိုက်စားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီမူကြမ်းကိစ္စကို အကောင်အထည်ဖော်နေတဲ့ တာဝန်ရှိသူများ ၊ ဆရာတော်များရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်တမ်းကောက်ယူရရှိချက်အရ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ (၁)ရက် ကို ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးပေါင်း ၁၅၀ နှုန်းဟာ  အချင်းချင်းစုံမက်၍သော်လည်းကောင်း၊ လူမျိုသာသနာပြုလိုခြင်းကို စုံမက်နှစ်သက်လိုစိတ်သက်သက်နှင့် လက်ထပ်သည်ဟု ထင်မြင်စေကာ လက်ထပ်ခံရကြရခြင်းကြောင့်လည်းကောင်း စတဲ့ အကြောင်းရင်းများစွာနဲ့  အစ္စလာမ် ဘာသာဝင်များနဲ့ လက်ထပ်ထိမ်းမြားနေတယ်လို့ ဆိုပါတယ်ခင်ဗျာ။  တစ်ဆက်တည်းမှာပဲ ဒီလိုလက်ထပ်သွားတဲ့ အမျိုးသမီးဟာ အသက် ၂၀ အရွယ်မှာ စတင် အိမ်ထောင်ကျတယ်ဆိုရင် အဲဒီမိန်းကလေး ၂၅နှစ်ရောက်တဲ့အခါ ကလေး ၃ယောက် မွေးဖွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီတွက်ချက်မှုအရ အသက် ၂၀ မိန်းကလေး ဘဝမှာ  ဘာသာခြားနဲ့ လက်ထပ်လိုက်တာက စလို့ သေဆုံးတဲ့ သက်တမ်း ရောက်တဲ့ အချိန်မှာ သူမ တစ်ယောက်ထဲကနေ ဘာသာခြား အယောက် ၆၀နှုန်းထိ ပွားများသွားနိုင်တယ်လို့ တွက်ချက် ရရှိတယ်လို့ ဆိုပါတယ်ခင်ဗျာ။
ဒီလိုသာဆိုရင် တစ်ရက်ကို အယောက် ၁၅၀နှုန်းနဲ့ တစ်ယောက်ကို အယောက် ၆၀ထိ ပွားများလိုက်မယ်ဆိုရင်  ထေရဝါဒ ဗုဒ္ဓသာသနာစစ်စစ်ထွန်းကားရာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို လွှမ်းမိုးနိုင်တဲ့ ဘာသာခြား လူတန်းစားတစ်ရပ်ဟာ မကြာလှတဲ့ ကာလအတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဇလွန်မှာ ပြုလုပ်ခဲ့တဲ့  ဆရာတော်များ ဦးဆောင်တဲ့ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းဖို့ အစည်းအဝေးမှာ ဦးဆောင်ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်အရ ဗုဒ္ဓဘာသာဟာ အခြားဘာသာဝင်များကို ဘာသာကူးပြောင်းဖို့ သိမ်းသွင်း စည်းရုံးဟောပြောခြင်း အလျဉ်းကင်းတဲ့ ဘာသာဖြစ်ပြီး၊  တကယ်လို့ အဲဒီလို ဟောပြောခြင်းမျိုး ((ရှိခဲ့မယ် ဆိုရင်တောင်)) ရဟန်းတော် တစ်ပါးကနေ ၅နှစ်အတွင်း ဗုဒ္ဓဘာသာဝင် ၃ယောက် ဘာသာပြောင်းလဲ ဝင်ရောက်လာအောင် ဟောနိုင်ဖို့ ၊ တစ်သက်တာအတွင်း ဘာသာခြား အယောက် ၆၀ ဗုဒ္ဓဘာသာအတွင်း ပြောင်းလဲ ဝင်ရောက်လာအောင် ဟောပြော ညွှန်ပြ ဆုံးမပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စလို့ ဆိုပါတယ်ခင်ဗျာ။ ဒီနေရာမှာတော့ ဘာသာခြား တစ်ယောက်ဟာ မြန်မာမိန်းကလေး တစ်ယောက်ကို လက်ထပ်လိုက်တာနဲ့တင် အလွယ်တကူ ရရှိသွားနိုင်တဲ့ အရေအတွက် ဖြစ်နေတယ်ဆိုတာကို ဟောပြောခဲ့ပါတယ်။ ဒါကြောင့် အထက်ပါ အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ဖို့ အမျိုးစောင့် ဥပဒေ မူကြမ်းဆိုတဲ့ ကိစ္စကို ဦးဆောင် အကောင်အထည်ဖော်ခဲ့ကြပါတယ်။ 
အဲဒီမှာမှ  ရှေ့မှာ ကျွန်တော် ကောက်ခဲ့တဲ့ အမျိုးစောင့် ဥပဒေ မူကြမ်းရဲ့ ရည်ရွယ်ချက်ဟာ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ရင်း ဆိုတာကို ပြန်ကြည့်ကြပါမယ်ခင်ဗျာ။ ရည်ရွယ်ချက်ချမှတ်ပြီးနောက် အဲဒီ ရည်ရွယ်ချက် အောင်မြင်အောင် အကောင်အထည် ဖော်ဖို့၊ ရည်ရွယ်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်တွေကို ဘယ်လို ရင်ဆိုင်ဖို့ စတာတွေ ပါဝင်လာပါတယ်။ 
ဒီနေရာမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မည်သည့်ဘာသာဝင်နဲ့ မဆို လွတ်လပ်စွာ လက်ထပ်ပိုင်ခွင့် ရှိမယ်ဆိုရင်  ကျန်တဲ့ အခြားဘာသာတွေ ဖြစ်တဲ့ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ တို့ရဲ့ လက်ထပ်ခြင်း ဥပဒေကို လေ့လာဖို့ လိုအပ်လာပါတယ်။ 
အစ္စလာမ်ဘာသာဟာ ၁၉၅၄ ခုနှစ်မှာ တရားဝင်ပြဌာန်းခံခဲ့ရတဲ့ အက်ဥပဒေအရ ဘာသာတူခြင်း မဟုတ်ရင် တရားဝင်တဲ့ လက်ထပ် ထိမ်းမြားဟု မသတ်မှတ်ကြောင်း ပြဆိုပါတယ်။
ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေ ပုဒ်မ ၄ အရ ခရစ်ယာန်နှင့်  ခရစ်ယာန် မဟုတ်သူတစ်ဦး ထိမ်းမြားခြင်း ပြုနိုင်သည်။ သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း ထိမ်းမြားခြင်း မှတ်ပုံတင် အရာရှိရှေ့တွင်လည်းကောင်း၊ ထုံးပုံနည်းလမ်းတကျ ထိမ်းမြားမှသာလျှင် တရားဝင်သည်။ ယင်းကဲ့သို့ ထုံးပုံနည်းလမ်းတကျပြုသည့် ထိမ်းမြားမှုမှ အပ အခြားနည်းထိမ်းမြားမှုများ တရားမဝင်ဟု တစ်ဆက်တည်း ပြဌာန်းထားတာ တွေ့ရပါတယ်ခင်ဗျာ။
ဟိန္ဒူဘာသာဝင်များနဲ့ ထိမ်းမြားခြင်းမှာတော့ အခြားဘာသာများထက် ပိုလို့တောင် တင်းကြပ်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အတည်ဖြစ်လျှက်ရှိတဲ့ ဟိန္ဒူဥပဒေအရ ဟိန္ဒူဘာသာဝင်အချင်းချင်း ဖြစ်သော်လည်း (၁) ဗြဟ္မဏ (၂) ခတ္တိယ (၃) ဝေဿ (၄) သုဒ္ဓ ဆိုတဲ့ ဇာတ်လေးမျိုး မတူပါက ထိမ်းမြားခြင်း မပြုနိုင်ကြောင်း ပြဆိုထားပါတယ်။ ဒါကြောင့် မြန်မာဗုဒ္ဓဘာသာဝင်များနှင့်လည်း တရားဝင် ထိမ်းမြားရန်မှာ ပို၍ပင် မဖြစ်နိုင်ကြောင်း ချမှတ်ထားတာတွေ့ရပါတယ်။
နောက်တစ်ချက်အနေနဲ့ လက်ရှိ ဓလေ့ထုံးတမ်းဥပဒေအရ နိုင်ငံခြားသား(ဘာသာမတူသူ) ယောက်ျားလက်ခံတယ်ဆိုတဲ့ အချက်ရှိနေပါတယ်ခင်ဗျာ။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ဓလေ့ထုံးတမ်းဥပဒေအရ ဘာသာမတူသူ နိုင်ငံခြားသားကိုလက်ထပ်ရင်လည်း  ဥပဒေအရ လက်ထပ်မှုတရားဝင်ပါတယ်လို့ လက်ခံထားပြီးသား အလိုလို ဖြစ်သွားပါတယ်။ ဒီလိုသာဆိုရင် နောက်ဆက်တွဲ ရပိုင်ခွင့် ကိစ္စများဆက်လက်စဉ်းစားတဲ့အခါမှာ  ဘာသာမတူသူဘက်က တရားဝင် တောင်းဆိုနိုင်တဲ့ အနေအထားတွေ ဖြစ်သွားပါတယ်။ ဒီလိုသာဆိုရင် မြန်မာတို့ရဲ့ ပိုင်ဆိုင်သမျှဟာ (မြေသော်လည်းကောင်း၊ လုပ်ငန်းသော်လည်းကောင်း ..... စသည်များစွာတို့ဟာ) ဘာသာခြားတို့လက်ထဲကို လင်ခန်းမယားခန်း ခွဲရုံနဲ့တင် အလွယ်တကူ ရောက်ရှိသွားပြန်ပါဦးမဲ့ အနေအထား ဖြစ်နေပြန်ပါတယ်ခင်ဗျာ။
နောက်ကွင်းဆက်အနေနဲ့ ဘာသာခြား အိမ်ထောင်ဖက်ရဲ့ ဥပဒေ သတ်မှတ်ချက် (တရားဝင်လက်ထပ်မှု ဖြစ်လိုလျှင် ဘာသာတူရမည်ဆိုတဲ့ သဘောသက်ရောက်တဲ့ သတ်မှတ်ချက်များ) ကို မလိုက်နာရင် တရားမဝင် အိမ်ထောင်ဖက်ဖြစ်ရတဲ့ အခြေအနေ၊ တရားမဝင် သားသမီးများ မွေးဖွားထားတဲ့ မိဘအဖြစ်ကို ထပ်မံ ရင်ဆိုင်ရပါတယ်။ ဒီသတ်မှတ်ချက်ကို မလိုက်နာဘဲ ကိုယ်နှစ်သက်ရာ ကိုးကွယ်ကြပြန်ရင်လည်း အိမ်ထောင်ခန်း အမွေခန်းတွေ ပေါ်ပေါက်လာတဲ့အခါမှာ မည်သည့် ရပိုင်ခွင့်မျှ မရှိခြင်းဆိုတဲ့ အခြေအနေကို အဆင့်ဆင့်ထပ်မံ ရင်ဆိုင်ရပြန်ပါတယ်ခင်ဗျာ။ ဒီအဆင့်တွေ အကုန်လုံးဟာ အမျိုးဘာသာ သာသနာ စည်ပင် တိုးတက်ပြီး ဗုဒ္ဓဘာသာ အဓွန့်ရှည် တည်တံ့ဖို့ အထောက်အပံ့ ဖြစ်ရာမရောက်တဲ့အပြင် ဆုတ်ယုတ်စေတဲ့ အနေအထားဘက်ချည်း ဦးတည်နေတယ်ဆိုတာကို တွေ့နိုင်ပါတယ်ခင်ဗျာ။
ဒီနေရာမှာ အခြားဘာသာတွေရဲ့ ဥပဒေကို ပြင်ဆင်ပြောင်းလဲပေးဖို့ရန် ဖြစ်လာနိုင်စရာ အကြောင်းမရှိတာကြောင့်  ယခု လက်ရှိ ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်း ဥပဒေပါ အချက်ဖြစ်တဲ့ ဘာသာခြားနှင့် လက်ထပ်ခြင်းသည်လည်း တရားဝင်လက်ခံသည်၊ တရားဝင် အကြင်လင်မယားဖြစ်သည်ဆိုတဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ ဘာသာတို့ရဲ့ ဥပဒေအောက် ရောက်ရှိနေတဲ့ သတ်မှတ်ချက်အစား ၎င်းတို့နဲ့သတ်မှတ်ချက်ထက် ပိုမိုအခွင့်ထူးခံတောင်းဆိုခြင်းလည်း မဖြစ်စေရဘဲ ထပ်တူသဘောသက်ရောက်တဲ့အချက် နံပါတ် (၂) ဖြစ်တဲ့ မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်  တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည် ဆိုတဲ့ အနေအထားကို ပြောင်းလဲ အစားထိုး ထည့်သွင်းထားခြင်းဖြင့် အတူယှဉ်တွဲနေထိုင်ကြသော ဘာသာရပ် အချင်းချင်း အားပြိုင်ရာမှ နစ်နာမှုပေါင်း များစွာ ကြုံတွေ့ရင်ဆိုင်ရရင်းက အမျိုး ဘာသာ သာသနာ ထိခိုက်နေတဲ့ အနေအထားကနေ ရုန်းထွက်နိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။ 
သို့ပါသော်လည်း လက်ရှိ ဓလေ့ထုံးတမ်းဥပဒေပါ ဘာသာမတူလက်ထပ်သော်လည်း တရားဝင် လင်မယားအဖြစ် သက်ရောက်ကြောင်းသတ်မှတ်ချက်ကနေ ယခု အချက်နံပါတ် (၂) အနေနဲ့ အစားထိုးတင်သွင်း ဆန္ဒပြုကြရာမှာ ပိုမိုသင့်လျော်တဲ့ နည်းလမ်း သတ်မှတ်ချက် အကြံပြုလိုပါက ဖြစ်စေ၊  အချက်နံပါတ် (၂) မပါဝင်သင့်ကြောင်း အကြံပြုလိုပါက ဖြစ်စေ၊ အချက်နံပါတ်(၂) ပါဝင်သင့်သည်ဟု ယူဆပါသော်လည်း  ဘာသာရေးလွမ်းမိုးမှုမပါဘဲ လူ့ကျင့်ဝတ်ဆိုင်ရာ ဥပဒေသန့်သန့်ဖြင့် မည်သို့ ပြောင်းလဲစေလိုသည်ဖြစ်စေ  တစ်စုံတရာအကြံပြုလိုပါက ဦးဆောင်ဆရာတော်များကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။
ကလေးတို.ဆရာမ မှ 23 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကိုသတ်မှတ်သော ပြဌာန်းချက်
သာဖြစ်ပါတယ်“-လို.FF ပြောလိုက်တော့-အော်-တို.များ မြန်မာအမျိုးသမိးတွေအတွက် အိမ်ထောင်
ဖက်ကိုဘာသာရေးပေတံနဲ.တိုင်းကာ အေးချမ်းသာယာဖို.စီစဉ်ပေးကြတော့မှာပါလား“-ရယ်လို.တွေးကာ
ကျေနပ်မိပါတယ် ။ ဒါပေမဲ့ နံပါတ် (၃)မှာ- ဗုဒ္ဓဘာသာဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရမယ်
ဆိုတဲ့ အချက် ကလည်း တမျိုးကြီးလို.ခံစားမိတာအမှန်ပါ ။ သူက အခုမှ ဒီမြန်မာအမျိုးသမီးနဲ.ဆုံမိပြီး လက်ထပ်ချင်တာလေ - သူ.မှာ အဲဒီလက်မှတ်ကြီးက ဘယ်လိုရှိနေမှာတဲ့လဲနော်( ပြန်လည် ညှိနှိုင်းပြီး
ပြုပြင်သင့်တယ်လို.ထင်ပါတယ်)။
အင်းလေ-ဘာပဲဖြစ်ဖြစ် စိတ်ရှည်လက်ရှည်နဲ. ဖြေကြားပေးနေတဲ့ FF ကို ကျေးဇူးအများကြီးတင်မိသလို
အတွေးအမြင်တွေကို တစ်စစီထုတ်ကာ မေးတတ်- ဝေဖန်ဆွေးနွေးတတ်လွန်းတဲ့ကိုကြီးမိုင်း ကိုလည်း
အထူးကျေးဇူးတင်ကာကတော့(More than I can say)ပါ။
ဟုတ်ကဲ့ပါ-အမေးမှာ ပြိုင်ဖက်ကင်းတဲ့မိလိန္ဒာမင်းနဲ.ဖြေခြင်းမှာ မည်သူမျှမယှဉ်သာတဲ့ရှင်ဏာဃသိန်
လို.ပဲ မှတ်တမ်းတင်လိုက်မိပါတယ်--
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

ကိုကြီးမိုင်း မှ 1 hour ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ကျေးဇူးတင်ပါသည်ခင်ဗျား..
နောက်ဆုံးအနေနဲ့..
၁) မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများသည် မည်သည့်ဘာသာ၊ မည်သည့်လူမျိုးနှင့်မဆို လက်ထက်နိုင်သည်။
၂) လက်ထက်ရာတွင် မြန်မာ့ထုံးတမ်းစဉ်လာအတိုင်း လက်ထက်ရမည်။
၃) အိမ်ထောင်ခန်း၊ အမွေခန်းကိစ္စသည် ပြဋ္ဌာန်းထားပြီးသည့် ဥပဒေအတိုင်းသာ ဖြစ်ရမည်..
၎) တရားမျှတစွာစီရင်ထားသည် ဥပဒေကို ဘာသာရေးနှင့်နွယ်သော တစုံတရာ သက်မှတ်ချက်များနှင့် ကင်းလွတ်စေရမည် ဟု
ဆိုလျှင် ဥပဒေအထက်မှာ လူမျိုးရေး၊ ဘာသာရေး မရှိပဲ တရားမျှတရေးသာ ရှိတော့မလားဟု
လူပြိန်းတွေး.တွေးမိကြောင်းပါ..
ထို့ပြင် ဘာသာရေးအသိ၊ လူမျိုးရေးအသိ ချို့တဲ့ခြင်း အတွက် ရဟန်းသံဃာများ၏ တာဝန်လည်း မကင်းပါဟု အားနာနာနှင့်ပြောလိုပါသည်။

ကလေးတို.ဆရာမ မှ 1 minute ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ပါ-
စိတ်ရှည်လက်ရှည်နဲ.သေချာစွာ သုံးသပ်ရှင်းပြနေတဲ့ ကို FF“ နဲ.မိမိ၏ယုံကြည်ခံယူချက်ကို ကွက်ကွက်
ကွင်းကွင်းတင်ပြနိုင်တဲ့ကိုကြီးမိုင်းတို.အား ဖတ်ဂှုလေ့လာသူများကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ်။
မှန်ပါတယ်-ကိုFF ယူဆတဲ့အတိုင်းပါပဲ-အချက်(၂ နဲ.၃)ကို ပြန်လည် ပြုပြင်သင့်တယ်လို.မြင်မိပါတယ်။
ကိုFF“ရဲ့ ရှင်းလင်းတင်ပြချက်ကို နားလည်သဘောပေါက်သလိုကိုကြီးမိုင်းရဲ့ အကြံပြုတင်ပြချက်များကို လည်း လက်မခံနိုင်စရာမရှိဟုထင်မိပါတယ်။ တကယ်တော့ကိုကြီးမိုင်းရဲ့ ဒဿနတွေက လူပြိန်းတွေး
မဟုတ်ပါ။ သို.ရာတွင်လည်း-ဘာသာရေးအသိ၊ လူမျိုးရေးအသိ ချို့တဲ့ခြင်းအတွက် ရဟန်းသံဃာများ၏ တာဝန်လည်း မကင်းပါလို.အားနာနာနှင့်ပြောလိုက်တာကိုဖြင့်တပည့်တော်မတော့ သေချာသဘော မ
ပေါက်နိုင်ပါ“--လို.ပဲ အားမနာစတမ်း တင်ပြပါရစေ။
အမှန်ဆိုပါလျှင်လက်ဦးဆရာဟူသည်က မိ နှင့် ဖပင်မဟုတ်ပါလား?---“ ရှေ.ကနွားလားဖြောင့်
ဖြောင့်သွားမှ----”-ဆိုတဲ့စကားလည်း ရှိနေသားနော်။ ကဲပါ-ဒီိကိစ္စ ထားလိုက်ပါလေ။
တကယ်တော့ ဒီလူမျိုးတွေက သူတို.လူမျိုးများသာ ကမ္ဘာကို အုပ်စိုးနိုင်ဖို.အတွက်အမျိုးပွါးရေးကို ရှေ.
ရှုလှုပ်ရှားနေကြတာကို ဆန်.ကျင်နိုင်ရန် ထိရောက်တဲ့နည်းလမ်းကိုတော့ ရှာကြံကြရမှာအမှန်ပါ။
သာကီဝင်မျိုးဟေ့ ဒို.ဗမာဆိုပြီး မာနကြီးတစ်ခွဲသားနဲ.နေရန်မဟုတ်သလို ဗမာဆိုတဲ့အတိုင်း
စိတ်ဓါတ်မာတယ်-ကြံ့ခိုင်တယ်-အသိဥာဏ်ကြီးတယ်-လူမျိုးအပေါ်သစ္စာရှိတယ်ဆိုတာကို မပျက်မကွက်
စောင့်ထိန်းကြရန်ကိုသာ ဒီကနေ.လူငယ်လူရွယ်များကို မိဘနဲ. ဆရာများအပြင် ပါတ်ဝန်းကျင်ကပါ သင်
ကြား ဆုံးမပေးရမှာဖြစ်ပါတယ်။ မည်သို.ပင်ဖြစ်ပါစေ-မြန်မာအမျိုးသမီးများအတွက် ဘဝအာမခံချက်ရရှိ
လာရေးကိုရှေ.ရှုကာ ဤကဲ့သို.စီစဉ်ဆောင်ရွက်ပေးရန် ကြိုးပမ်းလျက်ရှိကြကုန်သော ဆရာတော် သံဃာတော်များမှအစ ပညာရှင်များအားလုံး၏ စေတနာကို အထူးလေးစားမိပါကြောင်းနှင့် အခုလို သည်-ဥပဒေ
မူကြမ်း အတွက် စိတ်လက်ရှည်စွာဖြင့် ဝေဖန် သုံးသပ် ဆွေးနွေး ညှိနှိုင်းပေးကြပါသော အသိပညာရှင်များ အားလုံးကိုလည်းလေးစားစွာကျေးဇူးတင်မိပါတယ်။
အားလုံးရွှင်လန်းချမ်းမြ့ကြပါစေ
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
ဒုတိယပိုင်း (2)
_FF_ မှ ပြီးခဲ့သောနေ့ တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ခင်ဗျာ။
မူဆလင်(အစ္စလာမ်ဘာသာဝင်)နှင့် လက်ထပ်ထိမ်းမြားခြင်း (စာအုပ် စာမျက်နှာ ၄၀) အရ အစ္စလာမ်ဘာသာအမျိုးသားနဲ့ ဗုဒ္ဓဘာသာအမျိုးသမီး (သို့မဟုတ်) ဗုဒ္ဓဘာသာ အမျိုးသားနဲ့ အစ္စလာမ်ဘာသာအမျိုးသမီးတို့ဟာ တရားဝင် လက်ထပ် ထိမ်းမြားခြင်း မပြုနိုင်ချေ။ လို့ ဖော်ပြပါရှိပါတယ်။
တစ်နည်းအားဖြင့် မူဆလင်တစ်ယောက်အနေနဲ့ အစ္စလာမ်ဘာသာကို ယုံကြည်ကိုး ကွယ်သည့် "ကီဘာတီ" မဟုတ်သူနဲ့ တရားဝင် လက်ထပ်ထိမ်းမြားခြင်း မပြုနိုင်ဘူး ဆိုတာပါပဲ။
ဒါကြောင့် အစ္စလာမ်ယောင်္ကျားကွယ်လွန်လျှင် ကျန်ရစ်သူဇနီးသည်က ဘာသာမ ပြောင်း သော်လည်း ရသင့်ရထိုက်သောအမွေကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအတွင်းမှာ တောင်း ယူလျှင် မူစလင်ဘာသာဝင်မဟုတ်သောကြောင့် မပေးနိုင်၊ မရထိုက်ဆိုတာမှာ ကျန်ရစ်သူ အမျိုးသမီးဟာ ဘာသာပြောင်းထားခြင်း မရှိတဲ့အတွက် တရားဝင် ဇနီးမယားဟု သတ် မှတ်ခံရခြင်း မရှိသောကြောင့် ကျန်ရစ်ပစ္စည်း အမွေ ရပိုင်ခွင့်ဆိုတာဟာ ပိုပြီးတော့ မဖြစ် နိုင်တော့ပါဘူးခင်ဗျာ။
အကယ်၍ သေဆုံးခြင်း မဟုတ်ဘဲ အကြောင်းတစ်စုံတရာကြောင့် နှစ်ဦးနှစ်ဖက် အသက် ရှင်နေစဉ်မှာ ကွဲကွာကြမယ်ဆိုရင် ဘာသာမပြောင်းထားတဲ့အတွက် ထိမ်းမြားမှု တရားမ ဝင်တာကြောင့် စားစရိတ်မှ အပ မည်သည့် ခံစားခွင့်မှ ရရှိမှာ မဟုတ်ပါဘူးခင်ဗျာ။
ဗုဒ္ဓဘာသာ (သို့မဟုတ်) အစ္စလာဘာသာဝင်မဟုတ်သူ မည်သူမဆို အစ္စလာမ် ဘာသာ ဝင်နဲ့ လက်ထပ်ပြီး တရားဝင်ဇနီးမယားအဖြစ်ရောက်ရှိဖို့ အစ္စလာမ်ဘာသာထဲ ပြောင်းလဲ ဝင်ရောက်ခဲ့မယ်ဆိုရင်တောင် နောင်တစ်ချိန်မှာ အမျိုးသားဘက်က ကွာရှင်းလိုပါက သူမ အနေနဲ့ "တလာက်" သုံးကြိမ်အခေါ်ခံရရုံနဲ့ အလွယ်တကူကွာရှင်းခံရပြီး လင်ယောက်ျား ပိုင် ပစ္စည်းအပေါ်မှာလည်း မည်သည့် ပိုင်ဆိုင်ခွင့်မှ မရှိဘဲ ပစ်ပယ်ခံရမှာ ဖြစ်ပါတယ်။
ကိုကြီးမိုင်း မှ 10 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဘာသာရေးကို ဦးမတည်ပဲ မြန်မာနိုင်ငံ၏ ဥပဒေကို လူမှုရေးရှုထောင့်သပ်သပ်မှ ခိုင်ခုံ အောင် လူပညာရှိများက ရဟန်းပညာရှိများနှင့်နှီးနှောပြီး "မျိုးစောင့်ဥပဒေ" ကိုရေးဆွဲ သင့်သည်ဟုထင်ပါသည်။
ဗုဒ္ဓဘာသာဖြစ်ရန် သဒ္ဓါတရားအခြေခံပြီး ၀ိမုတ္တိလွတ်မြောက်ရာအမှန်သို့ ရှေးရှုသော စိတ်အခံရှိရပါမည်။ ပါရမီရှင်မဟုတ်လျှင် အခွင့်အရေးတခုခုကြောင့်ဗုဒ္ဓဘာသာ အဖြစ် သို့ပြောင်းလဲရန် ပညာဥာဏ်မှာ ဘာသာခြားများတွင် ရှိရန်မလွယ်ပါ။ မိမိတို့တောင်မှ ငယ်ရွယ်စဉ်ကတည်းက နက်နဲသော အနိစ္စနှင့်အနတ္တတရားကို နားယဉ်လာခဲ့သည့်တိုင် အခုအချိန်အထိ ပြည့်စုံသောဘုရားအလိုတော်ကျ ဗုဒ္ဓဘာသာဝင်ဟု မပြောနိုင်သေးပါ။
ယခုထိုဥပဒေသည် (အလိုဆိုးနှင့်ရည်ရွယ်ချက်ရှိသူများအတွက်) မြန်မာ့မြေပေါ်တွင် မြန်မာမိန်းကလေးများကို ဥပဒေအရ မည်ကဲ့သို့ တရားဝင်ပေါင်းသင်းလက် ထက်နိုင် သည်ကို လမ်းဖွင့်သင်ကြားပေးသည် ဟုမြင်ပါသည်။ ထို့ပြင် ဘာသာခြားတို့၏ မျိုး ဖောက်သာသနာအတွက် ထိုဥပဒေမှပင် ( ထိုဥပဒေကို မဖောက်ဖျက်ကြောင်း ပိပိရိရိ နေပြနိုင်လျှင်) အကာအကွယ်ပေးပြီးသားဖြစ်ပါလိမ့်မည်။
ထို့ကြောင့်ရည်ရွယ်ချက်သည်အလွန်အင်မတန်ကောင်းမွန်သော်လည်းမိမိဘာသာနှင့်လူ မျိုးကွယ်ပျောက်မှာကို သူများစိုးရိမ်သလောက်မိမိလည်း စိုးရိမ်ပါသည်။ သို့သော် မြန်မာ အမျိုးသမီးများ၊ အမျိုးသား၏ မိမိဘာသာနှင့် လူမျိုးတည်တံ့ရန်အရေးကြီးကြောင်း ရေတို၊ ရေရှည်စီမံကိန်းများကို ရဟန်းပညာရှိ၊ လူပညာရှိများဖြင့် ပူးပေါင်း ရေးဆွဲရမည့်အစား မျိုး စောင့်ဥပဒေကို ဘာသာရေးနွယ်ပြီး ပြဋ္ဌာန်းရန်ကြိုးစားခြင်းသည် တကယ်မှ လိုအပ်သေး ပါ၏လော၊ အနာဂါတ်အတွက် တကယ်ပင်ကောင်းနိုင်မည်လော ဟုသံသယဖြစ်မိပါသည်။
ကိုကြီးမိုင်း မှ 10 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
 (ဗုဒ္ဓဘာသာ၏ နှိုင်းယှဉ်မရသော ဂုဏ်သိက္ခာမှာ ကာလာမ တရားတော်အတိုင်း သာဖြစ် သင့်သည်။ မည်သည့်စည်းရုံးမှုနှင့်မျှ ဘာသာတွင်းဝင်ရောက်ရန်စည်းရုံးနိုင်ခွင့်မရှိချေ။ ထိုကဲ့သို့စည်းရုံးသည် ဆိုလျှင် တခြား၊ တခြားသော ဘာသာများ၏ လုပ်နည်းလုပ်ဟန်များ နှင့် တန်းတူဖြစ်၍ ဂုဏ်ယုတ်ဖို့သာ ရှိတော့သည်။)
(
ဝိသဘာဂ-မိန်းမအားအကြောင်းပြုပြီးသော်လည်းကောင်း၊ ဥပဒေကြောင့်သော်လည်း ကောင်း တနည်းနည်းဖြင့် ဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်လျက် အတွင်းလှိုက်ဖျက်ဆီးခံ ရမည့်ဘေး ရှိနေပါတယ်..ဆရာမ..ခင်ဗျား..)
ကိုကြီးမိုင်း မှ 10 hours ago တွင် မှတ်ချက်ပေးခဲ့ပါသည်
မူလသဘာဝအားဖြင့် ဗုဒ္ဓ၀ါဒသည် အလုံးစုံ ပြည့်စုံပြီးဖြစ်သည်။ ဥာဏ်ပညာနှင့် ဆင်ခြင် တုံ့တရားအခြေခံထားပြီး မျှတသည့် ဘာသာလည်းဖြစ်ပါသည်။ သို့သော် သံမှဖြစ်သော သံချေးသည် သံကိုပျက်စီးစေသကဲ့သို့ ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာဘုရားသားတော်များ နှင့် ဒါယိကာ၊ ဒါယိကာမများကြောင့်သာ ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း အတိအလင်း ဟောခဲ့ပြီးဖြစ်သည်။ ဘာသာခြားများဖျက်ဆီးမှုတွင် ကလိင်္ဂမင်းလောက် မည်သူဖျက်ဆီး နိုင်ဦးမည်နည်း။ မြန်မာနိုင်ငံတွင် သိုဟန်ဘွားလောက် မည်သူထင်တိုင်းကြဲခဲ့သနည်း။ သို့သော်သာသနာကား ပျက်စီးမသွား။ တိုးတက်ကြီးပွား၍ ပင်လာသည်မဟုတ်လော။
သဒ္ဓါတရားချို့တဲ့ပြီး ကျဉ်းမြောင်းသောစိတ်ဓါတ်ရှိသူများကို တခြားဘာသာဝင်များထက် မိမိပိုကြောက်ရွံ့လှပါသည်။ ထိုသူတို့ကြောင့်ပဲ သာသနာ ဂုဏ်ပျက်စရာအ ကြောင်းရှိ တော့သည်။ ထို့ကြောင့် ထိုကဲ့သို့ လူစားဗုဒ္ဓဘာသာဝင်များနှင့် မိန်းမကို အကြောင်းပြု ၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာမည့်သူ၊ မည်သူ့ကိုမှ မလိုချင်ပါ။
(ဗုဒ္ဓဘာသာဝင်မိန်းကလေးအား လက်ထက်ပေါင်းသင်းလိုလျှင် ဗုဒ္ဓဘာသာအတွင်းဝင်ရောက်ရမည်) ဟူသည့်စကားနှင့်ပတ်သက်ပြီး.....
    ကလေးတို.ဆရာမ မှ just now တွင် မှတ်ချက်ပေးခဲ့ပါသည်
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကိုသတ်မှတ်သော ပြဌာန်းချက်သာဖြစ်ပါတယ်“-လို.ကိုFF ပြောလိုက်တော့-အော်-တို.များ မြန်မာအမျိုးသမိး တွေအတွက် အိမ်ထောင်ဖက်ကိုဘာသာရေးပေတံနဲ.တိုင်းကာ အေးချမ်းသာယာဖို.စီစဉ် ပေးကြတော့မှာပါလား“-ရယ်လို.တွေးကာကျေနပ်မိပါတယ် ။ ဒါပေမဲ့ နံပါတ် (၃)မှာ- ဗုဒ္ဓ ဘာသာဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရမယ်ဆိုတဲ့ အချက် ကလည်း တမျိုး ကြီးလို.ခံစားမိတာအမှန်ပါ ။ သူက အခုမှ ဒီမြန်မာအမျိုးသမီးနဲ.ဆုံမိပြီး လက်ထပ်ချင် တာလေ - သူ.မှာ အဲဒီလက်မှတ်ကြီးက ဘယ်လိုရှိနေမှာတဲ့လဲနော်( ပြန်လည် ညှိနှိုင်းပြီးပြုပြင်သင့်တယ်လို.ထင်ပါတယ်)။
အင်းလေ-ဘာပဲဖြစ်ဖြစ် စိတ်ရှည်လက်ရှည်နဲ. ဖြေကြားပေးနေတဲ့ ကိုFF ကို ကျေးဇူးအများ ကြီးတင်မိသလိုအတွေးအမြင်တွေကို တစ်စစီထုတ်ကာ မေးတတ်- ဝေဖန်ဆွေးနွေး တတ် လွန်းတဲ့ကိုကြီးမိုင်း ကိုလည်းအထူးကျေးဇူးတင်ကာကတော့(More than I can say)ပါ။
ဟုတ်ကဲ့ပါ-အမေးမှာ ပြိုင်ဖက်ကင်းတဲ့မိလိန္ဒာမင်းနဲ.ဖြေခြင်းမှာ မည်သူမျှမယှဉ် သာတဲ့ ရှင်ဏာဃသိန်လို.ပဲ မှတ်တမ်းတင်လိုက်မိပါတယ်--
အားလုံးရွှင်လန်းချမ်းမြေ့ကြပါေ
_FF_ မှ 7 minutes ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ မှန်ပါတယ်ခင်ဗျာ။
တကယ်တမ်း ဘာသာတစ်ခုကို သက်ဝင်ယုံကြည်ရာမှာ ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ဘဲ ကာယကံရှင်စိတ်က ယုံကြည် ပြဌာန်းလိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း လျှောက်ထားပြီးမှ စစ်ဆေးခံယူ ရောက်ရှိခြင်းဟာ လက်ထပ်ထိမ်းမြားခြင်း တရားဝင်လိုရုံ သက်သက်နှင့် အမှန်တကယ် ယုံကြည်ခြင်း ကြောင့် မဟုတ်ဘဲ ဝင်ရောက်လာကြမဲ့ အရေးကြောင့် ဖြစ်ပါတယ်ခင်ဗျာ။
ဗုဒ္ဓဘာသာဝင်အချင်းချင်းလက်ထပ်ထိမ်းမြားကြတဲ့ အနေအထားကနေ တရားတ ဘောင် ဖြစ်ကြခြင်းတွေက စလို့ နောင်တစ်ချိန် အမွေခန်းတွေအထိ ဆုံးဖြတ်ရာမှာ ဗုဒ္ဓဘာသာတို့ ရဲ့ ဥပဒေအတိုင်း စီရင်ခွင့် ဆိုတာကို ပုံဖော်လိုတဲ့အတွက် ဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာမှာ လည်း အစ္စလာမ်တို့ရဲ့ ဥပဒေသတ်မှတ်ပုံနဲ့ အမွေရပိုင်ခန်းတွေဟာ ရှေ့မှာ ဆွေးနွေး ခဲ့ ကြပြီး ဖြစ်တာမို့ဖြစ်သင့်ခြင်း မျှတခြင်း ရှိမရှိဆိုတာကိုလည်း ကျွန်တော်တို့ သုံးသပ်ခဲ့ကြ ပြီး ဖြစ်ပါတယ်ခင်ဗျာ။
နောက်တစ်ချက်အနေနဲ့ ယခုလက်ရှိ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ လက်ခံကျင့်သုံး နေတဲ့ ဓလေ့ထုံးတမ်း ဥပဒေဟာ သင့်မြတ်ကောင်းမွန်ပြီးတော့ လက်တွေ့ကျကျ ကျင့် သုံးရင် အမျိုးသမီးတွေအတွက် အကာအကွယ် ရှိပြီးသား ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အချင်းချင်း ကြား ဖြစ်ပွားကြတဲ့ ကိစ္စရပ်တွေမှာပဲ မျှတမှု ရှိ ပြီး ဓလေ့ထုံးတမ်း ဥပဒေသား ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အက်ဥပဒေသား ဘာသာခြား နဲ့ တရားတဘောင် ကိစ္စတွေ ဖြစ်လာတဲ့အခါ အက်ဥပဒေက ဓလေ့ထုံးတမ်း ဥပဒေကို လွှမ်းမိုးနိုင်တဲ့ သဘာဝ ရှိနေတာကြောင့် ပြည့်စုံလုံလောက်တဲ့ အကာအကွယ်တစ်ခု အ ဖြစ် မရပ်တည်နိုင်တော့တဲ့ အနေအထားတွေနဲ့ ရင်ဆိုင်ကြရပါတယ်ခင်ဗျာ။
နောက်ထပ် အနေနဲ့ ဒီဥပဒေမူကြမ်းဟာ ဆိုခဲ့တဲ့အတိုင်း နာမည်ကိုက ဥပဒေမူကြမ်း ဖြစ် နေတာကြောင့် ဘယ်လိုပဲ ဘာသာ သာသာနာရေး ခေါင်းဆောင် ဆရာတော်ကြီးတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ နားလည်ကျွမ်းကျင်သူတွေ ညှိနှိုင်းရေးဆွဲထားခြင်း ဖြစ်သော် လည်း ပြင် ဆင်ရာ အချက်အလက်များ ပါဝင်နေဦးမယ်လို့ ယုံကြည် လက်ခံပါတယ်ခင်ဗျာ။
အမျိုးစောင့် ဥပဒေမူကြမ်းကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းဆောင် လမ်းဖွင့်တဲ့ ပို့စ်ကို တင် ပေး ခဲ့တဲ့ ဆရာမကို ဒီခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ အားလုံးရဲ့ အသိ အမြင်တွေကို ဖ လှယ်ခွင့်ရတဲ့အတွက်ရော၊ ကိုကြီးမိုင်းရဲ့ အပြန်အလှန် ဆွေးနွေးချက်တွေ အတွက်ရော အခြား ဝင်ရောက်ဆွေးနွေးပေးကြတဲ့ မှတ်ချက်ရှင်များ  အားလုံးကို ကျေးဇူးအထူး တင်ပါ တယ်ခင်ဗျာ။ ကျွန်တော်တို့ အားလုံးရဲ့ ဦးတည်ရာ ဆုံမှတ်ဟာ ကိုယ့်အမျိုး ဘာသာ သာ သနာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ရည်ရွယ်ကြရင်းသာ ဖြစ်တဲ့အတွက် များစွာ ဝမ်း မြောက်မိကြောင်းပါခင်ဗျာ။ 
ကိုကြီးမိုင်းအနေနဲ့လည်း ဒီအမျိုးစောင့် ဥပဒေ မူကြမ်းအပေါ် မေးခွန်းထုတ်စရာနဲ့ စိတ်မ သက်သာစရာ ရှိနေဦးမယ်ဆိုရင် ဒီဥပဒေမူကြမ်း ကိစ္စကို ဦးဆောင်နေတဲ့ ဆရာတော်များ နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးဖို့ ချိတ်ဆက်ပေးနိုင်ပါတယ်ခင်ဗျာ။

ကိုကြီးမိုင်း မှ 47 minutes ago တွင် မှတ်ချက်ပေးခဲ့ပါသည်
FF - တင်ပြထားတဲ့ မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်
တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်“-ဆိုတဲ့အချက်ကိုတော့ ပြန်လည်ညှိနှိုင်း-ပြုပြင်သင့် ပါ တယ်။ မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်လိုတာနဲ.ဗုဒ္ဓဘာသာဝင်ဖြစ် အောင်ကြီုးစားရတော့မယ်။ အစ္စလမ်တွေကျတော့ သူတို.အမျိုးသားကိုလိုချင်တဲ့ သူကအစ္စ လမ်ဘာသာကိုဝင်ရပါတယ်။ ဆင်တူဖြစ်သွားသလားလို.ပါ) ။
မှန်ပါတယ်ဆရာမ၊ အရင်ကတည်းက မွန်မြတ်ပြီးသား ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲဟာ ဥပဒေ နဲ့ မိန်းမအားအကြောင်းပြုပြီးသကာလသဒ္ဓါကြောင့် မဟုတ်ပဲ ဘယာ နဲ့တဏှာ ကြောင့် ဗုဒ္ဓဘာသာအဖြစ်ရောက်လာနိုင်စရာမြင်မိပါတယ်....
ဒီအချက်ကို လေးလေးနက်နက် ဆင်ခြင်သင့်ပါတယ်ခင်ဗျား..
ကိုကြီးမိုင်း မှ 55 minutes ago တွင် မှတ်ချက်ပေးခဲ့ပါသည်
(ဘာသာခြားအနေနဲ့ ဗုဒ္ဓဘာသာအတွင်းကို ဝင်ရောက်ဖို့ လျှောက်ထားရာမှာလည်း တင်း ကြပ်ပြီး တိကျသေချာထိရောက်တဲ့ စစ်ဆေးမှုများကို ကာလကြာရှည် ခံယူရမှာ ဖြစ်တဲ့ အတွက် ) လေးစားပါတယ်ခင်ဗျား.. ယုံကြည်မှုဆိုတာ စိတ်ကပြဋ္ဌာန်းလိုက်ရုံနဲ့ ပြီးသွား မယ့်ကိစ္စကို ဘယ်လိုတင်းကြပ်ပြီး တိကျသေချာတဲ့ စစ်ဆေးမှုကို ကာလာကြာရှည် ခံယူ ရမယ်ဆိုတော့.. ကိုကြီးမိုင်းဆိုရင်တော့..ဒီလောက်ကြီးကျယ်တဲ့ဘာသာဆိုပြီး ကဲ့ရဲ့မိမယ် ထင်ပါရဲ့ဗျာ.. (ဘယ်လိုလှည့်တွေးတွေး ယုတ္တိမဲ့သလိုခံစားရတာကို ၀န်ခံပါတယ်ခင်ဗျာ)
( ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကို သတ်မှတ် သော ပြဌာန်းချက်)
ပိုတော့ဆိုးနေပြီထင်တယ်ဗျာ..တစ်ခုခုတော့လွဲနေပြီ.. ဟုတ်သေးဘူးထင်တယ်ဗျာ..ဟူး..
ဘာပဲပြောပြော ကို FF ကိုကျေးဇူးတင်တယ်ဗျာ..ဆရာမကိုလည်း သိပ်ကျေးဇူးတင် ပါ တယ်..ဆရာမပြောတဲ့ အမျိုးဂုဏ်ကို စောင့်ရှောက်ဖို့အတွက် အရေးကြီးကြောင်းမှာအားလုံး ဦးတည်ရာ ဆုံပါတယ်..သဘောလည်းတူကြပါတယ်..ဒါပေမယ့်..ဒီနည်းလမ်းဟာ မေးခွန်း ထုတ်စရာနဲ့ စိတ်မသက်မသာစရာတွေဖြစ်လာနိုင်လို့ ဝေဖန်ဆွေးနွေးရခြင်း သာဖြစ်ပါ ကြောင်း..
_FF_ မှ 1 hour ago တွင် မှတ်ချက်ပေးခဲ့ပါသည်
ဟုတ်ကဲ့ခင်ဗျာ။
ကျွန်တော့် အမြင်အရတော့ အမျိုးစောင့် ဥပဒေ မူကြမ်း စာမျက်နှာ - ၁၆ ပါ မြန်မာ ဗုဒ္ဓ ဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း) အချက်နံပါတ် (၂) အရ  မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူ သည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည် ဆိုတာမှာ ဘာသာမတူသူ နှစ်ဦးကို လက်ထပ် ခွင့် မရှိဟု သတ်မှတ်ခြင်း မဟုတ်ဘဲ အဆိုပါ လက်ထပ် ထိမ်းမြားမှုဟာ ဥပဒေကြောင်း အရတရားဝင်ခြင်း မရှိဟူသည့် အနေအထားသို့ ဖော်ဆောင်ထားခြင်းလို့ မြင် ပါ တယ် ခင်ဗျာ။
အကျိုးဆက်အားဖြင့် အဆိုပါ ဘာသာမတူသူ လင်မယားသည် အက်ဥပဒေအဖြစ် ရှိနေ သော လင်ယောက်ျား၏ ဥပဒေအတိုင်း စီရင် ဆုံးဖြတ် ခံရခြင်းမှသည် နှစ်ဦးနှစ်ဘက် မျှ တသော အနေအထားဖြင့် တရားရုံးတွင် ရင်ဆိုင်နိုင်သော အနေအထားသို့ကူးပြောင်း ရောက်ရှိစေရန်ဟု နားလည်မိပါတယ်ခင်ဗျာ။
တစ်ဆက်တည်းမှာပဲ လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး -- လူ့အခွင့်အ ရေး ကြေ ညာစာတမ်းဆိုသည်မှာ နိုင်ငံတကာမှ လိုက်နာကျင့်သုံးရန် ထုတ်ပြန်သော ကြေညာ ချက်မျှသာဖြစ်ကြောင်း၊
- ယေဘုယျအသွင်ဆောင်သော အချက်များသာ ဖြစ်ပါ၍ အသေးစိတ်သတ်မှတ်ချက်မျိုး မဟုတ်ပါကြောင်း၊
- ထိုကြေညာစာတမ်းသည် နိုင်ငံတိုင်း၏  အချုပ်အခြာအာဏာပိုင်မှုကို လွှမ်းမိုးနိုင်ခြင်း ၊ ရုတ်သိမ်းနိုင်ခြင်း မရှိပါကြောင်း၊ (ဥပမာအားဖြင့် အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာ ဝင်များတွင်လည်း ယခုကဲ့သို့ (သို့မဟုတ်) ယခုထက်ပို၍ တင်းကြပ်သော ကန့်သတ် ပြဌာန်းချက်များ ရှိပါက ထိုဥပဒေများရှိ ကန့်သတ် ပြဌာန်းချက်များကို လူ့အခွင့်အရေး အရ မကိုက်ညီပါဟု ဆန့်ကျင်ပြောဆို ကန့်ကွက်ခြင်းမျိုးသည် အဆိုပါ ဘာသာများ၏ အချုပ်အခြာ အာဏာကို ဝင်ရောက်စွက်ဖက်ရာ ရောက်ခြင်း။)
- ယခုတင်ပြထားသော အရေးပေါ် ဥပဒေမူကြမ်းမှာ ကျား/မ ခြင်း လက်ထပ်ထိမ်းမြား ပေါင်းသင်းခြင်းကို ပိတ်ပင်မှုမျိုး မဟုတ်ပါကြောင်းနှင့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကို သတ်မှတ်သော ပြဌာန်းချက်သာ ဖြစ်ပါကြောင်း၊
- ချုပ်၍ ဆိုရသော် လူ့အခွင့်အရေးဆိုသည်မှာ စံနှုန်း သတ်မှတ်ချက် တစ်ခုအနေနှင့်သာ တည်ရှိပြီး လိုက်နာရမည့် ဥပဒေတစ်ခု မဟုတ်ကြောင်းပါ ခင်ဗျာ။
နောက်ပြီး ဘာသာခြားအနေနဲ့ ဗုဒ္ဓဘာသာအတွင်းကို ဝင်ရောက်ဖို့ လျှောက်ထားရာ မှာလည်း  တင်းကြပ်ပြီး  တိကျသေချာထိရောက်တဲ့  စစ်ဆေးမှုများကို ကာလကြာရှည် ခံယူရမှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာ သာသနာကို အမှန်တကယ် သက်ဝင်ယုံကြည်၍ ကူးပြောင်းလိုခြင်း မဟုတ်ကြောင်း အထောက်အထား တစ်စုံတရာတွေ့ရှိတာနဲ့ ဘာသာ ပြောင်းဖို့ လျှောက်ထားခြင်းကို ပယ်ခံရပြီး ဖြစ်သလို၊ ရာဇသတ်ကြီးဥပဒေများနဲ့ အခြား တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အရေးယူတရားစွဲဆိုခြင်း ခံရမှာ ဖြစ်လို့ ကျွန်တော် တို့ တွေးပူသလို  လက်မှတ်ကိုင် စာရင်းဝင် ဗုဒ္ဓဘာသာ လူတန်းစား ပေါ်ပေါက်လာဖို့ဟာ လည်း အတော်ကြီးကို မဖြစ်နိုင်အောင် အစီအစဉ်များ အထပ်ထပ် ချမှတ်ထား တာ တွေ့ရ ပါတယ်ခင်ဗျာ။

No comments:

Post a Comment

ရေးထားသမျှလေးတွေအဖတ်များကြပြီးကလစ်၍လည်းဖတ်နိုင်ပါတယ်

အောက်ပါနိုင်ငံတွေမှမိတ်ဆွေအသီးသီးအလည်လာရောက်သည်

Flag Counter